← Chapters

ယွမ်ချီစမ်းချောင်း....

Vol. 9 Ch. 136

ယွမ်ချီစမ်းချောင်း....

Vol. 9 Ch. 136

" မဟာချောက်နက်က လွတ်မြောက်လာတဲ့အတွက် ဂုဏ်ပြုပါတယ် အရှင်။ " အခြားနတ်ဆိုးသခင်ရှစ်ယောက်က အသက်ပြင်းပြင်းရှုလိုက်ကြပြီး ညီညာစွာ ပြောလိုက်ကြသည်။

ထိပ်တွင် ထိုင်နေသော လင်းယွမ်က အံ့ဩခြင်းမရှိပေ။

နတ်ဆိုးသခင်များက မျက်နှာနှင့် ဂုဏ်သိက္ခာများကို ဂရုစိုက်ခြင်းမရှိပေ။ သေခြင်းရှင်ခြင်း ဖိအားအောက်တွင် ရှဟိုယွမ်ကို ဝန်ချတောင်းပန်ခြင်းက သာမန်ပင်ဖြစ်သည်။

ရှဟိုယွမ်၏ အုပ်ချုပ်မှုအောက်တွင် ဘဝက မလွယ်ကူသော်လည်း သူတို့မတောင်းပန်လျှင် နောက်ထပ် စကားပြောရန်ပင် အသက်ရှိတော့မည်မဟုတ်ပေ။

" ထကြ..." လင်းယွမ်က ခနစဉ်းစားပြီးနောက် ပြောလိုက်သည်။

" လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်အတွင်း ကောင်းကင်ဓားဂိုဏ်း အပါအဝင် နယ်မြေငါးခုရဲ့ အချက်အလက်တွေအားလုံး ငါ့ဆီယူလာခဲ့။ "

လင်းယွမ်က မြေအောက်နန်းတော်သို့ လာခြင်းမှာ အဆင့်တက်ရန် နေရာကောင်းတစ်ခုကို ရှာဖွေရုံသာမက ပြန့်ကျဲနေသော နတ်ဆိုးအင်အားစုများကို စုစည်းရန်လည်း ဖြစ်သည်။

မည်သည့်ကမ္ဘာတွင်မဆို လူတစ်ယောက်က ပြိုင်ဘက်ကင်းနေလျှင်တောင် တစ်ယောက်တည်းနေခြင်းက အဆင်မပြေလှပေ။ လူတစ်ယောက်က အရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်ရန် မလွယ်ကူပေ။

လင်းယွမ်က နတ်ဆိုးသခင်ကိုးယောက်ကို ထိန်းချုပ်လိုက်သည်နှင့် သူတို့၏ လက်အောက်မှ နတ်ဆိုးလမ်းစဉ်အင်အားစုများအားလုံး သူ၏ လက်အောက်သို့ ကျရောက်သွားပေလိမ့်မည်။ ရှဟိုယွမ်၏ လွှမ်းမိုးမှုကြောင့် မည်သည့်နတ်ဆိုးမှ မကောင်းသောအတွေး မတွေးရဲကြပေ။

လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က ရှဟိုယွမ်၏ ခန္ဓာနှင့် မူလစိတ်ဝိညာဉ်တို့က ချိတ်ပိတ်ခံရပြီး မဟယချောက်နက်၏ ဆယ့်ရှစ်ထပ်တွင် အကျဉ်းချခြင်း ခံခဲ့ရသည်။ ထိုနတ်ဆိုးများက သူကျရှုံးနေချိန်တွင် နင်းခြေဖို့မပြောနှင့် အနီးသို့ပင် မလာရဲကြပေ။

နတ်ဆိုးသခင်ကိုးယောက်ပင် ရှဟိုယွမ်ထွက်မလာနိုင်သည်ကို အဝေးမှ အတည်ပြုပြီးနောက် လျင်မြန်စွာ ထွက်သွားခဲ့ကြသည်။

" ဟုတ်ကဲ့ " မိုယန်နတ်ဆိုးသခင်က ဖြည်းညင်းစွာ ရပ်လိုက်သည်။ " ဒီငယ်သားက အရှင့်အတွက် ချက်ချင်း ပြင်ဆင်လိုက်ပါမယ်။ "

ခနအတွင်း မိုယန်နတ်ဆိုးသခင်က မဟာခန်းမထဲသို့ ပြန်ရောက်လာသည်။ သူ၏ နောက်မှ လူအချို့က ကျောက်စိမ်းစာလိပ်များကို သယ်ဆောင်လာကြသည်။

" အရှင် ဒီကျောက်စိမ်းစာလိပ်တွေထဲမှာ နယ်မြေငါးခုရဲ့ အခြေအနေနဲ့ ကောင်းကင်ဓားဂိုဏ်းလို လမ်းမှန်အင်အားစုတွေအကြောင်းလည်း ပါဝင်ပါတယ်။ "

" မဆိုးဘူး။ " လင်းယွမ်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းစာလိပ်များကို ယူလိုက်ပြီး အချက်အလက်များကို စုပ်ယူလိုက်သည်။

ခနကြာသောအခါ လင်းယွမ်က ကျောက်စိမ်းစာလိပ်များကို ချလိုက်ပြီး မျက်မှောင်ကြုတ်နေသည်။

မိုယန်နတ်ဆိုးသခင် ပေးသော ကျောက်စိမ်းစာလိပ်တစ်ရာကျော်ထဲတွင် နယ်မြေငါးခုနှင့် ပက်သက်သော အချက်အလက်များ ပါဝင်လေသည်။ ထိုထဲတွင် လင်းယွမ်က သူစိတ်ဝင်စားသော အချက်အလက်အချို့ကို ရှာတွေ့ခဲ့သည်။

" လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ကောင်းကင်ဓားဂိုဏ်းရဲ့ တောင်ဂိတ်တံခါးမှာ ရုတ်တရက် အံ့ဖွယ်မြင်ကွင်းတစ်ခုပေါ်လာပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ယွမ်ချီတွေ စုဝေးသွားကြတယ်။ "

" လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ကောင်းကင်ဓားဂိုဏ်းရဲ့တောင်ဂိတ်တံခါးမှာ နောက်တစ်ကြိမ် ယွမ်ချီတွေ စုဝေးသွားခဲ့ပြန်တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ကောင်းကင်ဓားဂိုဏ်းရဲ့ မိုင်တစ်ရာပတ်လည်အတွင်းက ယွမ်ချီတွေက ကျဲပါးသွားခဲ့တယ်။ "

" လွန်ခဲ့တဲ့ လေးနှစ်က ကောင်းကင်ဓားဂိုဏ်းမှာ ယွမ်ချီတွေ ပြန်လည်စုစည်းခဲ့ပြီး အနီးမှ သက်ရှိတွေအားလုံး ဖိနှိပ်ခံခဲ့ရတယ်။ "

လင်းယွမ်၏ စိတ်ထဲတွင် အချက်အလက်များစွာ ပေါ်လာသည်။

ကောင်းကင်ဓားဂိုဏ်းက ယွမ်ချီများကြွယ်ဝသော ယွမ်ချီစုပ်ဝဲတစ်ခုကို ပိုင်ဆိုင်ထားပြီး.နဝမအဆင့်များ နေ့စဉ် ကျင့်ကြံရန် လုံလောက်လေသည်။ ထိုသို့ဆိုသော်လည်း ကောင်းကင်ဓားဂိုဏ်းတွင် ပတ်ဝန်းကျင်မှ ယွမ်ချီများကို စုဝေးနေသော ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။ ၎င်း၏ အဓိပ္ပါယ်မှာ ယွမ်ချီစုပ်ဝဲမှ ထုတ်လွှတ်ပေးသော ယွမ်ချီများက တစ်စုံတစ်ခုအတွက် မလုံလောက်တော့ခြင်း ဖြစ်သည်။

" ဒသမအဆင့် " လင်းယွမ်က ကျောက်စိမ်းစာလိပ်ကို ချပြီးတွေးလိုက်သည်။

ဒဏ္ဍာရီထဲမှ ဒသမအဆင့်သာ ထိုကဲ့သို့ ယွမ်ချီစုဝေးခြင်းမျိုးကို ဖြစ်ပေါ်စေလေသည်။ ၎င်းမှာ ထျန်ကျန်းဇီက ဒသမအဆင့်သို့ ချိုးဖျက်သွားသည်ဟု မဆိုလိုပေ။ ထိုသို့သာဖြစ်လျှင် ရှဟိုယွမ်က နှစ်ဆယ့်ငါးနှစ်လုံး အသက်ရှင်နိုင်မည်မဟုတ်ပေ။

ထျန်ကျန်းဇီသာ ဒသမအဆင့်သို့ ရောက်သွားခဲ့လျှင် သူက မဟာချောက်နက်သို့ ချက်ချင်းလာပြီး သူ၏ အဓိက စိုးရိမ်မှုဖြစ်သော ရှဟိုယ့်မ်ကို ရှင်းပစ်ပေလိမ့်မည်။

ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီပြောင်းလဲမှုများကို ကြည့်ပြီး ထျန်ကျန်းဇီက ဒသမအဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနေသည်ကို ခန့်မှန်းနိုင်လေသည်။ သူအောင်မြင်ခါနီးလျှင် သူစုပ်ယူနိုင်သော ယွမ်ချီများက မိုင်တစ်ထောင်နီးပါးအထိ ရောက်ပေလိမ့်မည်။

" ကျင့်ကြံခြင်းအရှိန်က တော်တော်မြန်တာပဲ။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်နေသည်။ ရှဟိုယွမ်၏ မှတ်ဉာဏ်များအရ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်မှ ထျန်ကျန်းဇီက နဝမအဆင့် အထွတ်အထိပ် ဖြစ်သော်လည်း ဒသမအဆင့်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။

" ဒါပေမယ့် ငါ့လောက်တော့ မမြန်ဘူး။ " လင်းယွမ်က စိုးရိမ်ခြင်းမရှိပေ။

သူဖြတ်သန်းခဲ့သော ကမ္ဘာသုံးခုဖြစ်စေ မူလကမ္ဘာဖြစ်စေ ကျင့်ကြံခြင်းအရှိန်တွင် သူ့လောက်မြန်သောလူကို တစ်ခါမှမတွေ့ဖူးခဲ့ပေ။ အဆင့်မြင့် သွေးမျိုးဆက်များ၊ အထူးသက်ရှိများ သူတို့က လင်းယွမ်ထက် သာလွန်သော စမှတ်များ ရှိခဲ့လျှင်တောင် သူတို့၏ ကျင့်ကြံခြင်းကတော့ လင်းယွမ်လောက်မမြန်သည်မှာ သေချာလေသည်။

" ငါ ပဉ္စမအလွှာကို အရင်ဆုံး ချိုးဖျက်ရမယ်။ " လင်းယွမ်က မည်သည့်ဖိအားမှ မခံစားရပေ။

မူလ ရှဟိုယွမ်ဆိုလျှင် မဟာချောက်နက်မှ လွတ်မြောက်သည်နှင့် ပိုင်ချင်းအာ၏ သစ္စာဖောက်ခြင်းနှင့် ပက်သက်၍ ထျန်ကျန်းဇီကို လက်တုန့်ပြန်ရန် ကောင်းကင်ဓားဂိုဏ်းသို့ အရင်ဆုံး သွားပေလိမ့်မည်။

သို့သော် လင်းယွမ်က ထိုမျှ မိုက်မဲမည်မဟုတ်ပေ။ သူ၏ လက်ရှိစွမ်းအားနှင့် နည်းစနစ်များအရ ဒသမအဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင် ခုခံခြင်း သို့မဟုတ် လက်ရည်တူ တိုက်ခိုက်နိုင်လေသည်။

သို့သော် ၎င်းက မလိုအပ်ပေ။ လင်းယွမ်က လက်ရည်တူတိုက်ခိုက်ခြင်းကို သဘောမကျပေ။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆယ်စုနှစ်အနည်းငယ် ကျင့်ကြံလိုက်လျှင် ပြိုင်ဘက်ထင် အဆင့်တစ်ခု သို့မဟုတ် များစွာ ကျော်တက်သွားနိုင်လေသည်။

" ဒီမြေအောက်နန်းတော်ရဲ့ အောက်က ယွမ်ချီစုပ်ဝဲက အတိအကျ ဘယ်နေရာမှာလဲ။ " အဓိက ထိုင်ခုံတွင် ထိုင်နေသော လင်းယွမ်က မေးလိုက်သည်။

" အရှင် ဒီငယ်သားက အရည်အချင်းမရှိလို့ ဒီနေ့အထိ ယွမ်ချီစုပ်ဝဲရဲ့ အူတိုင်ကို ရှာမတွေ့သေးပါဘူး။ " မိုယန်နတ်ဆိုးသခင်က ရှက်ရွံ့စွာ ပြောလိုက်သည်။

ယွမ်ချီစုပ်ဝဲ၏ အရင်းအမြစ်ကို ယွမ်ချီစမ်းချောင်းဟုလည်း ခေါ်လေသည်။ သို့သော် ယွမ်ချီစမ်းချောင်းက မြေအောက်တွင် ဖုံးကွယ်နေပြီး သိပ်သည်းသော ယွမ်ချီများ ဝန်းရံနေသကဲ့သို့ တိကျသော နေရာကို ရှာတွေ့ရန် ခက်ခဲလေသည်။

မိုယန်နတ်ဆိုးသခင်က ထိုယွမ်ချီစုပ်ဝဲကို ရှာတွေ့ပြီးသောအခါ သူက ဆယ်စုနှစ်ကြာအောင် ရှာဖွေခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ ထို့နောက် သူက ရှာဖွေခြင်းကို ရပ်တန့်၍ မြေအောက်နန်းတော်ကို တည်ဆောက်ခဲ့ပြီး စုပ်ဝဲမှ ထုတ်လွှတ်သော ယွမ်ချီများကို ချိတ်ပိတ်ခဲ့သည်။ နောက်ဆုံးတွင် ယွမ်ချီစမ်းချောင်းက မြေအောက်တွင် နစ်မြုပ်နေပြီး သူက အနာဂတ်တွင် ဖြည်းဖြည်းချင်းရှာဖွေနိုင်လေသည်။

" ကိစ္စမရှိဘူး။ ဒီနေ့ ငါ အဲ့ဒါကို မင်းအတွက် ရှာပေးမယ်။ " လင်းယွမ်က မတ်တပ်ရပ်ပြီး မြေအောက်နန်းတော်၏ အနက်ပိုင်းသို့ လမ်းလျှောက်သွားလိုက်သည်။

မိုယန်နတ်ဆိုးသခင်နှင့် အခြားနတ်ဆိုးသခင်ရှစ်ယောက်က နောက်မှ လျင်မြန်စွာ လိုက်သွားကြသည်။

" အရှင် ကျွန်မကို စောင့်ပါဦး။ " နွမ်ရှုက လင်းယွမ်၏ နောက်မှ နီးကပ်စွာ လိုက်ပါသွားသည်။ သူတို့က အချိန်အတော်ကြာ လမ်းလျှောက်သွားကြသည်။

" အရှင်က တကယ် အဲ့ဒါကို ရှာနိုင်တာလား။ " မိုယန်နတ်ဆိုးသခင်နှင့် အခြားနတ်ဆိုးသခင်များက အချင်းချင်း သံသယများနှင့် ကြည့်လိုက်သည်။

ဒသမအဆင့် တည်ရှိမှုပင် ယွမ်ချီစမ်းချောင်းကို ရှာတွေ့ရန် ခက်ခဲလှသည်။ ၎င်းက စွမ်းအားနှင့် ဘာမှမဆိုင်ပေ။ ယွမ်ချီအူတိုင်၏ ပတ်လည်တွင် ယွမ်ချီများ သိပ်သည်းနေပြီး ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံကို ဖိနှိပ်နိုင်လေသည်။

ဒသမအဆင့်များပင် နတ်ဘုရားအာရုံကို အသုံးမပြုဘဲ ယွမ်ချီစမ်းချောင်းကို ရှာဖွေခြင်းက မျက်ကန်းတစ်ယောက်နှင့် တူပေလိမ့်မည်။

ထို့နောက် လင်းယွမ်က ရုတ်တရက် ရပ်တန့်လိုက်သည်။

" အရှင်..." မိုယန်နတ်ဆိုးသခင်က စကားပြောရန် ပြင်လိုက်သည်။

သို့သော် လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်ပြီး ရှေ့သို့ ညင်သာစွာ ဖိလိုက်သည်။

ဝုန်း....

မြေကြီး၏ ကြီးမားသော အစိတ်အပိုင်းက ပြိုကျသွားပြီး မှောင်နေသော နေရာတစ်ခု ပေါ်လာသည်။ ထိုနေရာတွင် အဖြူရောင်စမ်းချောင်းတစ်ခုက ယွမ်ချီများ ပြင်းထန်စွာ စီးဆင်းနေသည်။ စမ်းချောင်းက မီတာအနည်းငယ် ကျယ်ဝန်းပြီး ၎င်း၏ အနက်ကို မသိရသော်လည်း ယွမ်ချီများက ၎င်းအတွင်း သိပ်သည်းစွာ ရှိနေသည်။ သေချာကြည့်လျှင် စမ်းချောင်းက ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများဖြင့် ဖွဲ့စည်းထားသည်ကို သိနိုင်လေသည်။ စမ်းချောင်း၏ ဝန်းကျင်တွင် ပန်းပင်နှင့် ဆေးပင်များ ပေါက်ရောက်နေကြသည်။

" ယွမ်ချီစမ်းချောင်း..." မိုယန်နတ်ဆိုးသခင်က မျက်လုံးများ ပြူးသွားပြီး တံတွေးများ မျိုချလိုက်သည်။

လမ်းမှန်ကျင့်ကြံသူဖြစ်စေ နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူဖြစ်စေ ယွမ်ချီများကို စုပ်ယူပြီး ကျင့်ကြံရခြင်း ဖြစ်သည်။

သို့သော် နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူများအတွက် ထိုနည်းလမ်းက ထိရောက်မှုသိပ်မရှိလှပေ။ သူတို့အတွက် တိုက်ရိုက်သတ်ဖြတ်လုယူခြင်းက ပို၍ ထိရောက်လေသည်။

သို့သော် သူတို့၏ ရှေ့မှ ယွမ်ချီစမ်းချောင်းက ကောင်းကင်နှင့် မြေကြီး၏ ယွမ်ချီစွမ်းအားများဖြင့် ပြည့်နှက်နေပြီး နဝမအဆင့် နတ်ဆိုးသခင်တစ်ယောက်အတွက်ပင် လွန်စွာ အကျိုးရှိလှသည်။

" ဒါက အလယ်အဆင့် ယွမ်ချီစုပ်ဝဲပဲ။ မဆိုးဘူး။ ဒီယွမ်ချီစမ်းချောင်းနဲ့ဆို ငါ ပဉ္စမအလွှာကို တက်ဖို့ ပြဿနာမရှိလောက်ဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။

ကောင်းကင်ဓားဂိုဏ်း၏ ယွမ်ချီစမ်းချောင်းက ယခုထက် ပိုအဆင့်မြင့်လေသည်။ သို့သော် ထျန်ကျန်းဇီက ဒသမအဆင့်သို့ တက်ချင်သော်လည်း ကောင်းကင်ဓားဂိုဏ်းမှ တပည့်များ၏ ကျင့်ကြံခြင်းက ၎င်းအပေါ်တွင် မှီခိုနေရာသောကြောင့် ဂိုဏ်း၏ ယွမ်ချီစမ်းချောင်းကို အပြည့်အဝ မစုပ်ယူရဲပေ။

ထို့ကြောင့် နှစ်နှစ်ဆယ်အတွင်း ထျန်ကျန်းဇီက ဒသမအဆင့်သို့ တက်ရန်ကြိုးစားချိန်တွင် မိုင်တစ်ရာပတ်လည်မှ ယွမ်ချီများကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် လင်းယွမ်ကတော့ မတူပေ။ သူက ယွမ်ချီစမ်းချောင်းကို စုပ်ယူရန် မည်သည့်ကန့်သတ်ချက်မှ မရှိပေ။

" ပြီးတော့ စမ်းချောင်းဘေးက ဆေးပင်တွေကလည်း ကြယ်လေးလုံး ငါးလုံး စကြာဝဠာရတာနာတွေနဲ့ နှိုင်းယှဉ်နိုင်တယ်။ " လင်းယွမ်က စိတ်အားထက်သန်လာသည်။

" ငါ ဒီနေရာမှာ အဆင့်တက်မယ်။ "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters