ပြည့်စုံသော အစီအစဉ်.....
Vol. 9 Ch. 137
လင်းယွမ်က ပဉ္စမအလွှာသို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံနေချိန်တွင် နယ်မြေငါးခုက မဟာနတ်ဆိုးအရှင် ရှဟိုယွမ် ထွက်ပေါ်လာခြင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။
" ရှဟိုယွမ် ထွက်လာပြီဆိုတော့ ကမ္ဘာကြီးက အေးချမ်းတော့မှာမဟုတ်ဘူး။ "
" ငါသာ ရှဟိုယွမ်ဆိုရင် ဆယ်စုနှစ်ကျော် ဖိနှိပ်ခံရပြီး လွတ်မြောက်လာတာနဲ့ လက်စားချေဖို့ သေချာပေါက် ကြိုးစားမှာပဲ။ "
" အင်း.... ဒီကမ္ဘာကြီးက ပဋိပက္ခတွေ ဘယ်တော့မှ ငြိမ်းချမ်းမှာလဲ။ "
" ငြိမ်းချမ်းဖို့လား။ လူတွေရှိနေရင် အဲ့ဒါက ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က လမ်းမှန်အင်အားစုတွေက ကမ္ဘာကြီးအေးချမ်းဖို့ ရှဟိုယွမ်ရဲ့ လက်အောက်က နတ်ဆိုးတွေနဲ့ မဟာစစ်ပွဲကြီးဖြစ်ခဲ့တယ်။ "
" ဒါပေမယ့် ပြီးတော့ ဘာဖြစ်လာလဲ။ ရှဟိုယွမ်က တကယ်ဖမ်းဆီးခံလိုက်ရပေမယ့် ကမ္ဘာကြီးကတော့ ငြိမ်းချမ်းမှုမရှိခဲ့ဘူ။ အဲ့ဒီနတ်ဆိုးသခင်တွေက အချုပ်အနှောင်က လွတ်မြောက်လာတဲ့ အရူးတွေလို ဖြစ်လာကြတယ်။ "
နယ်မြေငါးခုမှ ကျင့်ကြံသူများနှင့် အင်အားစုများက အချင်းချင်း အချက်အလက်များ ဖလှယ်ခဲ့ကြသည်။ အထူးသဖြင့် ရှဟိုယွမ်ကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြသော အင်းအားစုများက ရှဟိုယွမ် လွတ်မြောက်လာသောအခါ သူတို့ကို အရင်ဆုံး ပစ်မှတ်ထားမည်ကို ကြောက်ရွံ့နေကြသည်။
" ကိစ္စမရှိဘူး။ ငါတို့ ဘာလုပ်သင့်လဲ မေးဖို့ ကောင်းကင်ဓားဂိုဏ်းကို သွားရမယ်။ "
" မှန်တယ်။ ထျန်ကျန်းဇီကြောင့်သာမဟုတ်ရင် ငါတို့ ရှဟိုယွမ်က ဒီလောက်ထိ ဆန့်ကျင်မိမှာမဟုတ်ဘူး။ "
" သွားမယ်။ ထျန်ကျန်းဇီဆီက ရှင်းပြချက် သွားတောင်းရအောင်။ "
နဝမအဆင့်များအပါအဝင် အင်အားစုအသီးသီးမှ ကျင့်ကြံသူများက ကောင်းကင်ဓားဂိုဏ်းသို့ ဦတည်သွားကြသည်။
ကောင်းကင်ဓားဂိုဏ်း။
ရုတ်တရက် မြူခိုးများကြားတွင် ကြောက်စရာကောင်းသော အော်ရာတစ်ခု ပျံ့နှံ့လာပြီး နဝမအဆင့်များပင် မသက်မသာ ခံစားလိုက်ရသည်။
" ဂိုဏ်းချုပ်..."
" ဂိုဏ်းချုပ်ထွက်လာပြီ။ " ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲများက ၎င်းကို မြင်သောအခါ စိတ်လှုပ်ရှားသွားကြပြီး အမြင့်ဆုံးတောင်ထိပ်မှ နန်းတော်ကို အရိုအသေပေးလိုက်ကြသည်။
ထိုသို့ဖြင့် လဝက်ကြာပြီးသောအခါ နန်းတော်တစ်ခုလုံးကို လွှမ်းခြုံထားသော ကြောက်စရာကောင်းသည့် အော်ရာက ပျောက်ကွယ်သွားပြီး အဖြူရောင်ဆံပင်များနှင့် အမျိုးသားတစ်ဦး ဖြည်းညင်းစွာ ထွက်လာသည်။
" ထျန်ကျန်းဇီ "
" ဂိုဏ်းချုပ် ထွက်လာပြီ "
ကောင်းကင်ဓားဂိုဏ်း၏ တပည့်များက သက်ပြင်းချလိုက်ကြသည်။ ယခုအချိန်တွင် နယ်မြေငါးခုမှ ကျင့်ကြံသူများက ရှဟိုယွမ်အား မည်သို့ကိုင်တွယ်ရမည်ကို မေးမြန်းရန် နေ့တိုင်း ရောက်လာကြလေသည်။ ၎င်းက တစ်ယောက်၊ နှစ်ယောက်ဆိုလျှင် ကိစ္စမရှိပေ။
ကောင်းကင်ဓားဂိုဏ်းနှင့် ထျန်ကျန်းဇီက နယ်မြေငါးခုတွင် အသန်မာဆုံးအဖြစ် သတ်မှတ်ထားကြလေသည်။ ထို့ကြောင့် လူတစ်ယောက်၊ နှစ်ယောက်က ကိုင်တွယ်ရန် မခက်ခဲသော်လည်း တစ်ရာ၊ တစ်ထောင်ဖြစ်သည့်အပြင် သူတို့ထဲတွင် အဓိကအင်အားစုအသီးသီး၏ ခေါင်းဆောင်များ သို့မဟုတ် နဝမအဆင့်များ ပါလျှင်တော့ ကောင်းကင်ဓားဂိုဏ်းလည်း တတ်နိုင်မည်မဟုတ်ပေ။
အထူးသဖြင့် ဂိုဏ်းချုပ် ထျန်ကျန်းဇီက တံခါးပိတ် ကျင့်ကြံနေပြီး ထွက်မလာသေးသော အချိန်တွင် ဖြစ်သည်။ ထိုအချိန်အတွင်း ကောင်းကင်ဓားဂိုဏ်းက ဖိအားများစွာကို ခံစားခဲ့ရသည်။
သို့သော် ယခု အားလုံး ပြီးဆုံးသွားပြီဖြစ်သည်။
ကောင်းကင်ဓားဂိုဏ်း၏ တပည့်အများစုက ထျန်ကျန်းဇီ ထွက်လာသည့်အဓိပ္ပါယ်ကို မသိကြသော်လည်း ဒုဂိုဏ်းချုပ်နှင့် အကြီးအကဲများက နောက်ကွယ်မှ နက်ရှိုင်းသည့် အဓိပ္ပါယ်ကို သိကြလေသည်။ နှစ်တစ်သောင်းအတွင်း တစ်ကြိမ်သာ ထွက်ပေါ်လာနိုင်သော ဒသမအဆင့်ကို တက်လှမ်းခြင်း။
" ဂိုဏ်းချုပ် " ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲအချို့က ထျန်ကျန်းဇီကို နီရဲနေသော မျက်လုံးများနှင့် ကြည့်လိုက်ကြသည်။ ကောင်းကင်ဓားဂိုဏ်း၏ ထိုမျိုးဆက်တွင် ဒသမအဆင့်တစ်ယောက် ထွက်ပေါ်လာပြီဖြစ်သည်။
ထျန်ကျန်းဇီ ထွက်ပေါ်လာသည်နှင့် နဝမအဆင့်ထက် သာလွန်သော အော်ရာက ပျံ့နှံ့လာသည်။ ကောင်းကင်ဓားဂိုဏ်းသို့ ရှဟိုယွမ်၏ ကိစ္စကြောင့် ရောက်ရှိလာသော ကျင့်ကြံသူများ၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားကြသည်။
လူဆယ်ယောက်ကျော်က ကောင်းကင်သို့ ပျံသန်းလာပြီး လက်နောက်ပစ်ပြီးရပ်နေသော ထျန်ကျန်းဇီကို သေချာကြည့်လိုက်ကြသည်။
" ထျန်ကျန်းဇီ မင်း..." သူတို့အားလုံးက နဝမအဆင့်များဖြစ်ကြ၏။ သူတို့က ထျန်ကျန်းဇီ၏ တုန့်ပြန်မှုကို စောင့်နေကြသည်။
" ထျန်ကျန်းဇီ မင်း မင်း အဲ့ဒီအဆင့်ကို ရောက်သွားပြီလား။ "
နဝမအဆင့် ကျင့်ကြံသူတစ်ယောက်က တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ နဝမအဆင့်တစ်ယောက်အနေဖြင့် ထျန်ကျန်းဇီ၏ အော်ရာက နဝမအဆင့်ထက် ကျော်လွန်နေသည်ကို ခံစားမိလေသည်။ ၎င်းက ခြေလှမ်းတစ်ဝက် သို့မဟုတ် နီးကပ်နေခြင်း မဟုတ်ပေ။ လုံးဝကျော်လွန်သွားခြင်း ဖြစ်၏။
နဝမအဆင့်က ကောင်းကင်မှ လတစ်စင်းကဲ့သို့ သေမျိုးကမ္ဘာကို ငုံ့ကြည့်ခြင်းဆိုလျှင် ယခု ထျန်ကျန်းဇီက စကြာဝဠာထဲမှ ထိုလကို ငုံ့ကြည့်နေခြင်းနှင့် တူလှသည်။
" အမှန်ပဲ။ " ထျန်ကျန်းဇီက အနည်းငယ် ခေါင်းငြိမ့်လိုက်ပြီး သူ၏ အမူအရာက မောက်မာစွာ ရှိနေသည်။
" ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်။ " အင်အားစုအသီးသီးမှ နဝမအဆင့်များက ပင့်သက်ရှိုက်သွားပြီး ညီညာစွာ နှုတ်ဆက်လိုက်ကြသည်။
ရှေးခေတ်အချိန်များကတည်းက နဝမအဆင့်ထက် ကျော်လွန်သော ဒသမအဆင့် တည်ရှိမှုများ ရှိခဲ့လေသည်။ သို့သော် နှစ်တစ်သောင်းအတွင်း ထွက်ပေါ်လာသောလူများက လက်တစ်ဖက်ပင် မပြည့်ဘဲ လူတိုင်းက ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်သော ဒဏ္ဍာရီများ ဖြစ်ကြလေသည်။ ယခု သူတို့၏ ခေတ်တွင် နဝမအဆင့်ကို ကျော်လွန်သော တည်ရှိမှုတစ်ခု ထွက်ပေါ်လာခဲ့လေပြီ။
နဝမအဆင့် ကျင့်ကြံသူများက ရှုပ်ထွေးသော ခံစားချက်များနှင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သတင်းကောင်းမှာ ထျန်ကျန်းဇီ အဆင့်တက်သွားသောကြောင့် ရှဟိုယွမ်က ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
စိုးရိမ်စရာမှာ ထျန်ကျန်းဇီက မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်သွားခဲ့ပြီး နယ်မြေငါးခု၏ အဓိကအင်အားစုများက ကောင်းကင်ဓားဂိုဏ်းနှင့် တန်းတူအဆင့်အတန်းကို ထိန်းထားနိုင်မည်မဟုတ်တော့ပေ။
နဝမအဆင့် ကျင့်ကြံသူများက ကောင်းကင်ဓားဂိုဏ်း၏ တပည့်များနှင့်အတူ ဒသမအဆင့်သို့ရောက်သွားသော ထျန်ကျန်းဇီကို ဦးညွှတ်လိုက်ကြသည်။ ထို့နောက် ရှဟိုယွမ်အား မည်သို့ ကိုင်တွယ်မည်ကို မေးလိုက်ကြသည်။
" အခု ငါက ဒသမအဆင့် ရောက်သွားပြီဆိုတော့ ရှဟိုယွမ်က ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူး။ " ထျန်ကျန်းဇီက ပြုံး၍ ပြောလိုက်သည်။
" ဒါပေမယ့် ရှဟိုယွမ်က ကောက်ကျစ်ယုတ်မာတယ်။ ငါတို့ သူ့ကို ရှာရင် မြက်ခြောက်ပြီး မြွေကြောက်သွားလိမ့်မယ်။ "
အားလုံးက သဘောတူစွာဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။ ထိုလူက အရူးမဟုတ်ပေ။ လမ်းမှန်ဂိုဏ်းများက ယုံကြည်မှုရှိစွာ တိုက်ခိုက်ခဲ့ပါက ရှဟိုယွမ်ကို ကြောက်လန့်သွားစေမည်မှာ သေချာလေသည်။
ထို့နောက် ရှဟိုယွမ်က နောက်ကွယ်မှ အကြောင်းရင်းကို စုံစမ်းပြီး ထျန်ကျန်းဇီ ဒသမအဆင့်သို့ ဝင်ရောက်ခဲ့သည်အား ရှာတွေ့သွားပါက ထွက်ပေါ်လာရန် ခက်ခဲသွားပေလိမ့်မည်။
" ဒါကြောင့် အဆင့်တက်တုန်းက ငါက လျို့ဝှက်နည်းစနစ်တစ်ခု အသုံးပြုပြီး ငါ့ရဲ့အော်ရာကို ဂိုဏ်းအပြင်မရောက်အောင် ဖုံးကွယ်ထားခဲ့တယ်။ "
" အခု မင်းတို့အားလုံးပဲ ငါ အဆင့်တက်သွားတာကို သိကြတယ်။ " ထျန်ကျန်းဇီက ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " ဒီလျို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်ဖို့ အားလုံးက ဒီမှာ အချိန်တစ်ခုထိ နေရလိမ့်မယ်။ "
" အတိတ်မှာ ငါက ရှဟိုယွမ်ကို ဖိနှိပ်ခဲ့ပြီး နက်ရှိုင်းတဲ့ ရန်ငြိုး ရှိစေခဲ့တယ်။ အခု သူ့ခွန်အားတွေ ပြန်ရလာတာနဲ့ လက်စားချေဖို့ ရောက်လာမှာ သေချာတယ်။ "
" ငါတို့က သူလာတာကို စောင့်နေဖို့ပဲ လိုတယ်။ " ထျန်ကျန်းဇီက တည်ငြိမ်စွာ ပြောလိုက်သည်။
" တကယ်ပြည့်စုံတဲ့ အစီအစဉ်ပဲ ဂိုဏ်းချုပ်။ " အခြားသူများက နားလည်သွားကြသည်။
ရှဟိုယွမ်၏ ခွန်အားနှင့် သူပုန်းနေချင်လျှင် ဒသမအဆင့်ပင် ရှာနိုင်မည်မဟုတ်ပေ။ သို့သော် ရှဟိုယွမ်နှင့် ထျန်ကျန်းဇီတို့ကြားမှ ရန်ငြိုးကို အသုံးပြုပြီး ရှဟိုယွမ်ကို အလိုအလျောက် ထွက်လာစေခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ရှဟိုယွမ်က သူ၏ အထွတ်အထိပ်သို့ ပြန်ရောက်သွားလျှင်တောင် ထျန်ကျန်းဇီကို ရင်ဆိုင်နိုင်စွမ်းမရှိသော နဝမအဆင့်သာ ရှိပေလိမ့်မည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကလည်း နဝမအဆင့်များကိုသာ ခြိမ်းခြောက်နိုင်ပြီး ဒသမအဆင့် တည်ရှိမှုရှေ့တွင် တစ်ချက်တည်းဖြင့် ရုပ်ခန္ဓာနှင့် မူလစိတ်ဝိညာဉ်ပါ ပျက်ဆီးသွားပေလိမ့်မည်။
အချိန်များစွာ ကုန်လွန်သွားခဲ့သည်။
မြေအောက်နန်းတော်တွင် မိုယန်နတ်ဆိုးသခင်နှင့် အခြားနတ်ဆိုးသခင်ရှစ်ယောက်တို့က လင်းယွမ်တံခါးပိတ်ကျင့်ကြံနေသော ယွမ်ချီစမ်းချောင်း၏ အပြင်ဘက်တွင် စောင့်ကြပ်နေကြသည်။
" အရှင်က တံခါးပိတ်ကျင့်ကြံတာ ဘယ်လိုလဲမသိဘူး။ " မိုယန်နတ်ဆိုးသခင်က သိချင်သွား၏။
ဤနှစ်များတွင် ကောင်းကင်နှင့် မြေကြီး၏ ယွမ်ချီများက ကြောက်စရာကောင်းသော နှုန်းဖြင့် လျော့ကျနေသည်ကို သူတို့က ကောင်းကောင်းခံစားမိခဲ့သည်။ လင်းယွမ်က ယွမ်ချီများအားလုံးကို စုပ်ယူနေသည်မှာ ထင်ရှားလေသည်။
အလယ်အဆင့် ယွမ်ချီစမ်းချောင်းက သာမန်မဟုတ်ပေ။ အလယ်အဆင့် ယွမ်ချီစမ်းချောင်းမှ နေ့စဉ် ထုတ်လွှတ်သော ယွမ်ချီများက နဝမအဆင့် ကျင့်ကြံသူများ၏ နေ့စဉ်ကျင့်ကြံခြင်းအတွက် လူံလောက်စွာ ဖြည့်ဆည်းပေးနိုင်လေသည်။ သို့သော် သူတို့၏ ပတ်ဝန်းကျင်မှ ယွမ်ချီများ လျင်မြန်စွာ ကျဆင်းလာခြင်းမှာ ယွမ်ချီစမ်းချောင်းက ပြင်းထန်စွာ ကုန်ဆုံးနေသည်ကို သိနိုင်လေသည်။
အကယ်၍ မိုယန်နတ်ဆိုးသခင်သာ ထိုမျှများပြားသော ယွမ်ချီများကို စုပ်ယူခဲ့လျှင် သူ၏ ခန္ဓာကိုယ်က ခံနိုင်ရည်မရှိဘဲ ပေါက်ကွဲသွားပေလိမ့်မည်။
" အရှင်က ဘာအမှားအယွင်းမှ မရှိဘူး။ " နွမ်ရှုက မိုယန်နတ်ဆိုးသခင်ကို ကြည့်လိုက်သည်။ သူမက လင်းယွမ်အား ယုံကြည်ကိုးကွယ်သူဟုပင် ပြောနိုင်လေသည်။
မိုယန်နတ်ဆိုးသခင်က လင်းယွမ်အပေါ် မကောင်းသော ရည်ရွယ်ချက်များ ထားမည်ကို သူမက စိုးရိမ်နေသည်။
" ငါ မိုယန်က အရှင်အပေါ် မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာ သက်သေပြနိုင်တယ်။ " မိုယန်နတ်ဆိုးသခင်က လျင်မြန်စွာ ပြောလိုက်သည်။
နွမ်ရှု၏ ကျင့်ကြံခြင်းက သူ့ထက် နိမ့်သော်လည်း သူမက အရှင်နှင့် နီးကပ်သော ဆက်ဆံရေး ရှိလေသည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်တွင် သူမက လက်လျှော့ခြင်းမရှိဘဲ အရှင်ကို ကယ်တင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့လေသည်။ စဉ်းစားကြည့်လျှင် နွမ်ရှု၏ အရေးပါမှုက အရှင်၏ စိတ်ထဲတွင် ကြီးထွားလာမည်မှာ သေချာလေသည်။
ယခုအချိန်တွင် မိုယန်နတ်ဆိုးသခင်က နောက်တရနေလေသည်။ အကယ်၍ အရှင်သာ မဟာချောက်နက်မှ လွတ်မြောက်လာနိုင်သည်ကို ကြိုသိခဲ့ပါက အရှင်ကို ကယ်တင်ရန် ပထမဆုံး ကြိုးစားသူမှာ သူဖြစ်ပေလိမ့်မည်။
" ဟမ် အဲ့လို ဖြစ်ဖို့ မျှော်လင့်ပါတယ်။ " နွမ်ရှုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆက်မပြောတော့ပေ။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း