← Chapters

နတ်ဆိုးအရှင်က လူကောင်းတစ်ယောက်လား....

Vol. 9 Ch. 139

နတ်ဆိုးအရှင်က လူကောင်းတစ်ယောက်လား....

Vol. 9 Ch. 139

" လူကောင်းတစ်ယောက်လား။ " လင်းယွမ်၏ အပြုံးက ပျောက်ကွယ်သွားပြီး သူ့ဟာသူ ရေရွတ်လိုက်သည်။ " မကောင်းတာတွေ အများကြီးလုပ်ထားတဲ့ နတ်ဆိုးအရှင်တစ်ယောက်က ဘယ်လိုလူကောင်းမျိုးဖြစ်မှာလဲ။ "

မိုယန်နတ်ဆိုးသခင်နှင့် အခြားသူများကလည်း အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏ အမြင်တွင် ရှဟိုယွမ်က ဘယ်လိုမှ လူကောင်းတစ်ယောက် မဟုတ်ပေ။

လမ်းမှန်အင်အားစုများနှင့် နတ်ဆိုးလမ်းစဉ်အင်အားစုများ၏ စစ်ပွဲကြီးမစမီ နယ်မြေငါးခုမှ နတ်ဆိုးကျင့်ကြံသူများအားလုံး ရှဟိုယွမ်၏ အုပ်ချုပ်မှုနောက်ကို မပုန်ကန်ဘဲ ဘာလို့လိုက်ခဲ့ကြတာလဲ။ အကြောင်းမှာ အမိန့်မနာခံသူများအားလုံးကို သတ်ပစ်သောကြောင့် ဖြစ်သည်။

ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲ ပြောသည်မှာ တစ်ခုတော့မှန်လေသည်။ ရှဟိုယွမ်၏ လက်တွင် သွေးများစွာ စွန်းထင်နေသော်လည်း အများစုမှ နတ်ဆိုးများ၏ သွေးများဖြစ်ပြီး နောက်မှ လမ်းမှန်ကျင့်ကြံသူများ ဖြစ်ကြသည်။

" လွန်ခဲ့တဲ့ သုံးနှစ်က ငါတပည့်က အခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့အတူ ကောင်းကင်ဓားဂိုဏ်းကို သွားခဲ့ပြီး ခုထိ ပြန်မလာသေးဘူး။ ဒါပေမယ့် ငါတို့ဂိုဏ်းက အသက်မီးအိမ်ကတော့ ဘာမှမဖြစ်သေးဘူး။ "

" လက်ရှိ ကောင်းကင်ဓားဂိုဏ်းမှာ နယ်မြေငါးခုက စွမ်းအားကြီးပုဂ္ဂိုလ် ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိနေတယ်။ ပြီးတော့ အဲ့ဒီ ထျန်ကျန်းဇီကလည်း အနည်းဆုံး ဒသမအဆင့်ကို ခြေလှမ်းတစ်ဝက်ရောက်နေပြီ။ "

" နတ်ဆိုးအရှင်က ထျန်ကျန်းဇီကို လက်စားချေဖို့ စီစဉ်နေသေးတယ်ဆိုရင်တော့ သေချာစဉ်းစားပါ။ " ကျစ်ကောဂိုဏ်းရဲ့ မဟာအကြီးအကဲက ဆက်ပြောလို​က်သည်။

ထျန်ကျန်းဇီက ဒသမအဆင့်သို့ ရောက်နေပြီလား သူမသိပေ။ ယခု ကောင်းကင်ဓားဂိုဏ်းက ပင့်ကူအိမ်ထဲတွင် ၎င်း၏ သားကောင်ကို စောင့်ဆိုင်းနေသော ပင့်ကူတစ်ကောင်ကဲ့သို့ ရှဟိုယွမ် လက်စားချေမည့်အချိန်ကို စောင့်ဆိုင်နေသည်။

သူ၏ စဉ်းစားနိုင်စွမ်းနှင့် သတင်းတစ်စုံတစ်ရာ မကြားရသော တပည့်ကို ကြည့်လျှင် တစ်စုံတစ်ခု လွဲချော်နေပြီကို သိနိုင်လေသည်။ ကောင်းကင်ဓားဂိုဏ်းက ထောက်ချောက်တစ်ခု ပြုလုပ်ပြီး ရှဟိုယွမ် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်နေသည်ဟု သူက ခန့်မှန်းမိလေသည်။

လွန်ခဲ့သော နှစ်သုံးဆယ်က သူ၏ တပည့်ကို မရပ်တန့်နိုင်ဘဲ လမ်းမှန်အင်အားစုများနှင့် နတ်ဆိုးလမ်းစဉ်တို့ကြား စစ်ပွဲကြီးကို ဖြစ်ပေါ်စေခဲ့ပြီး ရှဟိုယွမ် ကျရှုံးသွားသောအခါ နယ်မြေငါးခုမှ နတ်ဆိုးသခင်များက အချုပ်အနှောင်မှ လွတ်မြောက်သွားသကဲ့သို့ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ဖရိုဖရဲ ဖြစ်စေခဲ့သည်။

ယခုတစ်ကြိမ်တွင် ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက တစ်စုံတစ်ခု လုပ်သင့်သည်ဟု ခံစားမိလေသည်။ အနည်းဆုံး ရှဟိုယွမ်က နောက်တစ်ကြိမ် ကျရှုံး၍ မဖြစ်ပေ။

ကျစ်ကောဂိုဏ်းမှ မဟာအကြီးအကဲက ရှဟိုယွမ်အပေါ် သူ၏ အတွေးများက အလွန် ရှုပ်ထွေးလေသည်။ ရှဟိုယွမ်ဆီသို့ ထိုသတင်းများ လာရောက်ပြောပြခြင်းက ကျစ်ကောဂိုဏ်းနှင့် လမ်းမှန်အင်အားစုများအပေါ် သစ္စာဖောက်ခြင်းပင် ဖြစ်သည်။

သို့သော် နယ်မြေငါးခု၏ အခြေအနေ အနည်းငယ် အေးချမ်းသွားသည်နှင့် ယှဉ်လျှင် နာမည်ပျက်ခြင်းက ကိစ္စမရှိပေ။

" ပြီးပြီလား " လင်းယွမ်၏ အမူအရာက တည်ငြိမ်သွား၏။

" ပြီးပါပြီ။ " ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက ပွင့်လင်းစွာ ပြောလိုက်သည်။

" သူ့ကို ခေါ်ပြီး ဖမ်းချုပ်ထားလိုက်ပါ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး နွမ်ရှုကို အချက်ပြလိုက်သည်။

" ဟုတ်ကဲ့ " နွမ်ရှုက ခေါင်းငြိမ့်လိုက်ပြီး ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲကို အဝေးသို့ ခေါ်ဆောင်သွားသည်။

" မင်းတို့ဘယ်လိုထင်လဲ။ " လင်းယွမ်က နတ်ဆိုးသခင်များကို ကြည့်လိုက်သည်။

" အရှင် အဲ့ဒီလူအိုကြီး ပြောသွားတာ အဓိပ္ပါယ်တော့ရှိတယ်။ " မိုယန်နတ်ဆိုးသခင်က ခနစဉ်းစားပြီးနောက် ပြောလိုက်သည်။ ယခင်နှစ်များတွင် သူရရှိခဲ့သော သတင်းများအရ နယ်မြေငါးခုမှ ထိပ်သီးကျင့်ကြံသူများက ကောင်းကင်ဓားဂိုဏ်းသို့ အမှန်တကယ် သွားခဲ့ကြသည်။

သူတို့၏ ရည်ရွယ်ချက်မှာ ရှဟိုယွမ်လွတ်မြောက်သွားသော ကိစ္စနှင့် ပက်သက်နေသည်မှာ ထင်ရှားလေသည်။ သို့သော် မိုယန်နတ်ဆိုးသခင်က ကောင်းကင်ဓားဂိုဏ်းကဲ့သို့ လမ်းမှန်အင်အားစုများကို သိပ်နားမလည်ပေ။

" ဒါဆိုလည်း အချိန်တစ်ခုအထိ ကောင်းကင်ဓားဂိုဏ်းအနီးကို ဘယ်သူမှမသွားစေနဲ့။ " လင်းယွမ်က ပြောလိုက်သည်။

အမှန်တော့ ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက လာရောက်သတိပေးခြင်းမရှိလျှင်တောင် သူက အရူးတစ်ယောက်လို ကောင်းကင်ဓားဂိုဏ်းသို့ လက်စားချေရန် သွားမည်မဟုတ်ပေ။ ရှဟိုယွမ်က ထိုကဲ့သို့ လုပ်ခဲ့လျှင်တောင် လင်းယွမ်က ရှဟိုယွမ်မဟုတ်ပေ။

အကယ်၍ ထျန်ကျန်းဇီက ဒသမအဆင့်သို့ ရောက်နေပြီး ကောင်းကင်ဓားဂိုဏ်းကဲ့သို့ သူ၏ ပိုင်နက်ထဲတွင် သူ၏ ဘိုးဘေးများ ချန်ခဲ့သော ပြင်ဆင်မှုများနှင့် ဒသမအဆင့် အထွတ်အထိပ် သို့မဟုတ် ထိုထက်ပင် ကျော်လွန်နိုင်လေသည်။

လင်းယွမ်က အဆင့်ဆယ့်သုံးသို့ မရောက်မီ လက်စားချေရန် စဉ်းစားမည်မဟုတ်ပေ။ အဆင့်ဆယ့်သုံးဆိုသည်မှာ ပဉ္စမအလွှာသို့ တရားဝင် ဝင်ရောက်သွားခြင်းကို ဆိုလိုသည်။

မြေအောက်နန်းတော်။

ယွမ်ချီစမ်းချောင်းရှေ့တွင် လင်းယွမ်က တင်ပျဉ်ခွေထိုင်နေသည်။ ယခင်နှစ်များနှင့် ယှဉ်လျှင် ယွမ်ချီစမ်းချောင်း၏ အရွယ်အစားက သေးငယ်သွားပြီး အချင်းမီတာဝက်မျှသာ ရှိတော့လေသည်။

အမှန်တော့ ယွမ်ချီစမ်းချောင်းက မြေကြီးသွေးကြောနှင့် ဆက်သွယ်ပြီး မိုင်တစ်သောင်းအတွင်းမှ ယွမ်ချီများကို စုပ်ယူခြင်း မရှိခဲ့လျှင် ၎င်းက ခြောက်သွေ့သွားသည်မှာ ကြာပြီဖြစ်သည်။

" အဆင်ပြေပါတယ်။ " လင်းယွမ်က ယွမ်ချီစမ်းချောင်းကို ​ကြည့်လိုက်သည်။

ပဉ္စမအလွှာသို့ တက်ရောက်ပြီးနောက် သူလိုအပ်သော ယွမ်ချီပမာဏက လျော့နည်းသွားပြီဖြစ်သည်။ ယခု ထိုယွမ်ချီစမ်းချောင်းက သူ့အတွက် လုံလောက်နေသေးသည်။

" ပဉ္စမအလွှာ " လင်းယွမ်၏ စိတ်အသိက သူ၏ မျက်ခုံးနှစ်ခုကြားမှ နီဝမ်နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။

ထိုနေရာတွင် ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများ လှည့်ပတ်စီးဆင်းနေသော နဂါးငွေ့တန်း၏ အလယ်တွင် ပုံရိပ်တစ်ခု ထိုင်နေသည်။ ထိုပုံရိပ်က လင်းယွမ်နှင့် တူပြီး နဂါးငွေ့တန်း၏ အလယ်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ထိုင်နေသည်။

" မူလစိတ်ဝိညာဉ် " ထိုခနတွင် ပုံရိပ်က မျက်လုံးများ ဖွင့်လိုက်ပြီး လျို့ဝှက်နက်နဲမှုများ ပြည့်နှက်နေသည်။ မူလစိတ်ဝိညာဉ်ကို ဝိညာဉ်စွမ်းအားများစွာဖြင့် စုစည်းထားခြင်းဖြစ်သည်။

မူလစိတ်ဝိညာဉ်ဆိုသည်မှာ ဤကမ္ဘာ၏ အသုံးအနှုန်းဖြစ်ပြီး မူလကမ္ဘာတွင် စိတ်ဝိညာဉ်ခန္ဓာ၊ ဝိညာဉ်ခန္ဓာ စသည်ဖြင့် ခေါ်ကြလေသည်။

မူလစိတ်ဝိညာဉ်က စိတ်နှင့် ဝိညာဉ်တို့၏ အဆီအနှစ်များဖြင့် စုစည်းထားပြီး ခန္ဓာကိုယ်အပြင်သို့ ထွက်လိုက်သည်နှင့် ကြောက်စရာကောင်းအောင် လျင်မြန်လေသည်။ သို့သော် ရုပ်ခန္ဓာ၏ ကာကွယ်မှုမရှိဘဲ မူလစိတ်ဝိညာဉ်က ထိခိုက်လွယ်လေသည်။

" ချို့ယွင်းချက်တွေ ရှိနေတုန်းပဲ။ " လင်းယွမ်က မူလစိတ်ဝိညာဉ်၏ အခြေအနေကို ကောင်းကောင်းနားလည်လေသည်။

သူက ထိုက်ကျိလမ်းစဉ်ကို အခြေခံထားသော်လည်း သူ၏ မူလစိတ်ဝိညာဉ်အတွင်း ထိုက်ကျိလမ်းစဉ်က မထင်မရှားဖြစ်နေသည်။ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများက တစ်ခုတည်းအဖြစ် လုံးဝပေါင်းစပ်သွားပြီး ပြန်လည်ခွဲထုတ်နိုင်ခြင်းမရှိသည်က လင်းယွမ်ကို မကျေမနပ်ဖြစ်စေလေသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆန္ဒရှိသလို စုစည်းခြင်းနှင့် ခွဲထုတ်ခြင်းကို လွတ်လပ်စွာ ထိန်းချုပ်နိုင်သော လမ်းစဉ်တစ်ခု ဖြစ်သည်။ စုစည်းခြင်းကိုသာ ခွင့်ပြုပြီး ခွဲထုတ်ခြင်းမပြုလုပ်နိုင်ခြင်းကို ဘယ်လိုလုပ်လမ်းစဉ်တစ်ခုဟု ခေါ်နိုင်မှာလဲ။

" ဆက်ပြီးသန့်စင်ရမယ်။ " လင်းယွမ်က စိတ်ဓာတ်မကျဘဲ ဆက်လက်ကျင့်ကြံလိုက်သည်။

လင်းယွမ်ကဲ့သို့ လမ်းစဉ်ဖန်တီးသူများအတွက် ခြေလှမ်းတိုင်းကို ပို၍ ပြည့်စုံစွာ ရှာဖွေနိုင်ရန် လိုအပ်လေသည်။ သူက မူလစိတ်ဝိညာဉ်ကို မကျေနပ်နိုင်လျှင် မူလစိတ်ဝိညာဉ်ကို ဆက်လက်အာရုံစိုက်မည်ဖြစ်သည်။ ရုပ်ခန္ဓာကို ကျေနပ်ခြင်းမရှိလျှင် ရုပ်ခန္ဓာကို ပို၍ ပြည့်စုံအောင် အာရုံစိုက်မည်ဖြစ်သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာပြီး နောက်ထပ် ငါးနှစ်ကြာသွားခဲ့သည်။

" ထိုက်ကျိလမ်းစဉ်ကို အခြေခံ၊ ရွှမ်ဟွမ်လမ်းစဉ်ကို ဖွဲ့စည်းပုံ၊ မရေတွက်နိုင်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို အသွေးအသား...."

" ထိုက်ကျိမူလစိတ်ဝိညာဉ် ထွက်လာခဲ့စမ်း။ "

လင်းယွမ်၏ မျက်ခုံးနှစ်ခုကြားမှ နီဝမ်နန်းတော်အတွင်း ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားတို့ စီးဆင်းနေသော နဂါးငွေ့တန်း၏ အလယ်တွင် ထိုင်နေသော မူလစိတ်ဝိညာဉ်က ယင်နှင့်ယန် အဖြူအနက်ပေါင်းစပ်ခြင်းသို့ အသွင်ပြောင်းလဲသွားသည်။

ချက်ချင်း မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်နှစ်ခု ခွဲထွက်သွားသည်။ ခန္ဓာကိုယ်တစ်ခုက ထိုက်ယင်စွမ်းအားများ ဝန်းရံထားပြီး ၎င်း၏ မျက်နှာက ဝေဝါးနေသည်။ အခြားခန္ဓာကိုယ်တစ်ခုက ထိုက်ယန်စွမ်းအားများနှင့် တောက်ပနေပြီး ၎င်း၏ မျက်လုံးများက လင်းလက်နေသည်။

" ဒါက ငါလိုချင်တဲ့ မူလစိတ်ဝိညာဉ်ပဲ။ " မူလစိတ်ဝိညာဉ်နှစ်ခုက တစ်ခုနှင့်တစ်ခု ကြည့်နေကြသည်။

ထိုခန္ဓာကိုယ်နှစ်ခုကို မူလစိတ်ဝိညာဉ်များဟု ခေါ်ခြင်းထက် ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်ဟု ခေါ်ခြင်းက ပို၍ သင့်တော်လေသည်။ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ ပေါင်းစပ်လိုက်လျှင် ထိုက်ကျိမူလစိတ်ဝိညာဉ် ဖြစ်လာပေလိမ့်မည်။

" ယင်စိတ်ဝိညာဉ်.... ယန်စိတ်ဝိညာဉ်...." အပြင်မှ လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

အတွေးတစ်ချက်နှင့် ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့က ခန္ဓာကိုယ်မှ ခွဲထွက်လာသည်။ သူတို့က လင်းယွမ်၏ မူလခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေကြသည်။

" ဒါကို ချီအသွင်ပြောင်းလဲခြင်းလို့ ခေါ်လို့ရလား။ " လင်းယွမ်၏ စိတ်အသိက သုံးခုကွဲသွားပြီး သူ့ကိုသူ မြင်ကွင်းသုံးခုနှင့် ကြည့်နေသည်။ သူတို့အားလုံးက စိတ်အသိတစ်ခုတည်း ဖြစ်သောကြောင့် လင်းယွမ်က ရှုထောင့်သုံးခုကို မြင်နေရသည်။

" ယင်စိတ်ဝိညာဉ်ဖြစ်ဖြစ် ယန်စိတ်ဝိညာဉ်ဖြစ်ဖြစ် စိတ်ဝိညာဉ်ရဲ့ စွမ်းအားနဲ့ ဖွဲ့စည်းထားပြီး ရုပ်ခန္ဓာနဲ့ ကန့်သတ်ထားတာမဟုတ်လို့ အရွယ်အစားကို စိတ်ရှိသလို ပြောင်းလဲနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

လက်ရှိ ယင်နှင့်ယန် စိတ်ဝိညာဉ်များ၏ စွမ်းအားဖြင့် အပြည့်အဝ ထုတ်လွှတ်လိုက်လျှင် ပေတစ်ရာကျော်အရွယ်အစားရှိနိုင်လေသည်။ ယင်စိတ်ဝိညာဉ် ပေတစ်ရာကျော် ယန်စိတ်ဝိညာဉ် ပေတစ်ရာကျော်။

All Chapters