← Chapters

ကမ္ဘာ၏ စိတ်အသိ....

Vol. 9 Ch. 150

ကမ္ဘာ၏ စိတ်အသိ....

Vol. 9 Ch. 150

" နောက်ဆုတ် " အရပ်ရှည်ရှည်နှင့်လူက လက်နောက်ပစ်ပြီး သာမန်အတိုင်း ပြောလိုက်သည်။

ရုတ်တရက် အားလုံးက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လမ်းကလေးက သာမန်အတိုင်း ပြန်ဖြစ်သွားသည်။

အဘိုးကြီးကတော့ ဖြစ်ပျက်သမျှ အားလုံးကို သိနေသည်။ သူနှင့် မိန်းကလေးက သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်သွားကြခြင်း ဖြစ်သည်။ သူတို့၏ ရှေ့မှ လူက နတ်ဆိုးအရှင် ရှဟိုယွမ်ဟုခေါ် လင်းယွမ်ပင် ဖြစ်၏။

" မင်းက ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တူတယ်။ " လင်းယွမ်က နူးညံ့စွာ ပြုံးလိုက်သည်။ သူက လက်ဆန့်ပြီး မိန်းကလေး၏ ခေါင်းကို ပုတ်လိုက်သည်။

" အော့.." မိန်းကလေးက ဘာကြောင့်မှန်း နားမလည်သော်လည်း ထိုလူ၏ အမူအရာကို ကြည့်ပြီး ခုခံခြင်းမရှိဘဲ ရပ်နေမိသည်။

" ပြန်သွားပြီး ကောင်းကောင်းလေ့ကျင့်။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

အဘိုးကြီးနှင့် မိန်းကလေးတို့၏ အမြင်များက အမှောင်ကျသွားပြီး သူတို့၏ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် သူတို့က မိုင်ငါးဆယ်အဝေးသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

" အဘိုး ဘာဖြစ်တာလဲ။ " မိန်းကလေးက အံ့ဩနေပြီး နားမလည်နိုင်ဖြစ်သွားသည်။

" ပိုင်..." အဘိုးအိုက အသိဝင်လာသည်နှင့် မိန်းကလေး၏ လက်ကိုဆွဲပြီး မြေအောက်နန်းတော်နှင့် ဆန့်ကျင်ဘက်သို့ ပြေးလေသည်။

နာရီအချို့ကြာသောအခါ အဘိုးကြီးက မြေအောက်နန်းတော်နှင့် မိုင်ပေါင်းများစွာ အဝေးတွင် ရပ်လိုက်သည်။ ကြောက်ရွံ့မှုက သူ၏ မျက်နှာတွင် ရှိနေဆဲ ဖြစ်သည်။

" အဲ့ဒါဘယ်သူလဲဆိုတာ နင်သိရဲ့လား။ " အဘိုးကြီးက မိန်းကလေးကို ရိုက်ရန် ပြင်လိုက်သော်လည်း ရပ်တန့်သွား၏။

" အာ သူက ဘယ်သူလဲ။ " မိန်းကလေးက နားမလည်သေးပေ။

" နတ်ဆိုးအရှင် သူက နတ်ဆိုးအရှင် ရှဟိုယွမ်ပဲ။ " အဘိုးကြီး၏ အသံက တုန်ယင်နေသည်။

" သူက နတ်ဆိုးအရှင်လား။ " ပိုင်၏ မျက်လုံးများကလည်း ပြူးကျယ်သွား၏။

ခနကြာသောအခါ ပိုင်က မေးခွန်းတစ်ခုကို သတိရသွား၏။ ယခင် သူမက ထိုမေးခွန်းကို မေးရန် ရှက်ရွံ့ခဲ့သော်လည်း ယခုတော့ ကျယ်လောင်စွာ မေးချင်နေသည်။

" အဘိုး လူတွေက နတ်ဆိုးအရှင် ရှဟိုယွမ်က နားမလည်နိုင်အောင် မြင့်မားတယ်လို့ ပြောကြတယ်။ သူက တကယ်ဘယ်လိုမျိုးမြင့်မားတာလဲ။ " သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။

" ဘယ်လိုမြင့်မားလဲ။ " အဘိုးကြီးက အရပ်ရှည်ရှည်နှင့် လူကို ပြန်မြင်ယောင်သွား၏။

" သူက ကောင်းကင်ထက်တောင် မြင့်မားတယ်။ "

အဘိုးကြီးက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မိန်းကလေးကို သေချာကြည့်လိုက်သည်။ သူအမြင်မမှားခဲ့လျှင် မိန်းကလေးက ခြေဖျားထောက်ပြီး နတ်ဆိုးအရှင်၏ ပခုံးကို ပုတ်ခဲ့လေသည်။ ထိုကဲ့သို့ ရဲတင်းသော လုပ်ရပ်အတွက် သူတို့က အသက်ရှင်နိုင်စရာအကြောင်းမရှိပေ။ သို့သော် သူတို့က ဘာမှမဖြစ်ဘဲ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။

" သူမက မိတ်ဆွေတစ်ယောက်နဲ့တူတယ်။ " အဘိုးကြီးက ထိုစကားကို သတိရသွားသည်။

သူကောက်ယူမွေးစားခဲ့သော မိန်းကလေးက ရှဟိုယွမ် မိတ်ဆွေ၏ မျိုးဆက်များ ဖြစ်နေမလား။

အဘိုးကြီးက စိတ်ရှုပ်သွား၏။ ခနကြာသောအခါ သူက ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။ မိန်းကလေးက ရှဟိုယွမ်နှင့် မည်သည့်ပက်သက်မှုပင် ရှိပါစေ သူမက သူ၏ မြေးမလေးဖြစ်သည်။ ဆယ်နှစ်ကျော် အတူနေလာသောကြောင့် သူတို့၏ သံယောဇဉ်က ဆွေးမျိုးရင်းများထက်ပင် ပို၍ နက်ရှိုင်းလေသည်။

မြေအောက်နန်းတော်တွင် လင်းယွမ်က အဘိုးကြီးရှိနေသော နေရာကို လှမ်းကြည့်လိုက်သည်။

" ပိုင်မိသားစုရဲ့မျိုးဆက် " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။

ပိုင်မိသားစုမှာ ရှဟိုယွမ်၏ နက်ရှိုင်းသော နှေင်ကြိုးတစ်ခု ဖြစ်သည်။ ယခု လင်းယွမ်က ထိုမိန်းကလေး၏ ရှေ့တွင် ပေါ်လာချိန်တွင် သူက သူမ၏ ခေါင်းကို ညင်သာစွာ ပုတ်ခဲ့လေသည်။ ထို့နောက် ယွမ်ချီမျှင်တစ်ခုကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေခဲ့သည်။ ၎င်းက သူမ၏ အရည်အချင်းကို တိုးမြှင့်ပေးပြီး အနာဂတ်တွင် နဝမအဆင့်ကို တက်သောအခါ သူမအတွက် ခက်ခဲတော့မည်မဟုတ်ပေ။

လင်းယွမ်၏ လုပ်ရပ်က ရှဟိုယွမ်နှင့် ပိုင်မိသားစုကြားမှ နှောင်ကြိုးများကို ဖြတ်တောက်ခြင်းလည်း ဖြစ်သည်။

" နယ်မြေငါးခု " လင်းယွမ်၏ အကြည့်များက နက်ရှိုင်းသွား၏။

သူ၏ အမိန့်အောက်တွင် နတ်ဆိုးလမ်းစဉ်အင်အားစုများက နယ်မြေငါးခုကို အလွန်လျင်​မြန်စွာ စုစည်းခဲ့သည်။

၎င်းမှာ လင်းယွမ်က နယ်မြေငါးခုကို အုပ်ချုပ်ချင်သောကြောင့် မဟုတ်ဘဲ သိုင်းတာအိုကို လျင်မြန်စွာ ဖြန့်ဝေချင်သောကြောင့် ဖြစ်သည်။ ဤကမ္ဘာတွင် သူနေထိုင်ရသော နှစ်ရာချီအတွင်း သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို နယ်မြေငါးခုတွင် နက်ရှိုင်းစွာ အမြစ်တွယ်စေချင်ခဲ့သည်။

ထိုနည်းအားဖြင့် တစ်နေ့ သူထွက်ခွာသွားသောအချိန်တွင် သို့မဟုတ် နတ်ဆိုးလမ်းစဉ် ပျောက်ကွယ်သွားသောအချိန်တွင် သိုင်းတာအို ကျင့်ကြံခြင်းစနစ်က ပျောက်ကွယ်သွားမည်မဟုတ်ပေ။

ကိုလိုနီခေတ်ကဲ့သို့ပင် ကိုလိုနီများက သူတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို တတ်နိုင်သမျှ ဖြန့်ဝေခဲ့ကြသည်။ နောက်ဆုံး ကိုလိုနီများ တိုက်ထုတ်ခံလိုက်ရသော်လည်း သူတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကတော့ ကျန်ရစ်နေခဲ့သည်။

မူလကမ္ဘာတွင် မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာ ရှိပြီး အားလုံးက လေ့ကျင့်သူများစွာနှင့် ရပ်တည်နေကြသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မည်မျှ ထူးခြားသည်ဖြစ်စေ နှစ်ပေါင်း သောင်းချီသန်းချီ ရပ်တည်နေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို မယှဉ်နိုင်သေးပေ။

ထို့ကြောင့် စစ်မြေပြင်အသစ်ဖွင့်ပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘာလို့အခြားကမ္ဘာမှာ မဖြန့်ဝေနိုင်ရမှာလဲ။

အခြားကမ္ဘာများက မူလကမ္ဘာထက် အဆင့်နိမ့်သော်လည်း ယခု နယ်မြေငါးခုကမ္ဘာက မူလကမ္ဘာမှ အဆင့်မြင့် အသက်ဂြိုလ်နှင့် ယှဉ်နိုင်သောကြောင့် လူအရေအတွက်ကို လျော့တွက်၍ မရပေ။ အနန္တကမ္ဘာများ၏ ဂိတ်တံခါး အကူအညီဖြင့် လင်းယွမ်က ၎င်းကို အကြိမ်များစွာ ပြုလုပ်နိုင်လေသည်။

ထို့အပြင် အဆင့်မြင့် အသက်ဂြိုလ်တွင် လူအရေအတွက် ၁၀၀ ဘီလီယံရှိလျှင်တောင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုတည်းကို လူဘယ်လောက်များ လေ့ကျင့်နိုင်မှာမလို့လဲ။

အခြားကမ္ဘာများတွင် လင်းယွမ်က သူ၏ လွှမ်းမိုးမှုဖြင့် သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ထိုကမ္ဘာ၏ အဓိက ကျင့်ကြံခြင်းစနစ်အဖြစ် ပြုလုပ်နိုင်မည်ဟု သူက ယုံကြည်လေသည်။ ဆိုလိုသည်မှာ လူသားအားလုံး အဓိက ဦးစားပေး ကျင့်ကြံရမည့် ပထမဆုံး ကျင့်ကြံခြင်းစနစ်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာလျှင် သူ့ကို ဘယ်သူယှဉ်နိုင်မှာလဲ။

" ငါဖန်တီးထားတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်တာက ဘာအသုံးဝင်လဲမသိပေမယ့် ငါ့အတွက် ထိခိုက်မှုမရှိဘူး။ အားနည်းနည်းစိုက်ဖို့ပဲ လိုတယ်။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လူမည်မျှ လေ့ကျင့်သည်ဖြစ်စေ လင်းယွမ်ကို ထိခိုက်မှုမရှိပေ။ သာမန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူများက အခြားသူများ သူတို့အား ကျော်တက်သွားမည်ကို စိုးရိမ်ကြသည်။

သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နောက်လိုက်လာသူများကို မပြောနှင့် ရှေ့ကလူများကိုပင် လင်းယွမ်က ကျော်တက်သွားနိုင်လေသည်။

" အရှင် " အပြင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

" ဝင်ခဲ့ " လင်းယွမ်က ၎င်းကို မျှော်လင့်ထားသကဲ့သို့ ပြောလိုက်သည်။

မကြာမီ လူတစ်ယောက် ရိုသေမှုအပြည့်နှင့် ဝင်လာသည်။ သူက စစ်ထူမင်ပင် ဖြစ်၏။ နှစ်တစ်ရာကြာပြီးနောက် လင်းယွမ်၏ အကူအညီဖြင့် စစ်ထူမင်က ဒသမအဆင့်ကို ရောက်နေပြီဖြစ်သည်။ သူက လင်းယွမ်၏ နောက်လိုက်များထဲတွင် ပထမဆုံး ဒသမအဆင့်ကို ရောက်ခဲ့သူ ဖြစ်သည်။

" တကယ်ပြည့်စုံတဲ့ ခန္ဓာတစ်ခုပဲ။ " လင်းယွမ်က စစ်ထူမင်ကို ကြည့်ပြီး တွေးလိုက်သည်။

စစ်ထူမင်၏ ခန္ဓာကိုယ်က လင်းယွမ်ဆီမှလာသော အသွေးအသားနှင့် ငါးရောင်ခြယ်ကြာပန်းဖြစ်၏။ ထို့ကြောင့် လင်းယွမ်၏ မျက်လုံးထဲတွင် စစ်ထူမင်က သိမ်းပိုက်ရန် အသင့်တော်ဆုံး ခန္ဓာတစ်ခုဖြစ်သည်။ အကယ်၍ လင်းယွမ်၏ ရုပ်ခန္ဓာက ပျက်ဆီးသွားခဲ့လျှင် သူက စစ်ထူမင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် သိမ်းပိုက်လိုက်ရုံသာ ရှိသည်။

သို့သော် လင်းယွမ်၏ မျက်လုံးထဲတွင် စစ်ထူမင်၏ အသုံးဝင်မှုက ထိုထက် ပိုလေသည်။

လင်းယွမ်၏ လက်ရှိခွန်အားနှင့် ကမ္ဘာပေါ်မှ အသန်မာဆုံးလူများ ပူးပေါင်းတိုက်ခိုက်လျှင်တောင် သူ့အတွက် လက်တစ်ချက် ဝှေ့ရုံသာ ရှိလေသည်။ လင်းယွမ်ကို ခြိမ်းခြောက်နိုင်သောအရာမှာ ကမ္ဘာ၏ အသိပင် ဖြစ်သည်။ ထို့ကြောင့် သိမ်းပိုက်ရန် ခန္ဓာများ ပြင်ဆင်ထားရန် မလိုအပ်ပေ။

" မင်းငါ့အတွက် တစ်ခုလုပ်ပေးရလိမ့်မယ်။ " လင်းယွမ်က စစ်ထူမင်ကို ကြည့်ပြီး ပြောလိုက်သည်။

" ပြောပါ အရှင် " စစ်ထူမင်က ချက်ချင်း တုန့်ပြန်လိုက်သည်။ လင်းယွမ်က သူ့ကိုသူ သတ်သေရန် အမိန့်ပေးလျှင်တောင် စစ်ထူမင်က တုန့်ဆိုင်းနေမည်မဟုတ်ပေ။

" အခုကနေ နောက်နှစ်ပေါင်း ၁၄၀ကြာရင် ငါဒီကမ္ဘာက ထွက်သွားရလိမ့်မယ်။ "

" အဲ့အချိန်ကျရင် မင်းက ငါ့နေရာကို ယူပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ် ဖြန့်ကျက်တာကို တာဝန်ယူရမယ်။ ဆုတ်ယုတ်လာတဲ့ လက္ခာတွေ ရှိလာရင် ချက်ချင်း ကြားဝင်တားဆီးရမယ်။ " လင်းယွမ်က ပြောလိုက်သည်။

အရာရာတိုင်းက အချိန်၏ တိုက်စားမှုဒဏ်မှ လွတ်မြောက်နိုင်ခြင်းမရှိပေ။

ယခင်ရာစုနှစ်အတွင်း သိုင်းတာအိုကျင့်ကြံခြင်းစနစ်က နယ်မြေငါးခုတွင် ထင်ရှားစွာ ပျံ့နှံ့နေပြီဖြစ်သည်။ လူများစွာက သိုင်းတာအိုကို စတင်လေ့ကျင့်လာကြပြီဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မတော်တဆဖြစ်ရပ်များ ပေါ်လာနိုင်လေသည်။

စစ်ထူမင်က သိုင်းတာအို၏ လမ်းကြောင်းကို ကာကွယ်ရန် လင်းယွမ်အတွက် အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်၏။ စစ်ထူမင်က လူသားမျိုးနွယ်မဟုတ်တော့ဘဲ နှစ်တစ်သောင်းကျော် ရှင်သန်နိုင်သော ငါးရောင်ခြယ်ကြာပန်းဖြစ်သည်။ ထို့အပြင် လင်းယွမ်၏ အကူအညီနှင့် အဆင့် ၁၁ သို့ ရောက်သွားလျှင် သူ၏ သက်တမ်းအကန့်အသတ်က ပြဿနာမရှိတော့ပေ။ ထိုသို့သော ကာကွယ်သူတစ်ယောက်က လင်းယွမ်ကို စိတ်အေးစေလေသည်။

အဆုံးတွင် စစ်ထူမင်၏ ရုပ်ခန္ဓာနှင့် မူလစိတ်ဝိညာဉ်က လင်းယွမ်ဆီမှာ လာခြင်းဖြစ်သောကြောင့် သူ့ကို အကြွင်းမဲ့ သစ္စာရှိနေမည်ဖြစ်သည်။ ထို့အပြင် နှစ်တစ်သောင်းကြာပြီးလျှင် သိုင်းတာအိုက နယ်မြေငါးခုတွင် အမြစ်တွယ်နေပြီဖြစ်ပြီး ပျောက်ကွယ်သွားရန် မဖြစ်နိုင်တော့ပေ။

" ဟုတ်ကဲ့ " စစ်ထူမင်က ချက်ချင်း သဘောတူလိုက်သည်။ " နတ်ဆိုးလမ်းစဉ်အင်အားစုတွေ ခြိမ်းခြောက်ခံရရင်..."

အနာဂတ်တွင် နတ်ဆိုးလမ်းစဉ်အင်အားစုများက နယ်မြေငါးခုကို ဆက်လက်အုပ်ချုပ်နိုင်စွမ်းမရှိတော့လျှင် သူ ဝင်ရောက်စွက်ဖက်သင့်လား မေးရန်ဖြစ်သည်။

" အဲ့ဒါကို မင်းစိတ်ပူနေဖို့ မလိုဘူး။ သိုင်းတာအိုအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းဖို့ပဲ အာရုံစိုက်ပါ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

စစ်ထူမင်က နေရာတကာ ဝင်ပါနေခဲ့လျှင် အန္တရာယ်များ ရှိလာနိုင်လေသည်။ စစ်ထူမင်က အရာအားလုံးကို နင်းချေနိုင်သော လင်းယွမ်မဟုတ်ပေ။ အနာဂတ်တွင် အဆင့် ၁၁ ကျင့်ကြံသူများလည်း ထွက်ပေါ်လာနိုင်လေသည်။

လင်းယွမ်က အဆင့် ၁၆ ခွန်အားနှင့် အဆင့် ၁၁ကျင့်ကြံသူများ မည်မျှလာသည်ဖြစ်စေ သူ့အတွက် ခြိမ်းခြောက်မှုမရှိပေ။

တစ်ဖက်တွင် လင်းယွမ်က နတ်ဆိုးလမ်းစဉ်အင်အားစုများအတွက် ဝှက်ဖဲများချန်ပေးခဲ့ပြီး သူထွက်သွားပြီးနောက် နယ်မြေငါးခုကို နှစ်တစ်ထောင်ကြာ အုပ်ချုပ်နိုင်ရန် သူတို့အတွက် ပြဿနာမရှိပေ။

" မင်းသွားလို့ရပြီ။ ဒီနေ့ကစပြီး မင်းအခြားသူတွေရှေ့မှာ ပေါ်လာစရာမလိုတော့ဘူး။ " လင်းယွမ်က ပြောလိုက်သည်။ " နယ်မြေငါးခုကို အမှောင်ထဲကပဲ စောင့်ကြည့်နေပါ။ "

" အမိန်အတိုင်းပါ။ " စစ်ထူမင်က အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။ သူ၏ အရှင်က နောက်ဆုံးစကားများ ပြောနေသကဲ့သို့ သူက ခံစားရလေသည်။

သို့သော် ၎င်းက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒသမအဆင့်များပင် နှစ်နှစ်ထောင် အသက်ရှင်နိုင်လေသည်။ ဒသမအဆင့်များကို ပုရွက်ဆိတ်များကဲ့သို့ နင်းချေနိုင်သော သူ၏ သခင်က ဘယ်လိုလုပ်နောက်ဆုံးစကားများ ပြောနေတာလဲ။

စစ်ထူမင် ထွက်သွားသည်ကို ကြည့်ပြီး လင်းယွမ်က အ​တွေးနက်သွားပြန်သည်။ သူ၏ ကျင့်ကြံခြင်းစနစ်ကို ဤကမ္ဘာကြီးနှင့် အပြည့်အဝ ပေါင်းစပ်ရန် လင်းယွမ်က ပြင်ဆင်မှု သုံးခု ပြုလုပ်ထားခဲ့သည်။

ပထမဆုံး ပြင်ဆင်မှုမှာ နယ်မြေငါးခုကို ပေါင်းစည်းပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်ရန်ဖြစ်သည်။

ဒုတိယပြင်ဆင်မှုမှာ ကာကွယ်သူ စစ်ထူမင်ဖြစ်သည်။

ထိုပြင်ဆင်မှုနှစ်ခုက သူထွက်သွားပြီးနောက် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ပုံမှန်အတိုင်း ပျံ့နှံ့စေရန်နှင့် မတော်တဆကိစ္စများ ဖြစ်ပျက်လာလျှင် ဖြေရှင်းနိုင်ရန်ဖြစ်သည်။

တတိယပြင်ဆင်မှုအနေဖြင့် လင်းယွမ်က ဤကမ္ဘာ၏ စိတ်အသိကို ပစ်မှတ်ထားခဲ့သည်။

All Chapters