← Chapters

စာချုပ်ဖျက်ခြင်း၊ ကောင်းကင်ဥပဒေကို ဆန့်ကျင်ခြင်း

Vol. 008 Ch. 735

စာချုပ်ဖျက်ခြင်း၊ ကောင်းကင်ဥပဒေကို ဆန့်ကျင်ခြင်း

Vol. 008 Ch. 735

၂ရက်အကြာတွင် ရှီမာယူယူသည် သက်တန့်၏အိမ်သို့ထပ်လာသည်။

“အစ်ကိုကြီး ဒီတစ်ခေါက်ကို သူ့ကိုရိုက်မထားဘူး၊ သက်တန့်က လိမ္မာတယ်နော်” သက်တန့်သည် အားရပါးရပြုံးကာ ပြောလေသည်။

“စာချုပ်ဖျက်ပြီးတာနဲ့ သတ်ချင်ရင် သတ်လို့ရတယ်” ရှီမာယူယူသည် ကြောက်စရာကောင်းအောင် ပြော လေသည်။

“ဟုတ်တယ် အဲအစီအစဉ်ပဲ” သက်တန့်ပြောလိုက်သည် “သူ ဦးလေးကို စက်စုပ်စရာကောင်းတာတွေ လုပ်ခဲ့တာကို စဉ်းစားလိုက်ရင် သူ့ကိုလွှတ်ပေးစရာအကြောင်းမရှိဘူး”

“သက်တန့်လုပ်ချင်သလိုလုပ်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။

လုဖေနှင့် အဘွားဇူးတို့သည် ရှီမာယူယူဝင်လာသည်ကိုတွေ့သည်နှင့် အရိုအသေပေးကြလေသည်။

“အဆင်သင့်ဖြစ်ပြီလား” ရှီမာယူယူသည် လုဖေအားကြည့်ပြီး မေးလေသည်။

“ဖြစ်ပြီ” လုဖေသည် ခေါင်းညိမ့်လေသည်။

“ဒါဆို စရအောင်၊ ကျန်တဲ့လူတွေအပြင်ထွက်ပေးပါ ဘယ်သူမှ ဝင်ပြီးနှောင့်ယှက်လို့မရစေနဲ့” ရှီမာယူယူ အမိန့်ပေးလိုက်သည်။

သက်တန့်နှင့် တခြားသူများသည် နာခံကာ အားလုံးထွက်သွားကြပြီး တံခါးကိုစောင့်ကြပ်ကြလေသည်။

ရှီမာယူယူသည် တစ်အိမ်လုံးကို ခြုံငုံကာ အတားအဆီးလုပ်လိုက်သည်။ ဒီလိုမှပင် သာမန်မငြိမ်သက်မှု လောက်သည် သူတို့အား သက်ရောက်မှုမရှိမည်ဖြစ်သည်။

“သူနဲ့ မျက်နှာချင်းဆိုင်မှာ သွားထိုင်လိုက်”

လုဖေသည် ထိုလူ၏ရှေ့သို့သွားပြီး ထိုင်လိုက်သည်။ ရှီမာယူယူ ဆေးတိုက်ထားသောကြောင့် မေ့မြောနေသော သူ့သခင်ကိုကြည့်လိုက်သည်။

ရှီမာယူယူ သူ့ဘေးသို့လျှောက်သွားပြီး ထိုင်ကာ ပြောလိုက်သည် “ငါ ထပ်ပြီးပြောမယ် အရမ်းနာမယ် နော်၊ တောင့်ခံရမယ် မဟုတ်ရင် နှစ်ယောက်လုံးသေသွားလိမ့်မယ်”

လုဖေ ခေါင်းညိမ့်သည်။

သူမသည် နောက်ထပ် ဆေး၂လုံးထုတ်ကာ ပြောလိုက်သည် “ဒီဆေးကို ပါးစပ်ထဲငုံထား၊ မခံနိုင်တော့ ဘူးဆိုရင် တစ်လုံးချင်းစီ ဝါးစားလိုက်”

လုဖေသည် ဆေးယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူတို့နှစ် ယောက်လုံး၏ လက်ကိုကိုင်ကာ အင်ပါယာမိစ္ဆာကျမ်းကို စတင်တော့သည်။ သို့သော် ဒီတစ်ကြိမ်တွင် အဆင် ချောနေသည်။

လုဖေသည် သူ့ခန္ဓာကိုယ်ထဲသို့ ပူလောင်သောရောင်ဝါဝင်သွားကာ အဆတ်မပြတ် လည်ပတ်နေသည် ကို ခံစားမိသည်။ ထို့နောက်တွင် ဦးနှောာက်ထဲဝင်သွားရာ ဆုတ်ဖြဲခံရသကဲ့သို့ခံစားရလေသည်။ အနှိုင်းမဲ့လှ အောင်ကို နာကျင်လွန်းသည်။

တံခါးအပြင်ဘက်တွင် သက်တန့်နှင့် အဘွားဇူတို့သည် စိုးရိမ်စွာစောင့်စားလျက်ရှိသည်။ သူတို့သည် မိနစ်တိုင်းတွင် ပူပန်လျက်ရှိသည်။

“အစ်ကိုကြီးဟာစွန် အစ်ကိုကြီးအဆင်ပြေပါ့မလား” သက်တန့်သည် ဟာစွန်၏လက်ကိုဆုပ်ကိုင်ကာ သူမ၏ စိုးရိမ်စိတ်ကို ချောမွေ့အောင်ကြိုးစားလျက်ရှိသည်။

သူမကို အလိုလိုက်လွန်းသည်ဟု ဟာစွန်ခံစားမိသည်။ သူတို့ရာထူးအဆင့်လိုက်ဆိုလျှင် သူ့ကို ဦးလေး ဟုခေါ်သင့်သည်။ သို့သော် သူမသည် သူ့အားအစ်ကိုကြီးဟုခေါ်နေသည်။ သူ သူမကိုလွန်ခဲ့သည့်ရက်ပိုင်းက ပြောခဲ့သေးသည်၊ သို့သော် သူမပြန်ပြောသည်မှာ ‘အစ်ကိုကြီးလို့မခေါ်ရင် ယောက်ျားလို့ခေါ်ရမှာလား’ ဟုပြောခဲ့ သည်။ ထိုစကားကြောင့်ပင် သူမျက်နှာရဲခဲ့ရသေးသည်။

“စိတ်ချပါ ယူယူက မသေချာတာဘယ်တော့မှမလုပ်ဘူး၊ ဖြစ်နိုင်ချေရှိတယ်လို့ပြောမှတော့ အဆင်ပြေမှာ ပါ” သူ သူမကို အာမခံလိုက်သည်။

“အစ်ကိုကြီးရဲ့ အကျင့်ကို သက်တန့်သိပါတယ်၊ ဒါပေမဲ့ ကောင်းကင်ဥပဒေကိုဆန့်ကျင်ပြီးတော့ စာချုပ် ဖျက်တာကိုစဉ်းစားကြည့်ရင်လည်း သူပြောသလိုမရိုးရှင်းဘူးလေ၊ ဦးလေးဖြစ်ဖြစ် အစ်ကိုကြီးပဲဖြစ်ဖြစ် ဘယ်သူ့ ကိုမှ မကောင်းတာမဖြစ်စေချင်ဘူး” သက်တန့်ပြောလိုက်သည်။

“စိတ်အေးအေးထားပါ” ဟာစွန်သည် ခေါင်းငုံ့ကာ သူမ ဆုပ်ကိုင်ထားသော လက်ကိုကြည့်နေမိသည်။ သူ သက်ပြင်းချလိုက်သည်။ သူ လက်မလွတ်ပေ မဟုတ်ဘူး… သူ မလွှတ်နိုင်ပေ။

ဖန်၁နှင့် ၂တိုပသည် သူတို့ပြောသောစကားများကို အနောက်မှနားထောင်နေကာ စိတ်ထဲတွင် အတွေး တစ်ခုရမိသည်။ သူတို့၏ သခင်သည် မရိုးရှင်းလှပေ။ သူသည် ကောင်းကင်ဥပဒေကိုဆန့်ကျင်သော အရာကို လုပ်ရဲသည်။

သူသည် သတ္တိရဲသော ကလေးဖြစ်သည်။ သူတို့သာ သူ့နောက်ကိုလိုက်ပါက သေချာပေါက် ကမ္ဘာသစ် ကိုစူးစမ်းရမည်ဖြစ်သည်။

အချိန်များသည် စက္ကန့်နှင့်အမျှကုန်ဆုံးသွားပြီး နေ့တစ်ဝက်သည် သည်လိုနှင့်ကုန်ဆုံးသွားလေသည်။ အထဲတွင် ဘာမှမဖြစ်လာသောကြောင့် သက်တန့်နှင့် တခြားသူများသည် အပြင်တွင်စောင့်ရင်း စိုးရိမ်လျက်ရှိ သည်။ ရုတ်တရက်ပင် အိမ်ထဲမှ အလင်းတန်းတစ်ခုထွက်လာပြီး တိမ်တိုက်မည်းများသည် စတင်စုစည်းလာကာ အိမ်ကို လွှမ်းခြုံထားလေသည်။

“ဘေးသင့်မှုတိမ်တိုက်” ခြံထဲမှ လူအားလုံး တုန်လှုပ်သွားကြသည်။ ရှုဂျင်းနှင့် တခြားသူများသည် ကောင်းကင်သို့ပျံသွားရာ တိမ်တိုက်အနည်းငယ်သည် ခေါင်မိုးအထက်တွင် လည်ပတ်နေသည်ကို မြင်လိုက်ရ သည်။ နေရာတစ်ခုလုံးကို ဖုံးအုပ်ထားခြင်းမဟုတ်သော်လည်း ကြောက်စရာကောင်းသော အားပါနေသည်။

အဆင့်မြင့်သော ဘေးသင့်မှုတိမ်တိုက်မဟုတ်သောကြောင့် တခြားသူများကို ဆွဲသွင်းမည်မဟုတ်ပေ။ ရှီမာယူယူနှင့် တခြားသူများကို အကဲခတ်ရုံမျှလောက်သာဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ” ယွမ်ရှောင်ဂျီ ပျံလာပြီးမေးလေသည်။

ဒီလောက်ကြောက်စရာကောင်းသော ဘေးသင့်မှုတိမ်တိုက်ကို ဆွဲဆောင်စေလိမ့်မည်ဟု သက်တန့်နှင့် တခြားသူများသည် မထင်ထားသောကြာင့် တုန်လှုပ်နေကြသည်။ ယွမ်ရှောင်ဂျီနှင့် တခြားသူများ မေးသည်ကို ကြားသည်မှသာ သတိပြန်ဝင်လာပြီး ပြန်ဖြေလေသည် “အစ်ကိုကြီးက စာချုပ်ကူဖျက်ပေးနေတာ”

“စာချုပ်ကိုဖျက်တယ်ဟုတ်လား”

အဘိုးကြီးများသည် အော်မိကြသည်။

“သူက စာချုပ်ကိုတောင် ဖျက်နိုင်တာလား၊ ကောင်းကင်ရဲ့ဥပဒေကို ချိုးဖောက်နေတာမလား” ဝေကြီး သည် အံ့အားသင့်လေသည်။

“အဲဒါကြောင့် ဒါတွေဖြစ်လာတာပဲ” ရှုဂျင်းသည် ဘေးသင့်မှုတိမ်တိုက်ကိုကြည့်ပြီး ပြောလေသည်။

ကောင်းကင်ဥပဒေဘေးသင့်မှုတိမ်တိုက်…. ဒါက အားအကောင်းဆုံး တိမ်တိုက်ဖြစ်သည်။

“စာချုပ်က ကောင်းကင်နဲ့ မြေကြီးပိုင်တဲ့ထဲကတစ်ခုပဲ ပြီးတော့ မနာခံတာမျိုးလုပ်မရဘူး၊ သူ စာချုပ်ကို ဘယ်လိုဖျက်တာလဲ” ဝေလေး မေးလိုက်သည်။

“အစ်ကိုကြီးက မိစ္ဆာထိန်းကျောင်းသူသခင်လေ၊ အင်ပါယာမိစ္ဆာကျမ်းရဲ့ ဖိအားပေးတန်ပြန်မှု နည်းလမ်း နဲ့ဆိုရင် စာချုပ်ကိုဖျက်နိုင်တယ်လို့ ပြောတယ်” သက်တန့်ပြန်ဖြေလေသည်။

“သူက မိစ္ဆာထိန်းကျောင်းသူသခင်လား” လူတစ်ယောက်သည် အံ့သြမှုအပြည့်ဖြင့် အော်လေသည်။

အလျင်စလိုရောက်လာသော လူဆိုးကြီး၁၀ယောက်သည် သူမပြောလိုက်သောစကားကြောင့် ကောင်းကင်ပေါ်မှ ကျလုနီးပါးဖြစ်သွားသည်။ ဒီလူက မိစ္ဆာထိန်းကျောင်းသူလည်းဖြစ်နေတာလား။ သူက ကြောက်စရာကောင်းလွန်းနေတာမဟုတ်ဘူးလား။

သူ့မှာ လျှို့ဝှက်ချက်ဘယ်လောက်တောင် ရှိနေတာလဲ။ သူတို့ သူ့အကြောင်းကို တူးဖော်လေလေ အချိန်တိုင်းပင် တုန်လှုပ်စရာပင်။

အဂ္ဂိရတ်ပညာရှင်၊ တည်ဆောက်မှုသခင်၊ မိစ္ဆာထိန်းကျောင်းသူသခင်၊ သမားတော်၊ အံ့ဖွယ်နတ်ဆိုး တောင်ကြားရဲ့ သခင်လေး၊ ရှုဂျင်းရဲ့ တပည့်၊ ဖန်မျိုးနွယ်သခင်လေးရဲ့ တပည့်၊ ဟော့ဘာမျိုးနွယ်နဲ့ အဆက်အနွယ်၊ သူ့ကိုယ်ပိုင် သတ္တုကြော…. တစ်ခုချင်းစီမှာ လုံးဝပင် အံ့သြလောက်စရာပင်။

သူတို့အံ့သြသွားကြသည်ကို သက်တန့်မြင်သောအခါ ထိုအခါမှပင် ရှီမာယူယူ မိစ္ဆာထိန်းကျောင်းသူ သခင်ဖြစ်ကြောင်း သူတို့မသိသည်ကို သူမ သိလိုက်ရသည်။ ဆိုလိုသည်မှာ သူမပြောသမျှသည် ရှီမာယူယူ အကြောင်းကို ထုတ်ဖော်ပြောလိုက်သလိုပင်။

ကောင်းကင်ဂိုဏ်းမှ အဘိုးကြီးများသည် တည်တံ့နေကြသည်။ ဒီလောက် အရည်အချင်းရှိတဲ့ ကျောင်းသားက မာနမကြီးပဲ အေးအေးဆေးဆေးသာနေခဲ့သည်။ ဂိုဏ်းသည် ဒီလိုကျောင်းသားမျိုးမရှိသည်မှာ ကြာနေပြီဖြစ်သည်။

သူတို့ သူမကိုတွေ့စဉ်ကတည်းက ဘာပဲဖြစ်ဖြစ် သူမကိုလုံခြုံအောင်လုပ်ရမည်ဟု တွေးခဲ့ကြသည်။

ရှီမာယူယူသည် အပြင်ဘက်ရှိအခြေအနေကို အာရုံခံမိသဖြင့် အပြင်တွင်ဘေးသင့်မှုတိမ်တိုက်များ ပိုပို ထူထပ်လာသည်ကို သိလိုက်ရပြီ။ သို့သော် သူမသည် ဟာစွန်ကိုစကားပါးလိုက်သဖြင့် စိုးရိမ်မှုမရှိပဲ ဆက်လုပ် လေသည်။

ဟာစွန်သည် ရှီမာယူယူ ပြောစကားကိုနားထောင်ပြီးနောက် ရှေ့တိုးကာ ဝေကြီးနှင့် ဝေလေးကို ပြော လိုက်သည် “သခင်ကြီး၂ယောက်က သူတို့ကို ကာကွယ်ပေးဖို့ တည်ဆောက်မှုလုပ်ပေးနိုင်မလားလို့ ယူယူမေးနေ ပါတယ်၊ သူ အချိန်လိုနေသေးလို့ပါ”

ဝေကြီးနှင့် ဝေလေးတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ သဘောတူညီစွာဖြင့် ခေါင်းညိမ့် ကာ “ကောင်းပြီ”

သူတို့နှစ်ယောက်သည် တည်ဆောက်မှုကျောက်တုံးများထုတ်ကာ အိမ်ကိုပတ်ကာ အတူတကွလုပ် ဆောင်ကြလေသည်။ သူတို့သည် ကျောက်တုံးများကို သပ်ရပ်စွာနှင့် တင်းကြပ်စွာချလေသည်။

တည်ဆောက်မှု အသက်ဝင်သည်နှင့် ဘေးသင့်မှုတိမ်တိုက် အနည်းငယ်လျော့ပါးသွားသည်ကို ရှီမာယူယူခံစားမိပြီး စိတ်ချသွားသည်။

သူမသည် အမှုမဲ့ဖြစ်သွားကာ ဘေးသင့်မှုတိမ်တိုက်စုဝေးလာနိုင်သည်ကို မစဉ်းစားမိပေ။ သူမသည် ကြိုတင်မပြင်ဆင်လိုက်ရသောကြောင့် သက်သာရာရစေမည့်နည်းမရှိပေ။ သူမသည် ဘေးသင့်မှုတိမ်တိုက် ပစ်လွှတ်လာလျှင် ဝိဉာဉ်စေတီအတွင်းသို့ သူတို့ကိုပစ်မည်ဟု တွေးထားသည်။ သို့သော် အခု ကူညီနိုင်သည့် လူများရောက်လာသဖြင့် ထိုကဲ့သို့လုပ်ရန်မလိုတော့ပေ။

သူမသည် စာချုပ်သင်္ကေတရှာရန် အင်ပါယာမိစ္ဆာကျမ်းကိုအသုံးပြုပြီးနောက် လုဖေနှင့် ဆက်နွယ်နေ သော စာချုပ်ကိုဖျက်ရန် ပတ်လိုက်သည်။ ထို့နောက်တွင် သူမသည် လုဖေ၏ ခန္ဓာကိုယ်မှ ထုတ်ရန် ဖြည်းဖြည်း ချင်းကြိုးစားလေသည်။

သူတို့ အချိန်အတော်ကြာ မလှုပ်မယှက်နေပြီးနောက်တွင် စာချုပ်သင်္ကေတာသည် ခုခံရန်အားလျော့ သွားပြီး နောက်ဆုံးတွင် သူမညွှန်ကြားသည့်အတိုင်း လှုပ်ရှားလာသည်။

အလင်းတန်းတစ်ခုသည် လုဖေ၏ ခေါင်းမှထွက်လာပြီး ပိုပိုတောက်ပလာသည်။ ထိုအလင်းတန်းနောက် တွင် စာချုပ်သင်္ကေတသည် သူ၏ မျက်ခုံးကြားနေရာမှ ဖြေးညင်းစွာထွက်လာသည်။

“ရွှီး”

သင်္ကေတထွက်လာသည်နှင့် ဘေးသင့်မှုတိမ်တိုက်သည် ပစ်ချလိုက်ရာ ချက်ချင်းပင် တည်ဆောက်မှု ကိုမှန်သွားသည်။ လုဆယ်မြို့မှ လူများအားလုံး တုန်လှုပ်သွားကြလေသည်။

***

All Chapters