← Chapters

ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း.....

Vol. 9 Ch. 141

ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း.....

Vol. 9 Ch. 141

လူတိုင်း၏ တုန်လှုပ်သော အကြည့်များအောက်တွင် ထျန်ကျန်းဇီက သူ၏ ညာလက်ကို မြှောက်ပြီး လက်ချောင်းများကို ရှေ့သို့ ညွှန်လိုက်သည်။

ဝုန်း.....

ကြောက်စရာကောင်းသော ဓားအသိတစ်ခု စုစည်းလာပြီး လက်ဝါးအရွယ် ဓားလေးတစ်ချောင်းထွက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

ကောင်းကင်ဓားဂိုဏ်း၏ ဂိတ်ပေါက်အနီးတွင် စစ်ထူမင်က သူ၏ အော်ရာကို ဖုံးကွယ်ထားပြီး လျင်မြန်စွာ ပြေးလွှားနေသည်။

" ရောက်ခါနီးပြီ။ ရောက်ခါနီးပြီ။ "

" နည်းနည်းဆိုရင် ငါ ကောင်းကင်ဓားဂိုဏ်းက ထွက်သွားနိုင်ပြီ။ " စစ်ထူမင်၏ အသက်ရှုသံများက ပြင်းထန်လာသည်။

ရုတ်တရက် ကြောက်မက်ဖွယ်ရာ ဓားအသိတစ်ခုက သူ့ဆီသို့ ဦးတည်လာသည်။

" မကောင်းတော့ဘူး။ " စစ်ထူမင်၏ အမူအရာက လုံးဝ ပြောင်းလဲသွားသည်။

သူ၏ အရှိန်က ရုတ်တရက် တိုးလာပြီး ဓားကို ရှောင်တိမ်းလိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။ ဒသမအဆင့်တစ်ယောက်၏ တိုက်ခိုက်မှုတစ်ခုကို လွယ်ကူစွာ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

ဝှစ်....

လက်ဝါးအရွယ် ဓားလေးတစ်ချောင်းက စစ်ထူမင်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။

" ငါ..." စစ်ထူမင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။

သူ၏ အသက်စွမ်းအားများ လျင်မြန်စွာ ခမ်းခြောက်လာသည်ကို ခံစားလိုက်ရသည်။ ကြောက်စရာကောင်းသော ဓားအသိက သူ၏ ခြေလက်များသာမက မူလစိတ်ဝိညာဉ်ကိုပင် တိုက်စားနေသည်။

" ငါ သေလို့မရဘူး။ " စစ်ထူမင်၏ မျက်လုံးများက သွေးနီရောင်ပြောင်းလဲသွားသည်။

သူ၏ စိတ်ထဲတွင် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်မှ အလောင်းများပြည့်နက်နေသော မြို့ထဲမှ သူ့ကို ခေါ်ထုတ်လာသော အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ကို ပြန်မြင်နေသည်။

နတ်ဆိုးအရှင်သာ မရှိလျှင် သူက သေဆုံးသည်မှာ ကြာပြီဖြစ်သည်။

နတ်ဆိုးအရှင်သာ မရှိလျှင် သူက ယနေ့ထိ ရောက်လာမည်မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်ရာကျော် ကုန်သွားခဲ့ပြီး အတိတ်မှအရာအားလုံးက အိပ်မက်တစ်ခုကဲသို့ ထင်ရသည်။

" ငါအရှင်ကို မတွေ့ခင် ငါသေလို့မရဘူး။ " စစ်ထူမင်က ပြင်းထန်သော ရှင်သန်လိုစိတ်ဖြင့် တုန်ဆိုင်းခြင်းမရှိဘဲ နတ်ဆိုးလမ်းစဉ်၏ တားမြစ်နည်းစနစ်တစ်ခုဖြစ်သော ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်ကို အသက်သွင်းလိုက်သည်။

ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်ကို အသက်သွင်းလိုက်သည်နှင့် သူ၏ ရုပ်ခန္ဓာ၊ မူလစိတ်ဝိညာဉ်နှင့် အရာအားလုံးက ထိန်းချုပ်နိုင်စွမ်းမရှိဘဲ စတင်လောင်ကျွမ်းလာသည်။ ထိုအချိန်အတွင်း အသုံးပြုသူက စိတ်ကူး၍မရနိုင်သော နာကျင်မှုကို ခံစားရမည်ဖြစ်သည်။

သက်ရောက်မှုကလည်း ပြင်းထန်လှသည်။ ထိုတားမြစ်နည်းစနစ်ကို အသုံးပြုထားသည်နှင့် အသုံးပြုသူ၏ အရှိန်က ဆယ်ဆ သို့မဟုတ် အဆတစ်ရာထိ တိုးလာမည်ဖြစ်သည်။ ရုပ်ခန္ဓာနှင့် မူလစိတ်ဝိညာဉ်တို့ ပို၍ လောင်ကျွမ်းလာသည်နှင့် အရှိန်ကလည်း ပို၍ မြန်လာမည်ဖြစ်သည်။

ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်ကို အသက်သွင်းလိုက်သည်နှင့် နောက်ပြန်လှည့်၍ မရတော့ဘဲ ရုပ်ခန္ဓာနှင့် မူလစိတ်ဝိညာဉ်အားလုံး လောင်ကျွမ်းသွားမည်ဖြစ်သည်။ ထိုနည်းစနစ်ကို အသက်သွင်းပြီး သေဘေးမှ လွတ်မြောက်နိုင်သော်လည်း အဆုံးတွင် သေဆုံးရမည်ဖြစ်သည်။ မသေမီ ခန္ဓာကိုယ်ကို လောင်ကျွမ်းသည့် အဆုံးမရှိသော နာကျင်မှုကို ခံစားရမည်ဖြစ်၏။

" ဟမ် " ကောင်းကင်ဓားတောင်ထိပ်တွင် ထျန်ကျန်းဇီက တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး သူ၏ မျက်နှာတွင် အံ့ဩသော အမူအရာပေါ်လာသည်။

" ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်။ " ထျန်ကျန်းဇီက ထိုတားမြစ်နည်းစနစ်၏ အော်ရာကို ခံစားလိုက်ရခြင်း ဖြစ်သည်။

ခနစဉ်းစားပြီးနောက် ထျန်ကျန်းဇီက ကာကွယ်သူ စစ်ထူမင်ကို လွှတ်ပေးလိုက်သည်။

ပထမ ထိုတားမြစ်နည်းစနစ်ကို အသက်သွင်းလိုက်သည်နှင့် သေခြင်းက ရှောင်လွဲ၍ မရတော့ပေ။ ထို့အပြင် စစ်ထူမင်က သူ၏ ဓားချက်ကို ထိထားသောကြောင့် ကြာကြာ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ဒုတိယမှာ ထျန်ကျန်းဇီက စစ်ထူကို လိုက်ခဲ့လျှင်တောင် ဖမ်းမိလိမ့်မည်ဟု မသေချာပေ။

ထိုအခိုက်အတန့်အတွင်းမှာပင် ကာကွယ်သူစစ်ထူက မိုင်ရာနှင့်ချီဝေးသော နေရာသို့ ရောက်နေပြီး သူ၏ အရှိန်ကလည်း ပို၍ မြန်လာခဲ့သည်။ စစ်ထူမင်က ရပ်တန့်ချင်လျှင်တောင် သူ၏ ခန္ဓာကိုယ်လောင်ကျွမ်းခြင်းကို ရပ်တန့်နိုင်စွမ်းမရှိပေ။

" ပုရွတ်ဆိတ်တစ်ကောင်ပဲ အာရုံစိုက်ဖို့မလိုဘူး။ " ထျန်ကျန်းဇီက ခေါင်းခါလိုက်ပြီး သိချင်စိတ်ဖြင့် ကြည့်နေကြသော လူများကို ပြောလိုက်သည်။

သူ၏ ရုတ်တရက် လှုပ်ရှားမှုက အခြားသူများကို ဆွဲဆောင်သွားပြီး ယခုရှင်းပြချက်ကလည်း လုံလောက်ပေသည်။

ကောင်းကင်ဓားဂိုဏ်း၏ အတွင်းပိုင်း လှပသော ချို့ဝှမ်းတစ်ခုတွင်။

ပိုင်ချင်းအာက ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေပြီး သူမ၏ ဖြူဖွေးနူးညံ့သော ခြေထောက်များကို လှုပ်ရမ်းနေသည်။

" အကိုရှဟို...."

" နင်ငါ့ကို လာရှာမှာလား။ "

ပိုင်ချင်းအာ၏ အကြည့်က ကောင်းကင်ဓားတောင်ထိပ်သို့ ရောက်သွားသည်။ သူမက ပုံမှန်အတိုင်း ထျန်ကျန်းဇီ၏ အစီအစဉ်များကို သိပြီး အလွန်စိတ်ရှုပ်ထွေးနေသည်။

သူမက ရှဟိုယွမ်ကို လာစေချင်သည်။ အကြောင်းမှာ ရှဟိုယွမ်က သူမအပေါ် အမုန်းတရားများရှိလျှင်တောင် ခံစားချက်ရှိနေသေးသည်ဟု ပြောလို့ရသည်။

သို့သော် ထျန်ကျန်းဇီ၏ အစီအစဉ်နှင့် ရှဟိုယွမ် လာခဲ့လျှင် သေချာပေါက် သေရပေလိမ့်မည်။

ပိုင်ချင်းအာက ယခု ရှဟိုယွမ်ကို မသေစေချင်ပေ။

" အကိုရှဟို...."

" နင်လာခဲ့ရင် ငါ ဂိုဏ်းချုပ်ဆီက နင့်ရဲ့ ခန္ဓာကိုယ်ကို တောင်းဆိုမယ်။ ဒါဆို နင်က ချင်းအာနဲ့အတူ အမြဲတမ်း ရှိနေလိမ့်မယ်။ " ပိုင်ချင်းအာက သူမဟာသူမ ရေရွတ်လိုက်ပြီး အပြုံးတစ်ပွင့်က သူမ၏ မျက်နှာပေါ်တွင် ပေါ်လာနေသည်။

မြေအောက်နန်းတော် ယွမ်ချီစမ်းချောင်းဘေးတွင် လင်းယွမ်က ဆက်လက်ကျင့်ကြံနေပြီး သူဆင်းသက်သော ကမ္ဘာတိုင်းတွင် သူ၏ အချိန်များကို ဉာဏ်အလင်းရှာဖွေခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။

ပျော်ရွှင်မှုလား။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဉာဏ်အလင်းများ ရှာဖွေပြီး သူ၏ ကျင့်ကြံခြင်းက အချိန်တိုင်းတိုးတက်နေပြီး ကမ္ဘာတိုင်း၏ တာအိုကို နားလည်နိုင်ခဲ့သည်။

လင်းယွမ်အတွက် ၎င်းက အကြီးမားဆုံး ပျော်ရွှင်မှုပင် ဖြစ်၏။

" ရွှမ်ဟွမ်..." လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆင်ခြင်နေခဲ့သည်။ ယခုသူက ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပဉ္စအလွှာသို့ ရောက်နေပြီဖြစ်သည်။

သို့သော် ထို့ကြောင့်ပင် နောက်ထပ်နားလည်ရန် ခက်ခဲမှုမှာ တဟုန်ထိုးမြင့်တက်သွားသည်။ လင်းယွမ်က ပဉ္စမအလွှာတွင် ရှိနေပြီး အောက်အလွှာများကို လေ့လာလျှင်တောင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းမရှိလျှင် သက်ရောက်မှုအနည်းငယ်သာ ရှိပေလိမ့်မည်။

" ရွှမ်ဟွမ်ရဲ့ တာအိုက ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုပဲ။ " လင်းယွမ်က သဘာဝလောကကြီးကို လေ့လာပြီး သူ၏ ကိုယ်ပိုင်အတွေးများဖြင့် ပေါင်းစပ်ထားသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်မြှင့်လို့ရပြီ။ ယင်စိတ်ဝိညာဉ်၊ ယန်စိတ်ဝိညာဉ်နဲ့ ထိုက်ကျိမူလစိတ်ဝိညာဉ်က မပြည့်စုံရင်တောင် ရုပ်ခန္ဓာကို ပြည့်စုံစေလိမ့်မယ်။ "

လင်းယွမ်က ကျင့်ကြံနေစဉ် သူ့ဆီမှ ထွက်ပေါ်နေသော အော်ရာက ရှုပ်ထွေးနေပြီး တွင်းနက်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ထိုက်ကျိသင်္ကေတကလည်း မထင်မရှားဖြစ်နေသည်။

ရုတ်တရက် လင်းယွမ်၏ အော်ရာက ထိုးတက်လာသည်။ သူက ကန့်သတ်မှုအချို့ကို ဖြတ်ကျော်သွားသကဲ့သို့ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က တိုးတက်လာသည်။

" ပဉ္စမအလွှာ အဆင့် ၃ " လင်းယွမ်က လေပူများ မှုတ်ထုတ်ပြီး ပြုံးလိုက်သည်။

ဤကမ္ဘာမှ ကျင့်ကြံခြင်းနှင့် ယှဉ်လျှင် ပဉ္စမအလွှာ အဆင့် ၃က ဤကမ္ဘာ၏ အဆင့် ၁၂ အထွတ်အထိပ်နှင့် ညီမျှပြီး အဆင့် ၁၃နှင့်ပင် နီးကပ်နေပြီဖြစ်သည်။

အဆင့် ၁၂ အထွတ်အထိပ်။ ဤကမ္ဘာမှ ကျင့်ကြံသူများက ထိုအကြောင်းကိုသာ သိလျှင် နံရံကို ခေါင်းနှင့်ပင် ပြေးဆောင့်ကြပေလိမ့်မည်။

နှစ်ပေါင်းတစ်သောင်းအတွင်း အသန်မာဆုံးက ဒသမအဆင့်ဖြစ်ပြီး အဆင့် ၁၁က ရှေးခေတ်များတွင်သာ ထိုအဆင့်မျိုး ပေါ်လာနိုင်လေသည်။ အဆင့် ၁၂ကို ကြားပင်မကြားဖူးကြပေ။ သို့သော် လင်းယွမ်ကတော့ အဆင့် ၁၃ကို ထိတွေ့နေပြီဖြစ်သည်။

" နောက်ထပ် နှစ်နည်းနည်းကြာလို့ ငါ အဆင့် ၁၃ကို ရောက်သွားခဲ့ရင် ကောင်းကင်ဓားဂိုဏ်းကို နင်းချေပစ်လို့ရပြီ။ " လင်းယွမ်က တည်ငြိမ်စွာ တွေးလိုက်သည်။

သူက ရှဟိုယွမ်မဟုတ်သော်လည်း သူ၏ စိတ်အသိက ဤခန္ဓာကိုယ်ထဲသို့ ဆင်းသက်လာခြင်းဖြစ်သောကြောင့် အချို့ အကျိုးအကြောင်းသက်ရောက်မှုများကို ဖြေရှင်းရပေလိမ့်မည်။

အကယ်၍ သူက အတိတ်က ရန်ငြိုးများကို ချေဖျက်ချင်လျှင်တောင် ကောင်းကင်ဓားဂိုဏ်းက ဆန္ဒရှိမရှိအပေါ် မူတည်လေသည်။ ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲ၏ ​ပြောစကားအရ ထျန်ကျန်းဇီနှင့် အခြားအင်အားစုများမှ စွမ်းအားကြီးပုဂ္ဂိုလ်များက သူ့ကို တိုက်ခိုက်ရန် လျို့ဝှက်စီစဉ်ထားကြသည်။

" ဒီကမ္ဘာကြီးက ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေ..." လင်းယွမ်က မော့ကြည့်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

၎င်းက နတ်လက်နက်ကမ္ဘာကဲ့သို့ နတ်လက်နက်များ၏ နိယာများကို တိုက်ရိုက်လေ့လာခြင်းမဟုတ်သောကြောင့် သက်ရောက်မှုက နည်းလှသည်။ သို့သော် ဤကမ္ဘာမှ နိယာမများကို နားလည်လာသည်နှင့်အမျှ မူလကမ္ဘာတွင် ပို၍ အခြေခိုင်လာမည်ဖြစ်သည်။

မူလကမ္ဘာ၏ နိယာမများက ပြည့်စုံပြီး ချောမွေ့စွာ လည်ပတ်နေသောကြောင့် ဆင့်ကဲပြောင်းလဲသူများအတွက် နိယာမများ၏ အနှစ်သာရကို နားလည်ရန် အလွန်ခက်ခဲလေသည်။ လင်းယွမ် ဆင်းသက်သော ကမ္ဘာများတွင် အရင်းအမြစ်က အားနည်းသော်လည်း လင်းယွမ်က ၎င်းတို့ကို နားလည်ခြင်းဖြင့် မူလကမ္ဘာတွင် ဖြည်းဖြည်းချင်း ပြန်လည်လေ့လာနိုင်လေသည်။

" စကြာဝဠာလျို့ဝှက်နယ်မြေအချို့က မူလကမ္ဘာနဲ့ သီးခြားဖြစ်နေပြီး အလွန်သိသာတဲ့ နိယာမတွေရှိတယ်။ အဲ့ဒီနိယာမတွေကို နားလည်တာက ပြင်ပကမ္ဘာမှာထက် ပိုထိရောက်တယ်လို့ ငါကြားဖူးတယ်။ "

All Chapters