ငါးရောင်ခြယ်ကြာပန်း....
Vol. 9 Ch. 142
နောက်တစ်နေ့တွင် လင်းယွမ်က သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်ခဲ့သည်။ သူက ခန်းမ၏ အဓိကထိုင်ခုံတွင် ထိုင်နေပြီး နွမ်ရှုနှင့် နတ်ဆိုးသခင်များ တင်ပြသော အချက်အလက်များကို နားထောင်နေသည်။
" အရှင် ကောင်းကင်ဓားဂိုဏ်းက ဘာသတင်းမှမရတာ ကြာပါပြီ။ "
" နယ်မြေငါးခုက နတ်ဆိုးခေါင်းဆောင်တွေ လာရောက်ခိုလှုံကြပေမယ့် အဋ္ဌမအဆင့်နဲ့ အထက်က လူတွေကတော့ ရောက်မလာသေးပါဘူး။ " နွမ်ရှုက သွက်လက်စွာ ပြောလိုက်သည်။
လင်းယွမ်က အဓိကထိုင်ခုံတွင် အေးအေးဆေးဆေး နားထောင်နေသည်။ နတ်ဆိုးသခင်များက သူတို့၏ ကိုယ်ပိုင်နယ်မြေများကို ဘုရင်များ၊ အရှင်သခင်များအဖြစ် အုပ်ချုပ်ကြသောကြောင့် လင်းယွမ်၏ လက်အောက်ကို ဘာကြောင့်ခိုလှုံမှာလဲ။
လင်းယွမ်က မြေအောက်နန်းတော်ကို သိမ်းပိုက်သောအချိန်တွင် သူက မိုယန်နတ်ဆိုးသခင်နှင့် အခြားနတ်ဆိုးသခင်ရှစ်ယောက်ကို လွတ်မြောက်ခွင့်မပေးဘဲ ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။
လင်းယွမ်က မဟာချောက်နက်မှ လွတ်မြောက်လာပြီးနောက် လူများရှေ့တွင် ထွက်ပေါ်လာခြင်းမရှိသောကြောင့်လည်း ဖြစ်သည်။ ထို့အပြင် ကျန်းကျန့်ကောကို သတ်ဖြတ်လိုက်ခြင်းကိုလည်း မျက်မြင်တွေ့သည့်လူ အနည်းငယ်သာ ရှိခဲ့လေသည်။ ထို့အပြင် ပြန့်မောင်ကဲ့သို့ မျိုးဆက်သစ်နတ်ဆိုးခေါင်းဆောင်များနှင့် မိုယန်နတ်ဆိုးသခင်တို့ကိုးယောက်ကို အနိုင်ယူလိုက်သည့်သတင်းကလည်း ပျံ့နှံ့မသွားခဲ့ပေ။ ၎င်းက ပြင်ပကမ္ဘာမှ နတ်ဆိုးသခင်များကို တုန့်ဆိုင်းသွားစေခဲ့သည်။
" အဲ့ဒီအမှိုက်တွေ အရှင် ထွက်လာလို့မှ လာပြီး ဂါရဝမပြုဘူးဆိုရင် သူတို့အားလုံး သေဖို့ထိုက်တန်သွားပြီ။ " မိုယန်နတ်ဆိုးသခင်နှင့် အခြားသူများက ခါးသီးစွာ ခံစားလိုက်ရပြီး ဒေါသထွက်သွားကြသည်။ သူတို့က အညံ့ခံလိုက်ရသော်လည်း ထိုအဋ္ဌမအဆင့် နတ်ဆိုးလေးတွေက ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် နေလို့ရမှာလဲ။
နွမ်ရှုက စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူမ၏ အမူအရာက ပြောင်းလဲသွားသည်။
" အရှင် အသက်မီးတောက်တွေမှာ ပြောင်းလဲမှုတွေရှိနေတယ်။ " နွမ်ရှုက လင်းယွမ်ကို ချက်ချင်း ပြောလိုက်သည်။
" သွားကြည့်ရအောင် " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
နွမ်ရှုက ခန်းမထဲမှ လျင်မြန်စွာ ထွက်ခွာသွားပြီး မကြာမီ သူမ၏ လက်ထဲတွင် ဖယောင်းတိုင်တစ်တိုင် ကိုင်ထာသည်။
ထိုခနတွင် ဖယောင်းတိုင်မှ မီးတောက်က အလွန်အားနည်းနေပြီး အချိန်မရွေး ငြိမ်းသေသွားနိုင်သကဲ့သို့ ဖြစ်နေသည်။
" ဒါ စစ်ထူမင်ရဲ့ အသက်မီးတောက်ပဲ။ " နွမ်ရှု၏ အမူအရာက လေးနက်သွား၏။
" ကာကွယ်သူ စစ်ထူမင်..." မိုယန်နတ်ဆိုးသခင်နှင့် အခြားသူများက လင်းယွမ်ကို ကြည့်လိုက်ကြသည်။
နွမ်ရှုနှင့် စစ်ထူမင်က လင်းယွမ်ကို သစ္စာအရှိဆုံး လူများဖြစ်ကြသည်။ ရှဟိုယွမ် ဖမ်းဆီးခံလိုက်ရသောအချိန်တွင် သူတို့နှစ်ယောက်က သူ့ကို ကယ်တင်ရန် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့ကြသည်။ အထူးသဖြင့် စစ်ထူက ကောင်းကင်ဓားဂိုဏ်းထဲသို့ ဝင်ရောက်ပြီး သတင်းအချက်အလက်များ စုဆောင်းခဲ့သည်။
" စစ်ထူမင်..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားပြီး နွမ်ရှု၏ လက်ထဲမှ ဖယောင်းတိုင်ကို ကြည့်လိုက်သည်။
လင်းယွမ်၏ အမြင်တွင် ဖယောင်းတိုင်မှ အော်ရာက ပျံ့နှံ့နေပြီး အဝေးမှ တိကျသော နေရာတစ်ခုနှင့် ဆက်သွယ်နေသည်။
" စစ်ထူမင်က အခု မိုင်တစ်ရာအဝေးမှာ ရှိနေတယ်။ " လင်းယွမ်က မတ်တပ်ရပ်လိုက်သည်။
နွမ်ရှု၏ လက်ထဲမှ ဖယောင်းတိုင်က လေထဲသို့ ပျံသန်းသွားပြီး လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားသည်။
" စစ်ထူမင်က ပြန်လာတာလား။ " နွမ်းရှုက အနည်းငယ် ထိတ်လန့်သွားပြီး နားမလည်နိုင်ဖြစ်သွား၏။
စစ်ထူမင်က ကောင်းကင်ဓားဂိုဏ်းတွင် ရှိသည်ကို သူမသိလေသည်။ အကယ်၍ သူက ပြန်လာမည်ဆိုလည်း သတင်းပို့ထားသင့်ပေသည်။
" သူ ရောက်ခါနီးပြီ။ " လင်းယွမ်က အသက်မီးတောက်ကို ကိုင်ပြီး သူ၏ နေရာမှ ပျောက်ကွယ်သွားသည်။
မြေအောက်နန်းတော်၏ အပြင်ဘက်တွင် ကြယ်ပျံတစ်စင်းက ပျံသန်းလာနေသည်။ သေချာကြည့်လျှင် ထိုကြယ်ပျံက ပျောက်ကွယ်လုနီးပါးဖြစ်နေသော လောင်ကျွမ်းနေသည့် စိတ်ဝိညာဉ်စွမ်းအားများဖြစ်သည်ကို သိနိုင်လေသည်။
ဝှစ်....
လင်းယွမ်က ထိုကြယ်ပျံ၏ ရှေ့တွင် ပေါ်လာသည်။ နဝမအဆင့် သို့မဟုတ် ဒသမအဆင့်များပင် ထိုကြယ်ပျံကို တားဆီးရန် ခက်ခဲလှသည်။ အကြောင်းမှာ ထိုကြယ်ပျံက ဒသမအဆင့် ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။
သို့သော် လင်းယွမ်က ညာလက်ကို မြှောက်လိုက်သည်နှင့် ကြယ်ပျံက နေရာတွင် ရပ်တန့်သွားသည်။
" မြှင့်တက်စမ်း " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
ထိုကြယ်ပျံက ကာကွယ်သူ စစ်ထူမင်မှလွဲ၍ အခြားမဟုတ်ပေ။ ထိုအချိန်တွင် သူ၏ ရုပ်ခန္ဓာက လောင်ကျွမ်းသွားပြီဖြစ်ပြီး မူလစိတ်ဝိညာဉ်အမျှင်တစ်ခုသာ ကျန်တော့လေသည်။
" စုစည်းစမ်း " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။
များပြားသော ယွမ်ချီများက စတင်စုစည်းလာကြသည်။ ၎င်းတို့က စစ်ထူမင်၏ စိတ်ဝိညာဉ်အမျှင်ထဲသို့ စီးဝင်သွားကြသည်။ စိတ်ဝိညာဉ်အမျှင်က ပုံရိပ်တစ်ခု လျင်မြန်စွာ စုစည်းသွား၏။ သို့သော် ပုံရိပ်က လောင်ကျွမ်းခံနေရသည်ကို ကြည့်ရုံနှင့် သိနိုင်လေသည်။
" အရှင်..." ကာကွယ်သူစစ်ထူမင်က နာကျင်သောအမူအရာနှင့် ပေါ်လာပြီး လင်းယွမ်၏ အစစ်အမှန်ခွန်အားကို မြင်သောအခါ သူ၏ မျက်နှာက စိတ်သက်သာသွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ရုတ်တရက် စစ်ထူမင်၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး စကားများ ပြောနေပုံရသည်။
ထိုအချိန်တွင် နွမ်ရှုနှင့် နတ်ဆိုးသခင်များက မြေအောက်နန်းတော်၏ အပြင်သို့ ရောက်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
ခနကြာသောအခါ လင်းယွမ်က နောက်တစ်ကြိမ် ယွမ်ချီများကို စုစည်းလိုက်သည်။ သို့သော် စစ်ထူကို လောင်ကျွမ်းနှုန်းက ပို၍ မြန်လာသည်။ နောက်ဆုံးတွင် စစ်ထူမင်၏ မျက်နှာက ကျေနပ်ခြင်း၊ စိတ်သက်သာရာရခြင်းတို့ဖြင့် ပြည့်နှက်နေပြီး အဆုံးမရှိသော လောင်ကျွမ်းမှုအောက်တွင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
လင်းယွမ်က ထိုနေရာတွင် ရပ်ပြီး အတွေးနက်နေပုံရသည်။
နွမ်ရှုက သတ္တိမွေး၍ ရှေ့သို့တို့ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ " အရှင် စစ်ထူမင်က ဘာပြောသွားတာလဲ။ "
နွမ်ရှုက စစ်ထူမင်မှာ ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်အား အသုံးပြုခဲ့သည်ကို သတိပြုမိလေသည်။ ထိုနည်းစနစ်က အလွန်နာကျင်ရသော်လည်း စစ်ထူးက နောက်ဆုံးအခြေအနေတွင် ပြုံးသွားခဲ့သည်။
" သူက စကားနှစ်ခွန်းပြောသွားခဲ့တယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ပထမစကားမှာ " နောက်ဆုံးအချိန်မှာ အရှင့်ကို မြင်ခဲ့ရလို့ ကျွန်တော် နောင်တမရဘဲ သေနိုင်ပါပြီ။ " ဟု ဖြစ်၏။
လင်းယွမ်က ရှဟိုယွမ်၏ မှတ်ဉာဏ်များထဲမှ စစ်ထူမင်၏ အကြောင်းများကို စဉ်းစားနေပြီး ကောင်းကင်ဓားဂိုဏ်းရှိရာသို့ ကြည့်နေသည်။
" ဒါဆို အဲ့ဒီကောင်လေးပဲ။ " လင်းယွမ်က မြေအောက်နန်းတော်သို့ ပြန်သွားလိုက်သည်။
ဒုတိယစကားမှာ...
" အရှင် နယ်မြေငါးခုဆီ ပြန်လာတာကို စောင့်မျှော်နေပါမယ်။ "
ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်က တားမြစ်နည်းစနစ်တစ်ခုဖြစ်ပြီး အသက်သွင်းလိုက်သည်နှင့် နောက်ပြန်လှည့်၍ မရတော့ပေ။ ရုပ်ခန္ဓာနှင့် မူလစိတ်ဝိညာဉ်က ပျောက်ကွယ်သည်အထိ လောင်ကျွမ်းခံရပေလိမ့်မည်။ အမှန်တော့ ၎င်းက မမှန်ပေ။
နောက်ပြန်လှည့်၍ မရခြင်းကတော့ မှန်၏။ လင်းယွမ်ပင် ၎င်းကို အတင်းအကျပ် ရပ်တန့်ရန် ခက်ခဲပြီး ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများဖြင့် မူလစိတ်ဝိညာဉ်လောင်ကျွမ်းခြင်းကို ထိန်းထားနိုင်သော်လည်း အသုံးပြုသူကို အဆုံးမရှိသော နာကျင်မှုများ ပို၍ ခံစားစေပေလိမ့်မည်။
သို့သော် ရုပ်ခန္ဓာနှင့် မူလစိတ်ဝိညာဉ်အားလုံး ပျောက်ကွယ်သည်အထိ လောင်ကျွမ်းခံရခြင်းကတော့ အားလုံး မမှန်ပေ။ ကာကွယ်သူစစ်ထူမင်က လုံးဝပျောက်ကွယ်သွားခဲ့သော်လည်း လင်းယွမ်က စိတ်ဝိညာဉ်အမျှင်တစ်ခုကို ဖမ်းထားနိုင်ခဲ့သည်။
မြေအောက်နန်းတော် ယွမ်ချီစမ်းချောင်း၏ ဘေးတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် စိတ်ဝိညာဉ် အမျှင်တစ်ခု ရှိနေသည်။ ထိုစိတ်ဝိညာဉ်အမျှင်၏ အပြင်ဘက်တွင် ထိုက်ယင်နှင့်ထိုက်ယန် ပေါင်းစပ်ထားသော ထိုက်ကျိက ၎င်းကို ကောင်းကင်နှင့်မြေကြီးမှ ခွဲခြားထားသည်။ ထိုကဲ့သို့ ကောင်းကင်နှင်မြေကြီးမှ ခွဲခြားမထားခဲ့လျှင် စိတ်ဝိညာဉ်အမျှင်က ချက်ချင်း ပျောက်ကွယ်သွားပေလိမ့်မည်။
လက်ရှိ ကျင့်ကြံသူများ ယုံကြည်ထားသော ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်က ရုပ်ခန္ဓာနှင့် မူလစိတ်ဝိညာဉ် အားလုံးကို လောင်ကျွမ်းနိုင်သည်ဟူသော အချက်မှာ မှန်လေသည်။
အကြောင်းမှာ လင်းယွမ်မှလွဲ၍ ဘယ်သူမှ ထိုစိတ်ဝိညာဉ်အမျှင်ကို ဖမ်းထားနိုင်စွမ်းမရှိကြပေ။ သူတို့က အဆင့် ၁၂ ရောက်နေလျှင်တောင် သို့မဟုတ် အဆင့် ၁၃ သို့ရောက်နေလျှင်တောင် ထိုကဲ့သို့ မလုပ်နိုင်ကြပေ။ ၎င်းက ခွန်အားဖြင့် ပြုလုပ်နိုင်သော အရာမဟုတ်ပေ။
၎င်းက ကျင့်ကြံခြင်းနှင့် ကိုယ်ပိုင်နည်းလမ်းတို့ ပေါင်းစပ်ခြင်းဖြစ်သည်။ လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆန်းကြယ်သော လမ်းစဉ်များစွာကို ပေါင်းစပ်ထားပြီး ရှုထောင့်တိုင်းက ပြည့်စုံလေသည်။
အခြားကျင့်ကြံသူများအတွက် လင်းယွမ်ကဲ့သို့ အတွေ့အကြုံများမရှိရုံသာမက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းလည်း မရှိသောကြောင့် နဝမအဆင့်၊ ဒသမအဆင့်များတွင်သာ ရပ်တန့်နေကြလေသည်။
" ဒီသန့်စင်တဲ့ စိတ်ဝိညာဉ်အမျှင်က အစစ်အမှန်စိတ်ဝိညာဉ်ရဲ့ အဆီအနှစ်ဖြစ်နိုင်လား။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်အတွက် အစစ်အမှန်စိတ်ဝိညာဉ်၏ အဆီအနှစ်ရှိနေလျှင် စစ်မှန်သော သေဆုံးခြင်းမဟုတ်ပေ။
" ငါဒါကို ဘယ်လိုအားဖြည့်ရမလဲ။ " လင်းယွမ်က အတွေးနက်သွား၏။
အစစ်အမှန်စိတ်ဝိညာဉ်၏ အဆီအနှစ်က အလွန်ထိခိုက်လွယ်ပြီး ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများဖြင့် တိုက်ရိုက်အားဖြည့်လျှင် ချက်ချင်း ပျက်ဆီးသွားပေလိမ့်မည်။
" အရင်ဆုံး ငါးရောင်ခြယ်ကြာပန်းထဲမှာ ထားလိုက်မယ်။ " လင်းယွမ်က စိတ်ဝိညာဉ်အဆီအနှစ်ကို အရောင်ငါးရောင်ရှိသော ကြာပန်းထဲသို့ ဖြည်းညင်းစွာ ပို့လွှတ်လိုက်သည်။
ငါးရောင်ခြယ်ကြာပန်းက ဤကမ္ဘာတွင် ရှားပါးသော စိတ်ဝိညာဉ်အပင်တစ်မျိုးဖြစ်သည်။ လင်းယွမ်က ယွမ်ချီစမ်းချောင်းသို့ ရောက်ချိန်တွင် ငါးရောင်ခြယ်ကြာပန်းအပါအဝင် စိတ်ဝိညာဉ်အပင်နှင့် ဆေးပင်များစွာ ရှိနေခဲ့သည်။
လင်းယွမ်က ပဉ္စမအလွှာသို့ တက်ရန် ဆေးပင်အများစုကို အသုံးပြုခဲ့ပြီး ငါးရောင်ခြယ်ကြာပန်းအနည်းငယ်သာ ကျန်ခဲ့လေသည်။ ၎င်းက အစစ်အမှန်စိတ်ဝိညာဉ်၏ အဆီအနှစ်ကို အားဖြည့်ပေးရန် သင့်တော်လေသည်။
စစ်ထူမင်၏ စိတ်ဝိညာဉ်အဆီအနှစ်က ငါးရောင်ခြယ်ကြာပန်းနှင့် ပေါင်းစပ်သွားပြီး ကြာပန်းထဲမှ စွမ်းအားများအား ဖြည်းညင်းစွာ စုပ်ယူနေသည်ကို လင်းယွမ်က ခံစားမိလိုက်သည်။
" ကောင်းတယ်။ နှစ်အနည်းငယ် အားဖြည့်ပြီးသွားပြီး ဒီ စိတ်ဝိညာဉ်အဆီအနှစ်က သာမန်လူတစ်ယောက်လို ပြန်ကောင်းလာလိမ့်မယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ထိုအဆင့်ရောက်လျှင် စစ်ထူမင်၏ စိတ်အသိက ပြန်လည်နိုးထလာပြီး သင့်တော်သော ခန္ဓာကိုယ်တစ်ခု ရှာရုံသာ လိုအပ်လေသည်။
ထိုအချိန်တွင် လင်းယွမ်က သူ၏ ရှေ့မှ ငါးရောင်ခြယ်ကြာပန်းကို ကြည့်လိုက်သည်။ ခန္ဓာကိုယ်ရှာရန်မလိုဘဲ ငါးရောင်ခြယ်ကြာပန်းက အကောင်းဆုံးခန္ဓာမဟုတ်ဘူးလား။
လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။ မူလကမ္ဘာ၏ စကြာဝဠာထဲတွင် သက်ရှိများက လူသားမျိုးနွယ်သာ မဟုတ်သည်ကို သိခဲ့ရသည်။ အပင်များ၊ ဒြပ်စင်များ၊ စွမ်းအားများ စသည်ဖြင့် သက်ရှိမျိုးစုံရှိလေသည်။
ကာကွယ်သူစစ်ထူမင်က ငါးရောင်ခြယ်ကြာပန်းကို ထိန်းချုပ်နိုင်ပါက အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်လေသည်။ ထိုအပင်သက်ရှိများက သူတို့၏ ရှည်လျားသော သက်တမ်းတွင် ကျော်ကြားလေသည်။ မှန်၏ စစ်ထူမင်က ၎င်းနှင့် မပေါင်းစပ်နိုင်ခဲ့လျှင်တောင် လင်းယွမ်က သူ့အတွက် သင့်တော်သော ခန္ဓာကိုယ်တစ်ခု ရှာပေရန် ပြဿနာမရှိပေ။