ကောင်းကင်ဓားဂိုဏ်းကို ဖျက်ဆီးခြင်း.....
Vol. 9 Ch. 145
" စစ်ထူမင် " ရှောင်ဟော်က စစ်ထူမင်ကို တည်ငြိမ်စွာ ကြည့်ပြီး ပြုံးလိုက်သည်။ " မင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကြောက်စရာကောင်းခဲ့တဲ့ နတ်ဆိုးအရှင် ရှဟိုယွမ်နဲ့ ရင်းနှီးမှုရှိတယ်လို့ ငါကြားတယ်။ "
စစ်ထူမင်၏ သတိထားသော အမူအရာကို မြင်သောအခါ ရှောင်ဟော်က သူ၏ ခေါင်းကို ခါလိုက်သည်။ " စိတ်မပူနဲ့။ ငါက ရှဟိုယွမ်နဲ့ ဘာရန်ငြိုးမှမရှိဘူး။ "
ရှောင်ဟော် ထုတ်မပြောသည်မှာ သူက ရှဟိုယွမ်ကို ဘယ်တုန်းကမှ အထင်မကြီးခဲ့ပေ။ သူ၏ မျက်လုံးထဲတွင် အမြဲတမ်း ပြိုင်ဘက်တစ်ယောက်သာ ရှိ၏။ ၎င်းက အဆင့်၁၁သို့ ရောက်နေသော ထျန်ကျန်းဇီပင် ဖြစ်၏။
" ရှဟိုယွမ်နဲ့ ထျန်ကျန်းဇီကြားမှာ ကြီးမားတဲ့ ရန်ငြိုးရှိတယ်။ ငါတို့က အခု ထျန်ကျန်းဇီနဲ့ ယှဉ်ပြိုင်မှာဆိုတော့ မင်းက ငါ့တို့ရဲ့ မိတ်ဆွေလို့တောင် ပြောလို့ရတယ်။ " ရှောင်ဟော်က ပြုံး၍ ပြောလိုက်သည်။
" ငါတို့..." စစ်ထူမင်က အနည်းငယ် စိတ်ရှုပ်သွား၏။
" အမှန်ပဲ။ " ရှောင်ဟော်က ခနရပ်လိုက်သည်။ " မင်းတို့နှစ်ယောက် ထွက်မလာသေးဘူးလား။ "
စစ်ထူမင်၏ အာရုံထဲတွင် နက်နဲသော အော်ရာနှစ်ခု ထွက်ပေါ်လာသည်။
သူ၏ ဘယ်ဘက်တွင် မိန်းကလေးတစ်ယောက်ပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်က လှပပြီး စိတ်စွမ်းအားအတက်အကျများက စစ်ထူမင်ကို ဆွဲဆောင်လုနီးပါး ဖြစ်သွား၏။
" ယန်ဘီရှင်း " စစ်ထူမင်က တုန်လှုပ်သွားသည်။
ယန်ဘီရှင်းကလည်း နဝမအဆင့် အထွတ်အထိပ်နှင့် မျိုးဆက်သစ် ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ ယန်ဘီရှင်းငယ်စဉ်က သနားစရာကောင်းသော သူတောင်းစားလေးတစ်ယောက် ဖြစ်သော်လည်း သူမနှင့် သင့်တော်သော စိတ်ဝိညာဉ်သန့်စင်ခြင်းကျင့်စဉ်ကို ရှာတွေ့ခဲ့ပြီး သူမ၏ ကျင့်ကြံခြင်းက လျင်မြန်စွာဖြင့် နဝမအဆင့်သို့ ရောက်လာခဲ့သည်။
" ဟားဟား အကိုရှောင်ပြောမှတော့ ငါ ရှန်လန်က ဘယ်လိုလုပ်ပုန်းနေနိုင်မှာလဲ။ " ကျယ်လောင်သော ရယ်သံနှင့်အတူ လူတစ်ယောက်ထွက်ပေါ်လာပြီး သူ၏ ဆံပင်များက လေနှင့်အတူ လွင့်မြောနေသည်။
" ရှန်လန် " စစ်ထူမင်က သူ၏ စိတ်ကို ပြင်ဆင်ထားပြီဖြစ်သည်။
ရှန်လန်က ရှောင်ဟော်နှင့် ယန်ဘီရှင်းကဲ့သို့ပင် မျိုးဆက်သစ်ပါရမီရှင်တစ်ယောက်ဖြစ်သည်။
ယခင်နှစ်ယောက်နှင့်မတူဘဲ ရှန်လန်က ထူးခြားသော မိသားစု နောက်ခံရှိသော်လည်း သူအသက်နှစ်ဆယ်အရွယ်တွင် သူ၏ ရန်သူများက လာရောက်တိုက်ခိုက်ခဲ့သည်။ ဆိုးရွားသည့်အခြေအနေတွင် ရှန်လန်က ချောက်ကမ်းပါးပေါ်မှ ခုန်ချရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ သို့သော် ရှန်လန်က သေဆုံးခြင်းမရှိဘဲ လွန်ခဲ့သော နှစ်ငါးသောင်းမှာ အဆင့် ၁၁ စွမ်အားကြီးပုဂ္ဂိုလ်တစ်ယောက်၏ အမွေအနှစ်ကို ရရှိခဲ့သည်။
" မင်းတို့သုံးယောက်..." စစ်ထူမင်က ထိုသုံးယောက်ကို ကြည့်လိုက်သည်။
ရှောင်ဟော်၊ ယန်ဘီရှင်း၊ ရှန်လန်။
သူတို့က နယ်မြေငါးခုရှိ မျိုးဆက်သစ်များကြားတွင် အတောက်ပဆုံးကြယ်ပွင့်များဖြစ်ပြီး မျိုးဆက်ဟောင်းများကိုပင် ဖိနှိပ်နိုင်ခဲ့သည်။
" ငါတို့က ဒသမအဆင့်ရောက်နေတဲ့ ထျန်ကျန်းဇီကို စိန်ခေါ်ဖို့ ဒီကိုရောက်လာကြတာပဲ။ " ရှောင်ဟော်က ပြောလိုက်သည်။
သူတို့သုံးယောက်၏ အရည်အချင်းနှင့် ဒသမအဆင့်ကသာ သူတို့ကို ဖိအားပေးနိုင်ပြီး သူတို့က ထိုဖိအားဖြင့် ဒသမအဆင့်သို့ တက်ရန် မျှော်လင့်နေကြသည်။
" စစ်ထူမင် မင်းက ငါတို့နဲ့ ပူးပေါင်းချင်လား။ " ရှောင်ဟော်က ဖိတ်ခေါ်လိုက်သည်။
" ရှဟိုယွမ်က တစ်ချိန်က ထျန်ကျန်းဇီရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတယ်။ အဲ့ဒီအရှက်ရမှုကို လက်စားချေကြစို့။ " ရှန်လန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
သူက မိုင်ရာချီဝေးသော ကောင်းကင်ဓားတောင်ကို စူးစိုက်ကြည့်နေသည်။
" ကောင်းကင်ဓားဂိုဏ်းရဲ့ ပိုင်ချင်းအာက ကောင်းကင်အောက်မှ အလှဆုံးမိန်းကလေးလို့ ပြောကြတယ်။ ရှဟိုယွမ်တောင် သူ့ရဲ့ စိတ်ကို ဆုံးရှုံးခဲ့ရတယ်။ သူမက ဘယ်လောက်တောင်လှလဲ ငါသိချင်မိတယ်။ " ယန်ဘီရှင်းက သူမ၏ ဆံပင်များကို ပွတ်သပ်ပြီး နူးညံ့စွာ ပြောလိုက်သည်။
" မင်းတို့..." စစ်ထူမင်က အသက်ပြင်းပြင်း ရှုလိုက်သည်။ ထိုသုံးယောက်က သူသာမက သူ၏ အရှင်ကိုလည်း အလေးအနက်မထားသည်ကို သူသိလေသည်။
လက်စားချေခြင်းမှာလည်း သာမန်အတိုင်း ပြောလိုက်ခြင်းသာဖြစ်သည်။ သူ မပါလျှင်တောင် ထိုသုံးယောက်က ထျန်ကျန်းဇီကို တိုက်ခိုက်ဦးမည်ဖြစ်သည်။
" အရှင်အတွက် ငါက လက်တုန့်ပြန်ပေးသင့်တာပေါ့။ " စစ်ထူမင်က အေးစက်စွာပြောလိုက်သည်။
" ဟီးဟီး " ရှောင်ဟော်က စကားပြောရန် ပြင်လိုင်သည်။
ထိုအချိန်တွင် ဘေးတွင်ရပ်၍ ကောင်းကင်ဓားဂိုဏ်းကို ကြည့်နေသော ရှန်လန်က ရုတ်တရက် တောင့်တင်းသွားသည်။ သူ၏ အော်ရာကလည်း အထိန်းအကွပ်မရှိ ထွက်ပေါ်လာသည်။
" ဘာဖြစ်တာလဲ။ " ရှောင်ဟော်က မျက်ခုံးပင့်သွားပြီး ယန်ဘီရှင်းနှင့်အတူ ရှန်လန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် သူတို့ ဘယ်တော့မှမမေ့နိုင်မည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ဓားတောင်၏ ပတ်လည်ရှိ မိုင်တစ်သောင်းကျော်ကျယ်သော တိမ်ပင်လယ်က ရုတ်တရက် နိမ့်ဆင်းလာသည်။
ပေတစ်သိန်းကျော်ရှည်သော ပုံရိပ်တစ်ခုက ကောင်းကင်ဓားတောင်၏ ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ ကောင်းကင်ဓားတောင်က ဆယ်မိုင်ကျော်မြင့်မားပြီး မြူခိုးများ ဖုံးလွှမ်း၍ အင်မော်တယ်နယ်မြေအဖြစ်ပင် တင်စားကြသည်။
သို့သော် ထိုတောင်ထိပ်က ကြီးမားသော ပုံရိပ်ကြီး၏ ခြေကျင်းဝတ်အထိပင် ရှိ၏။
ရှောင်ဟော်၊ ယန်ဘီရှင်းနှင့် ရှန်လန်တို့၏ တုန်လှုပ်သော အကြည့်အောက်တွင် ပုံရိပ်ကြီးက သူ၏ ညာခြေထောက်ကို ကောင်းကင်ဓားတောင်ဆီသို့ မြှောက်ပြီး နင်းချလိုက်သည်။
ကောင်းကင်ဓားတောင်ထိပ်၏ အမြင့်ဆုံးတွင် ထိုင်နေသော ထျန်ကျန်းဇီက ဧည့်သည်များအားလုံးကို မထူးခြားသော အမူအရာနှင့် ကြည့်နေသည်။ မွေးနေ့ရှင်တစ်ယောက်အနေဖြင့် သူက လူအများ၏ အာရုံအစိုက်ခံရဆုံး ဖြစ်သည်။
" အဲ့ဒီကလေးသုံးယောက် ရောက်လာသင့်ပြီမဟုတ်ဘူးလား။ " အေးစက်မှုတစ်ခုက ထျန်ကျန်းဇီ၏ မျက်နှာပေါ်တွင် လင်းလက်သွားသည်။
ကမ္ဘာပေါ်ရှိ အသန်မာဆုံး လူတစ်ယောက်အနေဖြင့် နယ်မြေငါးခုမှ အတောက်ပဆုံး ထိုလူငယ်သုံးယောက်က သူ့ကို ကျော်တက်ပြီး ထိပ်ဆုံးတွင် ရပ်ချင်နေကြသည်ကို ဘယ်လိုလုပ်သူမသိဘဲနေမည်နည်း။
အမှန်တော့ သူတို့က ထျန်ကျန်းဇီနှင့် ရန်ငြိုးရှိခြင်းကြောင့် မဟုတ်ပေ။ ကောင်းကင်ဓားဂိုဏ်းက ဆယ်စုနှစ်အချို့အတွင်း ထွက်ပေါ်လာသော မျိုးဆက်သစ်လူငယ်များကို ဖိနှိပ်ခြင်းမပြုခဲ့ပေ။
ထျန်ကျန်းဇီက နယ်မြေငါးခု၏ ထိပ်ဆုံးတွင် အချိန်အတော်ကြာ ရပ်တည်နေခဲ့ပြီး မျိုးဆက်သစ်လူငယ်သုံးယောက်က ဒဏ္ဍာရီကို ချိုးဖျက်ချင်နေကြခြင်းဖြစ်သည်။ ထျန်ကျန်းဇီဆီမှ ဖိအားကို အသုံးချပြီး သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရန်ဖြစ်သည်။
" အရူးတွေ ဒီနေ့ ငါမင်းတို့ကို ဒသမအဆင့်ဆိုတာ ဘာလဲ ပြရသေးတာပေါ့။ " ထျန်ကျန်းဇီက တွေးလိုက်သည်။
အချိန်ရှိလျှင် ထိုသုံးယောက်က ဒသမအဆင့်သို့ တက်ရောက်နိုင်သည်ကို ထျန်ကျန်းဇီမငြင်းပေ။ သို့သော် ယခု နဝမအဆင့်လေးနှင့် သူ့ကို စိန်ခေါ်ရဲလေသည်။
" ဒီတစ်ခါတော့ ငါထိန်းချုပ်ထားလို့မရဘူး။ သူတို့သုံးယောက်ကို အနိုင်ယူလိုက်မှ နယ်မြေငါးခုက မျိုးဆက်သစ်တွေက နောက်နှစ်တစ်ရာ နှစ်ရာအတွင်း ကောင်းကင်ဓားဂိုဏ်းကို ခြိမ်းခြောက်နိုင်တော့မှာမဟုတ်ဘူး။ "
" အဲ့ဒါဆို ငါလည်း အဲ့ဒီနေရာကို စိတ်ချလက်ချ သွားနိုင်ပြီ။ " ထျန်ကျန်းဇီက တွေးလိုက်ပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
၎င်းက မြောက်ပိုင်းဖြစ်၏။ မြောက်ပိုင်းနယ်မြေ၏ အလွန်တွင် အဆုံးမရှိသော ပင်လယ်ကြီးလဲလျောင်းနေသည်။ ဒသမအဆင့်သို့ ရောက်ပြီးနောက် သူက ကောင်းကင်နှင့်မြေကြီး၏ ဆင့်ခေါ်မှုကို ခံစားရပြီး မြောက်ပိုင်းသို့ အဆက်အပြတ် ဆွဲခေါ်နေသည်။
ကောင်းကင်းဓားဂိုဏ်း၏ ယခင်ဒသမအဆင့်နှစ်ယောက်ကလည်း ၎င်းကို ကြုံတွေ့ခဲ့ဖူးသည်။ သူတို့နှစ်ယောက်က ဆင့်ခေါ်မှုအတိုင်း မြောက်ပိုင်းနယ်မြေ အဆုံးမဲ့ပင်လယ်သို့ ဦးတည်သွားပြီးနောက် ဘယ်တော့မှ ပြန်မလာတော့ပေ။ ထို့ကြောင့် ထျန်ကျန်းဇီက ဒသမအဆင့်သို့ ရောက်ပြီးနောက် ထိုဆင့်ခေါ်မှုကို ဖိနှိပ်ထားခဲ့သည်။
ယခင်နှစ်များတွင် ဆင့်ခေါ်မှုက ပို၍ အားကောင်းလာပြီး အကယ်၍ သူက ဆက်လက်နှောင့်နှေးပါက ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်ပျက်လာမည်ဟု ခံစားနေရသည်။
" လွမ်အာ မင်း နဝမအဆင့် အထွတ်အထိပ်ကို ဘယ်အချိန်လောက်ရောက်မှာလဲ။ " ထျန်ကျန်းဇီ၏ အကြည့်က ပိုင်ချင်းအာပေါ်သို့ ကျရောက်သွားသည်။
ပိုင်ချင်းအာ၏ မူလနာမည်က လွမ်အာဖြစ်ပြီး ထျန်ကျန်းဇီ၏ ငယ်ချစ်ဦးအဖြစ် ကောလဟာလများ ရှိခဲ့သည်။ အမှန်တော့ လွမ်အာမှာ ထျန်ကျန်းဇီ၏ ညီမပင် ဖြစ်၏။ သို့သော် ရှဟိုယွမ်နှင့် အဖြစ်အပျက်ကြောင့် လွမ်အာက သူမ၏ နာမည်ကို ပိုင်ချင်းအာအဖြစ်သာ အသုံးပြုခဲ့သည်။
" မကြာခင် " ပိုင်ချင်းအာက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
" မင်းနဝမအဆင့် အထွတ်အထိပ်ကို ရောက်ရင် ဒသမအဆင့်ကို ချိုးဖျက်ဖို့ ငါအစွမ်းကုန်ကူညီမယ်။ " ထျန်ကျန်းဇီက ပြောလိုက်သည်။
" ဂိုဏ်ချုပ်က ကျွန်မအတွက် ရှဟိုယွမ်ကို ဘယ်အချိန်မှဖမ်းပေးမှာလဲ။ " ပိုင်ချင်းအာ ခေါ် လွမ်အာက ရုတ်တရက် မေးလိုက်သည်။
" ရှဟိုယွမ် " ထျန်ကျန်းဇီက မျက်ခုံးများပင့်သွား၏။
သူက ရှဟိုယွမ်နှင့်ပက်သက်ပြီး စိတ်ဝင်စားခြင်းမရှိတော့သော်လည်ယ လွမ်အာက ယခင်အဖြစ်အပျက်ကြောင့် စိတ်နှလုံးနတ်ဆိုး ကျန်နေခဲ့သည်မှာ ထင်ရှားလေသည်။
" တော်လောက်ပြီ။ " ထျန်ကျန်းဇီက သက်ပြင်းချလိုက်သည်။
ဒသမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လျှင်တောင် ရှဟိုယွမ်က တစ်နေရာရာတွင် ပုန်းအောင်းနေလျှင် သူက ဘာမှတတ်နိုင်မည်မဟုတ်ပေ။ သို့သော် ဆယ်စုနှစ်အချို့ကြာပြီးနောက် သူ၏ ကျင့်ကြံခြင်းက ပို၍ နက်ရှိုင်းလာပြီး ယခင်ဒသမအဆင့်နှစ်ယောက်က ချန်ခဲ့သော လျို့ဝှက်နည်းစနစ်အချို့ကိုလည်း နားလည်ခဲ့သည်။ သူသာ သေချာလုပ်လျှင် ရှဟိုယွမ်၏ တည်နေရာကို ရှာဖွေနိုင်လောက်ပေသည်။
" မွေးနေ့ပွဲပြီးရင် ငါ ရှဟိုယွမ်ကို ခေါ်လာပေးမယ်။ ဒါပေမယ့် မင်းပေးထားတဲ့ ကတိကိုတော့ တည်ဖို့လိုတယ်။ " ထျန်ကျန်းဇီက တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် " ပိုင်ချင်းအာက ချက်ချင်း ဝမ်းသာသွား၏။ ထိုခနတွင် သူမက ရှဟိုယွမ် သူမလက်ထဲသို့ ကျရောက်လာမည့်အချိန်ကို စိတ်ကူးကြည့်နေလေသည်။
ထိုခနတွင် ကောင်းကင်ဓားတောင်ပေါ်တွင် ထျန်ကျန်းဇီ၏ မွေးနေ့ပွဲကို ကျင်းပနေသော လူများက ရုတ်တရက် ကောင်းကင်က မှောင်လာသည်ကို သတိထားမိသွားကြသည်။ သာမန်အားဖြင့် မြူခိုးများနှင့် နေသာသော ကောင်းကင်ဓားတောင်က ခနအတွင်း မဲမှောင်သွားခဲ့သည်။
" အဲ့ဒါဘာလဲ။ " ကျင့်ကြံသူတစ်ယောက်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
နယ်မြေတစ်ခု အရွယ်အစားရှိသော အရိပ်ကြီးတစ်ခုက ကောင်းကင်ဓားတောင်ရှိရာသို့ ကျဆင်းလာသည်ကို သူတို့က မြင်လိုက်ရသည်။
" မကောင်းတော့ဘူး။ "
" မြန်မြန်ပြေး "
" အဲ့ဒါဘာကြီးလဲ။ "
သန်မာသော ကျင့်ကြံသူများပင် ထိုအရိပ်ကြီးက မည်သည့်နေရာမှ ရောက်လာမှန်းမသိကြသော်လည်း ထိုနေရာတွင် ဆက်နေခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခု မဟုတ်သည်ကိုတော့ သိကြလေသည်။ ထို့ကြောင့် သူတို့က အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြလေသည်။
သူတို့က ထိုနယ်မြေအရိပ်ကြီးမှ လွတ်မြောက်နိုင်လျှင် သူတို့ ဘေးကင်းပြီဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ၎င်းက အလွန်နောက်ကျသွားပြီဖြစ်သည်။
နယ်မြေအရိပ်ကြီးက လျင်မြန်စွာ ဆင်းသက်လာသည်။ အဆုံးမရှိသော ထိုက်ယင်စွမ်းအားက ကြောက်စရာကောင်းသော ဖိအားအဖြစ် ပြောင်းလဲသွားပြီး ကျင့်ကြံသူများ၏ အရှိန်ကို ကန့်သတ်သွားသည်။
ဝုန်း....
ထျန်ကျန်းဇီက ကောင်းကင်သို့ ပျံတက်သွားသည်။ ဒသမအဆင့် စွမ်းအားက ပေါက်ကွဲလာပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေခဲ့သည်။ အခြားသူများ ထွက်ပြေးနိုင်သော်လည်း သူက ပြေး၍မရပေ။ သူ၏ ခြေထောက်အောက်တွင် ကောင်းကင်ဓားဂိုဏ်း၏ အုတ်မြစ် ကောင်းကင်ဓားတောင်ရှိနေလေသည်။
သူက ထွက်ပြေးပြီး ကောင်းကင်ဓားတောင်က မတော်တဆဖြစ်သွားခဲ့လျှင် နှစ်တစ်သောင်းအတွင်း ကောင်းကင်ဓားဂိုဏ်း၏ အပြစ်သားဖြစ်သွားပေလိမ့်မည်။
ကြောက်စရာကောင်းသော ထိုက်ယင်စွမ်းအားများ၏ ဖိနှိပ်မှုအောက်တွင် ဒသမအဆင့်ဖြစ်သော ထျန်ကျန်းဇီ၏ အရှိန်ပင် လျှော့ကျသွားသည်။
" ရပ်လိုက် " ထျန်ကျန်းဇီ၏ မျက်လုံးများက နီရဲလာပြီး သူ၏ အော်ရာက နောက်တစ်ကြိမ် မြင့်တက်လာကာ ကြီးမားသော အရိပ်ကြီးကို တားဆီးရန် ကြိုးစားလိုက်သည်။
ဝုန်း....
ထျန်ကျန်းဇီ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။ နယ်မြေအရိပ်ကြီးက ရပ်တန့်ခြင်းမရှိဘဲ ကောင်းကင်ဓားတောင်ပေါ်သို့ ဆက်လက်ကျဆင်းလာသည်။
ဝုန်း ဝုန်း....
အရိပ်ကြီး၏ ပြင်းထန်သော ဖိအားအောက်တွင် ကောင်းကင်ဓားတောင်က စတင်ပြိုကျလာသည်။
သန်မာသော ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားပြီး သူတို့၏ ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်များက အပိုင်းအစများ ဖြစ်သွားခဲ့သည်။