← Chapters

ကျန့်တစ်သိန်းမြင့်မားသော မူလစိတ်ဝိညာဉ်....

Vol. 9 Ch. 146

ကျန့်တစ်သိန်းမြင့်မားသော မူလစိတ်ဝိညာဉ်....

Vol. 9 Ch. 146

ထိုအချိန်တွင် သန်မာသော ကျင့်ကြံသူများက သူတို့ မလွတ်မြောက်နိုင်ကြသည်ကို နားလည်သွားကြပြီး မြေပြင်တွင် ရပ်၍ ဒေါသတကြီး ခုခံလိုက်ကြသည်။ သို့သော် ၎င်းက အချည်းနှီးပင်။ သူတို့က ဆက်တိုက်ပေါက်ကွဲကုန်ကြသည်။

အသက်ရှုချိန်အနည်းငယ်အတွင်း ကောင်းကင်ဓားတောင်က ပြိုကျသွား၏။ ထိုနေရာတစ်ခုလုံးက ဆယ်မိုင်ကျော်နက်သော တွင်းနက်ကြီးတစ်ခုအဖြစ် ​ပြောင်းလဲသွားသည်။

လူတစ်ယောက်က ၎င်းကို မိုင်ထောင်ချီအဝေးမှကြည့်လျှင် ထိုတွင်းနက်ကြီးက ခြေရာကြီးတစ်ခုဖြစ်နေသည်ကို မြင်ကြရပေလိမ့်မည်။

ဝုန်း.....

မူလစိတ်ဝိညာဉ်များစွာက အလင်းတန်းများအဖြစ် ပြောင်းလဲပြီး အဖက်ဖက်သို့ ထွက်ပြေးကုန်ကြသည်။ လေထဲတွင် သွေးနံ့များ ပြည့်နှက်နေပြီး ခြေတစ်လှမ်းက ခန္ဓာကိုယ်များစွာကို ပေါက်ကွဲသွားစေခဲ့သည်။

သူတို့၏ ရုပ်ခန္ဓာများ ပျက်ဆီးပြီးနောက် မူလစိတ်ဝိညာဉ်များသာ ကျန်နေခဲ့သည်။ ပြင်းထန်စွာ ထိခိုက်သွားသော်လည်း သန်မာသူများ၏ မူလစိတ်ဝိညာဉ်များကတော့ ပြိုကွဲသွားခြင်း မရှိပေ။ ထိုအခွင့်အရေးကို ယူပြီး သူတို့က ရူးသွပ်စွာဖြင့် ထွက်ပြေးကြလေသည်။

ထိုခနတွင် ကောင်းကင်အထက်မှ ကြီးမားသော အရိပ်ကြီးတစ်ခု ဆင်းသက်လာပြန်သည်။ ထိုအရိပ်ကြီးကို သေချာကြည့်လျှင် လူသားမျက်နှာနှင့်တူပြီး ၎င်း၏ အသွင်အပြင်ကို သေချာပိုင်းခြားရန်တော့ မဖြစ်နိုင်ပေ။

ထိုကြီးမားသော မျက်နှာကြီးက ခြေရာကြီးဘက်သို့ လှည့်ပြီး ပါးစပ်ကို ဟ၍ အသက်ရှူသွင်းလိုက်သည်။

ဝုန်း.....

ကြောက်စရာကောင်းသော စုပ်အားတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် မူလစိတ်ဝိညာဉ်များဖြစ်စေ သွေးနှင့်စွမ်းအားများဖြစ်စေ အားလုံးက ပါးစပ်ကြီးထဲသို့ စီးဝင်သွားကြသည်။

မိုင်ရာချီဝေးသော သစ်တောထဲတွင် ရှောင်ဟော်၊ ရှန်လန်နှင့် ယန်ဘီရှင်းတို့ ပါရမီရှင်သုံးယောက်က ယခု ဖြူဖတ်ဖြူရော်ဖြစ်နေကြသည်။

ထိုကြီးမားသော ပုံရိပ်ကြီး၏ ခြေတစ်လှမ်းက ဒသမအဆင့်ဖြစ်သော ထျန်ကျန်းဇီအပါအဝင် သန်မာသော ကျင့်ကြံသူများကို နင်းခြေသွားပြီး သူတို့၏ သွေးများနှင့် မူလစိတ်ဝိညာဉ်များကို တစ်လုပ်တည်း ဝါးမျိုသွားခဲ့သည်။

ရှောင်ဟော်နှင့် အခြားသူများ၏ စိတ်က ဖရိုဖရဲ ဖြစ်သွားသည်။

အထူးသဖြင့် ရှန်လန်က လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းမှ အဆင့် ၁၁ ကျင့်ကြံသူတစ်ယောက်၏ အမွေအနှစ်ကို လက်ခံရရှိခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ငါးသောင်း နှစ်တစ်သိန်း ထိုထက်ပိုကြာသော အချိန်များမှာတောင် ထိုကြောက်စရာကောင်းသော ဖြစ်ရ​ပ်မျိုး ရှိမနေနိုင်ပေ။

" အဲ့ဒါ....မူလစိတ်ဝိညာဉ်လား။ " ရှောင်ဟော်က သူ၏ ညာလက်မှ လက်စွပ်ကို ထိလိုက်ပြီး သူ၏ စိတ်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်သည်။

" မူလစိတ်ဝိညာဉ်လား။ "

" အဲ့ဒီပုံရိပ်ကြီးက မူလစိတ်ဝိညာဉ်တစ်ခုလား။ " ရှန်လန်နှင့် ယန်ဘီရှင်းတို့က ပင့်သက်ရှိုက်သွားကြသည်။

ပဉ္စမအဆင့်မှ နဝမအဆင့်ထိ မူလစိတ်ဝိညာဉ်များပင် စွမ်းအားကုန်ထုတ်လျှင်တောင် ကျန့်တစ်ရာကျော်ပင် ကြီးထွားနိုင်လေသည်။ ဒသမအဆင့်များ၏ မူလစိတ်ဝိညာဉ်က ကျန့်ရာချီမြင့်မားလေသည်။

ယခု ထိုပုံရိပ်ကြီးက အနည်းဆုံး ကျန့်တစ်သိန်းမြင့်မားလေသည်။

ထိုကဲ့သို့ ကြီးမားသော မူလစိတ်ဝိညာဉ်ရှိလျှင် ၎င်း၏ ပိုင်ရှင်က ဘယ်လောက်တောင်စွမ်းအားကောင်းတာလဲ။ အဆင့် ၁၂ လား။ အဆင့် ၁၃ လား။

ရှောင်ဟော်နှင့် အခြားသူများက မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့က မရေတွက်နိုင်သော ကံဆိုးမှုများ ကြုံတွေ့ရလျှင်တောင် ဒသမအဆင့်သို့ ရောက်နိုင်မည်ဟု တွေးထားကြသည်။ အဆင့် ၁၁ ကျင့်ကြံသူ၏ အမွေအနှစ်ကို ဆက်ခံထားသော ရှန်လန်းပင် အဆင့် ၁၁သို့ ရောက်ရန် မျှော်လင့်ချက်အနည်းငယ် ရှိနေသည်။ ထိုထက်မြင့်သော အဆင့်ကို သူတို့ တွေးပင်မတွေးရဲကြပေ။ အကြောင်းမှာ ၎င်းက လက်တွေ့မဆန်သောကြောင့် ဖြစ်၏။

" အဲ့ဒါ အရှင်ပဲ။ အဲ့ဒါ အရှင်ရဲ့ ထိုက်ယင်မူလစိတ်ဝိညာဉ်ပဲ။ " စစ်ထူမင်က ပြောလိုက်သည်။

ရှောင်ဟော်နှင့် အခြားသူများ၏ တုန်လှုပ်မှုများ၊ ကြောက်ရွံ့မှုများနှင့် ယှဉ်လျှင် ငါးရောင်ခြယ်ကြာပန်းဖြစ်သော စစ်ထူမင်က လင်းယွမ်နှင့် အချိန်တစ်ခုထိ နေခဲ့ပြီး သူ၏ အော်ရာကို ရင်းနှီးနေသည်။

လက်ရှိ ကြီးမားသော ပုံရိပ်ကြီးက ကောင်းကင်နှင့်မြေကြီးကို ထောက်ကန်ထားသကဲ့သို့ ကောင်းကင်ဓားတောင်ကို ခြေတစ်လှမ်းနှင့် နင်းချေခဲ့သော်လည်း ၎င်း၏ အော်ရာက စစ်ထူမင် လင်းယွမ်ဆီမှ ခံစားခဲ့ရသော အော်ရာနှင့် ဆင်တူနေသည်။

" အရှင်လား။ "

" အဲ့ဒီမူလစိတ်ဝိညာဉ်က နတ်ဆိုးအရှင် ရှဟိုယွမ်ပိုင်ဆိုင်တာလို့ မင်းပြောတာလား။ "

ရှောင်ဟော်နှင့် အခြားသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ နယ်မြေငါးခုမှာ ဆုတ်ခွာသွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ရှဟိုယွမ်က ထိုကဲ့သို့ မူလစိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်လိမ့်မည်ဟု သူတို့က စိတ်ကူးပင်မယဉ်ခဲ့ကြပေ။

" ဟုတ်တယ်။ " စစ်ထူမင်က ပြောလိုက်သည်။ " ငါအရှင်ရဲ့ အော်ရာကို မှတ်မိနိုင်တယ်။ "

စစ်ထူမင်ကလည်း စိတ်ထဲမှ တုန်လှုပ်နေသည်။ လင်းယွမ်က အလွန်စွမ်းအားကောင်းသည်ကို သူတွေးထားပြီးဖြစ်သည်။ သူက ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်ကို အသက်သွင်းပြီး သေဆုံးရန် သေချာနေသော အချိန်ကပင် သူက အတင်းအကျပ် ကယ်တင်ခြင်း ခံခဲ့ရသည်။ ထိုအချိန်ကတည်းက စစ်ထူမင်က လင်းယွမ်၏ စွမ်းအားကောင်းသော အော်ရာကို ခံစားခဲ့ရသည်။

သို့သော် လင်းယွမ်က မူလစိတ်ဝိညာဉ်တစ်ခုတည်းဖြင့် ကောင်းကင်ဓားတောင်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု စစ်ထူမင်က ဘယ်တုန်းကမှမတွေးခဲ့ဖူးပေ။ ဖျက်ဆီးခြင်းဆိုသည်မှာ ကောင်းကင်ဓားဂိုဏ်း၏ ထျန်ကျန်းဇီနှင့် သန်မာသော လူများကို သတ်ဖြတ်ခဲ့ရုံသာမက ကောင်းကင်ဓားတောင်တစ်ခုလုံးကိုပင် မြေအောက်သို့ နစ်မြှုပ်သွားစေခဲ့သည်။

" ရှဟိုယွမ် " ရှောင်ဟော်နှင့် အခြားနှစ်ယောက်က သေချာစဉ်းစားနေကြသည်။

နယ်မြေငါးခုတွင် ရှဟိုယွမ်သာ ကောင်းကင်ဓားဂိုဏ်းနှင့် ထိုကဲ့သို့ ရန်ငြိုးရှသည်ကို သိကြလေသည်။ ရှောင်ဟော်နှင့် အခြားနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသည်။

ထိုအချိန်တွင် အဝေးမှ ကျန့်တစ်သိန်းကျော်မြင့်မားသော ပုံရိပ်ကြီးက သန်မာသော ကျင့်ကြံသူများစွာ၏ သွေးအဆီအနှစ်များနှင့် မူလစိတ်ဝိညာဉ်များကို ဝါးမျိုပြီးနောက် သူ၏ ခေါင်းကို အနည်းငယ် လှည့်ပြီး အဝေးမှ တောအုပ်ထဲသို့ တစ်ချက် ကြည့်လိုက်သည်။

ဝုန်း...

၎င်းက အကြည့်လေးတစ်ချက်သာ ဖြစ်၏။

သို့သော် ရှောင်ဟော်နှင့် အခြားနှစ်ယောက်က ကောင်းကင်နှင့်မြေကြီး ပြိုကျလာသကဲ့သို့ ကြောက်စရာကောင်းသော ဖိအားကို ခံစားလိုက်ရသည်။

" မဟုတ်ဘူး။ " ရှောင်ဟော်၊ ရှန်လန်နှင့် ယန်ဘီရှင်းတို့က မြေပြင်တွင် ဒူးထောက်လိုက်ရပြီး ပုံရိပ်ကြီးကို တိုက်ရိုက်မကြည့်ရဲကြတော့ပေ။

မိုင်ရာချီဝေးကွာနေသော်လည်း ထိုကြောက်စရာကောင်းသော ပုံရိပ်က ခြေလှမ်းအနည်းငယ်ဖြင့် မိုင်ရာချီရောက်နိုင်သည်ကို သူတို့သိကြလေသည်။

" စိတ်ဝင်စားစရာပဲ။ " ထိုက်ယင်မူလစိတ်ဝိညာဉ်က တစ်စုံတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ထိုက်ယင်စွမ်းအားများအဖြစ် ပြောင်းလဲနေပြီး နေရာမှ ပျောက်ကွယ်သွားသည်။

ထိုက်ယင်မူလစိတ်ဝိညာဉ် ထွက်သွားပြီး အချိန်အတော်ကြာမှ ရှောင်ဟော်နှင့် အခြားသူများက ခေါင်းမော့ဝံ့ကြသည်။ ပုံရိပ်ကြီးပျောက်ကွယ်သွားသည်ကို အတည်ပြုပြီးမှ သူတို့က စိတ်သက်သာရာ ရသွားကြသည်။

" ငါ ငါတို့အခုဘာလုပ်ကြမလဲ။ " ခနကြာသောအခါ ယန်ဘီရှင်းက တိုးညှင်းစွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရှောင်ဟော်နှင့် ရှန်လန်တို့က တိတ်ဆိတ်သွားကြ၏။ မူလက သူတို့၏ အစီအစဉ်အရ သန်မာသူများကို စိန်ခေါ်ပြီး ဒသမအဆင့်၏ ကိုယ်ပိုင်လမ်းကို ရှာဖွေရန် စီစဉ်ထားကြသည်။ နယ်မြေငါးခု၏ နံပါတ်တစ်ဖြစ်သော ထျန်ကျန်းဇီက သူတို့၏ အဓိကပစ်မှတ်ဖြစ်သည်။ သို့သော် ယခု ထျန်ကျန်းဇီက သေဆုံးသွားသောကြောင့် သူတို့က စိန်ခေါ်၍ မရတော့ပေ။

ထျန်ကျန်းဇီက သေဆုံးသွားသော်လည်း သူထက် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ပေါ်လာခဲ့သည်။ စစ်ထူမင်ပြောသော နတ်ဆိုးအရှင် ရှဟိုယွမ်ဖြစ်၏။

နတ်ဆိုးအရှင် ရှဟိုယွမ်ကို စိန်ခေါ်ရမှာလား။ သူကိုယ်တိုင်မပြောနှင့် သူ၏ မူလစိတ်ဝိညာဉ်မှ အကြည့်လေးတစ်ချက်ကပင် သူတို့သုံးယောက်ကို သေလုနီးပါး ဖြစ်စေခဲ့သည်။

ရှောင်ဟော်နှင့် အခြားနှစ်ယောက်က ကြီးမားသော ရည်မှန်းချက်များ ရှိကြသော်လည်း အရူးများမဟုတ်ကြပေ။ သူတို့က ထျန်ကျန်းဇီကို စိန်ခေါ်ရဲခြင်းမှာ သူတို့ရှုံးနိမ့်လျှင်တောင် သူတို့၏ အသက်အတွက် အာမခံချက်ရှိသောကြောင့် ဖြစ်သည်။

သို့သော် နတ်ဆိုးအရှင် ရှဟိုယွမ်ကို စိန်ခေါ်ရန်ကတော့.....

ရှောင်ဟော်၊ ရှန်လန်နှင့် ယန်ဘီရှင်းတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ ရုတ်တရက် အရာအားလုံးက အဓိပ္ပါယ်မရှိသလိုပင်။ အစတွင် သူတို့က ကျင့်ကြံခြင်းတွင် သူတို့၏ ကြိုးစားအားထုတ်မှုဖြင့် မည်သူကိုမဆို ဖိနှိပ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် ၎င်းက ကြီးမားသော ပုံရိပ်ကြီးကို မမြင်ခင်ကဖြစ်၏။

ယခု သူတို့၏ စိတ်များက ပြိုကွဲလုနီးပါးဖြစ်နေသည်။ ထိုပုံရိပ်ကြီးက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိလေသည်။ ခြေတစ်လှမ်းလား အကြည့်တစ်ချက်လား။ သတ်ဖြတ်လိုစိတ်တစ်ခုတည်းနဲ့လား။

မြေအောက်နန်းတော်တွင် လင်းယွမ်က တင်ပျဉ်ခွေထိုင်နေသည်။

ဝုန်း....

ထိုက်ယင်စွမ်းအားများ စုစည်းလာပြီး လင်းယွမ်၏ ရှေ့တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။

" ပြီးသွားပြီလား။ " လင်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။

မူလခန္ဓကိုယ်ကဲ့သို့ ယင်နှင့်ယန် မူလစိတ်ဝိညာဉ်များက ကိုယ်ပိုင်အသိများရှိကြသည်။ အမှန်တော့ စိတ်အသိကို သုံးပိုင်းခွဲထားသောကြောင့် လင်းယွမ်သာ ဆန္ဒရှိလျှင် ထိုက်ယင်မူလစိတ်ဝိညာဉ်က ကောင်းကင်ဓားတောင်အား ဖျက်ဆီးနေသည့် မြင်ကွင်းကို အတွေးတစ်ချက်နှင့် ကြည့်နိုင်လေသည်။

" ကျန့်တစ်သိန်း ယင်စိတ်ဝိညာဉ် " လင်းယွမ်က တွေးလိုက်သည်။

မည်သည့်ကမ္ဘာတွင်ဖြစ်စေ ကျန့်တစ်သိန်းက အလွန်ကြီးမားသော အရွယ်အစား ဖြစ်၏။ နောက်ထပ် အတိုင်းအတာတစ်ခုကို အသုံးပြုရလျှင် တစ်ကျန့်တွင် ၃.၃မီတာ ရှိသောကြောင့် ကျန့်တစ်သိန်းလျှင် မီတာ သုံးသိန်းသုံးသောင်းရှိလေသည်။ ၎င်းက လီခြောက်ရာဖြစ်၏။

မူလကမ္ဘာတွင် ထိုကဲ့သို့ ကြီးမားသော အရွယ်အစားက ပဉ္စမအလွှာကြားတွင် အသန်မာဆုံးဟု ပြော၍ ရလေသည်။ မူလစိတ်ဝိညာဉ်က ရုပ်ခန္ဓာနှင့်မတူသောကြောင့် ခွန်အားတိုးတက်လာသည်နှင့် ၎င်းကလည်း ကြီးထွားလာမည်ဖြစ်သည်။

All Chapters