← Chapters

ကံကြမ္မာ၏ ကလေးများ....

Vol. 9 Ch. 147

ကံကြမ္မာ၏ ကလေးများ....

Vol. 9 Ch. 147

" ကံကြမ္မာရဲ့ကလေးသုံးယောက် " လင်းယွမ်က စဉ်းစားနေသည်။

ကံကြမ္မာ၏ ကလေးဆိုတာဘာလဲ။ ပြောရလျှင် ကောင်းကင်၏ နှစ်သက်မှုကို ရရှိ၍ အလွန်ကံကောင်းပြီး ကံဆိုးမှုကို ကံကောင်းမှုအဖြစ်ပြောင်းလဲကာ ပိုမိုအားကောင်းလာကြသူများဖြစ်သည်။

ပုံမှန်အခြေအနေအရ ရှောင်ဟော်၊ ရှန်လန်နှင့် ယန်ဘီရှင်းတို့က ထျန်ကျန်းဇီကို စိန်ခေါ်ပြီး သူတို့၏ ဒသမအဆင့် ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေကြမည်ဖြစ်သည်။

အရာအားလုံး ချောမွေ့စွာ ဖြစ်ပျက်သွားလျှင် သူတို့သုံးယောက်က ကောင်းကင်ဓားတောင်သို့ ရောက်ချိန်တွင် လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ဆင်းသက်လာပြီး သူတို့ကို ကောင်းကင်ဓားတောင်နှင့်အတူ နင်းချေသွားပေလိမ့်မည်။

ထိုက်ယင်မူလစိတ်ဝိညာဉ်၏ ခွန်အားနှင့် ကံကြမ္မာ၏ကလေး သုံးယောက်က မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ သေဆုံးရမည်မှာ သေချာလေသည်။ သို့သော် ထိုအခြေအနေအောက်တွင် အကြောင်းရင်း အချို့ကြောင့် ကံကြမ္မာ၏ ကလေးသုံးယောက်က လမ်းတွင် စစ်ထူမင်နှင့်တွေ့ပြီး သူ့ကို ဖိတ်ခေါ်ရန် ရပ်တန့်ခဲ့ကြသည်။ ထိုကဲ့သို့ အနည်းငယ်နှောင့်နှေးသွားခြင်းက သူတို့၏ အသက်ကို ကယ်တင်သွားခဲ့သည်။

သူတို့သုံးယောက်၏ ကံက အလွန်ကောင်းပြီး မျိုးဆက်သစ်တစ်ယောက်ဖြစ်သော စစ်ထူမင်နှင့် ယှဉ်လျှင်တောင် သူတို့သုံးယောက်နှင့် ယှဉ်နိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။

" အဲ့ဒါက တကယ်ကံကောင်းမှုလား။ ဒါမှမဟုတ် အခြားတစ်ခုခုလား။ " လင်းယွမ်က စဉ်းစားနေသည်။

အကယ်၍ လင်းယွမ်၏ ခွန်အားနှင့် သူတို့သုံးယောက်ကို သတ်ချင်လျှင် သူတို့က မည်မျှပင် ကံကြမ္မာ၏ ကောင်းချီးပေးခံရသည်ဖြစ်စေ အဆုံးသတ်တွင် သေဆုံးရပေလိမ့်မည်။ သူတို့က ကံကောင်းရန်ပင် အခွင့်အရေးမရှိပေ။

" သနားစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သို့သော် လင်းယွမ်က ထိုအခြေအနေကို ကောင်းကောင်းသိ၏။ သူက ထိုကံကြမ္မာကလေး သုံးယောက်ကို သတ်လိုက်လျှင်တောင် နောက်ထပ် ကံကြမ္မာ၏ ကောင်းချီးပေးခံရသူများက ထပ်မံထွက်ပေါ်လာပေလိမ့်မည်။

ထို့ကြောင့် ထိုက်ယင်မူလစိတ်ဝိညာဉ်က သူတို့သုံးယောက်ကို ကြည့်လိုက်ချိန်တွင် စိတ်ဝင်စားသွားခဲ့ခြင်း ဖြစ်သည်။

ကံကြမ္မာ၏ ကလေးများကို ကမ္ဘာကြီးက နှစ်သက်လေသည်။ သို့သော် ကံကြမ္မာကြောင့် ကျရှုံးခြင်း၊ ကံကြမ္မာကြောင့် အောင်မြင်ခြင်း။ အချိန်ကျလျှင် ကောင်းကင်နှင့်မြေကြီးက စည်းလုံးနေပြီး ကံကောင်းမှု ထွက်ခွာသွားလျှင် သူရဲကောင်းများက လွတ်လပ်မှုမရှိတော့ပေ။ ကံကြမ္မာ၏ ကလေးများက ကောင်းကင်နှင့်မြေကြီး၏ သားတော်များဖြစ်သည်။ကမ္ဘာကြီး၏ အကန့်အသတ်က သူတို့၏ အကန့်အသတ်ဖြစ်ပြီး ကမ္ဘာကြီး၏ အချုပ်အနှောင်မှ ဘယ်တော့မှလွတ်မြောက်နိုင်မည်မဟုတ်ပေ။

ကံကြမ္မာ၏ ကလေးများက ကမ္ဘာကြီး၏ အသိကို အနိုင်ယူနိုင်ကြသော်လည်း ဖြစ်နိုင်ချေ အလွန်နိမ့်၏။ သင့်မှာ ရှိသမျှ အရာအားလုံး၊ သင်၏ နည်းလမ်းအားလုံးကို ကောင်းကင်နှင့်မြေကြီး သို့မဟုတ် ကမ္ဘာကြီးက ပေးထားခြင်းဖြစ်သည်။ သင့်က ကမ္ဘာကြီးကို ဘယ်လိုတိုက်ခိုက်ပြီးအနိုင်ယူမှာလဲ။

" လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကမ္ဘာကြီးရဲ့ မဟာကံကြမ္မာက တိုးတက်လာပြီး ကံကြမ္မာရဲ့ သားတော်တွေ မွေးဖွားလာတယ်။ ပြီးတော့ သူတို့က ငါ့ရဲ့လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ " လင်းယွမ်၏ အတွေးများက တုန်လှုပ်သွားပြီး ရုတ်တရက် အသိဝင်လာသည်။

နှစ်များကြာလာသည်နှင့် လင်းယွမ်၏ ခွန်အားက အဆက်မပြတ်တိုးတက်လာပြီး အတိတ်မှ ကန့်သတ်ချက်များမှ အချိန်နှင့်အမျှ လွတ်မြောက်လာခဲ့သည်။

စစ်ထူမင်၊ မိုယန်နတ်ဆိုးသခင်နှင့် အခြားသူများကလည်း လင်းယွမ် အလွန်သန်မာသည်ကို သိကြလေသည်။ သို့သော် သူက အမှန်တကယ် မည်မျှသန်မာသည်ကိုတော့ ဘယ်သူမှမသိကြပေ။ သို့မဟုတ် သူတို့က စိတ်ကူးပင် မယဉ်နိုင်ခြင်းဖြစ်၏။

သို့သော် ဤကမ္ဘာကြီး ဤစကြာဝဠာကြီးကတော့ လင်းယွမ်၏ ခွန်အားပြောင်းလဲမှုများကို သတိပြုမိလေသည်။ စွမ်းအားကောင်းသော တည်ရှိမှုများက ကမ္ဘာကြီးကို အကျပ်အတည်း ဖြစ်စေလေသည်။

ထိုကံကြမ္မာ၏ ကလေးများ မွေးဖွားလာခြင်းက နတ်ဆိုးများကို နှိမ်နင်းရန် ကြောက်စရာကောင်းသော နတ်ဆိုးအရှင် လင်းယွမ်ကို နှိမ်နင်းရန် ဖြစ်သည်။

သို့သော် ကံကြမ္မာ၏ ကလေးများ မွေးဖွားလာရန် အချိန်လိုအပ်လေသည်။ ကံကြမ္မာ၏ ကလေးသုံးယောက် မွေးဖွားလာရန် ကမ္ဘာ၏ စွမ်းအားများကို ရင်းနှီးရပြီး နှစ်နှစ်ဆယ်အတွင်း နဝမအဆင့် အထွတ်အထိပ်သို့ ရောက်လာခဲ့ကြသည်။

သို့သော် လင်းယွမ်၏ တိုးတက်နှုန်းက ပို၍ အံ့ဩစရာကောင်းပြီး ကံကြမ္မာ၏ ကလေးများပင် ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းက အတော်လေး ထူးဆန်းသော အ​ခြေအနေဖြစ်နေသည်။

လင်းယွမ်နှင့် ရင်ဆိုင်ရလျှင် ကံကြမ္မာ၏ ကလေးများက သူတို့၏ စိတ်ဝိညာဉ်များ ပြိုလဲပြီး ထိုကဲ့သို့ အတွေးမျိုးပင် တွေးရဲကြမည်မဟုတ်ပေ။

လင်းယွမ် စဉ်းစားနေစဉ် ထိုက်ယင်မူလစိတ်ဝိညာဉ်က ၎င်း၏ ပါးစပ်ကို အနည်းငယ်ဟ၍ မူလစိတ်ဝိညာဉ်အမျှင်တန်းနှစ်ခုကို ထုတ်ပေးလိုက်သည်။

ထိုမူလစိတ်ဝိညာဉ်အမျှင်နှစ်ခု စတင်စုစည်းသွားကြပြီး လက်မအရွယ် ခန္ဓာကိုယ်နှစ်ခု ဖြစ်လာသည်။ သူတို့က ထျန်ကျန်းဇီနှင့် ပိုင်ချင်းအာတို့ပင် ဖြစ်သည်။ ထိုက်ယင်မူလစိတ်ဝိညာဉ်ဝါးမျိုထားသော အခြားမူလစိတ်ဝိညာဉ်များက သန့်စင်ပြီးသွားပြီဖြစ်ပြီး ထိုနှစ်ယောက်က လင်းယွမ်၏ စိတ်ထဲမှ အရေးပါသော လူနှစ်ယောက်ဖြစ်သောကြောင့် ချန်ထားခြင်းဖြစ်သည်။

" သူတို့ကိုလည်း ဝါးမျိုလိုက်။ " လင်းယွမ်က ထျန်ကျန်းဇီနှင့် ပိုင်ချင်းအာတို့ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။

သူက ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ဆင့်ခေါ်ပြီး မူလစိတ်ဝိညာဉ်နှစ်ခုကို ဝါးမျိုစေလိုက်သည်။ သက်ရှိများ၏ မူလစိတ်ဝိညာဉ်ကို ဝါးမျိုခြင်းက မိမိစိတ်ဝိညာဉ်သန့်ရှင်းမှုကို ညစ်ညမ်းစေသော်လည်း တစ်ခါတစ်ရံ ဝါးမျိုခြင်းက ပြဿနာမရှိပေ။

လင်းယွမ်၏ လက်ရှိခွန်အားနှင့် သက်ရှိများ သန်ချီဝါးမျိုခြင်းမဟုတ်လျှင် သူ့အတွက် ပြဿနာမရှိပေ။

သူ၏ မူလခန္ဓာကိုယ်မှ ရန်ငြိုးများကို ဖြေရှင်းပြီးနောက် လင်းယွမ်က နောက်ထပ်ကိစ္စတစ်ခုကို စဉ်းစားလိုက်သည်။ တာအိုကို ပျံ့ပွားစေရန်ဖြစ်သည်။

မူလကမ္ဘာတွင် သူ၏ အဆင့်အတန်းမြင့်လာသည်နှင့်အမျှ စွမ်းအားကောင်းသော တည်ရှိမှုများက သူတို့၏ ဆွေမျိုးများ သို့မဟုတ် သူတို့နှင့် ပက်သက်သူများကို သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်စဉ်အား လက်ဆင့်ကမ်းပေးကြသည်ကို တွေ့ခဲ့ရသည်။

စကြာဝဠာထဲတွင် ပျံ့ကြဲနေသော ရှေးဟောင်းနတ်ဘုရားများပင် သူတို့၏ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လူသားမျိုးနွယ်ကြား မျှဝေပေးထားခဲ့သည်။

ရှေးဟောင်းနတ်ဘုရားများသာမက လူသားမဟာမိတ်မှ အဆင့်မြင့် စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း သူတို့၏ ကိုယ်ပိုင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖြန့်ကျက်ထားခဲ့သည်။

စကြာဝဠာလူသားမဟာမိတ်မှ စုဆောင်းထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို မိမိဆန္ဒအလျောက် အဆင့်မြှင့်ရန် မဖြစ်နိုင်ပေ။

လင်းယွမ်က သူ၏ အကိုကြီးကို တစ်ခါမေးခဲ့ဖူးသည်။ သူ၏ အကိုကြီးဆိုသည်မှာ ချီခွန်ကြယ်သခင်၏ အကြီးဆုံးတပည့်ဖြစ်သည်။ သူ၏ အကိုကြီးက လင်းယွမ်ကို အန္တိမအသိအမြင်နှင့်ပက်သက်သည့် ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်သည့်အကြောင်းကို ပြောပြခဲ့သည်။

အန္တိမအသိအမြင်က စီနီယာအကိုမပြောနှင့် ချီခွန်ကြယ်သခင်နှင့်ပင် ဝေးကွာနေဆဲ ဖြစ်သည်။ ထိုအဆင့်သို့ ရောက်လျှင် မိမိနှင့် လုံးဝသင့်တော်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးနိုင်ရန် မျှော်လင့်ချက်ရှိလေသည်။ ယခုအချိန်တွင် အကိုကြီး၊ အကိုနှစ်၊ အကိုသုံး အားလုံးက ယခင်စီနီယာများ ချန်ခဲ့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုသာ လေ့ကျင့်နေလေသည်။

လူသားမျိုးနွယ်မဟာမိတ်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ထောင်ချီရှိနေသည်။ လင်းယွမ် ဖန်တီးထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပင် ပြိုင်ဆိုင်မှုများစွာကို ရင်ဆိုင်ရလေသည်။

သို့သော် ယခုကမ္ဘာတွင် လင်းယွမ်က သူ၏ ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ရန် သိပ်မခက်ခဲပေ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက ကျင့်ကြံခြင်းစနစ်တစ်ခုလည်း ဖြစ်သည်။ အောင်မြင်ရန် အချိန်များစွာ ယူရလေသည်။

လင်းယွမ်က သူ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် သူက ဆယ်စုနှစ်အချို့ ကြာခဲ့လေသည်။ အခြားသူများဆိုလျှင် ပြောစရာပင်မလိုပေ။ သူတို့က မျိုးဆက်များ အဆင့်ဆင့် လက်ဆင့်ကမ်းပြီးမှ အောင်မြင်နိုင်လေသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပျံ့နှံ့နေစဉ် ထူးဆန်းသော သေဆုံးမှုများကို တားဆီးရန် လင်းယွမ်က ကာကွယ်သူတစ်ယောက်ကို လိုအပ်လေသည်။ သူဤကမ္ဘာမှ ထွက်သွားပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိန်းသိမ်းထားရန် လိုအပ်လေသည်။ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် လေ့ကျင့်လျှင် ပြဿနာများ ရှိလာနိုင်သောကြောင့် ကာကွယ်သူ၏ သက်တမ်းကလည်း ရှည်ရန် လိုအပ်လေသည်။

ပို၍ အရေးကြီးသည်မှာ နှစ်ပေါင်းတစ်သောင်း ကြာသည့်တိုင်အောင် လင်းယွမ်အပေါ် သစ္စာရှိနေရန် ဖြစ်သည်။ လင်းယွမ်ရွေးချယ်ထားသော ကာကွယ်သူက စစ်ထူမင်မှလွဲ၍ အခြားမဟုတ်ပေ။ စစ်ထူမင်က ငါးရောင်ခြယ်ကြာပန်းဖြစ်ပြီး နှစ်တစ်ထောင်မှ နှစ်တစ်သောင်းအတွင်း အလွယ်တကူ ရှင်သန်နိုင်လေသည်။

သူ၏ ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်က လင်းယွမ်ဆီမှ လာခြင်းဖြစ်ပြီး လုံးဝ သစ္စာရှိလေသည်။ သူ၏ အချိန်အကန့်အသတ်သို့ ရောက်လျှင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ထားပြီဖြစ်ပေလိမ့်မည်။

လအနည်းငယ်ကြာပြီးသောအခါ စစ်ထူမင်က မြေအောက်နန်းတော်သို့ ပြန်လာခဲ့သည်။

" အရှင် " စစ်ထူမင်က လင်းယွမ်ကို ဒူးထောက်ပြီး နှုတ်ဆက်လိုကသည်။

နွမ်ရှု၊ မိုယန်နတ်ဆိုးသခင်နှင့် အခြားသူများကလည်း ရိုသေစွာ ရပ်နေကြသည်။ ကောင်းကင်ဓားတောင်က တည်ရှိမှုတစ်ခု၏ ခြေတစ်လှမ်းဖြင့် ဖျက်ဆီးခံလိုက်ရသည်ဟူသော သတင်းက နယ်မြေငါးခုလုံး ပျံ့နှံ့သွားခဲ့သည်။

ထိုက်ယင်မူလစိတ်ဝိညာဉ်၏ ခြေတစ်လှမ်းက ကောင်းကင်ဓားတောင်ပေါ်မှ အဆင့်မြင့်ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ အပြင်မှ ထိုမြင်ကွင်းကို မြင်လိုက်ရသူများစွာလည်း ရှိနေသည်။ ကောလဟာလများက မျိုးစုံထွက်ပေါ်နေသည်။ ကောင်းကင်ဓားဂိုဏ်းက နတ်ဘုရားများကို စော်ကားသောကြောင့် ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်ဟု အချို့က ပြောကြလေသည်။

နတ်ဆိုးလမ်းစဉ်မှ လူများကလည်း ခန့်မှန်းချက်များစွာ ရှိခဲ့သည်။ သို့သော် စစ်ထူမင်ပြန်ရောက်လာသည်နှင့် ခန့်မှန်းချက်အားလုံး ပျောက်ကွယ်သွားခဲ့သည်။ အကြောင်းမှာ ၎င်းကို သူ၏ အရှင်လုပ်ခဲ့သည့်အကြောင်း ပြောပြခဲ့ခြင်း ဖြစ်သည်။

" ဒီနေ့စပြီး နတ်ဆိုးလမ်းစဉ်က ကျင့်ကြံသူမှန်သမျှ ဒီနည်းလမ်းကို ကျင့်ကြံရမယ်။ ပြီးတော့ ဒီကျင့်ကြံခြင်းနည်းလမ်းကို နယ်မြေငါးခုလုံး ပျံ့နှံ့သွားအောင် ကြိုးစားရမယ်။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

သူ၏ ရှေ့တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မှတ်တမ်းတင်ထားသော စာအုပ်တစ်အုပ်ရှိနေသည်။

လင်းယွမ်က ၎င်း၏ ဦးတည်ချက်ကို ပြောင်းလဲခြင်းမရှိဘဲ ဤကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ခဲ့သည်။

" ဟုတ်ကဲ့။ " နွမ်ရှုနှင့် မိုယန်နတ်ဆိုးသခင်တို့က လျင်မြန်စွာ လက်ခံလိုက်ကြသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

င် မဖြစ်ခဲ့ဖူးပေ။

All Chapters