သိုင်းတာအိုကျင့်ကြံခြင်းစနစ်.....
Vol. 9 Ch. 148
" မြောက်ပိုင်းနယ်မြေ..." အားလုံးကို ပြန်လွှတ်ပြီးနောက် လင်းယွမ်က ယွမ်ချီစမ်းချောင်းဘေးတွင် ထိုင်နေသည်။
သူ၏ လက်ရှိအဆင့်နှင့် မြောက်ပိုင်းနယ်မြေ၏ အလွန်တွင် တွင်းနက်တစ်ခုရှိသည်ကို ခံစားမိခဲ့သည်။ တွင်းနက်က ကောင်းကင်နှင့်မြေကြီး၏.ယွမ်ချီများကို တိကျသောနှုန်းဖြင့် အဆက်မပြတ် စုပ်ယူနေသည်။
လွန်ခဲ့သော နှစ်ပေါင်း ငါးသောင်းကျော်တွင် နယ်မြေငါးခုက အဆင့် ၁၁ ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်တစ်သောင်းကျော်မှ စ၍ အဆင့် ၁၁က ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်လာပြီး ဒသမအဆင့်ကပင် အလွန်ရှားပါးလာသည်။ ယခုအချိန်တွင် ထျန်ကျန်းဇီတစ်ယောက်သာ ဒသမအဆင့်သို့ ရောက်နိုင်ခဲ့သည််။
ကံကြမ္မာ၏ ကလေးများက ဒသမအဆင့်သို့ ရောက်နိုင်ကြသော်လည်း အဓိကအကြောင်းရင်းကို မဖြေရှင်းနိုင်ဘဲ ယာယီဖြေရှင်းချက်တစ်ခုသာ ဖြစ်သည်။ မဟာကံကြမ္မာ၏ နှစ်ပေါင်းများစွာမှ အလားအလာများ ကုန်ဆုံးစေရုံသာရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤကမ္ဘာကြီးတွင် နဝမအဆင့်များကိုပင် မြင်နိုင်ရန် ခက်ခဲလာပေလိမ့်မည်။
ထိုအကြောင်းရင်းများ၏ အဓိကတရားခံက လင်းယွမ်ခံစားမိခဲ့သော တွင်းနက်ပင်ဖြစ်သည်။
အရှေ့ဘက်နယ်မြေ ခရမ်းရောင်ဝါးသစ်တောထဲတွင် ရှောင်ဟော်၊ ယန်ဘီရှင်းနှင့် ရှန်လန်တို့ ရှိနေကြသည်။
" ရှဟိုယွမ်က သန်မာတယ်ဆိုရင်တောင် ငါတို့ကို ထိခိုက်မှုမရှိဘူး။ သူ့ရဲ့ ခွန်အားက သူ့ရဲ့ ကိုယ်ပိုင်ကိစ္စပဲ။ ငါတို့က ဆက်ပြီး ကျင့်ကြံဖို့လိုတယ်။ " ယန်ဘီရှင်းက ညင်သာစွာ ပြောလိုက်ပြီး သူတို့၏ စိတ်များက လျင်မြန်စွာ ပြန်လည်သက်သာလာကြသည်။
" မှန်တယ်။ ငါတို့က ကိုယ်ကိုကိုယ် သန်မာဖို့ပဲ အာရုံစိုက်သင့်တယ်။ " ရှန်လန်က ပြောလိုက်သည်။
သူတို့သုံးယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြသည်။ သူတို့ စကားပြောနေကြစဉ် တောနက်ထဲမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းကို ကြားသောအခါ သူတို့က ချက်ချင်း ထရပ်ပြီး ချဉ်းကပ်သွားကြသည်။ ထိုဟိန်းဟောက်သံက တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သူတို့က ခံစားမိကြသည်။
ခနကြာသောအခါ သူတို့သုံးယောက်က ကြီးမားသော လှိုဏ်ဂူတစ်ခုရှေ့သို့ ရောက်သွားကြသည်။ ဝင်ပေါက်က နက်မှောင်နေသော်လည်း အခြားကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားသကဲ့သိညဘ အတွင်းမှ ယွမ်ချီအတက်အကျများ ထွက်ပေါ်နေသည်။
" အဲ့ဒါဘာလဲ။ " ရှောင်ဟော်က မျက်မှောင်ကြုတ်သွား၏။
" အဲ့ဒါ မြေအောက်ကမ္ဘာရဲ့ ဝင်ပေါက်ပဲ။ နှစ်တစ်သောင်းအတွင်းမှာတောင် တွေ့ရခဲတယ်။ " ရှန်လန်က ခနစဉ်းစားပြီးနောက် စိတ်လှုပ်ရှားသွား၏။
ရှန်လန်၏ ရှင်းပြချက်နှင့်အတူ ရှောင်ဟော်နှင့် ယန်ဘီရှင်းတို့က မြေအောက်ကမ္ဘာအကြောင်း သိလာကြသည်။ မြေအောက်ကမ္ဘာက နယ်မြေငါးခု၏ မြေအောက်ကမ္ဘာဖြစ်ပြီး အဓိကမှာ ၎င်းက ယွမ်ချီများကို နှစ်ပေါင်းများစွာ ကြာအောင် စုစည်းထားခဲ့သည်။ လွန်ခဲ့သော နှစ်တစ်သောင်းကျော်က မြေအောက်ကမ္ဘာ၏ ဝင်ပေါက်များ ထွက်ပေါ်လာပြီး အထဲသို့ ဝင်သွားသူများက သိသိသာသာ အားကောင်းလာခဲ့ကြသည်။
" ဟားဟားဟား ကောင်းကင်ကတောင် ငါတို့ကို ကူညီနေတာပဲ။ " သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တုန့်ဆိုင်းခြင်းမရှိ ဝင်ရောက်သွားကြသည်။ သူတို့သုံးယောက် ဝင်သွားသည်နှင့် မြေပြင်က တုန်ခါသွားပြီး ကျောက်တုံးများ ပြိုကျကာ ဝင်ပေါက်ကို ဖုံးကွယ်သွားခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ ကောင်းကင်ဓားဂိုဏ်းက စွမ်းအားကြီးတည်ရှိမှုတစ်ခု၏ နင်းချေခြင်းခံခဲ့ရသည့် အမှန်တရားက တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။
နတ်ဆိုးအရှင် ရှဟိုယွမ်က အလွန်သန်မာလာပြီး သူ၏ ကျန့်တစ်သိန်း ကြီးမားသော မူလစိတ်ဝိညာဉ်ကို လွှတ်ကာ ကောင်းကင်ဓားဂိုဏ်းကို ဖျက်ဆီးခဲ့သည်။ အစပိုင်းတွင် ၎င်းက အလွန်စွမ်းအားကောင်းသောကြောင့် ဘယ်သူမှမယုံကြည်ခဲ့ကြပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ နတ်ဆိုးလမ်းစဉ်မှ ကျင့်ကြံသူများက ပုံမှန်အတိုင်း သွားလာနေကြသည်ကို မြင်သောအခါ လူများက တဖြည်းဖြည်း ယုံကြည်လာကြသည်။
ထို့အပြင် ၎င်းက အမှန်မဟုတ်လျှင် ရှဟိုယွမ်က သူမဟုတ်ကြောင်း ရှင်းပြပေလိမ့်မည်။ သို့သော် ရှဟိုယွမ်က ငြင်းဆန်ခြင်းမရှိသည့်အပြင် နတ်ဆိုးများကလည်း ၎င်းကို လက်ခံထားသောကြောင့် သတင်းက အမှန်ဖြစ်သည်ကို သက်သေပြနေလေသည်။
ထိုသို့ဖြင့် ရှဟိုယွမ်က ကမ္ဘာပေါ်တွင် အသန်မာဆုံး လူတစ်ယောက်ဖြစ်လာခဲ့သည်။ ကျန့်တစ်သိန်းမြင့်သော မူလစိတ်ဝိညာဉ်က အလွန်ကြောက်စရာကောင်းလှသည်။
ထို့အပြင် သိုင်းတာအိုဟုခေါ်သော ကျင့်ကြံခြင်းစနစ်တစ်ခုကလည်း နယ်မြေငါးခုတွင် ပျံ့နှံ့လာခဲ့သည်။ ကျင့်ကြံခြင်းအရည်အချင်းများစွာ မလိုဘဲ သိုင်းတာအိုကို သာမန်လူများပင် ကျင့်ကြံနိုင်ကြသည်။ ထို့ကြောင့် အချို့လူများက သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းကို စွန့်လွှတ်ပြီး သိုင်းတာအိုကို ပြောင်းလဲလာကြသည်။
ထိုသို့ဖြင့် နှစ်တစ်ရာက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နှစ်တစ်ရာအတွင်း ကမ္ဘာကြီးကလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။ သာမန်လူများ၏ မျက်လုံးထဲတွင် ၎င်းက တစ်ဘဝစာ သက်တမ်းဖြစ်၏။ ဆဋ္ဌမအဆင့်အောင် ကျင့်ကြံသူများအတွက် ၎င်းက သူတို့၏ သက်တမ်းတစ်ဝက်ဖြစ်၏။ အထူးသဖြင့် ရာစုနှစ်အတွင်း ကမ္ဘာကြီး၏ ပြောင်းလဲမှုများက လွန်ခဲ့သော နှစ်တစ်ထောင် နှစ်တစ်သောင်းထက် ကျော်လွန်နေသည်။
ပထမဆုံးမှာ ကမ္ဘာပေါ်ရှိ အသန်မာဆုံး ကောင်းကင်ဓားဂိုဏ်း၏ ကောင်းကင်ဓားတောင်ပြိုကျခြင်းဖြစ်သည်။ နှစ်တစ်သောင်းကျော် ရပ်တည်လာသော ကောင်းကင်ဓားဂိုဏ်းက ဒသမအဆင့် တစ်ယောက်မက မွေးထုတ်ပေးနိုင်ခဲ့ပြီး သူတို့၏ လွှမ်းမိုးမှုက နယ်မြေငါးခုတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။
ထိုကဲ့သို့ သန်မာသော ဂိုဏ်းတစ်ဂိုဏ်းက ကျဆင်းသွားလျှင်တောင် နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းကြာမှ လုံးဝ ပျက်ဆီးသွားပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် တစ်ချက်တည်းဖြင့် ပျက်ဆီးသွားခဲ့သည်။
၎င်းက ကောင်းကင်ဓားဂိုဏ်း၏ တပည့်များသာ သေဆုံးခဲ့ခြင်း မဟုတ်ပေ။ ကောင်းကင်ဓားတောင်ပြိုမကျမီ ထျန်ကျန်းဇီ၏ နှစ်ရှစ်ရာပြည့်မွေးနေ့ကို လာရောက်ဂုဏ်ပြုကြသော ကျင့်ကြံသူများစွာလည်း ရှိနေသည်။ သူတို့အားလုံးက ကောင်းကင်ဓားတောင်နှင့်အတူ နင်းချေခြင်း ခံခဲ့ရသည်။
နောက်ပိုင်း နတ်ဆိုးလမ်းစဉ် အင်အားစုများနှင့် ရင်ဆိုင်ရသောအခါ နယ်မြေငါးခု၏ မူလအင်အားစုများက ပြိုလဲသွားခဲ့သည်။ ပထမဆယ်စုနှစ်များတွင် နတ်ဆိုးလမ်းစဉ်က ကောင်းကင်ဓားဂိုဏ်းပင် မလုပ်နိုင်ခဲ့သော နယ်မြေငါးခုကို ပေါင်းစည်းနိုင်ခဲ့သည်။ အဓိကမှာ နတ်ဆိုးလမ်းစဉ်အင်အားစုများက လင်းယွမ်ကြောင့် ထိုကဲ့သို့ ပြုလုပ်နိုင်ကြခြင်း ဖြစ်သည်။
လင်းယွမ်က နယ်မြေငါးခုမှ အဓိကအသက်ဖြစ်သော သန်မာသည့်ကျင့်ကြံသူများကို မသတ်ခဲ့လျှင် နတ်ဆိုးများက နယ်မြေငါးခုကို ပေါင်းစည်းချင်လျှင် ဆယ်စုနှစ်ကျော်ကြာအောင် တိုက်ခိုက်ရပေလိမ့်မည်။ ထို့အပြင် အောင်မြင်ခဲ့လျှင်တောင် ၎င်းက အပေါ်ယံမျှသာ ဖြစ်သည်။
နယ်မြေငါးခု၏ မူလအင်အားစုများမှ အကြွင်းအကျများက ပုန်းကွယ်နေပြီး နောက်ပိုင်းတွင် တန်ပြန်တိုက်ခိုက်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် ခုခံမှုအားလုံးက အချည်းနှီးသာ ဖြစ်သည်။
လင်းယွမ်က မြေအောက်နန်းတော်မှ ထွက်သွားခြင်းမရှိဘဲ ခုခံသော အင်အားစုများရှိလျှင် သူက ယင်နှင့်ယန် မူလစိတ်ဝိညာဉ်တို့ကို စေလွှတ်လိုက်ရုံသာ ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင် ခုခံသော အင်အားစုများလည်း ရှိခဲ့သည်။ သူတို့က အရိပ်ထဲတွင် ပုန်းအောင်းပြီး အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။
အရှေ့ပိုင်းနယ်မြေ ပင်းဟိုင်မြို့၊ တည်းခိုခန်းတစ်ခုတွင် ပုံပြောသူတစ်ယောက်က စိတ်အားထက်သန်စွာ စကားပြောနေသည်။
" လက်ရှိအဖြစ်အပျက်တွေကို ပြောရရင်တော့ ကမ်းရိုးတန်းနေရာကို ရောက်လာတဲ့ ကျင့်ကြံသူတွေက လွန်ခဲ့တဲ့ နှစ်တစ်ရာက နတ်ဆိုးလမ်းစဉ်အင်အားစုတွေ ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ချင်းရွှေဂိုဏ်းရဲ့ တပည့်တွေလို့ သံသယရှိပါတယ်။ အဲ့ဒီတုန်းက အသက်ရှင်ရက် ထွက်ပြေးသွားတဲ့ တပည့်တွေက အခု ပြန်ရောက်လာကြပြီ။ "
" ကျုပ်အထင် အရှေ့ပိုင်းနယ်မြေက ထပ်ပြီး အေးချမ်းတော့မှာမဟုတ်ဘူး။ " ပုံပြောသူက သူ၏ ကိုယ်ပိုင်အတွေးများကို ထုတ်ပြောလိုက်သည်။
ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်နေခြင်းက သာမန်လူများအတွက် ကောင်းမွန်သောအရာမဟုတ်ပေ။
ထိုအချိန်တွင် တည်းခိုခန်း၏ ထောင့်မှ ဆံပင်အဖြူများနှင့် အဘိုးကြီး တစ်ယောက်က သူ၏ ဝိုင်ခွက်ကို ပျော်ရွှင်စွာ မော့သောက်လိုက်သည်။ အကယ်၍ နဝမအဆင့် ကျင့်ကြံသူများရှိလျှင် ထိုအဘိုးကြီး၏ နက်ရှိုင်းသောအော်ရာမှာ နဝမအဆင့်ပင် ဖြစ်သည်ကို ခံစားမိကြပေလိမ့်မည်။
သို့သော် ထိုအဘိုးကြီးက အခြားနဝမအဆင့် ကျင့်ကြံသူများနှင့် ကွဲပြားလေသည်။ သူက အာဏာနှင့် ချမ်းသာခြင်းကို မရှာဖွေဘဲ နယ်မြေငါးခုကို လျှောက်သွားပြီး ဝိုင်များကိုသာ မြည်းစမ်းခဲ့သည်။
" ပင်းဟိုင်မြို့ရဲ့ ပန်းအရက်က ပိုအရသာရှိလာတယ်။ " အဘိုးကြီးက မှတ်ချက်ပေးလိုက်သည်။
" အဘိုး ထပ်မသောက်နဲ့တော့။ " သူ၏ ဘေးတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် ရှိနေသည်။
" ပုံပြောသူပြောတာ အဘိုး မကြားဘူးလား။ အရှေ့ပိုင်းနယ်မြေက မငြိမ်မသက်ဖြစ်လာတော့မယ်။ "
" အို့..."အဘိုးကြီးက သာမန်အတိုင်း တုန့်ပြန်လိုက်ပြီး ပန်းအရက်ကိုသာ ဆက်သောက်နေသည်။
" အဘိုး..." မိန်းကလေးက ပို၍ စိုးရိမ်လာသည်။ " မျိုးနွယ်ငါးခုက လှုပ်ရှားမယ်လို့ အဘိုးထင်လား။ "
" နင့်လိုကလေးမလေးက ဒီလိုကိစ္စတွေ ဘာလို့စိုးရိမ်နေတာလဲ။ " အဘိုးကြီးက စိုးရိမ်နေသော မိန်းကလေးကို ကြည့်လိုက်သည်။
" အရှေ့ပိုင်းနယ်မြေက မငြိမ်မသက်ဖြစ်လာမလား ငါမသိပေမယ့် မကြာသေးခင်က မြေကြီးမီးတေက်ဂိုဏ်းက လူအချို့က ငါ့ကို မြေကြီးအဆင့် ယွမ်ချီစမ်းချောင်းအပေါ် လှုပ်ရှားစေချင်နေတယ်။ "
"အာ ဒါဆို အဘိုးလက်ခံလိုက်လား။ " မိန်းကလေးက မျက်လုံးများက တောက်ပသွား၏။
" ဒါပေါ့ လက်မခံခဲ့ဘူး။ ငါ့လို အဘိုးကြီးတစ်ယောက်က ပျော်ပျော်ပဲနေသင့်တယ်။ " အဘိုးကြီးက သူ၏ ခေါင်းကို ခါလိုက်သည်။ သူက နတ်ဆိုးအရှင်ကို ဆန့်ကျင်ရန် သတ္တိမရှိပေ။
နတ်ဆိုးအရှင်က ဘယ်သူလဲ။ သူက နှစ်တစ်သိန်းအတွင်း အသန်မာဆုံးလူတစ်ယောက် ဖြစ်သည်။
သာမန်လူများက ကျန့်တစ်သိန်း မူလစိတ်ဝိညာဉ်၏ အဓိပ္ပါယ်ကို မသိကြသော်လည်း နဝမအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ၎င်းက မည်မျှကြောက်စရာကောင်းသည်ကို နားလည်လေသည်။
" နယ်မြေငါးခုက နတ်ဆိုးလမ်းစဉ်အောက် ကျရောက်သွားလည်း ကွာခြားမှုသိပ်ရှိမှာမဟုတ်ဘူး။ " အဘိုးကြီးက သူ၏ မြေးမလေးကို ကြည့်လိုက်သည်။
လွန်ခဲ့သော နှစ်ကိုးဆယ်ကတည်းက နတ်ဆိုးလမ်းစဉ်က နယ်မြေငါးခုအား စုစည်းခြင်းကို လူအိုကြီးက မြင်တွေ့ခဲ့ရသည်။ အစတွင် သူ၏ အတွေးမှာ နယ်မြေငါးခုသာ နတ်ဆိုးလမ်းစဉ်၏ အုပ်ချုပ်မှုအောက်ရောက်သွားလျှင် သတ္တဝါအားလုံး ဒုက္ခရောက်ကြလိမ့်မည်ဟု ထင်ခဲ့သည်။
နတ်ဆိုးလမ်းစဉ်မှ ကျင့်ကြံသူများအတွက် သက်ရှိများမှာ အားဖြည့်စရာတစ်ခုပင် မဟုတ်ပါလား။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အဘိုးကြီးက ထိုကဲ့သို့ ဖြစ်မလာသည်ကို သတိပြုမိလာခဲ့သည်။
နယ်မြေငါးခုကို စုစည်းပြီးနောက် နတ်ဆိုးလမ်းစဉ်က သိုင်းတာအိုဟူသော ကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခဲ့သည်။ ထိုကျင့်ကြံခြင်းစနစ်ကို နတ်ဆိုးလမ်းစဉ်မှ ကျင့်ကြံသူများက အသေးစိတ် ရှင်းပြခဲ့ကြသည်။
ထိုကဲ့သို့ စေတနာထက်သန်သော လုပ်ရပ်က လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း တစ်သိန်းကပ