← Chapters

ပိုင်မိသားစု၏ မျိုးဆက်....

Vol. 9 Ch. 149

ပိုင်မိသားစု၏ မျိုးဆက်....

Vol. 9 Ch. 149

နယ်မြေငါးခုမှ အင်အားစုများက သူတို့၏ အဆင့်အတန်းကို ထိန်းသိမ်းနိုင်ရန် သူတို့၏ ကျင့်စဉ်များကို ဖြန့်ဝေခဲ့ခြင်းမရှိပေ။ လမ်းညွှန်ပေးမည့်လူများလွှတ်ရန် ပြောစရာပင်မလိုပေ။

" အဘိုး သမီး အလယ်ပိုင်းနယ်မြေက နတ်ဆိုးလမ်းစဉ်ရဲ့ တော်ဝင်နယ်မြေကို သွားကြည့်ချင်တယ်။ " ကလေးမလေးက ပြောလိုက်သည်။

နတ်ဆိုးလမ်းစဉ်၏ တော်ဝင်နယ်မြေဆိုသည်မှာ လင်းယွမ် ကျင့်ကြံနေသော မြေအောက်နန်းတော်ပင်ဖြစ်သည်။ ရာစုနှစ်ကြာပြီးနောက် ထိုမြေအောက်နန်းတော်က မရေတွက်နိုင်သော ကျင့်ကြံသူများ လာရောက် အရိုအသေပြုသော တော်ဝင်နယ်မြေတစ်ခု ဖြစ်လာသည်။ နတ်ဆိုးအရှင်၏ ကျင့်ကြံခြင်းကို အနှောက်အယှက်မဖြစ်စေရန် ကျင့်ကြံသူများကို မြေအောက်နန်းတော်၏ မိုင်ငါးဆယ်အကွာထိသာ လာခွင့်ပြုလေသည်။

" နတ်ဆိုးလမ်းစဉ်ရဲ့ တော်ဝင်နယ်မြေ။ " အဘိုးကြီးက တုန့်ဆိုင်းသွား၏။ သို့သော် သူက ဤနှစ်များတွင် နတ်ဆိုးအရှင်ကို ဆန့်ကျင်ခြင်းမရှိခဲ့သည်ကို တွေးပြီး ပြန်လည်တည်ငြိမ်သွားသည်။

" ကောင်းပြီ။ " အဘိုးကြီးက ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။

မြေအောက်နန်းတော် ယွမ်ချီစမ်းချောင်း၏ ဘေးတွင် လင်းယွမ်က ထိုင်နေသည်။ သူ၏ အော်ရာက လေဟာနယ်တစ်ခုထဲတွင် ရှိနေသကဲ့သို့ လုံးဝ ငြိမ်သက်နေသည်။

နာမည် - လင်းယွမ်

အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်

စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း

လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း

လက်ကျန်အချိန် - ၁၄၀ နှစ်

" နှစ်ပေါင်း ၁၄၀ ကျန်သေးတယ်။ " လင်းယွမ်က သူ၏ အချက်အလက်များကို ကြည့်ပြီး တွေးလိုက်သည်။

သူက ဤကမ္ဘာသို့ ဆင်းသက်လာသည်မှာ နှစ်ပေါင်း ၁၆၀ ရှိပြီဖြစ်သည်။ နေထိုင်ချိန် နှစ်ပေါင်းသုံးရာက တစ်ဝက်ကျော်ကုန်သွားပြီဖြစ်သည်။

" အဆင့် ၁၆ " လင်းယွမ်က သူ့ကိုသူ စစ်ဆေးလိုက်သည်။

နှစ်ပေါင်းတစ်ရာကျင့်ကြံခြင်းက လင်းယွမ်ကို အဆင့် ၁၄ မှ အဆင့် ၁၆သို့ ရောက်သွားစေခဲ့သည်။ သို့သော် အဆင့် ၁၆သို့ ဝင်ရောက်ချိန်တွင် လင်းယွမ်က ထိုအဆင့်မှာ ဤကမ္ဘာ၏ ကန့်သတ်ချက်ဖြစ်သည်ကို ခံစားခဲ့ရသည်။ ဆက်လက်တိုးတက်လာလျှင် ကမ္ဘာ၏ ငြင်းပယ်ခြင်းကို ဆန့်ကျင်စေနိုင်လေသည်။

" မဟုတ်သေးဘူး။ ဒီကမ္ဘာရဲ့ ကန့်သတ်ချက်က အဆင့် ၁၆ပဲ မဖြစ်သင့်ဘူး။ "

" အဲ့ဒါက မြောက်ပိုင်းနယ်မြေက တွင်းနက်ကြောင့်လား။ " လင်းယွမ်က စဉ်းစားရင်း သူ၏ အကြည့်က မြောက်ပိုင်းနယ်မြေသို့ ရောက်သွားသည်။

လွန်ခဲ့သော နှစ်တစ်ရာတွင် လင်းယွမ်က မြောက်ပိုင်းနယ်မြေ၏ အလွန်မှ ကြီးမားသော တွင်းနက်ကြီးကို ရှာတွေ့ခဲ့သည်။ ထိုတွင်းနက်က အချိန်တိုင်း ဤကမ္ဘာ၏ ယွမ်ချီများကို ဝါးမျိုနေခဲ့သည်။ ရလဒ်အနေဖြင့် ဤကမ္ဘာ၏ ကျင့်ကြံခြင်းကန့်သတ်ချက်က တဖြည်းဖြည်း နိမ့်ကျလာခဲ့သည်။

လွန်ခဲ့သော နှစ်ငါးသောင်းတွင် အဆင့် ၁၁များ ရှိခဲ့သော်လည်း လွန်ခဲ့သော နှစ်တစ်သောင်းတွင် ဒသမအဆင့်များပင် ရှားပါလာခဲ့သည်။ နောက်ထပ် နှစ်တစ်သောင်းကြာပြီးလျှင် နဝမအဆင့်များပင် ဒဏ္ဍာရီတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုတွင်းနက်ကြောင့် လင်းယွမ်က ဤကမ္ဘာပေါ်တွင် နေရခြင်းက လိုက်လျောညီထွေ မဖြစ်တော့ပေ။

" အရင် ထွက်ပေါ်ခဲ့တဲ့ ဒသမအဆင့်တွေက ရာစုနှစ်အတွင်း နယ်မြေငါးခုက ပျောက်ကွယ်သွားတဲ့ အကြောင်းရင်းက မြောက်ပိုင်းက တွင်းနက်ဆီကို သွားခဲ့ကြတာဖြစ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

နတ်ဆိုးလမ်းစဉ်က နယ်မြေငါးခုကို စုစည်းပြီးသောအခါ သူက သမိုင်းမှတ်တမ်းများစွာကို ရရှိခဲ့ပြီး လွန်ခဲ့သော နှစ်တစ်သောင်းမှ ဒသမအဆင့်များ၏ လှုပ်ရှားမှုများကို နားလည်နိုင်ခဲ့သည်။

လင်းယွမ်က တွင်းနက်အကြောင်းစဉ်းစားနေစဉ် ရုတ်တရက် အံ့ဩသော အမူအရာပေါ်လာပြီး အရှေ့ဘက်သို့ ကြည့်လိုက်သည်။

လင်းယွမ်၏ အကြည့်အောက်တွင် မြေအောက်နန်းတော်မှ မိုင်သုံးဆယ်အကွာတွင် လူနှစ်ယောက်လာနေသည်ကို တွေ့လိုက်ရသည်။

တစ်ယောက်မှာ နဝမအဆင့် လူအိုကြီးတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမက စူးစမ်းလိုစိတ်အပြည့်ဖြင့် မြေအောက်နန်းတော်၏ လမ်းညွှန်မြေပုံကို စစ်ဆေးနေသည်။

လင်းယွမ်၏ အကြည့်က မိန်းကလေးအပေါ်သို့ ကျရောက်သွားသည်။

" ပိုင်မိသားစုမှာ မျိုးဆက်တွေကျန်နေတုန်းပဲ။ " လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ရင်ထဲတွင် လွမ်းဆွတ်ဖွယ် ခံစားချက်တစ်ခုကို ရလိုက်သည်။

ရှဟိုယွမ်က နတ်ဆိုးလမ်းစဉ်ကို မအောင်မြင်မီ ပိုင်မိသားစု၏ တိုက်ရိုက်သမီးနှင့် ချစ်မိသွားခဲ့သည်။ နောက်ပိုင်း ရှဟိုယွမ်တွင် ရန်သူများစွာရှိသောကြောင့် ပိုင်မိသားစုက အမြစ်ဖြတ်သုတ်သင်ခြင်း ခံခဲ့ရသည်။ ပိုင်မိသားစုက ရှဟိုယွမ်အတွက် အရေးပါလေသည်။

ထို့နောက် ကောင်းကင်ဓားဂိုဏ်းမှ လွမ်အာက ပိုင်မိသားစု၏ သွေးမျိုးဆက်ကို အသုံးပြုပြီး ပိုင်ချင်းအာအဖြစ် ရှဟိုယွမ်ကို ချဉ်းကပ်ခဲ့သည်။ အချိန်ကြာလာသောအခါ သူမက ရှဟိုယွမ်၏ ယုံကြည်မှုကို ရရှိခဲ့သည်။ နောက်ဆုံးတွင် သူက ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် အကျဉ်းချခံခဲ့ရသည်။

ယခု လင်းယွမ်က မိန်းကလေးဆီမှ ပိုင်မိသားစု၏ သွေးမျိုးဆက်အော်ရာကို ခံစားမိခဲ့သည်။ ၎င်းက ပိုင်ချင်းအာကဲ့သို့ ဖုံးကွယ်ထားခြင်းမဟုတ်ဘဲ သူမ၏ သွေးအဆီအနှစ်ထဲမှ လာခြင်းဖြစ်သည်။

မြေအောက်နန်းတော်နှင့် မိုင်သုံးဆယ်အဝေးတွင် အဘိုးကြီးက စိတ်လှုပ်ရှားနေ၏။ သူက မြေအောက်နန်းတော်နှင့် နီးလေ သူ၏ စိတ်က မတည်မငြိမ်ဖြစ်လာလေ ဖြစ်သည်။

" ရှောင်ပိုင် ဆက်သွားချင်တာ သေချာရဲ့လား။ " အဘိုးကြီးက မေးလိုက်သည်။

အစတွင် သူက အခြားကျင့်ကြံသူများကဲ့သို့ မြေအောက်နန်းတော်ကို မိုင်ငါးဆယ်အဝေးမှ ကြည့်ရန် မိန်းကလေးနှင့် လာခဲ့ခြင်းဖြစ်သည်။ သို့သော် မိန်းကလေးက စူးစမ်းလိုစိတ်ဖြင့် မြေအောက်နန်းတော်နှင့် နီးကပ်လာပြီး မိုင်သုံးဆယ်အဝေးသို့ ရောက်လာခဲ့ခြင်း ဖြစ်ငည်။

ရှဟိုယွမ်က ကောင်းကင်ဓားဂိုဏ်းကို ခြေတစ်လှမ်းဖြင့် ဖျက်ဆီးခဲ့သည််ကို ပြန်တွေးမိသောအခါ အဘိုးကြီးက ချွေးများပြန်လာခဲ့သည်။ သူ၏ ခြေထောက်များပင် အားနည်းလာသည်။

" အဘိုးက ဘာကြောက်နေတာလဲ။ ဒီလမ်းက တော်ဝင်နယ်မြေကို ကောင်းကောင်းကြည့်ဖို့ လုပ်ထားတာ လူတိုင်းသိတယ်။ " မိန်းကလေးက ရှေ့မှ ဦးဆောင်နေပြီး သူမ၏ အသံက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

" နင် သေချာလား။ " အဘိုးကြီးက မိန်းကလေးအား ခေါ်လာခြင်းကို နောင်တရနေမိသည်။

ထိုမိန်းကလေးက သူ၏ မြေးအရင်းမဟုတ်သော်လည်း မြေးအရင်းကဲ့သို့ အမြဲဆက်ဆံခဲ့လေသည်။

" သေချာတယ်။ သမီးတို့အရင် အခြားသူတွေလည်း ဒီလမ်းအတိုင်း သွားနေကြတာပဲ။ ဘာပြဿနာမှမရှိဘူး။ " မိန်းကလေးက သူမ၏ ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။

" ငါလည်း အဲ့လိုမျှော်လင့်တာပဲ။ " အဘိုးကြီးက သူ၏ စိတ်ကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

သူက ထိုလမ်းအတိုင်း လူများသွားလာနေကြသည်ကို သတိပြုမိလေသည်။ သို့သော် နတ်ဆိုးအရှင်နှင့် နီးကပ်လာသည်နှင့်အမျှ အဘိုးကြီးက သူ၏ စိတ်ထဲမှ ကြောက်ရွံ့မှုကို ခံစားနေရသည်။

" အဘိုးက အရမ်းကြောက်တတ်တာပဲ။ " မိန်းကလေးက မထိန်းနိုင်ဘဲ ပြောလိုက်သည်။

" ကြောက်တတ်တယ်..." အဘိုးကြီးက ကူကယ်ရာမဲ့သွား၏။ သူက ဘာပြန်ပြောရမှန်း မသိ​တော့ပေ။

ထိုအချိန် အဘိုးကြီးနှင့် မိန်းကလေးတို့ သွားနေသော လမ်းရှေ့တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက် တိတ်ဆိတ်စွာ ပေါ်လာသည်။

၎င်းကို မြင်သောအခါ မိန်းကလေးက ရယ်လိုက်သည်။ " အဘိုး ကြည့်လိုက်။ ဒီလမ်းမှာ သမီးတို့ပဲ ရှိတာမဟုတ်ပါဘူး။ တော်ဝင်နယ်မြေကို အနီးကပ်ကြည့်ချင်တဲ့ အခြားသူတွေလည်း ရှိနေတာပဲ။ "

" ကောင်းပြီလေ။ " အဘိုးကြီးက သက်ပြင်းချလိုက်သည်။

အရပ်ရှည်ရှည်နှင့်လူက ကျင့်ကြံခြင်းအငွေ့အသက်များ မရှိဘဲ ရပ်နေသည်။ ထို့ကြောင့် အဘိုးကြီးက စိတ်အေးသွားခြင်း ဖြစ်သည်။ သာမန်လူများပင် ထိခိုက်မှုမရှိဘဲ သွားနိုင်လျှင် သူတို့အတွက် ဘာပြဿနာမှ မရှိပေ။

မိန်းကလေးက အရပ်ရှည်ရှည်နှင့် လူကို ကြည့်ပြီး ပြောလိုက်သည်။ " ရှင်က တော်ဝင်နယ်မြေကို လာကြည့်တာလား။ "

" တော်ဝင်နယ်မြေ..." အရပ်ရှည်ရှည်နှင့်လူက မိန်းကလေးကို လှည့်ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။

" မရှက်ပါနဲ့။ တော်ဝင်နယ်မြေကို ကြည့်တာကလွဲရင် ဒီကို ဘယ်သူလာမှာလဲ။ " မိန်းကလေးက ရှေ့သို့ တိုးသွားပြီး ပြောလိုက်သည်။ " ကျွန်မတို့ ရေစက်ပါလို့ ဆုံရတာပဲ အတူတူသွားကြမယ်လေ။ ကျွန်မရဲ့ အဘိုးက အရမ်းစွမ်းအား​ကောင်းတာ။ သူက နယ်မြေငါးခုက ဆရာသခင်တစ်ယောက်ပဲ။ " မိန်းကလေးက ဖိတ်ခေါ်လိုက်သည်။

အရပ်ရှည်ရှည်နှင့်လူက လက်ခံခြင်းလည်း မရှိသလို ငြင်းဆန်ခြင်းလည်း မရှိပေ။ မိန်းကလေးက ထိုလူ၏ ကြောင်တောင်တောင် ပုံစံကို ကြည့်ပြီး ဒေါသထွက်သွားသည်။

" ကျွန်မရဲ့ အဘိုးက နဝမအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ နဝမအဆင့်က ဘာလဲဆိုတာ သိလား။ " မိန်းကလေးက အမှန်တရားအချို့ ထုတ်ပြောလိုက်သည်။ " နယ်မြေငါးခုလုံးမှာ နဝမအဆင့် ကျင့်ကြံသူက တစ်ရာတောင် မပြည့်ဘူး။ ကျွန်မရဲ့ အဘိုးက သူတို့ထဲက တစ်ယောက်ပဲ။ ရှင် အန္တရာယ်ဖြစ်မှာ စိုးရိမ်စရာမလိုဘူး။ "

".မင်းရဲ့ အဘိုးက မင်းကို မွေးစားထားတာလား။ " နောက်ဆုံးတွင် ထိုလူက နက်နဲပြီး ဆွဲတောင်မှုရှိသော အသံနှင့် ပြောလိုက်သည်။ အဘိုးကြီးဆီမှ သူက ပိုင်မိသားစု၏ သွေးမျိုးဆက်ကို ရှာမတွေ့ခဲ့ပေ။

" ဟမ် ရှင်ဘယ်လိုသိတာလဲ။ " မိန်းကလေးက မျက်လုံးများ ပြူးသွားသည်။

" ဖြစ်နိုင်တာ ရှင်က ရှေ့ဖြစ်ဟောသူလား။ ကျွန်မက အဘိုးရဲ့ မြေအရင်းမဟုတ်ဘူးဆိုတာ ချက်ချင်း သိနိုင်တာလား။ " မိန်းကလေး၏ မျက်လုံးများ တောက်ပသွား၏။

" ပိုင်...." အဘိုးကြီးက တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အသံက အနည်းငယ် တုန်ယင်သွားသည်။ သူက ရှေ့ဆက်မပြောနိုင်ဘဲ အရပ်ရှည်ရှည်နှင့်လူကိုလည်း မော့မကြည့်ရဲပေ။

" ရှင်က တကယ်အရည်အချင်း ရှိမယ်လို့ ကျွန်မ မထင်ထားဘူး။ ရှေ့ဖြစ်ဟောသူတွေက လူလိမ်တွေပဲလို့ ကျွန်မထင်ခဲ့တာ။ " မိန်းကလေးက စိတ်ဝင်စားသွား၏။ ထိုလူက တစ်ချက်ကြည့်ရုံနှင့် သူမက အဘိုး၏ မြေးအရင်းမဟုတ်သည်ကို သိနိုင်လေသည်။

" လာ လာ လာ ကျွန်မက အဘိုးလို စွမ်းအားကောင်းတဲ့လူ ဖြစ်လာနိုင်လား ကြည့်ပေးပါဦး။ " မိန်းကလေးက ခြေဖျားထောက်ပြီး ထိုလူ၏ ပခုံးကို ပုတ်လိုက်သည်။

" မစိုးရိမ်ပါနဲ့။ ရှင်တွက်တာမှန်ရင် ကျွန်မက ရှင့်ကို ဆုချမှာပါ။ ကျွန်မအဘိုးမှာ ရတနာတွေ အများကြီးရှိတယ်။ ရှင်ကြိုက်တာရွေးလို့ရတယ်။ "

" ပိုင်..." မိန်းကလေး​က အရပ်ရှည်ရှည်နှင့်လူ၏ ပခုံးအား ပုတ်လိုက်သည်ကို မြင်သောအခါ အဘိုးကြီး​က မူးဝေသွားပြီး လဲကျလုနီးပါး ဖြစ်သွား၏။

နောက်ထပ် မိန်းကလေးက ခြေဖျားထောက်ပြီး ထိုလူ၏ ပခုံးကို ကိုင်လိုက်ချိန်တွင် ရုတ်တရက် လေထုက တင်းကျပ်သွားသည်။

ပတ်ဝန်းကျင်တွင် လူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြပြီး အားလုံးက နဝမအဆင့် အော်ရာကို ထုတ်လွှတ်နေကြသည်။ နဝမအဆင့် ကျင့်ကြံသူ နှစ်ဆယ်ထက်မနည်းက မနီးမဝေးတွင် ရပ်နေကြသည်။ သူတို့၏ ခေါင်းဆောင်က နဝမအဆင့်ထက် ကျော်လွန်သော အော်ရာတစ်ခုကို ပိုင်ဆိုင်ထားသည်။

သို့သော် မိန်းကလေးက ကျင့်ကြံခြင်းမရှိသောကြောင့် ထိုလူများ သူမ၏ နောက်တွင် ပေါ်လာသည်ကို သတိမထားမိပေ။

သို့သော် အဘိုးကြီးကတော့ အားလုံးကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သူ၏ နဖူးမှ အေးစက်သော ချွေးများ စီးကျလာပြီး သူ၏ ခြေထောက်များက ထိန်းချုပ်နိုင်စွမ်းမရှိဘဲ တုန်ယင်နေသည်။

All Chapters