← Chapters

တိမ်တိုက်ဝိဉာဉ်

Vol. 008 Ch. 736

တိမ်တိုက်ဝိဉာဉ်

Vol. 008 Ch. 736

ရှီမာယူယူသည် အနည်းငယ်နာကျင်သည်ဟုခံစားရသည်။ သူမသည် ပြီးခဲ့သည့်မိုးကြိုးဘေးသင့်မှုမှ ပြန်ကောင်းလာသည်မှာ ၂ရက်သာရှိသေးသော်လည်း ထပ်ပြီးမိုးကြိုးထိမှန်ခံရသည်။

စာချုပ်သင်္ကေတသည် လုဖေ၏ ခေါင်းမှထွက်လာပြီး ကျန်တစ်ဝက်မှာ ထိုအမျိုးသား၏နဖူးမှထွက်လာ သည်။ ထိုသင်္ကေတနှစ်ခုသည် လေထဲတွင်ပေါင်းသွားကြပြီး အတားအဆီးကိုဖြတ်ကာ တိမ်တိုက်များဆီသို့ ဝင် ရောက်ပြီး ကွဲသွားလေသည်။

“ရွှမ်း”

စာချုပ်သင်္ကေတသည် ဘေးသင့်မှုတိမ်တိုက်ဆီသို့ပျံသွားရာ ဘေးသင့်မှုတိမ်တိုက်သည် အားများတိုး လာကာ မိုးကြိုးပစ်ချလေသည်။ မြို့ထဲမှလူအားလုံးသည် ရင်ဘတ်ထဲမှ နှလုံးများခုန်ကျမတတ်ခံစားလိုက်ရ သည်။

ကာကွယ်ရေးတည်ဆောက်မှုပြိုကွဲသည်နှင့် ရှီမာယူယူသည် အိမ်မှပျံထွက်လာကာ မိုးကြိုးကိုကြည့်ပြီး ပြန်တိုက်ခိုက်လေသည်။

“သေစမ်း ဘေးသင့်မှုတိမ်တိုက် ငါ့နောက်ကို ဘာလို့တစ်နေကုန်လိုက်နေတာလဲ၊ နောက်ထပ် နှစ်ချက် လောက်ပစ်ကြည့်လိုက် ငါ့ခရမ်းရောင်လျှပ်စီးထက်ပိုအားကောင်းလားကြည့်ရအောင်” သူမကို လျှပ်စီးနှင့်ပစ် လိုက်ချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးထုံသွားသည်ကို ခံစားရသည်။ သူမ ညွှန်ကြားချက်မရှိပဲလျက်နှင့်တောင် မိုးကြိုးသည် သူမ၏ ပင်မသွေးကြောသို့ပစ်လေသည်။

ဘေးသင့်မှုတိမ်တိုက်မှ ဝိဉာဉ်တိမ်တိုက်သည် ရှီမာယူယူကိုမြင်သောအခါ ပြင်းထန်ကျယ်လောင်စွာ အော်လေသည်။ ဘာလို့ အမြဲတမ်းသူမနဲ့တွေ့နေရတာလဲ။ ဘာကြောင့်လဲ ဘာကြောင့်လဲ ဘာကြောင့်လဲ…. သူမနှင့် ဆက်တိုက်တွေ့နေရတာက ပြဿနာမဟုတ်ဘူး ဒါပေမဲ့ ပစ်လိုက်တိုင်းမှာ သူမဘာကြောင့် မသေရတာ လဲ။ သူအသက်ရှင်ရတာ ပိုခက်လာသလိုပဲ။ ဘယ်နေရာကများ မက်လောက်စရာရှိလို့လဲ။ ထိတ်လန့်စရာပဲလား။ သူမကြောင့် အကုန်ရေစုန်မြောပြီလား။

အခု သူနဲ့ထပ်တွေ့တာတောင် ပြင်းထန်တဲ့စကားလုံးတွေနဲ့ ထိုးနှက်နေသေးတယ်။ ထိုအချိန်တွင် သူ အမှန်တကယ်ပင် မျက်နှာပျက်ရသည်။

သို့သော် သူမ ခန္ဓာကိုယ်ထဲတွင် အမှန်တကယ်ပင် ခရမ်းရောင်လျှပ်စီးရှိနေသည်။ သူမသာ ထိုလျှပ်စီးကို ထုတ်လာပါက သူရင်မဆိုင်ရဲပေ။ ပြဿနာတက်ပြီ၊ တကယ်ပဲပြဿနာပဲ။ သူက ဘယ်တုန်းကမှ လူတစ်ယောက် ရဲ့ခြိမ်းခြောက်တာကိုခံရဖူးတာမဟုတ်ဘူး… ဒီနှစ်တွေမှာ လုံးဝကိုမရှိတဲ့တာ…

ဘေးသင့်မှုတိမ်တိုက်ဝိဉာဉ်သည် ပိုဖိအားများလာကာ ပိုစဉ်းစားကြည့်သည်။ သူကျယ်လောက်စွာ ညည်းတွားသည့်အသံအပြင် ဝမ်းနည်းမှုပါ ပါနေသည်။

ဘေးသင့်မှုတိမ်တိုက်ညည်းတွားနေသည်ကို မြင်သောအခါ အားလုံးသည် မှင်တက်မိကြသည်။

ဒါက… လွှမ်းမိုးမှုအားကြီးလိုက်တာ…

“ဒါပေမဲ့ ဘေးသင့်မှုတိမ်တိုက်ကို ခြိမ်းခြောက်တာက… အသုံးဝင်ပါ့မလား” နီအန်းယီသည် ပြောရင်းနှင့် စကားရပ်သွားသေးသည်။

“ဖြစ်နိုင်လောက်ပါတယ်” ရှီချန်းသည် မသေချာပေ။ သူသည် အရင်က ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဘယ်လိုသက်ရောက်မလဲဆိုတာ ဘယ်သူသိမှာလဲ။

ဘေးသင့်မှုတိမ်တိုက်တွင် အသက်ရှိနေသည်ဟု ရှီမာယူယူခံစားနေရသည်။ အသေအချာကို ထိန်းချုပ် တဲ့သူရှိနေတယ်။ သူ ညည်းတွားသည်နှင့် စိတ်သဘောထားများထုတ်လွှတ်နေသကဲ့သို့ ခံစားရသည်။

တကယ်ပဲ တစ်ခုခုရှိနေတာလား။

ခေတ္တမျှစဉ်းစားပြီးနောက်တွင် သူမသည် ကာကွယ်ရေးတည်ဆောက်မှုလုပ်ပြီးနောက် ဘေးသင့်မှု တိမ်တိုက်ဆီသို့ ပျံသွားလေသည်။

“သူ.. သူ… ဘာလုပ်တာလဲ” နီအန်းယီသည် စကားပင်သေချာမပြောနိုင်ပဲ တုန်ယင်နေသည်။

“သူ ဘေးသင့်မှုတိမ်တိုက်ထဲသွားဖို့လုပ်နေတာတော့ မဟုတ်လောက်ပါဘူးနော်” ဒိုင်ယိသည် အော်လေ သည်။

“သူ.. တကယ်ပဲ”

ကြည့်နေသူများသည် သူမ ဘေးသင့်မှုတိမ်တိုက်သို့ပျံသွားသည်ကိုမြင်လိုက်သည်နှင့် ကြောက်ရွံ့မှု ထက်ပင် ကျော်လွန်သွားသည်။

ဘေးသင့်မှုတိမ်တိုက်ကို ဘယ်သူမှ စိန်ခေါ်ဖူးတာမဟုတ်ဘူး။ ဘယ်သူမှ အထဲကိုဝင်ရဲတာမဟုတ်ဘူး။

ရှီမာယူယူသည် ဘေးသင့်မှုတိမ်တိုက်ထဲသို့ပျံသွားရာ လျှပ်စီးများကိုတွေ့လေသည်။ တိမ်တိုက်သည် ငြိမ်သက်သောအသံများ ထုတ်လွှတ်နေသည်။

“အသင်လူသား တကယ်ပဲဒီကိုလာရဲတာပဲ” တိမ်တိုက်ဝိဉာဉ်သည် သူမအား ကြိမ်းမောင်းလေသည်။ သို့သော် လူသတ်နိုင်သည့် စွမ်းအင်တစ်စုံတစ်ရာမပါဝင်ပေ။

“ဘေးသင့်မှုတိမ်တိုက်လေး မင်းဘယ်မှာလဲ” ရှီမာယူယူသည် ညင်သာစွာခေါ်လိုက်သည်။ သူမ အသံ သည် ဝံပုလွေတစ်ကောင်သည် ကလေးတစ်ယောက်နောက်ကို လိုက်သကဲ့သို့ဖြစ်နေသည်။

“ငါ မင်းကိုသေအောင် ပစ်ပေးမယ်” ဘေးသင့်မှုတိမ်တိုက်လေးသည် ထွက်မလာပဲ ဒေါသတကြီးပြော လေသည်။

မိုးကြီး၂စင်းသည် ရှီမာယူယူဆီသို့ ပစ်လိုက်သော်လည်း သူမသည် ထုံကျင်မှုအပြင် တခြားဘာမှ မခံစား ရပေ။

“ကြည့်ရတာ ငါပြီးခဲ့တဲ့ ဘေးသင့်မှုပြီးတော့ မိုးကြိုးပစ်တာကို ပိုခံနိုင်နေပြီထင်တယ်” ရှီမာယူယူသည် ဘဝင်မြင့်စွာစဉ်းစားလိုက်သည်။

ခရမ်းရောင်လျှပ်စီးသည် သူမ၏ သွေးကြောထဲမှ မျက်လုံးလှန်မိသည်။ ပိုသန်မာလို့ အဲလိုဖြစ်တာလေ။ မဟုတ်ရင် အဲလောက်အားကောင်းတဲ့ ကောင်းကင်မိုးကြိုးနဲ့ဆိုရင် ပြာဖြစ်နေတာကြာနေပြီ။

“ဘေးသင့်မှုတိမ်တိုက်လေး ငါတို့ တွေ့ဖူးတာလည်း အကြိမ်မနည်းတော့ဘူး၊ မိတ်ဆွေဟောင်းတောင် ဖြစ်နေပြီ၊ ထွက်လာခဲ့ ငါစားကောင်းတာတွေကျွေးမယ်” ရှီမာယူယူသည် သူမ ဘာစဉ်းစားနေသည်ကိုပင် မသိလောက်အောင် ဆက်ပြီးလှည့်စားလေသည်။

“ငါဘာမှမစားဘူး ဟုတ်ပြီလား” လူလက်ဖဝါးတစ်ခုစားရှိသော အသွင်ပြောင်းယုန်လေးသည် ဘေးသင့် မှုတိမ်တိုက်တွင် ပေါ်လာသည်။ နီရဲသော မျက်လုံးများသည် လှောင်ပြောင်စွာဖြင့် ရှီမာယူယူအား ကြည့်လေ သည်။

သူမက ဘာလို့အဲလောက်သနားစရာကောင်းတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူမကို သေအောင် မပစ်နိုင် ဘူးလေ။

ဘေးသင့်မှုတိမ်တိုက်ဝိဉာဉ်မှာ ထိုပုံအတိုင်းဖြစ်လိမ့်မည်ဟု ရှီမာယူယူ တစ်ခါမှ မစဉ်းစားဖူးပေ။ ဒီ ဘေးသင့်မှုတိမ်တိုက်က ဘယ်လိုဖြစ်ပြီး ကောင်းကင်ဥပဒေကို တာဝန်ယူရတာလဲ။ သတ္တဝါလေးတစ်ကောင်ဆို တာသေချာနေတာကို။

“ဘေးသင့်မှုတိမ်တိုက်လေး ငါ့ကိုအဲလိုကြည့်နေတာ ဘာမှအသုံးမဝင်ဘူး၊ မင်းရဲ့ မိုးကြိုးတွေက ငါ့ကို ဘာမှမလုပ်နိုင်ဘူး” သူမ အားရပါးရပြုံးလိုက်သည်။

“ဟင်း သူတို့က အသုံးမဝင်တာမဟုတ်ဘူး မင်းကိုယ်ထဲက ခရမ်းရောင်လျှပ်စီးတွေကြောင့်သာ မဟုတ်ရ ရင် မိုးကြိုးပစ်လို့သေတာကြာနေပြီ၊ ဒီလောက်မြန်မြန်ကြီးလာမယ်လို့ ငါထင်မထားဘူး၊ ကောင်းကင်မိုးကြိုး တောင်မှ ဆန့်ကျင်ဖို့မဖြစ်နိုင်ဘူး” တိမ်တိုက်ဝိဉာဉ်သည် နှာမှုတ်လေသည်။

“ကြီးထွားတယ်ဟုတ်လား၊ ခရမ်းရောင်လျှပ်စီးက ကြီးလာနိုင်တာလား” ရှီမာယူယူသည် အယုံအကြည် မရှိသေးပေ။

“ဒါပေါ့ မဟုတ်ရင် မင်းမိုးကြိုးကို ခံနိုင်ရည်ရှိနိုင်စွမ်းက ဘယ်တိုးလာမလဲ” တိမ်တိုက်ဝိဉာဉ် ပြန်ဖြေလေ သည်။

“ဒါဆိုရင် မင်းလည်း အတူတူပဲလား” ရှီမာယူယူ မေးလိုက်သည်။

“ငါ့လောက်တော့ ချစ်စရာမကောင်းဘူးလေ” တိမ်တိုက်ဝိဉာဉ်သည် ဘဝင်မြင့်စွာပြောလေသည် “ငါက ချစ်စရာအကောင်းဆုံး ဘေးသင့်မှုတိမ်တိုက်ပဲ”

ရှီမာယူယူသည် ခေတ္တမျှ မျက်လုံးပိတ်မိသည်။ တကယ်တော့ သူမသည် သွေးကြောထဲရှိ လျှပ်စီးကန် ထဲမှ ရေကူးနေသော ပုံရိပ်လေးကို ကြည့်နေခြင်းဖြစ်သည်။ ပုံရိပ်သသည် ပုံစံရှိသည့်ပုံမပေါ်ပဲ ဝိုးတိုးဝါးတား ပုံရိပ် မျှသာဖြစ်သည်။

ထိုပုံရိပ်သည် ရှီမာယူယူ၏ အကြည့်ကိုခံစားမိပုံပေါ်ကာ သူမ၏ ခန္ဓာကိုယ်တွင် အချိန်အတော်ကြာရှိနေ ခဲ့ခြင်းကို မသိသကဲ့သို့ မျက်နှာထားလုပ်လေသည်။

ထိုအကောင်လေးသည် အခုချိန်တွင် သူ့တွင် မျက်နှာမရှိသော်ငြား သူမအားမျက်နှာလွှဲလိုက်သလို ရှီမာယူယူခံစားရသည်။

သူမ လျှပ်စီးစွမ်းအင်ရခဲ့ပုံကိုပြန်တွေါ်ရင်း သူမသည် မိုးကြိုးတိမ်တိုက်အား နားမလည်သဖြင့် မေးလေ သည် “ခရမ်းရောင်လျှပ်စီးက မင်းဟာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး သူပုံစံအတိုင်းဖြစ်နေတာလဲ”

“ခရမ်းရောင်လျှပ်စီးက ဘယ်လိုလုပ်ငါ့ဟာဖြစ်ရမှာလဲ၊ ငါ့ဟာဆိုရင် စားပြီးတာကြာပြီပေါ့” တိမ်တိုက် ဝိဉာဉ်သည် အနည်းငယ် စိတ်ပျက်စွာပြောလေသည် “အရင်တုန်းကတော့ ငါ ဒီခရမ်းရောင်လျှပ်စီးကိုသုံးခဲ့တာ ဒါပေမဲ့ အဲဒါအသက်ရှင်နေမယ်လို့ ငါမသိခဲ့ဘူး၊ အဲဒါကိုစုပ်ယူလိုက်တဲ့သူက မင်းဖြစ်နေပြီး မင်းကမသေခဲ့ဘူး၊ အဲတော့ အဲကောင်လည်း ကိုယ်ပိုင်အသိစိတ်ဖြစ်သွားပြီ”

“တာဝန်ယူရတဲ့ ဘေးသင့်မှုတိမ်တိုက်အများကြီးရှိမယ်ထင်တယ်” ရှီမာယူယူ ရုတ်တရက်မေးလိုက် သည်။

“မများပါဘူး ပြီးတော့ ဒီဧရိယာက ငါ့ပိုင်နက်ပဲ၊ ငါ့ကို မရိုမသေဆက်ဆံရဲရင် သူ့ကိုသေအောင် ပစ်လိုက် တာပဲ” တိမ်တိုက်ဝိဉာဉ်သည် အကြိမ်ပေါင်းများစွာ ပစ်ခဲ့သော်လည်း အသက်မသေသည့် အရှေ့မှလူကို တွေး ပြီးပြောလိုက်သည်။ ဒေါသထွက်ဖို့ကောင်းလိုက်တာ…

တိမ်တိုက်ဝိဉာဉ်၏ အပြုအမူကို ရှီမာယူယူမြင်သောအခါ ပြုံးပြီးပြောလိုက်သည် “မင်းငါ့ကို သေအောင် မပစ်တာ မကောင်းဘူးလား ကြည့်လေ မင်းရှိတယ်ဆိုတာ ငါသိကတည်းက မင်းမပစ်ဘူးလေ အခုချိန်ကစပြီး ငါတို့သူငယ်ချင်းလုပ်လို့ရတယ်”

“ငါ မင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဘူး” တိမ်တိုက်ဝိဉာဉ်သည် နှာမှုတ်လေသည်။ သေအောင်မပစ်နိုင်တဲ့ လူသားတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး သူငယ်ချင်းလုပ်ရမှာလဲ။

“မင်းက ငါ့သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရင် မင်းပုံစံအတိုင်းပဲနေပါ” ရှီမာယူယူ ပြောလိုက်သည် “ငါတို့က သူငယ်ချင်းတွေဆိုမှတော့ မင်းကိုအစားအသောက်တွေကျွေးမှာပါ ဘယ်လိုလဲ အဲလိုတွေမကြိုက်ဘူးလား”

သူမသည် ပစ္စည်းပစ္စယများကိုထုတ်ပြီး တိမ်တိုက်ပေါ်နေရာချလိုက်သည်။ ပစ္စည်းများသည် ကျမသွား ပေ။

ဘေးသင့်မှုတိမ်တိုက်သည် ဘာကိုမှဂရုမစိုက်သော်လည်း ထိုအရာများသည် မွှေးလွန်းသည်။ အထူးသဖြင့် အနံ့တစ်ချက်နှင့်ပင် ရူးလောက်အောင် သားရေကျစေသည်။

ယုန်လေးသည် ထိုအရာများကိုကြည့်ပြီး ခေါင်းလှည့်ကာ ပြောလေသည် “အဲဒါတွေ အကုန် ဘာတွေလဲ မင်း ငါ့ကိုပေးတာမှန်သမျှ ဘာမှမစားဘူးနော်”

ရှီမာယူယူသည် ဘာမှစားဘူးဟုငြင်းသော်လည်း ဝိုင်ကရားအိုးမှ အကြည့်မဖယ်သော ယုန်လေး ကိုကြည့်ပြီး ကြိတ်ရယ်မိသည်။

***

All Chapters