အခန်း (၇၆၈)
Vol. 52 Ch. 768
နတ်ဆိုးတောင်ကြားသည် တောင်ပိုင်းသဲကန္တာရနယ်မြေတွင် တည်ရှိ၏။ ကြီးမားလှသော ဂိုဏ်းများ၏ ချမှတ်ထား သော စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် ယခုနှစ်၏ ဝင်ရောက်ခွင့်သည် တင်းရွှမ် နတ်ဂိုဏ်းအလှည့်ပင်ဖြစ်သည်။
သို့ပေမဲ့ ဤဂိုဏ်းသည် လက်ရှိအခြေအနေမှာတော့ အနည်းငယ်စိတ်ဓာတ်ကျဆင်းနေမိ၏။ အဘယ်ကြောင့် ဆိုသော် နတ်ဆိုးတောင်ကြားထဲသို့ ၎င်းတို့ မဝင်ချင်ပေ။ သိုင်းပညာအရင်းအမြစ်များကို ရရှိရန်အတွက် တပည့်အများအပြားကို စတေးရမည့် ကိစ္စကို မလုပ်ချင်သည်မှာ သဘာဝပင်ဖြစ်၏။
နတ်ဆိုးအင်ပါယာ ချန်ထားခဲ့သော ဤတည်နေရာထဲတွင် များပြားလှသောအရင်းအမြစ်များ ရှိသည် ဆိုသော်လည်း တစ်စုံတစ်ယောက်၏ ကံကောင်းခြင်း၊ အားအင်အပေါ်မူတည်၍ ပစ္စည်းများ ရခြင်း၊ မရခြင်း ကလည်း မူတည်လျက်ရှိ၏။ တချို့ဂိုဏ်းများဆိုလျှင် အထဲသို့ ဝင်ရောက်ပြီးချိန်တွင် အနည်းငယ်သာ ရရှိကြ၏။ သို့ပေမဲ့ အများအပြား သေဆုံးခဲ့ကြသည်။
ဥပမာအားဖြင့် လွန်ခဲ့သည့်နှစ်က အဆင့်နှစ်ဂိုဏ်းတစ်ခုသည် တပည့်တစ်ထောင်ကျော်နှင့် သိုင်းဘုရင်အဆင့် တစ်ဒါဇင်တို့ကို ခေါ်ကာ အထဲသို့ ဝင်ရောက်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ၎င်းတို့သည် စိတ်ဝိညာဉ် ကျောက်တုံးနှင့် ကျောက်ရိုင်းအနည်းငယ်ကိုသာ ရရှိခဲ့သည်။ လူတစ်ဝက်လောက်မှာ သေဆုံးခဲ့ရ၏။ မထိုက်တန် ဘူးဟု ဆိုရမည်။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဂိုဏ်းကြီးများသည် ထိုထဲသို့ ပျော်ပျော်ရွှင်ရွှင်နှင့် ဝင်ရောက်နေကြသနည်း။
အဆုံးသတ်မှာတော့ အထဲတွင် ရတနာများ၊ အဆင့်မြင့်သိုင်းနည်းစနစ်များ၊ လက်နက်များ စသည့်အရာများ ရှိသည်ဟု နာမည်ကြီးနေသည်။ ထိုအရာများကို လိုချင်သည့် လောဘကြောင့်သာ ဖြစ်တော့သည်။
တင်းရွှမ် နတ်ဂိုဏ်းသည် စိတ်ဓာတ်ကျလျက်ရှိ၏။ ၎င်းတို့သည် ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူတော်စင်အဆင့် သိုင်းနည်းစနစ်တစ်ခုခုကို ရရှိလျှင် ကံကောင်းသည်ဟု သတ်မှတ်နိုင်ပေ၏။ သို့ပေမဲ့ ဘာတစ်ခုမှမရဘဲ အဆုံး သတ်တွင် တပည့်များအားလုံး ဆုံးရှုံးသွားရမည်ဆိုပါက ထိုက်တန်သည့် ရင်းနှီးမြှုပ်နှံမှု မဟုတ်တော့ပေ။
သို့ပေမဲ့ သွားရောက်ရန် အလှည့်ကျနေသည်မို့ သွားကို သွားရပေလိမ့်မည်။ တချို့ဂိုဏ်းများသည် နတ်ဆိုး တောင်ကြားထဲသို့ ဝင်ရောက်ချင်နေမိ၏။ သို့ပေမဲ့ သူတို့အလှည့်ကို ရောက်ရှိရန် စိတ်ရှည်လက်ရှည်နှင့် စောင့်စားနေကြရသည်။ အားနည်းသည့်ဂိုဏ်းများမှာတော့ အထဲသို့ ဝင်ရောက်ခွင့် မရှိကြပေ။
“ဂိုဏ်းချုပ်”
တင်းရွမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က အကြံပြုလိုက်သည်။ “သိုင်းအုပ်စိုးသူ ငါးယောက်နဲ့ သိုင်းဘုရင်နှစ်ဆယ်တို့ကို စေလွှတ်လိုက်ရင်ကော”
“ဟုတ်တယ်” အကြီးအကဲ တော်တော်များများကလည်း ထောက်ခံကြောင်း ပြောပြလိုက်ကြ၏။
သိုင်းအုပ်စိုးသူ ငါးယောက်၊ သိုင်းဘုရင်နှစ်ဆယ်သည် အလွန်တရာ အားကောင်းလှသည့် လူစာရင်းပင်ဖြစ်သည်။ သို့ပေမဲ့ အထဲတွင်ရှိသော ဘေးအန္တရာယ်များကို ရင်ဆိုင်ရန်အတွက် စွန့်စားလွန်းရာ ကျနေသည်။
သေချာ တွေးတောပြီးသည့်နောက်မှာတော့ တင်းရွှမ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က သေချာဆုံးဖြတ်ချက် ချလိုက်၏။ “ဒါဆိုလည်း ပထမအကြီးအကဲရဲ့ အကြံပြုချက်အတိုင်းပဲ သိုင်းအုပ်စိုးသူ ငါးယောက်၊ သိုင်းဘုရင် နှစ်ဆယ်နဲ့ တပည့် ငါးရာကို ခေါ်ပြီးတော့ နတ်ဆိုးတောင်ကြားထဲကို ဝင်မယ်”
......................
ဤဒုတိယအဆင့် ဂိုဏ်းတစ်ခုသည် ကြီးမားလှသည့် လူစာရင်းကို ပြင်ဆင်နေချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များနှင့်အတူ တောင်ပိုင်းသဲကန္တာရနယ်လွေန်ခဲ့သည့် ခြောက်လကျော် ကတည်းက ကျွင်းချောင်ရှောင်းသည် နတ်ဆိုးတောင်ကြားနှင့်ပတ်သက်၍ အသေးစိတ်သော အချက်အလက်များကို မိုးဆွေဟောခန်းအား စုံစမ်းခိုင်းခဲ့၏။ ထို့ကြောင့် အထဲသို့ ဝင်ရောက် ပြီးသည့်နောက် ကြီးမားလှသော ဂိုဏ်းကြီးများပင် ဆိုးရွားလှသောအရာများ ကြုံတွေ့ခဲ့ရကြောင်း သူသေချာ သိသည်။ ထို့ကြောင့် မည်သည့်ကပ်ဘေးမှ မခံစားရစေရန် သူသည် တပည့်အရေအတွက် တော်တော်များများကို ခေါ်ဆောင်ကာ သွားခဲ့ခြင်းပင်ဖြစ်သည်။
တင်းရွှမ်နတ်ဂိုဏ်းက စေလွှတ်လိုက်သော လူစာရင်းသည် အလွန်အားကောင်းသည်ဟု ပြောရမည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ ထွက်လာခဲ့သော လူစာရင်းမှာတော့ ပိုမိုကာ ကြောက်မက်ဖွယ် ကောင်းနေ၏။
လမ်းမှာတော့ လီဖေးက မေးလိုက်သည်။ “ဒုတိယစီနီယာအစ်ကို..... နတ်ဆိုးတောင်ကြားက ဘယ်လောက်ဝေးသေးလဲ”
“ကီလိုမီတာ နှစ်သောင်းလောက် ကွာနိုင်တယ်” လီချင်းယန်က တွက်ချက်လိုက်သည်။
ထျန်းချီက ပြောလိုက်၏။ “ဒီထဲမှာ ကြမ်းတမ်းလှတဲ့ သားရဲရိုင်းတွေနဲ့ စိတ်ဝိညာဉ်သားရဲတွေလည်း ရှိတယ်လို့ ပြောတယ်”
လီချင်းယန်က လေးလေးနက်နက် ပြောလိုက်သည်။ “မဟုတ်ဘူး၊ နည်းနည်းတင်မဟုတ်ဘူး၊ များများ ရှိတယ်”
“တကယ်လား”
ထိုအချင်းအရာကို ကြားတော့ လီဖေး၊ ထျန်းချီနှင့် တခြားသူများ၏ မျက်လုံးများသည် ပိုမို၍ တက်ကြွလာကြ၏။ သူတို့သည် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေထဲသို့ အကြိမ်ပေါင်းများစွာ ဝင်ခဲ့ဖူးသည် ဆိုသော်လည်း သေဆုံး သည်အထိတော့ တစ်ခါမှ မကျရှုံးခဲ့ချေ။ ထို့ကြောင့် လက်ရှိ နတ်ဆိုးတောင်ကြားထဲသို့ ဝင်ရမည့် အခြေအနေသည် အန္တရာယ်ရှိသည်ဆိုသော်လည်း သူတို့သည် စိုးရိမ်ပူပန်မှုတော့ မရှိချေ။
ကျွင်းချောင်ရှောင်း၏ ဦးဆောင်မှုအောက်မှာတော့ ၎င်းတို့သည် မြင့်မားသည့်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိလာ ကြပြီဖြစ်သည်။ ထို့အပြင် ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည်လည်း သူတို့၏ ဂိုဏ်းချုပ်နည်းတူ သေလမ်း ရှာခြင်း အတတ်ပညာ၌ ပိုမို၍ ကျွမ်းကျင်လာခဲ့ကြသည်။
အားလုံးသည် တောင်၏ အစွန်းတစ်ဖက်ဆီသို့သွား၍ ခုန်ချရသည်ကို နှစ်ခြိုက်နေတော့သည်။ ပြောရမည်ဆိုလျှင် ရှေ့မှ ဦးဆောင်သူသည် သေလမ်းရှာရခြင်းကို အလွန်နှစ်သက်သူ တစ်ယောက်ဖြစ်သည်မို့ တပည့်များ ဤသို့ ဖြစ်လာသည်မှာ အံံ့အားသင့်စရာတော့ မဟုတ်ပေ။
ရွှီး … ရွှီး …။
ကောင်းကင်ယံထက်မှာတော့ နတ်ဆိုးလင်းယုန်ငှက်ကြီးသည် သူ၏အတောင်ပံကို ဖြည်းညှင်းစွာခတ်ရင်း ပျံသန်း လျက်ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် နတ်ဆိုးလင်းယုန်ငှက်၏ ကိုယ်ပေါ်တွင် မတ်မတ်ရပ်ကာ ပြောလိုက် သည်။ “ကောင်မလေး.... ဘာတွေစဉ်းစားနေတာလဲ”
“မစဉ်းစားပါဘူး” ရောင်မုန့်ယဉ်က ပြောလိုက်သည်။
နတ်ဆိုးတောင်ကြားသည် နတ်ဆိုးအင်ပါယာက ဖန်တီးခဲ့သော အရာဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် သူမကို ခေါ်ဆောင်သွားခဲ့သည်မှာ သဘာဝပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရောင်မုန့်ယဉ်သည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို နိုးထထားသော လူတစ်ယောက်လည်းဖြစ်သောကြောင့် အထဲတွင် သူမအတွက် များပြားလှသည့်အခွင့်အရေးများ ရှိမည်ဟု သူယုံကြည်နေမိ၏။
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်က တီးတိုး ပြောလိုက်သည်။ “အဘိုးတင်း ပြောတာက နတ်ဆိုးတောင်ကြား ဖွင့်ပြီ ဆိုတာနဲ့ များပြားလှတဲ့ ဂိုဏ်းတွေက ရောက်လာမယ်တဲ့၊ ဒီတော့ သူတို့တွေ ကျွန်မကို ရှာဖွေတွေ့ရှိသွားမှာ စိုးရ တယ်”
ဤကလေးမသည် ငယ်ရွယ်လွန်းသည်ဖြစ်သော်လည်း သူမသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တစ်လောကလုံးက လက်ခံနိုင်သည့်အရာ မဟုတ်ဘဲ အားလုံး၏ ဗြဟ္မာကြီးဦးခေါင်းကဲ့သို့ပင် ဝေးဝေးရှောင်ကြ သည့် လူတစ်ယောက်ဖြစ်မှန်း ကောင်းကောင်းနားလည်သည်။
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို သုံးထားမယ်ဆိုရင် သိုင်းအင်ပါယာတစ်ယောက်တောင်မှ မင်းနတ်ဆိုးကျင့်ကြံသူဖြစ်မှန်း သိရှိနိုင်ကြမှာ မဟုတ်ဘူး”
ဤကဲ့သို့သော သိုင်းပညာနည်းစနစ်တစ်ခုသည် ဟယ်ဝူတီတစ်ယောက် အဆင့်မြင့် ပြထမတုန်းက ဤမိန်းကလေးသည် ကျွင်းချောင်ရှောင်းကို ကြောက်လန့်နေမိ၏။ သို့ပေမဲ့ နှစ်ချီအောင် နေထိုင်လာပြီးသည့်နောက် သူမသည် အလွန်တရာ လေးစားရသော ဂိုဏ်းချုပ်အဖြစ် ဆက်ဆံမိတော့သည်။ ထို့အပြင် သူမ၏ စီနီယာအစ်ကိုများကလည်း မိသားစုတစ်ခု၏ အစ်ကိုရင်းများသဖွယ် သူမကို စောင့်ရှောက်ကြ၏။ ရောင်မုန့်ယဉ်သည် အလွန်တရာ နှစ်ခြိုက်လှပြီး ပြိုင်စံရှားဂိုဏ်းတွင် တစ်သက်လုံး နေထိုင်သွားရန်ပင် စိတ်ကူးပြီး သားဖြစ်သည်။ သူမ၏ ဂိုဏ်းတူအစ်ကိုများကို နေ့စဉ်နေ့တိုင်း မြင်နေရခြင်းသည် သူမကို အလွန်အမင်း ပျော်ရွှင်စေသည့် အရာပင် ဖြစ်တော့၏။
..........................
တောင်ပိုင်းသဲကန္တာရနယ်မြေ ……
ကျွင်းချောင်ရှောင်းသည် မျက်နှာတစ်ရာ ဆေးသူတော်စင်၏ သင်္ချိုင်းထဲသို့ ဝင်ရောက်ခဲ့ဖူးသည်။ သို့ပေမဲ့ ဤတစ်ကြိမ် သူတို့သွားသော တည်နေရာသည် တောင်ပိုင်းသဲကန္တာရ၏ အလွန်တရာ ချောင်ကျလွန်းလှသော နေရာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် နတ်ဆိုးအင်ပါယာဖန်တီးခဲ့သော နတ်ဆိုး တောင်ကြားရှိသောကြောင့် ဖြစ်၏။ နတ်ဆိုးတောင်ကြားသည် အစစ်အမှန် တောင်ကြားကြီးတစ်ခု မဟုတ်ပေ။ နတ်ဆိုးအင်ပါယာကိုယ်တိုင် အသက်ရှင်စဉ်က မှော်စွမ်းအင်များဖြင့် ဖွင့်လှစ်ပေးခဲ့သော လွတ်လပ်သည့် တည်နေရာတစ်ခုဖြစ်ပြီး ပုံမှန်အတိုင်း သတ်မှတ်ထားသည့်အချိန်ကာလတစ်ခုတွင် ဖွင့်လှစ်ပေးတတ်သည်။
သိုင်းနယ်မြေ သူတော်စင်အဆင့် ကျင့်ကြံသူများအားလုံးသည် တည်နေရာကို ရွှေ့ပြောင်းနိုင်စွမ်း ရှိကြ၏။ ထို့အတူ အင်ပါယာ အဆင့် ကျွမ်းကျင်သူများမှာတော့ လွတ်လပ်သော တည်နေရာတစ်ခုကို ဖန်တီးကာ ဖွင့်လှစ်နိုင်ကြ၏။ ထို့ကြောင့်ပင် သိုင်းအင်ပါယာတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ဆင်းသက်မလာကြဘဲ ၎င်းတို့၏ ကိုယ်ပိုင် တည်နေရာတစ်ခုကို ဖန်တီးကာ ထိုအထဲမှာပင် ကျင့်ကြံခြင်းကို ပြုမူကြ၏။ ၎င်းတို့သည် အထက်နယ်မြေများဆီသို့ ရွေ့လျားသွားလာခြင်းကိုလည်း ပြုလုပ်နိုင်ကြ၏။
ဝှစ် ဝှစ်
သဲကန္တာရတည်နေရာထဲမှာတော့ လီချင်းယန်တို့သည် ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ အသော့နှင်လာကြ တော့သည်။ ကျန့်ရာနှင့် တခြားသူများမှာတော့ လေထဲမှာ ပျံသန်းလာကြသည်။ ၎င်းတို့သည် နတ်ဆိုးလင်းယုန် ငှက်ကြီး၏ အနောက်မှ ဖြည်းဖြည်းချင်း ဖြတ်သန်းလာကြသည်။
“ဂိုဏ်းချုပ်”
အဘိုးကြီးကဲ့က အသံပို့လွှတ်လိုက်သည်။ “နတ်ဆိုးတောင်ကြားထဲကို ရောက်ခါနီးပြီ”
“ကောင်းပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အစောကြီးကတည်းက ဖြန့်ကျက်ထားပြီးဖြစ်၏။ ထို့ကြောင့် သဲကန္တာရ၏ အဆုံးသတ်နေရာတွင် လူများစွာ စုဝေးနေကြသည်ကို သိရှိပြီးဖြစ်သည်။ ထို့သူများအားလုံးတွင် သိုင်းဘုရင်နှင့် သိုင်းအုပ်စိုးသူများပင် ပါဝင်လျက်ရှိ၏။ သာမန်အချိန်တွင် ဤကဲ့သို့ ကျွမ်းကျင်သူမျိုးကို မြင်တွေ့ရဖို့ဆိုသည်မှာ အလွန်ပင်ရှားပါးလှ၏။ လက်ရှိအခြေအနေမှာတော့ အလွန်တရာ ပေါများစွာ တည်ရှိလျက်ရှိနေတော့သည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်နှင့် ဂိုဏ်း၏ဂုဏ်သိက္ခာသည် ဆက်တိုက်ဆိုသလိုပဲ မြင့်တက် လာသည်။ ထို့ကြောင့် ၎င်းတို့တွေ့ဆုံရသည့်လူများမှာ သိုင်းဘုရင်နှင့် သိုင်းအုပ်စိုးသူများ အနည်းဆုံးဖြစ်နေကြ သည်မှာ သာမန်ပင် ဖြစ်တော့၏။
ဟမ်
များပြားလှသော ကျွမ်းကျင်သူများ အားလုံးသည် သိုင်းပညာရှင်များ အများအပြား လှမ်းလာကြသည်ကို သတိပြုမိ ကြ၏။ ထို့ကြောင့် အသာခေါင်းလှည့်ကြည့်လိုက်သည်။
ပထမတုန်းက ဤလူများသည် တင်းရွှမ်ဂိုဏ်းမှလူများ ဖြစ်သည်ဟု သူတို့ ထင်မှတ်မိခဲ့ကြ၏။ သို့ပေမဲ့ သပ်ရပ်လှသော ဂိုဏ်းဝတ်စုံများကို မြင်လိုက်ရပြီးနောက် အားလုံးက ကြောင်သွားကြတော့သည်။ “ပြိုင်စံရှားဂိုဏ်းလား၊ ဒီအရှက်မဲ့တဲ့ ဂျူနီယာက သူရဲ့တပည့်တွေကိုခေါ်ပြီး ဘာလာလုပ်တာလဲ”
ဒုတိယအဆင့်ဂိုဏ်း၏ အကြီးအကဲက မျက်မှောင်ကြုတ်မိလိုက်သည်။ သူသည် အဘယ်ကြောင့် ဤအရှက်မဲ့သည် ဆိုသောစကားလုံးကို ထုတ်နုတ်သုံးစွဲရသနည်း။
တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် နဂါးကျား ပြိုင်ပွဲ တွင် သူ၏ဂိုဏ်းကြော်ငြာမှုကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့၏။ ထို့ကြောင့် အဓိကဂိုဏ်းများအားလုံးသည် လီချင်းယန် နှင့် တခြားသော ပါရမီရှင်လူငယ်များ၏ အားအင်အဆင့်ကို မှတ်မိနေကြသလို ၎င်းတို့ဂိုဏ်း၏ အရှက်မဲ့လှသော ဂိုဏ်းချုပ်အကြောင်းကိုလည်း ကောင်းကောင်းသိရှိနေကြ၏။
“လက်ရှိ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့ တည်နေရာတစ်ခု ပေါ်လာသေးတယ်၊ အဲတုန်းက ပြိုင်စံရှားဂိုဏ်းက အဲတည်နေရာကြီးတစ်ခုလုံးကို လက်ဝါးကြီး အုပ်ခဲ့တယ်လေ၊ သူတို့က တောက်ပအလင်းနတ် ဂိုဏ်းနဲ့ လောကပုန်ကန်နတ်ဂိုဏ်းကိုတောင်မှ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သေးတယ်၊ အားအင်တချို့ ရှိတယ်လို့ ပြောရမယ်”
စွမ်းအားမြင့် ကျင့်ကြံသူက ရယ်မောလိုက်၏။
“ကျုပ်အထင်အရဆိုရင် ဒီဂိုဏ်းနှစ်ခုက တကယ့်ကို ငကြောက်လေးပဲ၊ ကျုပ်သာဆိုရင် အရှေ့တောင်ရန်ကျူးဆီကို သွားပြီးတော့ အဲလူတွေကို ပြဿနာ သွားရှာလိုက်မှာ” ဒုတိယအဆင့်ဂိုဏ်းတစ်ခု၏ အကြီးအကဲသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထိုအရာကိုသာ ကြားမည်ဆိုလျှင် တောက်ပအလင်းနတ်ဂိုဏ်းနှင့် လောကပုန်ကန်နတ်ဂိုဏ်းမှ လူများတို့က ကျိန်းသေပေါက် ၎င်းတို့အား လာရောက်ရိုက်နှက်ပေလိမ့်မည်။ ၎င်းတို့သည် အရှေ့တောင်ရန်ကျူးဆီသို့ သွား၍ ပြဿနာရှာခဲ့သည်မှာ မအောင်မြင်ခဲ့ရုံမက စိတ်ဝိညာဉ်ကျောက်တုံးများကိုလည်း ကုန်ဆုံးခဲ့သေး၏။
နတ်ဆိုးလင်းယုန်ငှက်ကြီးသည် သူ၏တောင်ပံများကို ဖြန့်ခတ်ပြီး မြန်မြန်ဆန်ဆန် ပျံသန်းလာ၏။ ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ထူးမခြားနားသလို ခပ်တည်တည်ပဲဖြစ်သည်။ သို့ပေမဲ့ ရောင်မုန့်ယဉ်သည် အနည်းငယ် စိုးထိတ်လျက်ရှိသည်။ ထို့ပြင် အောက်တွင်ရှိနေသည်မှာ များပြားလှသော ဂိုဏ်းများမှ တကယ့်ကို စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်သည်။ ၎င်းတို့သည်သာ သူမအား သိရှိသွားမည်ဆိုပါက ….
“မတွေးနဲ့၊ မတွေးနဲ့ ဒီကိစ္စကို မတွေးနဲ့”
မိန်းကလေးသည် သူမ၏ စိတ်ခံစားချက်များကို အကောင်းဆုံး ထိန်းချုပ်ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို ဆက်တိုက်ဆိုသလိုပဲ လှည့်ပတ်လျက် ရှိနေ တော့သည်။
ထိုသူတို့အားလုံးသည် ၎င်း၏ဂိုဏ်းချုပ်ကိုသာ အာရုံစိုက်နေသည်ကို သိရှိပြီးနောက် သူမသည် ကြိတ်ကာ သက်ပြင်းချလိုက်မိ၏။
“ဂိုဏ်းချုပ်ကျွင်း”
ဂိုဏ်းတစ်ခု၏ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ “ဘာလာလုပ်တာလဲ”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာပဲ ပြောလိုက်၏။ “နတ်ဆိုးတောင်ကြားက ဖွင့်တော့မယ်လို့ ကျုပ်ကြားတယ် လေ၊ ဒါကြောင့် တပည့်တွေနဲ့ လာခဲ့လိုက်တာ၊ အထဲကိုဝင်မလို့”