အခန်း (၇၇၀-ခ)
Vol. 52 Ch. 770-B
ဟူး ဟူး ….
ထိုအချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားပြီးသည့်နောက် စွမ်းအားမြင့်သားရဲများသည် လေထုထဲတွင် ပေါ်လာပြန်သည်။
“ဒီကောင်တွေကို ရှင်းပစ်လိုက်တော့”
“ကောင်းပါပြီ”
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း …။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းနည်းစနစ်များကို ထုတ်ဖော်၍ ထွက်ပေါ် လာကြသော သားရဲများကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြတော့သည်။ မြေပြင်ပေါ်မှာတော့ သလင်း အမြူတေများနှင့် ပြည့်လျက်ရှိသည်။
“အရမ်း ကောင်းတယ်”
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ စပ်ဖြီးဖြီးနှင့် ဖြစ်လျက်ရှိသည်။ ဤနတ်ဆိုးတောင်ကြားသည် အချိန်အခါ မရွေး သူ့အတွက် သလင်းအမြူတေများကို ပေးစွမ်းနေသည်ဟုပင် ဆိုရမည်။
အန္တရာယ်ရှိလား၊ မရှိလား ဆိုသည်ကတော့ လက်ရှိ သားရဲနှစ်လှိုင်းကို တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ၎င်း၏ တပည့်များအားလုံးသည် သွေးပင် မပူကြသေးချေ။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် ရှေ့ကို လက်ညှိုးထိုးပြလိုက်၏။ “နောက်ထပ် သေတ္တာတစ်ခု”
အရင်သေတ္တာထက် ပိုမို၍ ကြီးမားသော ဒုတိယမြောက် သေတ္တာတစ်ခု ပေါ်ပေါက်လာသည်။ ဤအထဲတွင် ပိုမို များပြားသည့်အရာများ ရှိလိမ့်မည်ဟု ကျွင်းချောင်ရှောင်းက တွက်ချက်မိသည်။
သေချာပေသည်။ သူသည် အရှေ့သို့ လျှောက်သွားပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သည့်နောက်မှာတော့ တစ်လက်လက်တောက်ပနေသော လျှို့ဝှက် နည်းစနစ်များကို တွေ့လိုက်ရတော့သည်။ ထို့အပြင် ကျောက်ရိုင်းတုံးများလည်း ရှိနေသည်။ တော်တော်များများ သည် သံမဏိဒိုင်းကာအမဲနှင့် ကျန်းယန်ဓားများကို သန့်စင်ရန်အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများ ဖြစ်လို့နေ၏။
“မြန်မြန်၊ မြန်မြန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါတို့ နောက်ထပ် သားရဲတွေ ထပ်ချကြရအောင်”
လျှို့ဝှက်နည်းစနစ်၊ ကျောက်ရိုင်းနှင့် များပြားလှသော သလင်းအမြူတေများ ရရှိနေခြင်းသည် သူ၏ သွေးများကို ပွက်ပွက်ဆူလာစေသည်။ သူသည် နောက်ထပ်သားရဲများနှင့် တွေ့ဆုံရန်ပင် မစောင့်နိုင်တော့ချေ။
ဒွီ
သားရဲများ တတိယအကြိမ် ပေါ်လာပြီးသည့်နောက်မှာတော့ အရေအတွက်မှာ တော်တော် များပြားနေသည်။ သို့ပေမဲ့ ထိုသတ္တဝါများ၏ အားအင်အဆင့်သည် သိုင်းဆရာအဆင့်သာရှိသောကြောင့် သူတို့သည် လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နိုင်ခဲ့ပြန်၏။
............
အပြင်ဘက်တွင်တော့ များပြားလှသော ဂိုဏ်းများမှ သိုင်းကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်းသားများ ပက်ပက် စက်စက် နှိပ်စက်ရိုက်နှက် သတ်ဖြတ်ခံနေရသည်ကို မြင်ယောင်နေကြ၏။
လူတချို့ဆိုလျှင် အချိန်ကာလကို တွက်ချက်ကာ သေဆုံးသွားသည့် လူအရေအတွက်ကိုပင် မှန်းလျက်ရှိနေကြသည်။
ဘုန်း
နတ်ဆိုးတောင်ကြားထဲမှာတော့ ရှောင်ကျီသည် သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော သားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့၏။ ပြီးသည့်နောက်မှာတော့ သူ၏ရှေ့ရှိ ပုံရိပ်ယောင် တည်နေရာထဲတွင် ကြီးမားလှသည့် စတုရန်းပုံ သေတ္တာကြီး ပေါ်ပေါက်လာသည်။
“ကောင်းကင်ဘုံ”
ကျွင်းချောင်ရှောင်း အရှေ့သို့လှမ်းလျှောက်လာပြီးသည့်နောက်မှာတော့ သေတ္တာထဲတွင် များပြားလှသည့် လျှို့ဝှက် နည်းစနစ်များအားလုံးကို တွေ့ရှိလိုက်ရ၏။ သူ၏ မျက်လုံးများသည် ပြူးသွားသည်။
“ဂိုဏ်းချုပ်”
လီဖေးသည် အသာလှမ်းသွား၏။ သေတ္တာထဲတွင်ရှိသော ထက်မြလှသော ဓားတစ်ချောင်းကို ထုတ်ယူကာ ပြောလိုက်၏။ “ဒီလက်နက်က မဆိုးဘူးပဲ”
ကျန့်ရာနှင့် အကြီးအကဲကဲ့တို့သည် ဓားကိုလှမ်းကြည့်လိုက်သည့်နောက်မှာတော့ ဓား၏ ဓားနှောင့်တွင် ကောင်းကင်ဟူသော စာတမ်းကို ရေးထိုးထားသည်ကို မြင်လိုက်ရ၏။ ဓား၏ ကိုယ်ထည်ပေါ်မှာတော့ နဂါး ဟူသော စာတမ်းကို ရေးထိုးထားသည်။ ၎င်းတို့ နှစ်ယောက်သည် သံပြိုင်ဆိုသလိုပဲ ထအော်လိုက်၏။
“ဒါက ကောင်းကင်နဂါးဓားပဲ”
“ဒါက အရမ်းအားကောင်းလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
စနစ်က ပြောလိုက်၏။ “ဒီဓားက ရှေးခေတ်ကတည်းက ဆင်းသက်လာတဲ့ဓားလေ၊ နဂါးအမြူတေကျောက်တုံးနဲ့ သွန်းလုပ်ထားတယ်လို့ ပြောရမယ်၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ မြင့်မြတ်လှတဲ့ ရှေးဟောင်းဓား ဆယ်လက်ထဲက တစ်လက်ပဲ”
“ရှေးဟောင်းဓား ဆယ်လက်ထဲကတစ်လက် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ “ဒါဆိုရင် ဆရာဖန်း ဖန်တီးခဲ့တဲ့ ဓားနဲ့ ယှဉ်မယ်ဆိုရင်ကော”
“ဆရာဖန်းဆိုတာက ဒီဓားကို ပြုလုပ်ခဲ့တဲ့လူရဲ့ ဖိနပ်ကိုတောင်သယ်ဖို့ အဆင့်ရှိတာ မဟုတ်ဘူး” စနစ်က ပြောလိုက်သည်။
“ဒီလိုကိုး” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် ကောင်းကင်နဂါးဓားအား လီဖေး၏ လက်ထဲမှ လှမ်းယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ဓား၏ကိုယ်ထည်ကို လက်ငါးချောင်းဖြင့် အသာဆုပ်ကိုင်လိုက်သည်။ အလွန်တရာ အားကောင်းလှသည့်အော်ရာများ ထွက်ပေါ်နေ သည်ကို ခံစားမိလိုက်၏။
“ဒါက ဓားကောင်းတစ်လက်ပဲ”
..................
အပြင်ဘက်မှာတော့ စောင့်ရင်း ပျင်းလျက်ရှိသော လူတစ်ယောက်က ပြောလိုက်သည်။
“နတ်ဆိုးအင်ပါယာက သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေကိုပဲ ထိန်းသိမ်းထားတာ မဟုတ်ဘဲနဲ့ အဆင့်မြင့်လက်နက် တွေကိုလည်း သိမ်းဆည်းထားသေးတယ်၊ ဒီအရာတွေထဲမှာ ရှေးဓားကြီး ဆယ်လက်ထဲက ကောင်းကင်နဂါးဓားက နာမည်ကြီးပဲ၊ နှစ်စဉ်နှစ်တိုင်း ဒီအရာကို တွေ့ဖို့အတွက် လူတွေက ဝင်ရှာခဲ့တာ၊ ဒါပေမဲ့ ကျုပ်အထင်အရဆိုရင် ကောင်းကင်နဂါးဓားက ဒီနတ်ဆိုးတောင်ကြားထဲမှာ ရှိမှာ မဟုတ်ဘူး၊ ပြီးတော့ ဝိညာဉ်ကိုးခု ချပ်ဝတ်ကလည်း ရှိနေသေးတယ်၊ ဒါက နတ်ဆိုးအင်ပါယာ ဘယ်မှာဝှက်ထားလဲဆိုတာ မသိပေမယ့် ပေါ်မလာတာ တော်တော် ကြာပြီ”
“ဂိုဏ်းချုပ်... ဒီချပ်ဝတ်က ဝိညာဉ်ကိုးခု ချပ်ဝတ်ပဲ၊ ဒါက သူတော်စင်အဆင့်လေ”
“ဂိုဏ်းချုပ်.... ဒီစေတီငယ်လေးက အရမ်းကို အားကောင်းတယ်နော်၊ အသက်သွင်းလိုက်မယ်ဆိုရင် စိတ်ဝိညာဉ် အတားအဆီးတစ်ခုကို ဖွဲ့စည်းနိုင်တယ်၊ ဒါက သိုင်းနယ်မြေတစ်ယောက်ရဲ့တိုက်ခိုက်ချက်ကိုလည်း ခုခံနိုင်သေး တယ်”
များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများအားလုံးသည် နတ်ဆိုးအင်ပါယာ စုစည်းထားသည့် ပစ္စည်းပစ္စယများ အားလုံးကို သေသေချာချာ ပြောဆိုနေကြသည်ဆိုသော်လည်း ထိုအရာများအားလုံးသည် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ တစ်ခုပြီးတစ်ခု ရောက်ရှိနေသည်။
ဟမ့်
အဆင့်မြင့် ဂိုဏ်းတစ်ခုမှ ကျွမ်းကျင်သူ တစ်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာက တကယ့်ကို တော်တဲ့လူပဲ၊ ဒါပေမဲ့ အဲလိုလူမျိုးတွေကို ကျင့်ကြံခြင်းလောက လက်မခံနိုင်ဘူး၊ အဆုံးသတ်မှာတော့ သူက အရှုံးပေးပြီး သေဆုံးသွားခဲ့ ရတာပဲ”
“အင်း”
ဂိုဏ်းအကြီးအကဲတစ်ယောက်သည် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “ရတနာတွေ အများကြီးက ပျောက်ကွယ်သွားခဲ့တာ နှမျောစရာပဲ”
“နာရီဝက်လောက် ကြာနေပြီနော်၊ ပြိုင်စံရှားဂိုဏ်းက တပည့်တွေက သေနေပြီလား၊ ဒဏ်ရာရရှိနေပြီလား မသိဘူး” တစ်စုံတစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းအကြောင်းကို လှည့်ကာ ပြောလိုက်၏။
အားလုံးသည် နှာခေါင်းရှံ့မိလိုက် ကြသည်။
အားလုံးဆွေးနွေးနေစဉ်မှာပဲ ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် သိုင်းအုပ်စိုးသူအဆင့် စိတ်ဝိညာဉ်သားရဲများအား တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်လျက် ရှိနေတော့၏။
“ဂိုဏ်းချုပ်.... နတ်ဆိုးတောင်ကြားကို ကြည့်ရတာ အဲလောက်ခက်ခဲတဲ့ပုံလည်း မပေါ်ဘူး”
“.........” လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်၏။ သူရရှိထားသည့် သတင်းအချက်အလက်အရဆိုလျှင် နတ်ဆိုး တောင်ကြားဆိုသည်မှာ တကယ့်ကို နဂါးခံတွင်းနှင့် ကျားသားရဲတွင်းဖြစ်သည်။ ပိုမိုလုံခြုံစေဖို့အတွက် သူသည် တပည့်များကို ခေါ်ဆောင်ရာတွင် ပိုမိုသေသေချာချာဖြင့် ရွေးချယ်ခေါ်ဆောင်လာခြင်းဖြစ်သည်။ ၎င်းခေါ်ဆောင် လာသည့် တပည့်များအားလုံးသည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ ခက်ခဲသောလုပ်ဆောင်ချက် ပြိုင်ပွဲတွင် ရှင်းရှင်းလင်းလင်း အနိုင်ရရှိသူများ ဖြစ်နေတော့သည်။ ဤကဲ့သို့ဖြစ်မည်မှန်းသိလျှင် သူသည် ကြုံသည့်တပည့်များ ကိုသာ ခေါ်ဆောင်လာပေလိမ့်မည်။ ဤကဲ့သို့ သေသေချာချာ ရွေးချယ်မိလိုက်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်း၏ အတွေးကို တင်းရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်သာ သိရှိမည်ဆိုလျှင် ကျိန်းသေပေါက် ဝမ်းနည်း သွားပေလိမ့်မည်။ ထို့အပြင် သူသည် သူ၏ဂိုဏ်းထဲတွင်ရှိသော လက်ရွေးစင်တပည့်များကို ခေါ်ဆောင်လာသည် ကိုပင် အားနည်းနေသည်ဟု သတ်မှတ်နေသည်မဟုတ်လား။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “ဒီအထဲမှာ လျှို့ဝှက်သိုင်းကျမ်းတွေနဲ့ လက်နက်တွေ အများကြီး ရှိတယ်”
“ဒါက ငါတို့ကို လက်နက်နဲ့ အရင်းအမြစ်တွေ အများကြီး ပေးနေတာပဲ” ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ရယ်လိုက်မိသည်။
သိုလှောင်လက်စွပ်ထဲတွင် သူသည် သေတ္တာကြီးများကို အစဉ်လိုက် စီရီထားလျက်ရှိနေ၏။ မိနစ်သုံးဆယ် မပြည့် ခင်မှာပဲ သူသည် များပြားလှသော သိုင်းနည်းစနစ်များ၊ လက်နက်၊ ရတနာနှင့် သလင်းအမြူတေများ အားလုံးကို ရရှိလို့နေသည်။ ကြည့်ရသည်မှာ ဤအရာသည် သူ့အတွက် နတ်ဘုံနတ်နန်းကြီးကဲ့သို့ပင် ဖြစ်နေတော့သည်။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လောဘတရားများနှင့် တောက်လောင်လျက် ရှိနေ၏။ “အထဲကို ထပ်ဝင်သွားကြရအောင်၊ ပစ္စည်းကောင်းတွေအကုန်လုံး ယူကြမယ်၊ တခြားဂိုဏ်းတွေအတွက် တစ်ခုမှ မချန်ခဲ့နဲ့”
“ကောင်းပါပြီ” တပည့်များအားလုံးသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြ၏။
သို့ပေမဲ့ ၎င်းတို့ဝင်ခါနီးတွင်ပဲ အလွန်တရာ အားကောင်းလှသော နတ်ဆိုးချီများသည် ရုတ်တရက် သူတို့၏ နောက်ဘက်ဆီမှ ထွက်ပေါ်လာ၏။ အားလုံးလှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ခြေချိတ်ကာ ထိုင်လျက်ရှိသော ရောင်မုန့်ယဉ်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူမ၏ မျက်လုံးများသည် နီရဲလျက်ရှိပြီး အနက်ရောင် ဆံပင်များသည်လည်း လေမတိုက်ဘဲ လေထဲတွင် လွှင့်လျက်ရှိနေ၏။ ကြည့်ရသည်မှာ သူမသည် စိတ်လွတ်သွားခဲ့ပုံ ပေါ်သည်။
လီဖေးသည် အံ့အားသင့်မိသွား၏။ “ဂျူနီယာညီမလေး ဘာဖြစ်လို့လဲ”
ကျန့်ရာသည် မျက်မှောင်ကုတ်မိသွားသည်။ “ကြည့်ရတာ ရူးသွပ်သွားသလိုပဲ၊ တစ်စုံတစ်ခု မှားယွင်းနေပြီ”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။
ဝှစ်
ရုတ်တရက်ဆိုသလိုပဲ ရောင်မုန့်ယဉ်သည် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အေးစက်စက် ပြောလိုက်တော့သည်။ “ဒီဧကရီရဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီးတော့ ယူသွားချင်နေကြတာလဲ”
ဝှစ်
သူမပြောပြီးပြီးချင်းမှာပဲ မိန်းကလေးသည် ရုတ်တရက် ရှေ့ဆီသို့ လှမ်းတက်လာပြီး သူမ၏လက်ထဲမှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးချီများသည် စုစည်းရောက်ရှိနေသည်။
“ဂျူနီယာညီမလေး.... ဘာဖြစ်တာလဲ” ရှောင်ကျီက အော်ဟစ်လိုက်၏။
ဘုန်း ဘုန်း
ရောင်မုန့်ယဉ်သည် ရှောင်ကျီ၏ရှေ့သို့ ရောက်ရှိလာ၏။ သူမလက်ဝါးတွင် စုစည်းထားသော နတ်ဆိုးချီများသည် ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။ သူမသည် ရှောင်ကျီအား လွှင့်စင်သွားအောင် လုပ်လိုက်ပြီး ရှောင်ကျီ သည် အနောက်ဘက် ပေအနည်းငယ်ဆီသို့ ဖင်နှင့်တရွတ်တိုက်ကာ အနောက်သို့ လွင့်စင်သွားသည်။
“ဂိုဏ်းချုပ်”
ကျန့်ရာက ပြောလိုက်သည်။ “ဒီမိန်းကလေး စိတ်လွတ်သွားပြီ”
“ဒါဆို ဘာကိုစောင့်နေတာလဲ”
ကျွင်းချောင်ရှောင်းက လှမ်းအော်လိုက်သည်။ “မြန်မြန် သူမကို ထိန်းချုပ်တော့လေ”
ဆွစ် ဆွစ်
ကျန့်ရာနှင့် နင်ညီအစ်ကိုများ အားလုံးတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာဖြင့် ရှေ့သို့ လှမ်းတက်လိုက်၏။ သို့ပေမဲ့ သူတို့ရှေ့သို့ လှမ်းတက်လိုက်သည်နှင့် တပြိုင်နက် ရောင်မုန့်ယဉ်သည် သူမ၏ လက်များကို ဖြန့်ကားကာဖြင့် နတ်ဆိုးချီများအား လက်သီးအဖြစ် ဖန်တီး၍ တိုက်ခိုက်တော့၏။
ဘန်း ဘန်း
ဆက်တိုက်ပေါက်ကွဲတိုက်ခိုက်မှုများ၏ အောက်မှာတော့ အကြီးအကဲ သုံးယောက်တို့သည် ရုတ်တရက် အနောက်ဘက်သို့ လွှင့်စင်ပြီး မြေပေါ်သို့ လဲကျသွားတော့သည်။ ၎င်းတို့သည် ရင်ဘတ်ကို အုပ်ကိုင်ကာ သွေးပင် အန်လျက်ရှိနေသည်။
လီဖေး၊ ထျန်းချီနှင့် တခြားသူများအားလုံးသည် ဆွံ့အသွားကြ၏။ သူမသည် သိုင်းအုပ်စိုးသူ အဆင့် အကြီးအကဲသုံးယောက်အား သွေးအန်အောင်ပင် ရိုက်နှက်ခဲ့သည်။ ဂျူနီယာညီမလေးသည် ကြောက်မက် ဖွယ်ရာ ကောင်းလွန်းလှချေ၏။
ဘုန်း ဘုန်း
ရှေ့သို့ ပြေးတက်လာသော ရောင်မုန့်ယဉ်သည် သူမသွားသည့်နေရာတိုင်းတွင်ရှိသော ပြိုင်စံရှားဂိုဏ်း တပည့်များကို လွှင့်စင်အောင် တိုက်ခိုက်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် ရှေ့ကို လှမ်းတက်လာပြီး သူ၏ အဆင့်ကိုးဓားနှင့် သိုင်းအုပ်စိုးသူအဆင့်အား ထုတ်ဖော်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူမ၏ လက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းဆွဲကာ တီးတိုးပြောလိုက်သည်။ “ကောင်မလေး.... မင်းရူးသွားပြီလား”
မူလအားဖြင့် အေးစက်လျက်ရှိသော ရောင်မုန့်ယဉ်၏ မျက်နှာသည် ချက်ချင်း တုန်ခါသွား၏။ ပြီးနောက်မှာတော့ သူမသည် အသာလှမ်းကြည့်ပြီးနောက် ခက်ခက်ခဲခဲနှင့် တစ်လုံးချင်း ပြောလိုက်၏။ “ဂိုဏ်း.... ချုပ်”
ဘန်း
လက်သီးချက်တစ်ခု ဖြစ်တည်လာ၏။ ကျွင်းချောင်ရှောင်းသည် သူ၏ရင်ဘတ်ကို အုပ်ကိုင်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ ပြီးသည့်နောက် ဒေါသတကြီး ပြောလိုက်သည်။ “ကျုပ်ရဲ့ တန်ဖိုးကြီးလှတဲ့ တပည့်ရဲ့ခန္ဓာကိုယ်ကို ဘယ်သူက ထိန်းချုပ်နေတာလဲ၊ တကယ်လို့ သတ္တိရှိတယ်ဆို ရှေ့ကို ထွက်ခဲ့ပြီးတော့ ကျုပ်နဲ့ တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်”
ဟူး ဟူး
ရောင်မုန့်ယဉ်၏ အနောက်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသော ကြီးမားသည့် နတ်ဆိုးချီများ ထွက်ပေါ် လာ၏။ ပြီးသည့်နောက်မှာတော့ ကြီးမားသည့် ခန္ဓာကိုယ်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာ၏။ အေးစက်စက် အသံသည် ထွက်ပေါ်လာသည်။
“ကောင်လေး... ငါနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ဖို့အတွက် မင်းမှာ အရည်အချင်း ရှိတယ်လို့ ထင်တာလား”
…………
“ဂိုဏ်း... ဂိုဏ်းချုပ်”
ကျွင်းချောင်ရှောင်းသည် ရောင်မုန့်ယဉ်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည့်နောက်မှာတော့ သူမ၏ မူလ အားဖြင့် နီရဲနေသည့် မျက်နှာသည် ကြည်လင်ရှင်းလင်းသည့် အရိပ်အယောင်များ ဖြစ်တည်လာသည်။ ပြီးနောက်မှာမှ သူမသည် ကြမ်းကြမ်းတမ်းတမ်း ယမ်းခါလိုက်သည်။
ဤနေရာတွင် ပြဿနာတစ်ခု ရှိနေသည်။ ကျိန်းသေပေါက် ပြဿနာ တစ်ခု ရှိနေသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အနောက်ဘက်သို့ လွှင့်စင်သွားသည့်အချိန်တွင် ဒေါသ တကြီးဖြင့် ပြောလိုက်၏။
“ဘယ်သူက ကျုပ်ရဲ့ တန်ဖိုးရှိတဲ့ တပည့်ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတာလဲ၊ တကယ်လို့ သတ္တိရှိတယ်ဆိုရင် ကျုပ်နဲ့တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်”
“ကောင်လေး... မင်းက ငါနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ဖို့အတွက် အရည်အချင်း ရှိတယ်လို့ ထင်နေတာလား” ရောင်မုန့်ယဉ်၏ အနောက်တွင် ဖြစ်တည်လာသော အရိပ်သည် မှုန်ကုတ်ကုတ် အသံဖြင့် ပြောလိုက်၏။
ဤအသံ သည် အလွန်တရာ အားကောင်းလှသည့် ထွင်းဖောက်ခြင်းစွမ်းအင်များ ပါဝင်နေသည်။ နတ်ဆိုး တောင်ကြားထဲရှိ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ကြည်လင်နှလုံးသားနည်းစနစ်ကို အသုံးပြု ထားကြသည်ဆိုလျှင်တောင်မှ ၎င်းတို့၏ အသိစိတ်ထဲသို့ အနည်းငယ်ဝင်ရောက်ကာ တိုက်စားခံလိုက်ရသည်။ ၎င်းတို့၏ မျက်နှာများသည် ပျက်ယွင်းသွားကြတော့သည်။
“ကျုပ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သိပ်ရှိတာပေါ့”
နတ်ဆိုးအင်ပါယာ၏ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သူမှာ ရောင်မုန့်ယဉ်ဖြစ်သည်။ လက်ရှိအခြေအနေ မှာတော့ သူမသည် တည်နေရာထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ တစ်စုံတစ်ခု ဖြစ်တည်ခဲ့ပုံပေါ်သည်။
“ကောင်လေး”
အမဲရောင်အရိပ်ကြီးသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီနေရာမှာ ငါချန်ထားတဲ့ အရာတွေက လမ်းမှန်ဂိုဏ်းသားတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယူရင်း သေကြေတာကို မြင်ချင်လို့ပဲ၊ ဘာလို့ မင်းက အကုန်လုံးကို ယူသွားချင်တာလဲ”
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ရောင်မုန့်ယဉ်ကို ထိန်းချုပ်ထားသည့် ဤအမဲရောင်အရိပ်မှာ လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက သေဆုံးသွားခဲ့သော နတ်ဆိုးအင်ပါယာဖြစ်မှန်း တစ်ရာ ရာခိုင်နှုန်း သေချာသွားခဲ့သည်။
ဟုတ်ပေသည်။ ၎င်း၏ အဓိက ခန္ဓာကိုယ်တော့ မဟုတ်ပေ။ ပုံရိပ်ယောင်ပုံစံတစ်ခုသာ ဖြစ်ပြီး ၎င်းဝိညာဉ်၏ အကြွင်းအကျန် တစ်စုံတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ကို ရုတ်တရက် အပိုင်စီးလိုက်သည်ဆိုခြင်းမှာ ဤမိန်းကလေးသည် နတ်ဆိုးချီများကို စုပ်ယူလိုက်သောကြောင့် လွယ်လွယ်ကူကူ နှင့် အပိုင်စီးနိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။
သူသည် ဂရုစိုက်မှု ကင်းလွတ်ခဲ့၏။ သူ့သည် သူ့ကိုယ်သူ အပြစ်တင်မိ၏။ လက်ရှိအချိန်မှာတော့ သူသည် လက်သီး ကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “စီနီယာ နတ်ဆိုးအင်ပါယာ... ဒါက နားလည်မှု လွဲတာပါ၊ ကျုပ်ရဲ့ ရှင်းပြမှုကို နားထောင်ပါအုံး”
သူ၏တပည်သည် ထိန်းချုပ်ခြင်းကို ခံထားရ၏။ ထို့ကြောင့် တစ်စုံတစ်ခုသော ဘေးထွက်ဆိုးကျိုးများကို ခံစား ရလျှင် ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်ကို အရင်ဆုံး သီးခြားခွဲထုတ်ရန် သူကြိုးစားမှ ဖြစ်မည်။
“တစ်ဖက်လူက အရမ်းကို အားကောင်းလွန်းတယ်၊ တကယ် တိုက်ခိုက်မယ်ဆိုရင် အထက်စည်းကနေ တိုက်ယူ နိုင်စွမ်းရှိမှာ မဟုတ်ဘူး” စနစ်သည် အချိန်ကိုက်ပင် ဝင်ပြောလိုက်၏။
ဝှစ်
ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော အမဲရောင်အရိပ်သည် အလွန်တရာ အားကောင်းလှသော နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်လိုက်ပြီးတော့ အေးစက်ပြီး ကြမ်းတမ်းလွန်းသော လက်ဝါးရိုက်ချက်ကြီး တစ်ခုကို ရုတ်တရက် ရိုက်ချလိုက်သည်။ ဤလက်ဝါးရိုက်ချက်ကြီးသည် ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံး ကိုပင် အေးစက်သွားစေ၏။
ကြည်လင်နှလုံးသားနည်းစနစ်ကို အသုံးပြုထားခဲ့သော တပည့်များအားလုံးသည် ၎င်းတို့ခန္ဓာကိုယ်အား နတ်ဆိုးစွမ်းအင်များ တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့၏။ ၎င်းတို့မျက်နှာများသည် ပိုမိုကာ ကြမ်းတမ်းခက်ထန်လာကြ၏။ အကာအကွယ်များသည်လည်း ပျောက်ဆုံးလုနီးပါး ဖြစ်သွားတော့သည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကို အသုံးပြု၍ ထိုသူ၏ အနားဆီသို့ သွားကာ မြန်မြန်ဆန်ဆန် ပြောလိုက်သည်။
“စီနီယာ နတ်ဆိုးအင်ပါယာ.... ခင်ဗျားထိန်းချုပ်ထားတဲ့ ကျုပ်ရဲ့တပည့်က သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ လူပါ၊ ဒါကြောင့်မို့လို့ ကျုပ်က သူမရဲ့ နတ်ဆိုးတာအိုကို ပိုမိုပြီး အကူအညီဖြစ်စေဖို့ ဒီနေရာကို ခေါ်လာခဲ့တာပဲ”
ဒုတိယအကြိမ်မြောက် တိုက်ခိုက်ရန်ပြင်နေသော ရောင်မုန့်ယဉ်သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက် ရောင်မုန့်ယဉ်၏ အထက်မှာရှိသော အရိပ်ကြီးက ပြောလိုက်၏။ “နတ်ဆိုးလမ်းစဉ်ကို ထောက်ပံ့ချင်တယ် ဟုတ်လား”
“ဟုတ်ပါတယ်”
ကျွင်းချောင်ရှောင်းသည် တည်ကြည်လေးနက်စွာပဲ ပြောလိုက်သည်။ “ဒီလောကကြီးမှာ လမ်းမှန်နဲ့ လမ်းမှားဆိုတာ မရှိပါဘူး၊ ကိုယ့်ကိုယ်ကိုယ် လမ်းမှန်တယ်ဆိုပြီး ရေရွတ်နေတဲ့ လူတွေကလည်း မကောင်းတဲ့အရာတွေကို ပြုလုပ်နိုင်ကြတယ်။ ဒီလိုပဲ နတ်ဆိုးလမ်းစဉ်ကို ရွေးချယ်ပြီး လျှောက်လှမ်းတဲ့လူတွေကလည်း ကောင်းမွန်တဲ့အရာတွေကို ပြုလုပ်နိုင်ကြတယ်လေ”
ဟမ့်
အမဲရောင်အရိပ်သည် အေးစက်စက် ပြောလိုက်၏။ “ဒါက ပြောချင်တာတွေ လျှောက်ပြောနေတာထက် မပိုဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ဒီတစ်ကြိမ် နတ်ဆိုးတောင်ကြားထဲကို ဝင်လာခဲ့တာက ဒီမိန်းကလေး အနေနဲ့ သူမရဲ့ ကျင့်ကြံခြင်းကို တိုးတက်ပြီးတော့ နတ်ဆိုးလမ်းစဉ်ကို ပိုမိုနားလည်လာစေဖို့ပဲ”
“တကယ်လား” အမဲရောင်အရိပ်သည် မေးခွန်းထုတ်လိုက်၏။
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “စီနီယာက နတ်ဆိုးတောင်ကြားထဲမှာ ရတနာတွေ အများကြီးကို ချန်ထားခဲ့တယ်လေ၊ ဒါတွေက လမ်းမှန်ဂိုဏ်းသားတွေကို မြူစွယ်နိုင်စေဖို့ ထောင်ချောက်ဖြစ်တယ် ဆိုပေမဲ့ ကျုပ်အထင်တော့ နတ်ဆိုးလမ်းစဉ်ကို လျှောက်တဲ့လူတွေအတွက် ကြီးမားတဲ့ ချမ်းသာမှုကို ရရှိစေဖို့ပဲ”
အမဲရောင်အရိပ်က ပြောလိုက်၏။ “ဒါ ငါဘယ်တုန်းကမှ တွေးမှတ်မထားခဲ့တဲ့ အရာပဲ”
“စီနီယာက တကယ် ဒါကို မတွေးခဲ့မိဘူးလား၊ ဒါပေမဲ့ ကျုပ်ကတော့ တွေးခဲ့မိတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကြောင့်ပဲ ဒီမိန်းကလေးကို ဒီထဲကို ခေါ်လာခဲ့တာပဲ၊ ကျုပ်ရဲ့ ရည်ရွယ်ချက်ကတော့ စီနီယာ ချန်ထားခဲ့တဲ့အရာအားလုံးကို ဒီမိန်းကလေး ရရှိစေဖို့ပဲ၊ တိတိကျကျ ပြောရရင် စီနီယာချန်ထားခဲ့တဲ့ နတ်ဆိုးအမွေအနှစ်တွေကို ရရှိစေဖို့လေ”
ကျွင်းချောင်ရှောင်းသည် စကားများကို တရစပ်ပြောဆိုလိုက်၏။ သို့ပေမဲ့ နတ်ဆိုး အမွေအနှစ်ဆိုသော စကားတွင် အလွန် ကျယ်လောင်စွာဖြင့် လေးလေးနက်နက် ပြောဆိုခဲ့၏။
အမဲရောင်အရိပ်သည် မည်သည့်စကားကိုမှ မဆိုသလို လှုပ်ရှားမှုကိုလည်း မပြုလုပ်ပေ။ ငြိမ်ငြိမ်သက်သက်ဖြင့် အတွေးနက်လျက်ရှိသည်။
စနစ်က ပြောလိုက်သည်။ “မင်း ပေါက်ကရတွေပြောတာ တော်တော် တော်တဲ့ကောင်ပဲ”