← Chapters

ဘယ်သူကဘယ်သူ့ကိုခြိမ်းခြောက်နေတာလဲ

Vol. 008 Ch. 737

ဘယ်သူကဘယ်သူ့ကိုခြိမ်းခြောက်နေတာလဲ

Vol. 008 Ch. 737

သူမသည် ဝိုင်ပုလင်းအဖုံးကိုဖွင့်လိုက်ရာ ဝိုင်အနံ့သင်းသင်းကလေးသည် ပျံ့လွှင့်သွားသည်။ ဘေးသင့် မှုတိမ်တိုက်သည် တောင့်ခံရန်ကြိုးစားသော်လည်း နောက်ဆုံးမခံနိုင်တော့ပေ။ မခံနိုင်တော့သည့်အဆုံးတွင် ပြေး လာကာ ဝိုင်ပုလင်းကိုဖက်ပြီး အသက်ကိုဝဝရှုပြီး မေးလိုက်သည် “”

“ဝိုင်လား” ဘေးသင့်မှုတိမ်တိုက်သည် အော်လိုက်ရာ ဝိုင်ပုလင်းသည် တိမ်ပေါ်မှ ချက်ချင်းကျသွားလေ သည်။ ဝိုင်ပုလင်းသည် တိမ်မည်းများပေါ်သို့မှောက်သွားရာ အနံ့မှာပိုပြင်းလာသည် “မဟုတ်သေးဘူး ဒါကို မကြိုက်ဘူး ယူသွားလိုက်”

ဘေးသင့်မှုတိမ်တိုက်မှာ စိုးရိမ်နေသည်ကိုရှီမာယူယူမြင်လိုက်သည်။ အစောကအဆင်ပြေနေရဲ့သားနဲ့ ဘာလို့ဒီလောက်တောင် တုန့်ပြန်မှုကြီးရတာလဲ။

“ဒါကိုမကြိုက်ဘူးလား” သူမသည် သိချင်စိတ်ဖြင့်မေးလိုက်သည်။

“မကြိုက်ဘူး မကြိုက်ဘူး ဒါကိုထိတောင်မထိနိုင်ဘူး” ဘေးသင့်မှုတိမ်တိုက်လေးသည် အော်လေသည်။

“ဘာလို့မကြိုက်တာလဲ”

“ပြီးခဲ့တဲ့တစ်ခေါက်က အစ်ကိုတစ်ယောက်ကဝိုင်ရလာတယ်လေ၊ သူဆိုသောက်လိုက်တာ ၃နှစ် လောက် သတိမေ့သွားတယ် အလုပ်တွေလွတ်သွားလို့ အပြစ်ပေးခံလိုက်ရတယ်၊ သူပျောက်တောင် ပျောက် ကွယ်သွားလိုက်တယ်” ဘေးသင့်မှုတိမ်တိုက်လေးသည် ခေါင်းကိုအဆက်မပြတ်ခါလေသည်။

သြော်… အဲလိုဖြစ်ခဲ့တာလား..

ရှီမာယူယူသည် အံ့သြသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။ ဘေးသင့်မှုတိမ်တိုက်လေးသည် မခံနိုင်သလိုကြည့်နေသဖြင့် ပြောလိုက်သည် “ဒါကသစ်သီးဝိုင်ပါ၊ မမူးဘူး… မင်းမူးမှာကြောက်ရင် ဒီဆေးထဲက တစ်လုံးသောက်လိုက်၊ ဒါဆိုရင် မူးတော့မှာမဟုတ်ဘူး”

“ဒါဘာဆေးလဲ” ဘေးသင့်မှုတိမ်တိုက်လေးသည် ဆေးများကိုအသင့်အတင့်တွေ့ဖူးသော်လည်း ထိုဆေးအမျိုးအစားကို တစ်ခါမှမတွေ့ဖူးပေ။

“ဒါက ဝိုင်သောက်နေတုန်းကို မမူးအောင်လို့သောက်တဲ့နေရာမှာသုံးတယ်၊ မသောက်ခင် ဒီဆေးကို သောက်ထားရင် မမူးဘူး” ရှီမာယူယူ ရှင်းပြလေသည်။

“တကယ်လား” ဘေးသင့်မှုတိမ်တိုက်လေးသည် သူမကို မယုံသေးပေ။

“ငါ မင်းကိုလိမ်တယ်ဆိုရင် နေ့တိုင်းငါ့ကိုမိုးကြိုးပစ်ချလိုက်” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာယူယူသည် ထိုဆေးကို မိုဒိဆန်းအတွက်ဖော်ထားခြင်းဖြစ်သည်။ ထိုဆေးသည် နှစ်သက်ရာဝိုင် ဘယ်အမျိုးအစားကိုမဆိုသောက်လျှင် ဘယ်တော့မှမမူးပေ။

ဘေးသင့်မှုတိမ်တိုက်လေးသည် တတ်နိုင်သလောက်ခုခံရန်ကြိုးစားသော်လည်း မခံနိုင်တော့ပဲ ဖြေးညင်းစွာလျှောက်လာလေသည်။

ရှီမာယူယူသည် ဆေးတစ်လုံးကျွေးလိုက်သည်။ ဘေးသင့်မှုတိမ်တိုက်လေးသည် စားပြီးနောက် ဝိုင် အနည်းငယ်သောက်ကြည့်လေသည်။ နေရခက်မှုကိုမခံစားရသောအခါ ပျော်ရွှင်စွာဖြင့် ဝိုင်ကရားကိုယူပြီး သောက်တော့သည်။

“ဘယ်လိုလဲ ငါမင်းကိုမလိမ်ဘူးမလား” ရှီမာယူယူသည် ကိုယ်ပိုင်ဝိုင်ကရားထုတ်လိုက်သည်။

“အင်း အင်း” ဘေသင့်မှုတိမ်တိုက်လေးသည် ထိုထူးခြားသောဝိုင်နှင့်ပတ်သတ်ပြီး ရှီမာယူယူ ဖြေရှင်း ပေးလိုက်သည်ကို ကျေနပ်သဖြင့် ပျော်ရွှင်စွာခေါင်းညိမ့်လေသည်။

လျင်မြန်စွာပင် ဝိုင်တစ်ကရားကုန်သွားလေသည်။ ဝိုင်အရည်အသွေးနိမ့်၍ပဲလား ဆေးသောက်ထား သောကြောင့်ပဲလား တုန့်ပြန်မှုကြီးကြီးမားမားမရှိပေ။

“တကယ်အရသာရှိတယ် ထပ်ရှိသေးလား” ဘေးသင့်မှုတိမ်တိုက်လေးသည် ကရားအလွတ်ကို ဖက်ကာ သူမဘက်သို့လှည့်လာသည်။

“ရှိတယ်” ရှီမာယူယူသည် နောက်ထပ် ကရားတစ်ခုထုတ်ကာ ဘေးသင့်မှုတိမ်တိုက်ကိုပေးလိုက်ရာ တစ်ခဏအတွင်း ကုန်သွားလေသည်။

ဒီကောင်လေးက တကယ်သောက်တာပဲ.. သောက်လေလေ ပိုပျော်လာလေပဲ။ ကရား၄လုံးသောက်ပြီး နောက်တွင် ရှီမာယူယူသည် ထပ်မပေးလိုတော့ပေ။

“ရှိသေးလား ရှိသေးလား သောက်လို့မပြီးသေးဘူး” ဘေးသင့်မှုတိမ်တိုက်လေးသည် အော်လေသည်။

“ဘေးသင့်မှုတိမ်တိုက်လေး သိလား၊ ငါတို့လိုလူသားတွေဆီမှာ ဒီဝိုင်ကို သောက်ချင်သလိုသောက်လို့ မရဘူး” ရှီမာယူယူသည် တည်တံ့စွာပြောလေသည်။

“ဒါဆို ဒါကိုဘယ်အချိန်မှာသောက်လို့ရလဲ” ဘေးသင့်မှုတိမ်တိုက်လေးသည် မေးလေသည်။

“ငါတို့က မိတ်ဖွဲ့တဲ့နေရာမှာသောက်ကြတယ်” ရှီမာယူယူ ပြောလိုက်သည် “မင်းက အစတုန်းက ငါ့ကို သတ်ချင်နေတာလေ”

“မင်းက တကယ်လွန်တာပဲ ဝိုင်နဲ့ငါ့ကိုခြိမ်းခြောက်နေတယ်” ဘေးသင့်မှုတိမ်တိုက်လေးသည် ဖြူစင်ပြီး ရိုးရှင်းသော်လည်း တစ်ချိန်တည်းမှာပင် ထိုကဲ့သို့မဟုတ်ပေ။ ရှီမာယူယူတစ်စုံတစ်ရာပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပြန်တုန့်ပြန်သည်။

“ဟုတ်တယ် ငါမင်းကိုခြိမ်းခြောက်နေတာ” ရှီမာယူယူသည် မငြင်းပေ “ငါခြိမ်းခြောက်တာကို လက်ခံမှာ လား”

“ငါက ကျောထောက်နောက်ခံရှိတဲ့ ဘေးသင့်မှုတိမ်တိုက်ပဲ၊ မင်းခြိမ်းခြောက်တာကို လက်မခံနိုင်ဘူး” ဘေးသင့်မှုတိမ်တိုက်လေးသည် ဘေးသို့ခေါင်းလွှဲလိုက်ပြီး သူမကိုမကြည့်တော့ပေ။

“တကယ်လား”

“ဒါပေါ့” ဘေးသင့်မှုတိမ်တိုက်လေးသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

“ကောင်းပြီလေ ဒါဆိုလည်း” ရှီမာယူယူသည် ထုတ်ထားသော ဝိုင်ကရားကိုပြန်သိမ်းကာ ပြောလေ သည် “မင်းက ကျောထောက်နောက်ခံရှိတဲ့ ဘေးသင့်မှုတိမ်တိုက်ဆိုတော့ ဒါကိုသေချာပေါက်သောက်ချင်မှာ မဟုတ်ဘူး၊ ဟူး… ငါဒီအတိုင်းပြန်ဆင်းပြီး မင်းငါ့ကို မိုးကြိုးပစ်တာပြီးအောင်ထိ စောင့်ရုံပဲ”

သူမသည် ပြောပြီးနောက်တွင် ထကာထွက်သွားမည်ပြုသည်။

“အာ..အာ.. မင်းလွန်လိုက်တာ လွန်တယ်” ဘေးသင့်မှုတိမ်တိုက်လေးသည် ချက်ချင်းပင် ထကာ ရှီမာယူယူဆီသို့ မိုးကြိုးပစ်လိုက်သည်။

ဘေးသင့်မှုတိမ်တိုက်သည် ရှီမာယူယူဆီမှ ဝိုင်ကရားကိုလုယူပြီး ညည်းတွားလေသည် “မင်းက အကျင့် မကောင်းဘူး လွန်တယ်”

ရှီမာယူယူသည် ဘေးသင့်မှုတိမ်တိုက်ထိပ်တွင် ရပ်လိုက်သည်။ သူမသည် အစောက မိုးကြိုးများထိမှန် ထားသဖြင့် ထုံနေပြီဖြစ်ကာ မလှုပ်နိုင်တော့ပေ။ ဒီကောင်လေးက သူမကို မကောင်းဘူးလို့အော်နေတာ ဒီနေရာ မှာ တကယ်က ဘယ်သူကမကောင်းတာလဲ။

ဘေးသင့်မှုတိမ်တိုက်လေးသည် ဝိုင်သောက်ပြီးချိန်တွင် ရှီမာယူယူ ထုံကျင်မှုများပျောက်သွားလေသည် “မင်းငါ့ကိုသေအောင်ပစ်ချင်ရင် ဒီဝိုင်ကိုဘယ်တော့မှ ထပ်သောက်ရမှာမဟုတ်ဘူး”

ဘေးသင့်မှုတိမ်တိုက်သည် မျက်လုံးမှေးကာ ခေတ္တမျှစဉ်းစားလေသည်။ သူမကို မိုးကြိုးပစ်လိုက်တာ နည်းနည်းရက်စက်ပုံတော့ပေါက်တယ်။ ဒါပေမဲ့ သူမကိုယ်ထဲမှာ ခရမ်းရောင်လျှပ်စီးရှိနေတာပဲ။ သူမကို သေ အောင်ထိ ပစ်လို့မရပါဘူး။ အများဆုံးဖြစ်ရင် အကြောဆွဲတာလောက်ပဲဖြစ်မှာ။

“မင်းက ငါ့ကို ဝိုင်နဲ့ ဆေးတွေပေးထားတော့ ဒီနေ့တော့ မင်းကိုမပစ်တော့ဘူး မဟုတ်ရင် နောက်ထပ် မိုးကြိုးကြီးတွေ ပစ်ဦးမလို့ပဲ”

ရှီမာယူယူသည် ထိုစကားကြားသောအခါ မယုံကြည်နိုင်လောက်အောင် သဘောကျသွားသည်။ သူမက ခြိမ်းခြောက်တဲ့လူမလား… ဘယ်လိုဖြစ်ပြီး ပြောင်းပြန်ဖြစ်သွားတာလဲ။

သို့သော် ဘယ်သူက ဘယ်သူ့ကိုခြိမ်းခြောက်သည်ဖြစ်စေကာမူ ရလဒ်မှာ အတူတူပင်။ သူမသည် ဝိုင် ပေးသည်။ ထိုအစား သူမကိုမိုးကြိုးမပစ်တော့ပေ။

ရှီမာယူယူသည် ဝိုင်ကရားအကြီးတချို့ကိုထုတ်လိုက်သည်။ ဘေးသင့်မှုတိမ်တိုက်လေးသည် အမြှီးကို သိမ်းပြီးနောက် ကရားများကို အကုန်သိမ်းလိုက်လေသည်။

“ဒီနေ့တော့ မင်းကိုလွှတ်ပေးလိုက်မယ် ငါ့ကိုထပ်မခေါ်နဲ့တော့” ဘေးသင့်မှုတိမ်တိုက်လေး ပြောလိုက် သည် “ဒီမှာ ငါ မင်းကိုတောင်းပန်နေတာမဟုတ်ဘူး ဒါပေမဲ့ နည်းနည်းလောက်တော့ နားဦးလေ၊ ငါ ပစ်ရတဲ့ အထဲမှာ မင်းကအကြိမ်ရေအများဆုံးပဲ၊ ပြီးတော့ အပြင်းဆုံးလည်းပစ်ပေးရတယ်၊ ခရမ်းရောင်လျှပ်စီးကြောင့်သာ မဟုတ်ရင် မင်းက သေပြီးတာအကြိမ်ရေမနည်းတော့ဘူး”

“ငါလည်း အပစ်မခံချင်ပါဘူး” ရှီမာယူယူပြောလိုက်သည်။

မည်သည့်အချိန်ပင်ဖြစ်စေကာမူ သူမသည် မိုးကြိုးအပစ်မခံလိုပေ။ အခြေအနေ အရပ်ရပ်ကြောင့်သာ ဖြစ်လာတာမလား။

“ဟင်း ဟင်း မင်း ငါနဲ့ထပ်တွေ့ရင် ကရားတွေအများကြီးပေးရင်တောင် မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး” ဘေးသင့်မှုတိမ်တိုက်လေးသည် တိမ်တိုက်အသွင်ပြန်ပြောင်းသွားလေသည်။

“ငါတို့က သူငယ်ချင်းတွေပဲ သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် ကူညီကြတယ် သိလား” ရှီမာယူယူ ပြောလိုက်သည်။

“ဟင်းဟင်း” ဘေးသင့်မှုတိမ်တိုက်လေးသည် နှစ်ချက်အသံပြုကာ လက်လည်းမခံ ငြင်းလည်းမငြင်းဆန် ပေ။

“ကောင်းပြီ ငါအခုတော့ပြန်တာ့မယ် ငါ့ကိုထပ်မပစ်နဲ့တော့နော် မင်းကို တွေ့တိုင်း ငါ့မှာကြောက်နေရ တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါလည်း မင်းကိုမတွေ့ချင်ပါဘူး” ဘေးသင့်မှုတိမ်တိုက်လေးပြောလိုက်သည်။ “ငါတို့က အခု သူငယ်ချင်းတွေဆိုပေမယ့် မင်းကိုလုံးဝလွှတ်ပေးလိုက်တာမဟုတ်ဘူး၊ မင်းကို ပစ်ဖို့မိုးကြိုးတွေငါ့မှာရှိသေးတယ် ဒါပေမဲ့ ငါနည်းနည်းသည်းခံလိုက်မယ်”

မဆိုးသော အပေးအယူဟု ရှီမာယူယူခံစားရသဖြင့် ခေါင်းညိမ့်ကာ သဘောတူပြီး ပျံဆင်းလာလိုက် သည်။

သူမ ခေါင်မိုးပေါ်သို့ပြန်ရောက်သည်နှင့် ဘေးသင့်မှုတိမ်တိုက်လေးသည် မိုးကြိုးအနည်းငယ်ပစ်ပြီး နောက်ထွက်သွားလေသည်။

ထိုမိုးကြိုးအနည်းငယ်သည် သူမ၏ ခရမ်းရောင်လျှပ်စီးအတွက် ကုပ်ပေးသလောက်သာဖြစ်ကာ နာကျင် မှုမဖြစ်စေပေ။

“ယူယူ နင် ဘေးသင့်မှုတိမ်တိုက်ထဲမှာ ဘာလုပ်နေတာဲ၊ ဘေးသင့်မှုတိမ်တိုက်ရဲ့ မိုးကြိုးက နောက်ပိုင်း ကိုပိုပြင်းလာရမှာမဟုတ်လား၊ ဘယ်လိုဖြစ်ပြီး အစပိုင်းကလောက် မပြင်းတော့ဘူးလို့ခံစားနေရတာလဲ” ဖက်တီး သည် အားလုံးတွေးနေသော မေးခွန်းကိုမေးလိုက်သည်။

***

All Chapters