← Chapters

အခန်း (၇၇၅)

Vol. 52 Ch. 775

အခန်း (၇၇၅)

Vol. 52 Ch. 775

“မရှိသင့်တဲ့တပည့်တစ်ယောက် ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ ဤကဲ့သို့သော မျက်နှာသွင်ပြင်မျိုးသည် ဖြစ်လေ့ဖြစ်ထ နည်းသည်ဆိုသော်လည်း အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

လူငယ်သည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ခင်ဗျားတပည့်အကြောင်းနဲ့ပတ်သက်ပြီး ဘယ်ကိုမှ မပြန့် စေရဘူးဆိုတာ စိတ်ချထားပါ၊ ဘာလို့လဲဆိုတော့”

ဝုန်း

ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။ အလွန်တရာ ကြမ်းရမ်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာထဲတွင် ဖြစ်တည်လာပြီးနောက် ၎င်းတို့ထိုင်နေရာ တဲကြီး၏ တစ်ဝက်လောက်သည် အပိုင်းပိုင်းလွှင့်စင်သွားတော့သည်။

“သခင်”

မျက်နှာဖုံးနှင့် လူလေးယောက်သည် ထိတ်လန့်တုန်လှုပ်သွား၏။ သို့ပေမဲ့ ၎င်းတို့သည် လှမ်းလာရန် ပြင်ဆင်လိုက်ချိန်မှာပဲ ကျန့်ရာနှင့် နင်ညီအစ်ကိုနှစ်ယောက်တို့၏ တားဆီးခြင်းကို ခံထားရသည်။ ၎င်းတို့သည် အေးစက်စက်နှင့် ပြောလိုက်၏။ “မင်းတို့ ငြိမ်ငြိမ်နေကြ”

ဝှစ် ဝှစ်

လေလှိုင်းများ ဖြစ်တည်ပြီးနောက်မှာတော့ တဲ၏ တည်နေရာတစ်ပိုင်းလောက်သည် ပျောက်ကွယ်သွားပြီ ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ဝံ့ကြွားစွာ မတ်တပ်ရပ်လျက်ရှိသည်။ သူ၏လက်သီးထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင် များမှာတော့ မပျောက်ကွယ်သေးချေ။

မျက်နှာတစ်ခုလုံး ဖုန်တွေနှင့်လူးလျက်ရှိသော လူငယ်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် ပြုံးကာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်း... ခင်ဗျားက တကယ့်ကို စိတ်တိုတတ်တာပဲ”

“မှတ်ထား”

ကျွင်းချောင်ရှောင်းသည် အေးစက်စက် အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့၊ ပြီးတော့ ကျုပ်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာကိုလည်း ထပ်ပြီး စိန်မခေါ်နဲ့”

သူ၏ သည်းခံနိုင်မှု အတိုင်းအတာဆိုသည်မှာ သူ၏တပည့်များပင်ဖြစ်သည်။ မည်သူမှသည် သူ့အား ခြိမ်းခြောက်၍ မရချေ။ မည်သူမှသည် သူ့အား စမ်းသပ်လို့ မရချေ။

“နားလည်ပါပြီ” လူငယ်သည် ပြုံးကာ ပြောလိုက်၏။

သူ့ကို ကြည့်ရသည်မှာ ရုတ်တရက် လက်သီးဖြင့် ထိုးခံလိုက်ရသည်ဆိုသော်လည်း ဂရုစိုက်ပုံ မပေါ်ပေ။

“ကျုပ်ပြန်သွားပြီဆိုရင် ပူးပေါင်းဖို့ ကိစ္စကို စဉ်းစားကြည့်မယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လောလောဆယ်တော့ အရင်ထွက်သွားလိုက်ဦးမယ်”

“ဂိုဏ်းချုပ်ကျွင်း”

လူငယ်ကပြောလိုက်သည်။ “ကျုပ်က တကယ့်ကို လေးလေးနက်နက် ခင်ဗျားနဲ့ မိတ်ဆွေ ဖြစ်ချင်တာပါ”

“မိတ်ဆွေ ဖြစ်ချင်တာ၊ မဖြစ်ချင်တာ၊ ဒါက ခင်ဗျားရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်တယ်လေ၊ ခင်ဗျားက ဒီအတိုင်း ထပ်ပြီးတော့ ခြိမ်းခြောက်ပြီး ပြဿနာရှာနေမယ်ဆိုရင် မိတ်ဆွေတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ ကျုပ်တို့ ရန်သူတွေ ဖြစ်သွားလိမ့်မယ်”

“သွားရအောင်” ကျွင်းချောင်ရှောင်းသည် ၎င်း၏ အကြီးအကဲလေးယောက်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့ တော့သည်။

ဤအရာတွေ အားလုံး၏ နောက်ကွယ်တွင် တကယ့်ကို ဉာဏ်ပြေးလှသည့် စီစဉ်သူတစ်ယောက် ရှိနေမည်ကို သူ သိရှိပြီးဖြစ်သည်။ လက်ရှိအချိန်မှာ ထိုသူနှင့်တွေ့ဆုံပြီးနောက် သူသည် ဆက်လက်ကာ ငြင်းခုန်ဆွေးနွေးနေဖို့ မစဉ်းစားတော့ချေ။

မျက်နှာဖုံးနှင့်လူသည် ရှေ့ကိုလှမ်းလာပြီးသည့်နောက် စိတ်လက်ပူပန်စွာဖြင့် ပြောလိုက်မိသည်။ “သခင်... အဆင်ပြေရဲ့လား”

“ကျုပ် အဆင်ပြေတယ်”

လူငယ်သည် သူ၏ရင်ဘတ်ကို ပွတ်သပ်ကာ ပြောလိုက်မိ၏။ “ဒီလူက တကယ့်ကို အားကောင်းတာပဲ”

“သခင်”

ရုတ်တရက်ဆိုသလိုပဲ သူ၏အနောက် လေထုထဲမှာတော့ အမဲရောင်အရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ထိုသူသည် မှုန်ကုတ်ကုတ်အသံဖြင့် ပြောလိုက်၏။ “ခုနက ထုတ်ဖော်လိုက်တဲ့ အရှိန်အဟုန်ကို ကြည့်ရတာ သူက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ထက် ဘယ်လိုမှ အားမနည်းဘူး”

၎င်းသည် သရဲတစ္ဆေကဲ့သို့ပင် လေထဲ၌ ခြေထောက်ကြီးကို တွဲလွဲကြီး ချိတ်လို့ထား၏။ ၎င်းဆီမှ ထွက်ပေါ်လာသော အော်ရာများသည် အလွန်တရာ အားကောင်းလွန်းနေသည်။

ကျွင်းချောင်ရှောင်းသည် ထိုသူရှိနေကြောင်း အစောကြီးကတည်းက ရှာဖွေတွေ့ရှိမထားပါက ကျိန်းသေပေါက် လူငယ်အား တစ်ခါတည်း ထိုးသတ်ပေလိမ့်မည်။

“သိုင်းနယ်မြေတစ်ပိုင်း ဟုတ်လား” မျက်နှာဖုံးနှင့်လူသည် ထိတ်လန့်တုန်လှုပ်သွား၏။

“အဲလောက်အားကောင်းတာလား”

စောနတုန်းက ကျွင်းချောင်ရှောင်းသည် ဓားချက်တစ်ချက်တည်းနှင့် အဝေးတစ်နေရာရှိ တောင်ထိပ်ပိုင်း တစ်ခုလုံးကို ပိုင်းဖြတ်ခဲ့၏။ အလွန်တရာ အားကောင်းလှသည်။ သို့ပေမဲ့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်း အားအင်အဆင့်ထိ ရှိနေလိမ့်မည်ဟုတော့ သူမယုံကြည်နိုင်ခဲ့ချေ။

လူငယ်သည် လေးနက်စွာ ပြောလိုက်၏။ “အချိန်အတိုင်းအတာ အတောအတွင်းမှာ ဘာမှန်မသိတဲ့လူတစ်ယောက်က ဒီလောက်အခြေအနေထိရောက်အောင် တိုးတက်လာခဲ့တယ်၊ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းနေတယ်၊ ဒါပေမဲ့ ရှေးရိုးဆွဲအဘိုးကြီးတွေက သူ့ကို အတင်းဖမ်းဆီးမယ့်ကိစ္စတွေကိုပဲ လုပ်နေကြတယ်၊ ဒီလိုကိစ္စတွေက ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး”

သူသည် တကယ့်ကို ဤကိစ္စနှင့်ပတ်သက်၍ စိတ်အနှောက်အယှက် ဖြစ်မိနေသည်။

“သခင်”

အမဲရောင်အရိပ်သည် အနောက်မှနေ၍ တီးတိုးသတိပေးလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ တချို့ ကိစ္စတွေက ထုတ်ဖော်ပြောလို့ မဖြစ်ဘူးလေ၊ နံရံတိုင်းမှာ နားတွေရှိတယ် မဟုတ်လား”

“အင်း” လူငယ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ်မှားသွားတာပဲ၊ ဘာပဲပြောပြော ကျွင်းချောင်ရှောင်းနဲ့ မိတ်ဆွေဖွဲ့နိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲမယ်လို့ ထင်တယ်”

“သခင်... ကျုပ်အထင်အရဆိုရင် ပြိုင်စံရှားဂိုဏ်းက အရမ်းကို အလားအလာတွေနဲ့ ပြည့်စုံတယ်လို့ ထင်ရတဲ့ ဂိုဏ်းတစ်ခု ဖြစ်ပေမဲ့ ကျုပ်တို့ရဲ့ ကပ်ဘေးကြီးကို ကူညီနိုင်ဖို့အတွက် အစွမ်းအစ မရှိလောက်ဘူးလို့ ထင်တယ်၊ ပြီးတော့ ဒီလူရဲ့ အမူအကျင့်အရဆိုရင် နေရာတိုင်းမှာ ပြဿနာရှာတတ်တဲ့ ပြဿနာကောင်လေ” မျက်နှာဖုံးနှင့် လူက ပြောလိုက်သည်။

လူငယ်က ပြောလိုက်၏။ “ကျုပ် ဒီဂိုဏ်းကို အစောကြီးကတည်းက လေ့လာထားခဲ့တာလေ၊ ခင်ဗျားလို အတွေး တစ်ခုရှိတယ်၊ ဒါပေမဲ့ ဒီနေ့ သုံးနှစ်ကြာပြီးတဲ့နောက် သူတို့က ပထမအဆင့်နဲ့ ဒုတိယအဆင့် ဂိုဏ်းတွေကို ယှဉ်ပြိုင် နိုင်တဲ့ အရည်အချင်း ရှိနေကြပြီ မဟုတ်လား”

မျက်နှာဖုံးနှင့်လူသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

“ဒါပေမဲ့”

လူငယ်က ဆက်၍ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းရဲ့ အမူအကျင့်အရဆိုရင် သူက လုပ်ချင်တာကို လုပ်တတ်တယ်လေ၊ ကျိန်းသေပေါက် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ရှုပ်ထွေးအောင် ပြုလုပ်ပစ်မှာ သေချာတယ်”

“နတ်ဆိုးအင်ပါယာရဲ့ သန္ဓေနတ်ဆိုးခန္ဓာကိုယ် ရှိတဲ့ မိန်းကလေးက ပြိုင်စံရှားဂိုဏ်းထဲမှာ ရှိတယ်လေ၊ ကျုပ်တို့ သွားရှုပ်လို့တော့ မဖြစ်ဘူး” အမဲရောင်အရိပ်က ပြောလိုက်သည်။

လူငယ်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “တကယ်လို့ ကျုပ်တို့ အဲကိစ္စနဲ့ပတ်သက်ပြီး သွားလုပ်မယ်ဆိုရင် ဂိုဏ်းချုပ်ကျွင်းက အသက်သေတဲ့အထိ အဆုံးစွန် တိုက်ခိုက်လိမ့်မယ်လို့ ထင်တယ်”

“သခင်.... သခင်ကို ကြည့်ရတာ သူ့ကို ကြောက်နေသလိုပဲ” အမဲရောင်အရိပ်က ပြောလိုက်သည်။

လူငယ်က ပြောလိုက်သည်။ “ကျုပ်လည်း ပထမတုန်းက အဲလောက် မတွေးထားဘူး၊ ဒီနေ့ သူနဲ့တွေ့ဆုံပြီးတော့ ဒီလူက တကယ့်ကို ကြင်နာတတ်တဲ့လူတစ်ယောက် မဟုတ်ဘူးဆိုတာ သေချာသွားတယ်၊ ဖြစ်နိုင်မယ်ဆိုရင် သူနဲ့ မိတ်ဆွေလုပ်တာ အကောင်းဆုံးပဲ၊ သူ့ကို သွားပြီး ရန်မစဘဲနေတာ အကောင်းဆုံးဖြစ်လိမ့်မယ်”

“ဒါပေမဲ့ အဘိုးကြီးတွေက သူတို့နည်းလမ်းနဲ့ သူတို့သုံးပြီး ကျွင်းချောင်ရှောင်းကို ရန်စမိမှာတော့ စိုးရိမ်ရတယ် မဟုတ်ဘူးလား” အမဲရောင်အရိပ်က ပြောလိုက်သည်။

“သွားကြစို့”

လူငယ်က ပြောလိုက်သည်။ “ဌာနချုပ်ကိုပဲ ပြန်ရအောင်”

ထွက်ခွာသွားပြီးနောက် သူသည် ပျက်စီးနေသော အိမ်အား လှမ်းကြည့်ကာ ခေါင်းခါယမ်းလိုက်၏။

“ဆရာဖန်းနေခဲ့တဲ့အိမ်ကတော့ ပျက်စီးသွားခဲ့ပြီ၊ နှမျောစရာပဲ၊ သူက ဆရာဖန်း ဖန်တီးခဲ့တဲ့ ဓားတွေကို ဖျက်ဆီး ရုံတင် အားမရသေးဘူး၊ ဆရာဖန်းနေတဲ့အိမ်ကိုပါ လာပြီး ဖျက်ဆီးနေသေးတယ်၊ ဂိုဏ်းချုပ်ကျွင်းနဲ့ ဆရာဖန်း တို့က အရင်ဘဝတုန်းက ရန်ငြှိုးများရှိလား မသိဘူး” အမဲရောင်အရိပ်က ပြောလိုက်သည်။

လူငယ်သည် ပြုံးကာ ပြောလိုက်၏။ “ကံကောင်းတာက ဆရာဖန်းတစ်ယောက် အရှေ့ပင်လယ်ကို ထွက်ခွာသွား လို့ပဲ”

အမဲရောင်အရိပ်သည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ဘာလို့ လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်ကတည်းက ဒီလို လူတွေအကုန်လုံးက အရှေ့ပင်လယ်ဘက်ကို ဦးတည်ကြတာလဲ”

“ပန်းပဲသမားတွေ အားလုံးက သူတို့ ပန်းပဲပြုလုပ်ဖို့အတွက် ပစ္စည်းပစ္စယတွေ လိုအပ်တယ်လေ”

လူငယ်က ပြောလိုက်၏။ “အဲမှာရှိတဲ့ ပစ္စည်းပစ္စယတွေက တကယ့်ကို ထိပ်တန်းအဆင့်ရှိတဲ့ ပစ္စည်းတွေပဲ၊”

“ဒါပေမဲ့ ကြည့်ရတာ အဲပြည်နယ်ကြီး သုံးခုကလည်း ငြိမ်းချမ်းပုံ မပေါ်ဘူး” အမဲရောင်အရိပ်က တီးတိုး ရေရွတ် လိုက်၏။

သူတို့၏ ကုန်းမြေကြီးအပြင်ဘက်တွင်ရှိသော ပြည်နယ်ကြီး သုံးခု ကွဲပြားနေသည်။ အရှေ့ပင်လယ်၊ အနောက်ပင်လယ်နှင့် တောင်ပင်လယ်ဟု ခွဲခြားထားခဲ့ကြသည်။ ၎င်းတို့သည် အရင်တုန်းက ကြယ်ကြွေကုန်းမြေ တိုက်ကြီးနှင့် တစ်ခုတည်းအဖြစ် ဖြစ်တည်ခဲ့ကြသည်။ သို့ပေမဲ့ ရှေးအခါက အင်ပါယာများ တိုက်ခိုက်ပြီးသည့် နောက် ၎င်းတို့သည် သီးခြားဖြစ်တည်သွားကြ၏။ အဆုံးမဲ့သော သမုဒ္ဒရာ၏ ကာထားခြင်းကြောင့် ၎င်းတို့ ပြည်နယ်ကြီး သုံးခုတို့သည့် ကျန်သည့်ပြည်နယ်များနှင့် စပ်ဆက်မှု မရှိတော့ချေ။ လွတ်လပ်သည့် ကမ္ဘာငယ်လေး သုံးခုကဲ့သို့ ဖြစ်တည်နေတော့သည်။

.................

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်နေလျက် လူငယ်နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားနေမိ၏။

“ရောင်မုန့်ယဉ်အကြောင်းကို သူတို့က ဘယ်လိုသိရတာလဲ”

ဤမိန်းကလေးသည် တစ်ချိန်လုံး ပြိုင်စံရှားဂိုဏ်းတွင် လေ့ကျင့်နေခြင်း ဖြစ်၏။ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်ကိုလည်း အသုံးပြုထားသောကြောင့် သူမသည် နတ်ဆိုးတောင်ကြားထဲသို့ သွားရောက်သည့် အချိန်မှာ တောင်မှ တခြားသူများက မသိရှိခဲ့ကြပေ။

စနစ်က ပြောလိုက်သည်။ “ဖြစ်နိုင်တာက သန္ဓေနတ်ဆိုးခန္ဓာကိုယ် အသက်ဝင်သွားတဲ့အချိန်မှာ တချို့သော စွမ်းရည်တွေနဲ့ ကြိုပြီးသိသွားတာလဲ ဖြစ်နိုင်တယ်လေ”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်အသာမှီထိုင်ရင်း တီးတိုးရေရွတ်လိုက်၏။ “ဒီလိုဆိုရင် ဒီလူငယ်က နတ်ဆိုး ဂိုဏ်းရဲ့ အကြွင်းအကျန်တွေနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်”

“ဒါက ဖြစ်နိုင်တယ်” စနစ်က ပြောလိုက်သည်။

လက်ရှိအချိန်မှာတော့ ၎င်းတို့သည် တကယ့်အရေးကြီးကိစ္စများကို ပြောဆိုနေကြခြင်းဖြစ်၏။ စနောက်ခြင်းကို မပြုလုပ်ကြပေ။

“ဒါဆိုရင် ကျုပ်တို့ နတ်ဆိုးဂိုဏ်း အကြွင်းအကျန်နဲ့ပတ်သက်တဲ့ သတင်းတွေနောက်ကို လိုက်ဖို့ လိုလိမ့်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

တဲအိမ်၏ နောက်ကွယ်တွင် ပုန်းအောင်းလျက်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည်သာ မရှိပါက သူအနေနှင့် လူငယ်အား မြေပေါ်သို့ ဆွဲချ၍ အားရပါးရ ဆောင့်နင်းမိပေလိမ့်မည်။

“မင်းအတွေးလွန်နေတာပဲ”

စနစ်က ပြောလိုက်သည်။ “သူတို့က မင်းကိုလာပြီ ဖိတ်ခေါ်ခဲ့တာလေ၊ မပြင်ဆင် ထားပဲ ဘယ်လိုနေမလဲ။ အဲလူ ပုန်းအောင်းနေတယ် ဆိုတာ သာမာန်ပဲ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်၏။ “ဒီအမှောင်ဂိုဏ်းတွေအကြောင်း ရှာဖွေ မတွေ့ရှိဘူးဆိုရင် လည်ချောင်းထဲမှာတစ်နေတဲ့ ငါးအရိုးလိုပဲ တမြေ့မြေ့နဲ့ ဒုက္ခပေးနေလိမ့်မယ်”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ လျှိုဝမ်ရှစ်သည် ရောက်ရှိလာ၏။ “ဘာဖြစ်လို့ ရှာတာလဲ”

“စားဖိုမှူးနတ်ဘုရားပြိုင်ပွဲက မကြာခင် စတော့မှာလေ၊ ဒီတော့ မင်းအနေနဲ့ သေသေချာချာ ပြင်ဆင်ထားရမယ်၊ ငါ့အတွက် ဗိုလ်စွဲအောင် မင်းလုပ်ပေးမှဖြစ်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ”

လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “အချက်အပြုတ်နတ်ဘုရားပြိုင်ပွဲပြီးကတည်းက ကျွန်မ ပြင်ဆင်ခဲ့တာလေ၊ အခုတစ်ခါ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းအပေါ် အရှက်မရစေရဘူးလို့ အာမခံတယ်”

“ဒါဆိုရင် စားသောက်ခန်းမနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မင်းအဖေနဲ့ အားလုံးလွှဲထားတော့၊ မင်းကတော့ လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်တော့” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

“ကောင်းပါပြီ” လျှိုဝမ်ရှစ်သည် အာမခံလိုက်တော့၏။

ခဏလောက် ကြာပြီးသည့်နောက်မှာတော့ နင်ညီအစ်ကိုတို့အား လှမ်းခေါ်လိုက်သည်။ ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။

“တပည့်တွေ ခေါ်ယူမှုကို မြန်မြန် အရှိန်မြင့်တင်လိုက်တော့၊ ဖြစ်နိုင်သမျှ အမြန်ဆုံး တပည့်သုံးသောင်းရအောင် လုပ်မယ်”

“ကောင်းပါပြီ”

ထိုနှစ်ယောက် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ် အသာမှီကာဖြင့် သူ၏ ကုပ်ပိုး ကို ပွတ်သပ်လိုက်သည်။

“လက်ရွေးစင် ဂိုဏ်းတစ်ရာစာရင်းထဲမှာ အဆင့်မြင့်လာအောင် ဘယ်လိုလုပ်မလဲ၊ ဖြစ်နိုင်တာက …”

သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “တပည့်တွေကိုခေါ်ပြီး အဆင့်မြင့်ဂိုဏ်းတွေကို လိုက်တိုက်ခိုက်မှ ဖြစ်မယ်နဲ့တူတယ်”

All Chapters