← Chapters

အခန်း (၇၇၈)

Vol. 52 Ch. 778

အခန်း (၇၇၈)

Vol. 52 Ch. 778

“ကျုပ်ရဲ့ ပြိုင်စံရှားဂိုဏ်းက ခင်ဗျားတို့ရဲ့ မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းကို အဆုံးထိ ယှဉ်ပြိုင်တိုက်ခိုက်သွားမယ်”

ကျွင်းချောင်ရှောင်း၏ ဤစကားသည် လာရောက်ကြည့်ရှုနေကြသည့် ကျွမ်းကျင်သူများ၏ ချီးကျူးမှုကို ရရှိစေ၏။ ထို့အပြင် လူအနည်းငယ်သည်ကသာလျှင် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်း၏ရှေ့တွင် ဤကဲ့သို့ မောက်မာနိုင်စွမ်း ရှိကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

သိုင်းပညာရှင်တစ်ယောက်က အော်လိုက်သည်။ “ကျုပ်က လောင်းကစားလုပ်ရတာ မကြိုက်ဘူး ဆိုပေမယ့် ဖြစ်နိုင်ချေအရ ဒီအချိန်မှာ ပြိုင်စံရှားဂိုဏ်း နိုင်မယ်လို့ထင်တယ်၊ ကျိန်းသေပေါက် ခုနှစ်ဆယ် - သုံးဆယ်၊ နိုင်ကို နိုင်ရမယ်”

ဝှစ်

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ပြီးနောက် ထိုသူကို လက်ညှိုးထိုးလိုက်သည်။ “ရောင်းရင်း... သေချာမှတ်ထား၊ ပြိုင်စံရှားဂိုဏ်းရဲ့ အနိုင်ရရှိမှုက အားအင်အဆင့်ပေါ်မှာပဲ မူတည်တာ၊ ဖြစ်နိုင်ချေတွေအပေါ်မှာ မမူတည်ဘူး”

“ဟုတ်တယ်၊ ဟုတ်တယ်”

ထိုသူသည် အလျင်အမြန်ပဲ ပြန်ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက ကျိန်းသေပေါက် အားအင်အဆင့်အရ နိုင်ကို နိုင်ရမယ်”

“ခင်ဗျားက လွတ်လပ်တဲ့ ကျင့်ကြံသူလား”

“ဟုတ်ပါတယ်”

“စိတ်မရှိဘူးဆိုရင် ပြိုင်စံရှားဂိုဏ်းဆီ လာပြီး စာရင်းပေးသွင်းလိုက်၊ ခင်ဗျားကို ကျုပ်က ချွင်းချက်မရှိ ဂိုဏ်းသား အဖြစ် လက်ခံနိုင်တယ်”

“တကယ်လား”

“လူကြီးလူကောင်းဆိုတာ သူတို့ရဲ့ စကားကို တည်တယ်”

ထိုသူသည် အလွန်တရာ စိတ်လှုပ်ရှားသွား၏။ လေထဲသို့ပင် ခုန်တတ်ချင်စိတ်တွေ ဖြစ်မိနေသည်။ သူသည် အသက်အရွယ်မကြီးသေးချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းတပည့်တစ်ယောက်ဖြစ်ရန် မျှော်လင့်ခဲ့ဖူးသည်။ သို့ပေမဲ့ သူ၏ ပါရမီသည် ထူးချွန်လှသည် မဟုတ်ချေ။ ထို့ကြောင့် ဂိုဏ်းသားသစ်ရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် သတ္တိ မရှိခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ၎င်းအား လာရောက်စာရင်းပေးသွင်းရန် နှင့် ဂိုဏ်းသားသစ်အဖြစ် လက်ခံမည်ဆိုသည့်အကြောင်းကို ပြောဆိုခဲ့၏။ ထိုသို့သော ကိစ္စသည် သူအိမ်မက်ပင် မမက်ရဲခဲ့သည့် ကိစ္စမျိုးပင် ဖြစ်တော့၏။

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ဆွံ့အသွားကြ၏။ မည်သည့် စစ်ဆေးမေးမြန်းမှုမှ မပြုလုပ်ဘဲ လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်အား ဂိုဏ်းထဲသို့ ဝင်ခွင့်ပေးသည်။ ဤအရာမှာ လွယ်ကူလွန်းနေသည် မဟုတ်ပါလား။

ကျွင်းချောင်ရှောင်းသည် ဤသို့ပင် လွယ်လွယ်ကူကူနှင့် တပည့်များကို ခေါ်ယူခဲ့ခြင်းပင်ဖြစ်သည်။ ဤလွတ်လပ်သော ကျင့်ကြံသူသည် ပြိုင်စံရှားဂိုဏ်းအား ထောက်ပံ့အားပေးနေသည်ဆိုမှတော့ ကျိန်းသေပေါက် သူသည် ဂိုဏ်းထဲသို့ ခေါ်ဆောင်ရပေလိမ့်မည်။

အတိတ်တုန်းကဆိုလျှင် သူသည် တပည့်များကို ခေါ်ယူရန်အတွက် မျက်လုံးနှင့်ကြည့်ရှုကာ အတည်ပြုခဲ့၏။ ယခုလို အခြေအနေနှင့် ဂိုဏ်းသားသစ်ခေါ်ယူသည်ဆိုခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။

အခြားသော လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်၏။ “ပြိုင်စံရှားဂိုဏ်းက နိုင်ရမယ်၊ ပြိုင်စံရှားဂိုဏ်း နိုင်ရမယ်”

ကျန်သည့်သူများအားလုံးသည်လည်း အော်ဟစ်နေကြတော့သည်။ ကံဆိုးစွာဖြင့် ၎င်းတို့ မည်မျှအော်အော် ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားအသစ်အဖြစ် ဝင်ခွင့်မပေးတော့ချေ။ သူသည် ဂိုဏ်းသားသစ် အဖြစ် ရံဖန်ရံခါဆိုသလို လက်ခံတတ်သည့် အမူအကျင့်ရှိသည်။ သို့ပေမဲ့ အချိန်တိုင်း အားလုံးကို ခေါ်ယူနေမည်တော့ မဟုတ်ချေ။

.......................

“ခင်ဗျားတို့နှစ်ယောက်”

ကျွင်းချောင်ရှောင်းသည် ချောမွေ့နေသော စင်မြင့်ပေါ်တွင် မတ်မတ်ရပ်နေရင်း ပြောလိုက်သည်။ “ကျုပ်တို့အဆင့် တိုက်ပွဲတွေက ဒီစင်မြင့်ကြီးတစ်ခုလုံးကို ပျက်စီးသွားစေနိုင်တယ်၊ ဒါကြောင့် တည်ငြိမ်ခြင်းအစီအရင်တစ်ခုကို ကျုပ်ဖန်တီးထားတယ်၊ ဒီအတွက် ခင်ဗျားတို့နှစ်ယောက် ငြင်းချင်သေးလား”

“ပြဿနာမရှိဘူး” ဂိုဏ်းချုပ်ရမ်နှင့် ခန်းမသခင်ဟန်တို့သည် မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်၏။ ၎င်းတို့နှစ်ယောက် သည် ရောက်ရှိလာကတည်းက အလွန်အမင်း ယုံကြည်ချက်ရှိနေ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များဆီမှ ထွက်ပေါ်နေသော အလွန်တရာ အားကောင်းလှသည့်အော်ရာများကို မြင်ရချိန်မှာတော့ သူတို့သည် ယုံကြည်ချက် ကင်းမဲ့နေသလို ဖြစ်မိနေကြ၏။

“ခင်ဗျားတို့နှစ်ယောက်က ရွေးချယ်ရမှာ စိုးရွံ့နေတဲ့ပုံပဲ၊ ဒီတော့ တစ်ယောက်ချင်းစီ တိုက်ခိုက်ကြဖို့ ကျုပ် အကြံပြု ချင်တယ်၊ ပြီးတော့ ဒီနေရာက သေးငယ်တယ်လေ၊ အဖွဲ့လိုက် တိုက်ခိုက်မယ်ဆိုရင် ခက်ခဲလိမ့်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“သေချာတာပေါ့”

ဂိုဏ်းနှစ်ခု၏ အကြီးအကဲများသည် ငြင်းချက်မရှိ သဘောတူလိုက်ကြ၏။ တိတိကျကျပြောရမည်ဆိုလျှင် ၎င်းတို့သည် ရောက်ရှိလာကြကတည်းက ပြိုင်စံရှားဂိုဏ်း၏ အရှိန်အဟုန်အောက်တွင် နစ်မွန်းခဲ့ရ၏။ ထို့ကြောင့် အစကတည်းက ရှုံးနိမ့်နေပြီဟု ဆိုရမည်။ ဒီအခြေအနေတစ်ခုအား မြန်မြန်ဆန်ဆန် ပြောင်းပြန်လှန်နိုင်မှ ဖြစ်ပေ လိမ့်မည်။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “မင်းအရင်ဆုံး တက်ပြီးတော့ တိုက်ခိုက်တော့”

ရီရှင်းချန်သည် ကျောက်စင်မြင့်ပေါ်သို့ လှမ်းကာ တက်လိုက်၏။ ပြီးသည့်နောက်မှာတော့ အလယ်ဗဟိုတွင် မတ်မတ်ရပ်လိုက်၏။ မည်သည့်စကားကိုမှ မဆိုဘဲ မိစ္ဆာဂိုဏ်းများမှ တပည့်အားလုံးကို စူးရှစွာ ကြည့်လိုက်တော့ သည်။

“ဟာ... ဒီကောင်ပဲ”

ကြည့်ရှုနေကြသောသူများ၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာကြသည်။ နဂါးကျား တိုက်ပွဲတွင် အောင်းဝူရှန်အား ပက်ပက်စက်စက် ရိုက်နှက်ခဲ့သော ရီရှင်းချန်၏ တိုက်ခိုက်မှုကို ပြန်လည်မြင်ယောင် ပြီးသည့်နောက်မှာတော့ ၎င်းတို့စိတ်ထဲတွင်ရှိသော ကြောက်လန့်မှုများသည် ပိုမို၍ ပြင်းထန်လာကြသည်။

ညအင်ပါယာ၏ ကြမ်းတမ်းရက်စက်မှုနှင့် မောက်မာသော ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် အနာဂတ်တွင် ပိုမို ကောင်းမွန်အားကောင်းလာသည်ဆိုပါက တခြားသောသူများကို တိုက်ခိုက်နေစရာ မလိုချေ။ တစ်ချက်ကြည့် လိုက်ရုံဖြင့် ပြဿနာအားလုံး ဖြေရှင်းပြီး ဖြစ်နေမှာ သေချာ၏။

“ဂိုဏ်းချုပ်ရမ်.... ခင်ဗျားဂိုဏ်းက အရင်သွားလိုက်”

“မဟုတ်ဘူး၊ မဟုတ်ဘူး ဟောခန်းသခင်ဟန်က အရင်ဆုံးသွားလိုက်လေ”

မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းမှ ခေါင်းဆောင်များအားလုံးသည် စတင်တိုက်ခိုက်ရန်အတွက် ငြင်းခုန်လျက်ရှိနေကြသည်။ သို့ပေမဲ့ ရီရှင်းချန်သည် စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ “ပေါက်ကရတွေ ပြောမနေနဲ့၊ နှစ်ဖွဲ့လုံးက တက်လာခဲ့ကြ”

“ဂိုဏ်းချုပ်ကျွင်း... ဒါ ခင်ဗျားတပည့်က တောင်းဆိုတာနော်၊ ကျုပ်တို့က လေးလေးစားစားနဲ့ လက်ခံရမှာပေါ့” ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် သံပြိုင်ဆိုသလို ပြောဆိုလိုက်ကြ၏။

“.......”

များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ဤတတိယအဆင့် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းသည် အမှန်ပင် အရှက်မဲ့လွန်းလှ၏။

“လင်းရောင်”

ဂိုဏ်းချုပ်ရမ်သည် လက်ကို ယမ်းခါကာဖြင့် ပြောလိုက်သည်။ “သွားတော့”

“ကောင်းပါပြီ”

ယုလင်းရောင် ဟုခေါ်သောတပည့်သည် အပေါ်သို့ လှမ်းတက်လာသည်။ ၎င်းသည် နတ်ဆိုးမိစ္ဆာဂိုဏ်း၏ အားအကောင်းဆုံးသော တိုက်ရိုက်တပည့်များထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ရမ်သည် ၎င်းအား သေသေချာချာ ဂရုစိုက်ကာ ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။

“လင်းရောင် ဟုတ်လား” ရီရှင်းချန်၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်သွားသည်။

ယုလင်းရောင် သည် ထိုအကြည့်နှင့်ဆုံမိသည့်အချိန်မှာတော့ ကျောရိုးမကြီးတစ်ခုလုံး အေးစိမ့်သွားသလိုပင် ခံစားလိုက်ရ၏။ သူသည် တွေးလိုက်မိ၏။ ငါဘယ်တုန်းက သူ့ကို ပြဿနာရှာဖူးလို့လဲ။

သူတော့ မရှာဘူးချေ၊ သို့ပေမဲ့ နာမည်ကတော့ ပြဿနာရှာဖူးသည်။ လင်းရောင်ဆိုသော နာမည်သည် ရီရှင်းချန်၏ သတ်ဖြတ်လိုခြင်းဆန္ဒများကို ပိုမိုအားကောင်းလာစေ၏။ သူသည် လင်းရောင်ဆိုသောနာမည်နှင့် ဧကရီမအား ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ချင်နေမိ၏။

ဟမ့်

ယုလင်းရောင်သည် နှာခေါင်းကို ရှုံ့ကာ တွေးလိုက်မိ၏။ “ဒီကောင်က အောင်းဝူရှန်ကို အနိုင်ယူတိုက်ခိုက်ခဲ့တယ် ဆိုပေမယ့် ဒီလိုမျိုး အလွတ်တိုက်ခိုက်ပွဲတွေမှာတော့ ငါ့ဆီမှာ သူ့ကို သတ်ဖြတ်ဖို့အတွက် နည်းလမ်းပေါင်း တစ်ရာကျော်လောက်ရှိတယ်”

“ရှန်းငယ်”

ဟောခန်းသခင်ဟန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “သွားတော့”

သူသည် ယူလင်းရောင်နှင့် အားအင်ချင်း သိပ်မကွာလှသော တိုက်ရိုက်တပည့်တစ်ယောက်ကို စေလွှတ်လိုက်၏။ ဟောခန်းသခင်ဟန်နှင့် ဂိုဏ်းချုပ်ရမ်တို့သည် တူညီသောအတွေးရှိသည်။ ၎င်းတို့သည် အလွတ်တိုက်ခိုက်ပွဲများ တွင် တိုက်ခိုက်မည်ဆိုပါက ပထမဆုံးတိုက်ပွဲမှာတင် ကြီးမားသည့် အောင်မြင်မှုကို ရရှိမည်ဟု တွက်ချက်ထား ကြ၏။

ယူလင်းရောင်နှင့် ရှန်းငယ်တို့သည် အပေါ်သို့ လှမ်းတက်လာကြပြီးနောက် ရီရှင်းချန်အား မိစ္ဆာတစ်ကောင်၏ အပြုံးမျိုး ပြုံးကာ ကြည့်လိုက်ကြ၏။ ၎င်းတို့သည် အနည်းငယ်ကြောက်လန့်နေကြသည်ဆိုသော်လည်း စည်းမျဉ်း စည်းကမ်းများမရှိဘဲ အလွတ်တိုက်ခိုက်ရမည့်အခြေအနေကို ပြန်လည်တွေးပြီးသည့်နောက် ကြီးမားသည့် ယုံကြည်ချက်တွေ ပြန်လည်ရရှိလာကြသည်။

“ခင်ဗျားတို့ ဂိုဏ်းချုပ် သုံးယောက်ကို လေးစားတာကြောင့် ကျုပ်က ဒီနေ့မှာ ဒိုင်လူကြီး လုပ်ပေးမယ်”

တတိယအဆင့် အင်ပါယာလေဟာနယ်ဘုရားကျောင်းမှ ဟောခန်းသခင်သည် ကျောက်စင်မြင့်ပေါ်သို့ လှမ်းတက်လာ၏။ သူသည် အခြားတစ်ခုကို ဆက်၍ မပြောရသေးခင်မှာပဲ ရီရှင်းချန်က ဖြတ်၍ ပြောလိုက်၏။ “ဒါဆိုရင် စခိုင်းလိုက်တော့”

“ကောင်းပြီ”

သူသည် ကျယ်လောင်စွာပြောလိုက်၏။ “စမယ်”

ရွှီး ရွှီး

သူပြောပြီးပြီးချင်းမှာပဲ ယူလင်းရောင်နှင့် ရှန်းငယ်တို့သည် ၎င်းတို့၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုကာ လူစု ခွဲလိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ မိစ္ဆာဂိုဏ်းများ၏ ပြိုင်ဘက်ကင်းလျှို့ဝှက်နည်းစနစ်များကို အသုံးပြုလိုက် ကြတော့သည်။ ထိုနည်းစနစ်သည် အလွန်တရာ မြန်ဆန်လွန်းသောကြောင့် မျက်လုံးဖြင့် လိုက်လံကြည့်ရှုရန်ပင် မလွယ်ကူလှချေ။

“ဝိညာဉ်တစ်ရာ ညလမ်းလျှောက်ခြင်း”

ဤလှုပ်ရှားမှုနည်းစနစ်ကို သိရှိနေသော ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် လှမ်း၍ အော်လိုက်၏။

ရွှီး ရွှီး

ယုလင်းရောင်နှင့် ရှန်းငယ်တို့အားလုံးသည် သူတို့၏ဂိုဏ်းချုပ် သတိပေးထားသည့်အတိုင်းပင် တိုက်ပွဲစတင်သည် နှင့် မြန်မြန်ဆန်ဆန်ပင် ၎င်းတို့၏ လှုပ်ရှားတိုက်ခိုက်မှုများကို စတင်လာတော့၏။ ၎င်းတို့အားလုံးသည် အပေါ်သို့ ခုန်လိုက်ပြီးနောက် ချက်ချင်း တိုက်ခိုက်ကြ၏။ သူတို့သည် ယှဉ်ပြိုင်ရန်တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ လက်နက်ပုန်းများကို ထုတ်ယူအသုံးပြု၍ ပစ်ခတ်ကြတော့သည်။

ဘန်း ဘန်း

ရီရှင်းချန်သည် ရှေ့သို့လှမ်းထွက်လာပြီးသည့်နောက် လက်သီးတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ရုတ်တရက် ထိုးနှက်လိုက်တော့၏။ ၎င်းဆီသို့ ရောက်ရှိလာကြသော လက်နက်ပုန်းများအားလုံးသည် မြေပေါ်သို့ ပြုတ်ကျကုန်သည်။ ပြီးသည့်နောက် သူသည် တိမ်ခြေလှမ်းကို အသုံးပြု၍ ယုလင်းရောင်အား တိုက်ရိုက် တိုက်ခိုက် လိုက်တော့သည်။

ဘုန်း

ပြင်းထန်လှသည့် လက်သီးချက်သည် ပြိုင်ဘက်အား အနောက်သို့ လွှင့်စင်သွားစေ၏။ ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် ယူလင်းရောင်ဆီသို့ လိုက်လံကာ လက်သီးဖြင့် ထိုးနှက်လိုက်၏။

လက်သီးနှင့်ထိမှန်ပြီးသည့်နောက် ယူလင်းရောင်၏ ပုံရိပ်သည် ချက်ချင်းဆိုသလိုပဲ ကွဲထွက်သွား၏။

ဘုန်း

အဖြူရောင် အခိုးအငွေ့များသည် တည်နေရာထဲတွင် ကျန်ရစ်ခဲ့သည်။

“အစားထိုးနည်းစနစ်” တစ်စုံတစ်ယောက်သည် ထ၍ အော်လိုက်သည်။ ယူလင်းရောင်သည် ဘေးတစ်ဖက်ဆီသို့ အသာလှမ်းပြီးသည့်နောက် ခပ်ဝေးဝေးတည်နေရာဆီသို့ ခုန်လိုက်သည်။ သူသည် နှာခေါင်းကို ရှုံကာဖြင့် ပြောလိုက်၏။ “ဒါက နဂါးကျားပြိုင်ပွဲမှာ အနိုင်တိုက်ခိုက်ခဲ့တဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်လား၊ ဒီလောက်ကတော့ …”

ဘုန်း

သူပြော၍ မပြီးခင်မှာပဲ ပြင်းထန်လှသော လက်သီးချက်တစ်ချက်သည် သူ၏မျက်နှာဆီသို့ ကျဆင်းလာခဲ့၏။ သူသည် လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ ရှောင်ရှားလိုက်သည်ဆိုသော်လည်း ဤလက်သီးချက်အား မရှောင်ရှားနိုင်ခဲ့ချေ။ ရီရှင်းချန်သည် သူလွှင့်စင်သွားသည့်နေရာဆီသို့ ချက်ချင်းရောက်လာခဲ့၏။ ပြီးနောက် ညာလက်ကို မြှောက်ကာဖြင့် တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို လှမ်းကာဆွဲလိုက်၏။ ပြီးသည့်နောက် မြေပေါ်သို့ ကိုင်ကာ ရိုက်ချလိုက်တော့သည်။

ဘန်း ဘန်း ဘန်း

ယူလင်းရောင်သည် ကြိုးတစ်ချောင်းကဲ့သို့ ဘယ်ကို အရိုက်ခံလိုက်၊ ညာကို အရိုက်ခံလိုက်နှင့် မြေပြင်နှင့် အရိုက်နှက်ခံနေရတော့၏။

“........”

သိုင်းကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းထောင့်များ အားလုံးသည် တုန်ယင်သွားကြ၏။ ရီရှင်းချန်တစ်ယောက် ရန်သူ၏ ခြေကျင်းဝတ်ကို ကိုင်ဆောင်ကာဖြင့် ဘယ်မှ ညာ မြေပြင်နှင့် ရိုက်နှက်နေသည့်မြင်ကွင်းကို မြင်ရပြီးသည့် နောက်မှာတော့ သူတို့အားလုံးသည် ဆက်လက်မကြည့်နိုင်တော့သလို မျက်နှာကိုပင် လွှဲထားမိကြသည်။

“အခွင့်ကောင်းပဲ”

ယုလင်းရောင်တစ်ယောက် ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခံနေရသည့်အချိန်မှာပဲ ရှန်းငယ်သည် ငြိမ်ငြိမ် သက်သက်ဖြင့် ဘေးတစ်ဖက်ဆီမှ လှုပ်ရှားလိုက်သည်။ သူ၏ လက်ထဲတွင်တော့ ရှည်လျားလှသည့် လှံတစ်စင်း ပေါ်ပေါက်လာသည်။ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီးသည့်နောက် ရီရှင်းချန်၏အနောက်သို့ ထိုးနှက်လိုက် တော့၏။

“အမှိုက်”

ရီရှင်းချန်သည် ရုတ်တရက်ဆိုသလိုပဲ အနောက်သို့လှည့်ကာဖြင့် လှံကို ဖမ်းဆွဲလိုက်တော့သည်။ တိုက်ခိုက်မှုကို တားဆီးခံလိုက်ရသည်ကို မြင်တော့ ရှန်းငယ်သည် နှာခေါင်းရှုံ့လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် လက်ဝါးရိုက်ချက်ကြီးကို ဟန်ပြရိုက်ချလိုက်တော့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ဘယ်ဘက်လက်ထဲတွင် သေးငယ်သောဓားလေးတစင်း ပေါ်ပေါက်လာပြီး မထင်မှတ်ထားသည့်နေရာမှ ဝမ်းဗိုက်ဆီသို့ ဆွဲခွဲတော့သည်။ ပြီးနောက် ဓားသည် အပေါ်သို့ တက်သွားသည်။

ဇွိ

သွေးများအားလုံး ပျံ့နှံ့သွားသည်။ သို့ပေမဲ့ သူပြန်ကြည့်လိုက်သည့်အချိန်မှာတော့ ရှန်းငယ်သည် တည်နေရာ မှာတင် မတ်မတ်ရပ်လျက်ရှိနေသေး၏။ သွေးများ မည်သည့်နေရာမှ ကျဆင်းလာသနည်းဆိုသော် ရှန်းငယ်၏ လည်ပင်းဆီမှ ကျဆင်းနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှန်းငယ်သည် ဦးခေါင်းမရှိတော့ဘဲ ၎င်း၏ ဦးခေါင်းကြီး တစ်ခုလုံးသည် ဘေးတစ်ဖက်ဆီသို့ ပြုတ်ကျလျက်ရှိနေ၏။

လက်ထဲတွင် ကျန်းယန်ဓားကို ကိုင်ဆောင်ထားသော ရီရှင်းချန်မှာတော့ တည်ငြိမ်သည့်အမူအရာသာ ရှိနေသည်။ သူသည် ဓားပေါ်တွင် ရှိနေသော သွေးများအားလုံးကို အသာသုတ်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ဒီဘဝမှာ ငါက တူညီတဲ့အမှားတစ်ခုကို ဘယ်တော့မှ လုပ်မှာ မဟုတ်တော့ဘူး”

ဘုတ် ဘုတ် ဘုတ်

မြေပေါ်သို့ ခေါင်းပြတ်ကြီး ကျဆင်းသွားသည့်အသံသည် တဘုတ်ဘုတ်နှင့် ထွက်ပေါ်နေ၏။

“သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းက တိုက်ရိုက်တပည့်က အသတ်ခံလိုက်ရတယ်”

စည်းမျဉ်းစည်းကမ်းမရှိသော အလွတ်တိုက်ခိုက်ပွဲများတွင် သေဆုံးခြင်းဆိုသည်မှာ သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ တတိယအဆင့် ဂိုဏ်းတစ်ခု၏ တိုက်ရိုက်တပည့်သည် ဤကဲ့သို့သော နည်းလမ်းမျိုးနှင့် သတ်ဖြတ်ခံလိုက်ရသည်။ တွေးကြည့်မည်ဆိုလျှင် ကြောက်မက်ဖွယ်ရာပင် ကောင်းလွန်းလှ၏။

ဘန်း

ရုတ်တရက်ဆိုသလိုပဲ ရီရှင်းချန်သည် သူ၏ဓားကိုမြှောက်လိုက်သည်။ ပြီးနောက် ယုလင်းရောင်၏ ညာဘက်လက် အား ခုတ်ပိုင်းလိုက်တော့သည်။ ထိုပြတ်တောက်သွားသည့် လက်၏ ထိပ်မှာတော့ များပြားလှသည့် လက်နက်ပုန်း များ တည်ရှိလို့နေသည်။ ထိုလက်နက်ပုန်းများ အားလုံးတို့သည် လက်နှင့်အတူ အောက်သို့ ပြုတ်ကျသွားသည်။

“မှတ်ထား၊ မင်းရဲ့နောက်ဘဝရောက်ရင် နာမည်ကို ပြောင်းလိုက်တော့”

ဇွိ ဇွိ

ကျန်းယန်ဓားသည် ယူလင်းရောင်၏ နောက်ကျောဘက်ကို ခုတ်ပိုင်းသွားတော့သည်။ ဤတိုက်ခိုက်ချက်မှာ အလွန်တရာ မြန်ဆန်ပြီးသည့်နောက် အသက်သွေးကြော တည်နေရာများကိုလည်း ထိမှန်သွား၏။ ထို့ကြောင့် တစ်ဖက်လူသည် နာကျင်မှုကို ကြီးကြီးမားမား မခံစားရဘဲ အသိစိတ်ကင်းလွတ်ကာ သေဆုံးသွားကြတော့သည်။

သေခြင်းရှင်ခြင်း တိုက်ခိုက်ပွဲများတွင် စည်းမျဉ်းစည်းကမ်း မရှိပေ။ ထို့ကြောင့် ယုလင်းရောင်သည် များပြားလှသော နည်းလမ်းများကို အသုံးပြု၍ ရီရှင်းချန်အား သတ်ဖြတ်ပစ်ရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ ရီရှင်းချန် မှာတော့ ၎င်းအားပြန်လည် သတ်ဖြတ်ရန် နည်းလမ်းတစ်ခုတည်းသာ လိုအပ်သည်။ ထိုနည်းလမ်းသည်ကလည်း အလွန်ရက်စက်လွန်းနေ၏

“ကြေညာလိုက်တော့” ကျွင်းချောင်ရှောင်းသည် ကြောင်အအဖြစ်နေသော ဒိုင်လုပ်သူအား ပြောလိုက်တော့သည်။

ဒိုင်က အော်ဟစ်လိုက်တော့၏။ “ပထမဦးဆုံးတိုက်ပွဲ ပြိုင်စံရှားဂိုဏ်းက တပည့် အနိုင်ရတယ်”

All Chapters