ရှီချန်း၏ကျန်းမာရေးပိုချို့ယွင်းလာခြင်း
Vol. 008 Ch. 738
ရှီမာယူယူသည် အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်ပြီး ပြောလေသည် “ဟုတ်လား မင်းမြင်တာမှား တာနေမှာပါ”
“ငါမြင်တာမှားတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဖက်တီးကျူသည် ထိုကဲ့သို့အရာမျိုးကိုပင် မသိလောက်အောင် မတုံးအပေ။
ရှီမာယူယူသည် သူ့ကိုလျစ်လျူရှုပြီး ဆေးစားပြီးနောက် ပြောလေသည် “ငါ သက်တန့်ရဲ့ဦးလေးကို သွား ကြည့်ဦးမယ် မင်းကဒီမှာနေချင်တာလား”
“အဟွတ် အဟွတ် ငါတို့မင်းနဲ့လိုက်ခဲ့မယ်” ယွမ်ရှောင်ဂျီ ပြောလေသည်။
သူတို့သည် စာချုပ်မိစ္ဆာနှင့် သခင်တို့ စာချုပ်ဖျက်သည်ကို အရင်ကတစ်ခါမှ မမြင်ဖူးခဲ့ပေ။
ကျောင်းအုပ်ကြီးတောင်းဆိုလာသဖြင့် ရှီမာယူယူ ငြင်းဆန်ရန် မတတ်နိုင်ပေ။ “ကျောင်းအုပ်ကြီးတို့က တော့လိုက်ခဲ့ပါ ကျန်တဲ့သူတွေလိုက်စရာမလိုဘူး ရှုပ်တယ်”
ပြောပြီးနောက်တွင် လုဖေတို့စောင့်နေသော အိမ်သို့လာလိုက်သည်။
စာချုပ်ဖျက်ခြင်းသည် သူမပြောသကဲ့သို့ သူ့ခန္ဓာကိုယ်ကို များစွာထိခိုက်စေသည်။ သူမ ဘေးသင့်မှု တိမ်တိုက်ကို မောင်းထုတ်လိုက်ခြင်းကြောင့်သာမဟုတ်လျှင် သူထပ်ပြီးတောင့်ခံနိုင်တော့မည်မဟုတ်ပေ။
ရှီမာယူယူ ဝင်လာသည်ကိုမြင်သည်နှင့် လုဖေသည် ခေါင်းငိုက်စိုက်ကျကာ ထရန်အကောင်းဆုံးကြိုးစား ကာ အားလျော့စွာပြောလေသည် “ကျေးဇူးတင်ပါတယ်”
စာချုပ်ဖျက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဘေးသင့်မှုတိမ်တိုက်ကိုရှောင်နိုင်အောင်လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်…
“ကျွန်တော် သက်တန့်အတွက်လုပ်ပေးတာပါ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဟာစွန်ကို သူ့ကို တွဲခိုင်းကာ အိမ်အတွင်းသို့အိပ်ရန် ခေါ်သွားခိုင်းလိုက်သည်။ သူမသည် ခန်းမ၏ အပေါက်ဖြစ်နေသော မျက်နှာကျက်ကို မတ်တပ်ရပ်ရင်း ခေါင်းမော့ကာ မိုးကောင်းကင်ကိုကြည့်လေသည်။
သူမ လျှောက်သွားပြီး သူ့ကိုဆေးတိုက်ကာ ပြောလေသည် “မင်းရဲ့ မူလပုံစံအတိုင်းပြန်ပြောင်းသင့်တယ် အဲဒါက အကူအညီပိုဖြစ်လိမ့်မယ်”
လုဆေသည် ခေါင်းညိမ့်လိုက်သည်နှင့် အလင်းတန်းလက်လာကာ ငှက်အသွင်မှ ချောမောသော လူငယ် တစ်ယောက်အသွင်ပြောင်းလေသည်။
ယွမ်ရှောင်ဂျီနှင့် တခြားသူများသည် သူ့အားမြင်လိုက်ရချိန်တွင် ရှီမာယူယူ သူ့ကို စာချုပ်ပယ်ဖျက်ပေး လိုက်ပြီဖြစ်ကြောင်းကို ယုံကြည်သွားကြသည်။ ရှီမာယူယူ သူ့ဒဏ်ရာများကို ကုသပေးရန်လိုသေးကြောင်းတွေ့ သောအခါ သူတို့ထွက်လာခဲ့ကြသည်။
ရှီမာယူယူသည် သူတို့ထွက်သွားသည်အထိစောင့်ပြီး ဝိဉာဉ်စေတီမှ ဝိဉာဉ်အရည်ထုတ်လိုက်သည်။
“ဒီဆေးတွေစားပြီး ဒါသောက်လိုက်၊ ၁၀ရက်ကနေ ၁၅ရက်အထိ နားပေး၊ မင်းနိုးလာတာနဲ့ လုံးဝ ပြန်ကောင်းမှာတော့မဟုတ်သေးဘူး၊ နည်းနည်းအားနည်းတယ်လို့ ခံစားရတာနဲ့ အခြေခံလှုပ်ရှားမှုတော့ လုပ်ပေး ရမယ်၊ ပြီးတော့ နာလန်ထူဖို့ ၂နှစ်လောက်အချိန်လိုမယ်” ရှီမာယူယူ ပြောလိုက်သည်။
လုဖေသည် မျက်ခွံလေးလာသည်ကို ခံစားရကာ မခံနိုင်တော့ပေ။ သူသည် လျင်မြန်စွာပင် အိပ်မောကျ သွားလေသည်။
အဘွားဇူထွက်လာချိန်တွင် လုဖေသည်အိပ်ပျော်နေသည်ကို တွေ့လိုက်ရပြီး မေးလေသည် “ဘုရင်ကြီး ဘယ်လိုနေလဲ”
“အစ်ကိုကြီးပေးတဲ့ဆေးစားပြီးတော့ အိပ်ပျော်သွားပြီ၊ သူ ၁၀ရက်ကနေ ၁၅ရက်အတွင်းပြန်ကောင်းမယ် လို့အစ်ကိုကြီးပြောတယ်” သက်တန့်ပြောလေသည်။
“ဘုရင်ကြီးဟုတ်လား” အဘွားဇူ လုဖေကိုခေါ်လိုက်ပုံကို ရှီမာယူယူကြားသောအခါ သက်တန့်ကို တအံ့တသြကြည့်လေသည်။
“ဦးလေးက မီးငှက်မျိုးနွယ်ပါ၊ အစ်ကိုကြီး အဲဒါကိုမသိဘူးလား” သက်တန့်သည် ပြန်မေးလေသည်။
ရှီမာယူယူ ခေါင်းရမ်းကာ “မင်းငါ့ကို တစ်ခါမှမပြောဖူးဘူးလေ၊ သူ့ကိုအဲလိုခေါ်တာလည်း တစ်ခါမှ မကြားဖူးဘူး၊ အဲတော့ မီးငှက်မျိုးနွယ်ရဲ့ဘုရင်က လူသားနဲ့စာချုပ်ချုပ်လိုက်ရတယ်ပေါ့၊ အဲဒါကြောင့် အဲလောက် နာတာကိုး”
မျိုးစိတ်တိုင်းတွင် ကိုယ်ပိုင်မာနများရှိကြသည်။ ဘုရင်များဆိုလျှင် ပိုမာနကြီးကြသည်။ ထို့အပြင် မီးငှက်မျိုးနွယ်သည် မာနအကြီးဆုံးဖြစ်သည်။ ဘုရင်တစ်ပါးအနေနှင့် အရိုးကြေလောက်အောင် မာနထိခိုက်မည် ကိုတော့ ပြောရန်ပင်မလိုတော့ပေ။
သူမသည် သက်တန့်ကို ဝိဉာဉ်အရည်တစ်ပုလင်းပေးပြီး ပြောလိုက်သည် “မင်း ငယ်ငယ်တုန်းက ဒါ သောက်ဖူးတယ်၊ ၅ရက်တစ်ခါ ၃စက်တိုက်ပေး အဲထက်မပိုနဲ့”
သက်တန့်သည် ဝိဉာဉ်အရည်ယူပြီး ခေါင်းညိမ့်လေသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး… အစ်ကိုကြီးလည်း နားပြီး ကုသင့်တယ်၊ ဒီနေ့ကို အများကြီး မိုးကြိုး အပစ်ခံထားရတာ အစ်ကိုကြီးလည်း ဒဏ်ရာရထားမှာပဲ” သက်တန့်ပြောလေသည်။
“အင်း” ရှီမာယူယူသည် အမှန်တကယ်ပင် နေလို့မကောင်းသောကြောင့် သက်တန့်ကို ဝိဉာဉ်အရည် ပေးပြီး ထွက်ခဲ့လိုက်သည်။
ဖန်၁နှင့် ၂သည် သူမအား အပြင်မှစောင့်နေကြသည်။ သူမကိုမြင်သောအခါ မေးကြလေသည် “သခင်လေး ဘယ်လိုနေလဲ”
“အဆင်ပြေပါတယ် အခုတော့ မိုးကြိုးဘေးသင့်မှုကို အကြောက်နည်းသွားပြီ” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ ဒီတစ်ခေါက်ကို အပစ်ခံရတာ ရက်စက်တယ် အဲဒါကြောင့် နည်းနည်းနာတယ်၊ ဟူး ခဏလောက် ပြန်နားလိုက်ရင်တော့ အဆင်ပြေသွားမှာပါ”
သူမကို ကာကွယ်ရန် ဖန်၁နှင့် ၂တို့ကိုရွေးချယ်လိုက်ရခြင်းမှာ သူတို့သည် တည်ငြိမ်ကာ ဂရုစိုက်တတ် ပြီး သန်မာသောကြာင့်ဖြစ်သည်။ သို့သော် သူတို့လိုလူများပင် သူမကို ထိုပုံစံအတိုင်းတွေ့လိုက်သောအခါ ဆွံ့အ သွားကြသည်။
သခင်လေး… သခင်လေးက တကယ်ပဲအံ့သြလောက်စရာပဲ။ ကောင်းကင်ရဲ့ မိုးကြိုးဘေးသင့်မှု အပစ်ခံ ရတာတောင် အသက်ရှင်နေသေးတယ်… နာကျင်မှုအနည်းငယ်ပဲရသည်ဟု ပြောကာ နည်းနည်းလောက် နားလိုက်ရင် အဆင်ပြေမှာပါဟုတောင် ပြောလိုက်သေးသည်။ မိုးကြိုးဘေးသင့်မှုသည် သူတို့အစား သူမကို လက်စားချေပေးသည်ကို အမှောင်တောတွင်သေဆုံးသွားခဲ့သော လူများသိမည်မဟုတ်ပေ။
လူဆိုးကြီး၁၀ယောက်သည် ရှုပ်ထွေးသောခံစားချက်များဖြင့် ပြန်လာကြသည်။ သူမသည် သူတို့ကို များစွာသော အံ့သြမှုကိုပေးခဲ့သည်။ သူမကိုယ်တိုင်လာပြီး သူတို့ကိုကမ်းလှမ်းသည်ကိုပင် ဂုဏ်ယူရမည်ဟု ခံစား ရသည်။
“အစ်ကိုကြီး ကျွန်တော်တို့ သူ့လိုလူမျိုးနောက်ကိုလိုက်ရင် အနာဂတ်ပြောင်းသွားနိုင်တယ်” ရှီချန်းသည် ဖြေးညင်းစွာပြောလေသည်။
ဖန်ဇီသည် ခေါင်းညိမ့်လေသည်။ သူဘာမှမပြောသော်လည်း ထိုအတိုင်းပင်ခံစားရသည်။
“ငါ သူ့ကိုတည်ဆောက်မှုတွေအကြောင်းမေးချင်တယ်” ဟုန်ဝူပြောလိုက်သည်။
“ငါကတော့ သူ့ကို အဂ္ဂိရတ်ပညာအကြောင်းမေးချင်တယ်” ကုန်ထန် ပြောလိုက်သည်။
“သူက တကယ့်လူထူးလူဆန်းပဲ” ဖန်ခိုင်ပြောလိုက်သည်။
“အဲတော့ အားလုံးသဘောတူလို့ပြောကြတာလား” ဖန်ဇီ မေးလိုက်သည်။ အားလုံးခေါင်းညိမ့်သည်ကို တွေ့သောအခါ သူထပ်မေးပြန်သည် “ဒါပေမဲ့ သူဆိုလိုတာက ငါတို့က သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုရမှာ နော်”
“သူ့ကိုလူမျိုးကို သခင်တစ်ယောက်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် ဆိုးတဲ့ကိစ္စမဟုတ်ဘူး၊ ငါ ထောက်ခံတယ်၊ သူက သူ့လူတွေကိုလည်း ကောင်းကောင်း ဆက်ဆံတဲ့ပုံပဲ” ဒိုင်ယိသည် ပိုပြီးအကောင်းမြင် တတ်လာသည်။
“သူ နောက်ကို နေရာမြင့်တစ်ခုမှာ ရပ်တည်မယ်လို့ငါထင်တယ်၊ သူ့လိုသခင်ရှိတဲ့နေရာတစ်ခုဟာ ငါတို့ အတွက် ဂုဏ်ယူစရာပဲ” ရှီချန်းသည် စကားပြောလိုက်သည်နှင့် ချောင်းအနည်းငယ်ဆိုးလေသည် “မဟုတ်ရင် ငါ အဲနေ့ကို အသက်ရှင်လျက်မမြင်လိုက်ရမှာလည်းဖြစ်နိုင်တယ်”
“အစ်ကို၃ အထူးအဆန်းတွေဘာမှမတွေးနဲ့၊ သူ အစ်ကို၃ကိုပေးတဲ့ဆေးက ၃လတော့ ငြိမ်စေမှာပဲ၊ သူ ယုံကြည်မှုအပြည့်နဲ့ပြောခဲ့တာဆိုတော့ အစ်ကို၃ကို သူကုနိုင်မှာပါ” နီအန်းယီ ပြောလိုက်သည်။
“အင်း” ရှီချန်းသည် ချောင်းအနည်းငယ်ဆိုးပြီးနောက်ဆုံးတွင် ရပ်သွားလေသည်။
“အစ်ကို၃ အခုတလော ချောင်းမဆိုးတာကြာပါပြီ၊ ဘာလို့ပြန်ပြီးစလာတာလဲ ကြည့်ရအောင်” ကုန်ထန် သည် လျှောက်လာကာ သူ့လက်ကိုကိုင်ပြီး စမ်းသပ်လေသည်။
“ညီ၁၀ အစ်ကို၃ဘယ်လိုလဲ” ယူရှီမေးလိုက်သည်။
“အစ်ကို၃ အခြေအနေပိုဆိုးလာပြီ” ကုန်ထန် ပြောလိုက်သည် “ဆေးက အနည်းဆုံး၃လတော့ ခံပါ တယ်၊ ဒါပေမဲ့ အစ်ကို၃က အမှောင်တောမှာနေတုန်းက ဝိဉာဉ်စွမ်းအင်တွေအများကြီးသုံးလိုက်တယ် အဲတော့ သူ့ကျန်းမာရေးမကောင်းတာ ပိုမြန်လာတယ်”
ပြီးခဲ့သည့်တစ်ခေါက် သူတို့အမှောင်တောတွင်ရှိစဉ်က သူတို့သည် လူအများလိုက်ခြင်းခံရကာ တော ဗဟိုသို့ရောက်သွားခဲ့သည်။ ရှီချန်းသည်လည်း ကိုယ်တိုင်ပါဝင်ခဲ့သည်။ အန္တရာယ်များသော အခြေအနေတစ်ခု တွင် နီအန်းယီနှင့် ကုန်ထျန်ကို ကယ်ရန် လှုပ်ရှားမှုကိုခက်ခက်ခဲခဲလုပ်ခဲ့ရသည်။
“အခုငါတို့ဘာလုပ်ကြမလဲ” နီအန်းယီသည် ရှီချန်းဖြစ်ခဲ့သည်ကို ပြန်တွေးပြီးနောက် အပြစ်ရှိသလိုခံစား ရလေသည်။ သူတို့အဝိုင်းခံရသောအကြောင်းတွေးလိုက်လျှင် မျက်နှာပျက်ရသည်။
“မင်းက ငါ့မေးတာ ငါလည်းမသိဘူးလေ” ကုန်ရန် ပြန်ဖြေလေသည် “ငါတို့ သူ့ကိုရှာရုံအပြင်မရှိတော့ တာလည်းဖြစ်နိုင်တာပဲ”
“ငါတို့က သူ့နောက်ကိုလိုက်မယ်လို့ဆုံးဖြတ်ပြီးတော့ သူ့ကိုသွားရှာရမှာပေါ့၊ သူ အစ်ကို၃ကို ကုနိုင် လောက်တယ်” ဟုန်ဝူပြောလိုက်သည်။
“ငါတို့ တခြားသမားတော်ကို ရှာလို့မရဘူး အခုဆိုရင် ရှုဂျင်းတောင်ဒီရောက်နေပြီ၊ ငါတို့ကို မြင်တဲ့နေရာ မှာပဲ သူသတ်မပစ်တာ ကံကောင်းနေပြီ၊ သူ အစ်ကို၃ကို ကုပေးဖို့အပြင် နည်းမရှိတော့ဘူး၊ သူ့ကိုသွားရှာရုံအပြင် မရှိတော့ဘူး”
“အခုသွားကြတာပေါ့” နီအန်းယီသည် ရှီချန်းအားတွဲပီး ရှီမာယူယူကိုသွားရှာကြလေသည်။
“ညီ၆ နေဦး” ရှီချန်းသည် သူ့အားဆွဲလိုက်သည် “သူက ဒီနေ့မိုးကြိုးဘေးသင့်မှုတွေ့ပြီး နလန်ပြန်ထူ အောင်လုပ်နေတုန်း အခုသူ့ကိုသွားရှာလည်း အသုံးဝင်မှာမဟုတ်ဘူး ငါ ဒီ၁ရက် ၂ရက်အတွင်းကို မသေနိုင် ပါဘူး နောက်ရက်နည်းနည်းလောက်မှ သွားရှာကြတာပေါ့”
***