← Chapters

အခန်း (၇၈၀)

Vol. 53 Ch. 780

အခန်း (၇၈၀)

Vol. 53 Ch. 780

ခရမ်းရောင်ဘုရင်သည် စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည့်နောက် မည်သည့်စကားမှ မပြောရသေးခင်မှာပဲ အဝတ်အစားများကို ချွတ်လိုက်တော့၏။

ဤလုပ်ဆောင်ချက်သည် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများကို ဆွံ့အသွားကြ၏။ လက်ရှိ ရှိနေကြသော အမျိုးသမီးများဆိုလျှင် ရှက်ရွံ့လွန်းသောကြောင့် ခေါင်းကိုပင် လျင်လျင်မြန်မြန် ဘေးတစ်ဖက်ဆီသို့ လှည့်လိုက်ကြသည်။

အဝတ်၏ အပိုင်းအစများသည် လေထဲတွင် လွင့်လျက်ရှိသည်။ ဤသို့ပြုလုပ်ရခြင်းသည် ဤဘုရင်အား ကောင်းမွန်သောခံစားချက်ကို ရရှိ၏။ သူသည် လူသားများ၏ ဝတ်စုံကို မဝတ်ချင်ပေ။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ့အား ဝတ်စုံကို ဝတ်ဆင်ရန် စေခိုင်းထား၏။

ခရမ်းရောင်ဘုရင်သည် ဝံ့ကြွားစွာ မတ်တပ်ရပ်လျက်ရှိသည်။ သူ၏ခန္ဓာကိုယ်သည် ဝလည်း မဝသလို၊ ပိန်လည်း မပိန်ချေ။ အလွန်တရာ ပြည့်စုံသည့် ခန္ဓာကိုယ် အချိုးအဆက်ကို ပိုင်ဆိုင်သည်ဟု ဆိုရမည်။ ကြွက်သားများသည် တင်းမာလျက် ရှိနေပြီး ကြည့်ရှုနေကြသူများအား အားကျရသည့် ခန္ဓာကိုယ်အဖြစ် မြင်ယောင်လာစေသည်။

သို့ပေမဲ့ သူသည် ဤကဲ့သို့ ကြွက်သားများကို ထုတ်ဖော်ပြသနေသည်မှာ ကြွားဝါချင်၍ မဟုတ်ပေ။ ဂိုဏ်းချုပ်ပေးအပ်ထားသော ဝတ်စုံကို မဝတ်ချင်သောကြောင့်သာဖြစ်တော့၏။

များပြားလှသော ကျင့်ကြံသူများ၏ နဖူးပေါ်တွင် အရေးအကြောင်းများ ဖြစ်တည်လာကြ၏။ တိုက်ခိုက်ပွဲတွင် အဝတ်အစားများ စုတ်ပြတ်သတ်သွားသည်ကို သူတို့ မြင်ဖူးကြသည်ဖြစ်၏။ ဥပမာအားဖြင့် ရှောင်ကျီနှင့် ကျောင်းတာ့ကျွမ်းတို့၏ တိုက်ပွဲဆိုလျှင် အလွန်တရာ ပြင်းထန်လွန်းကြပြီး ၎င်းတို့၏ အင်္ကျီများအားလုံးသည် စုတ်ပြတ်သတ်ကာ လွှင့်စင်ခဲ့ရ၏။ သို့ပေမဲ့ ဘာတစ်ခုမှ မတိုက်ခိုက်ရသေးခင်မှာ အဝတ်အစားများကို စုတ်ပြတ် သွားအောင် ပြုလုပ်ခဲ့သည်ဟူ၍ သူတို့ တစ်ခါမှ မမြင်ဘူးချေ။ ထို့အပြင် ဤကဲ့သို့ အဝတ်အစားများကို တမင် ကလာ စုတ်ပြဲသွားအောင် ပြုလုပ်လျှင်လည်း အင်္ကျီကိုသာ ပြုလုပ်သင့်သည်။ အဘယ်ကြောင့် ဘောင်းဘီကိုပါ စုတ်ပြတ်သတ်အောင် ပြုလုပ်ရသနည်း။

“သူဘာလို့ အတွင်းခံကိုရော မချွတ်ပစ်တာလဲ” တစ်စုံတစ်ယောက်သည် မေးမြန်းလိုက်၏။

ခရမ်းရောင်ဘုရင်သည် ဖြစ်နိုင်မည်ဆိုလျှင် သူ၏အတွင်းခံကိုပါ ချွတ်ချင်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သူ ဤအရာကိုပါ မဝတ်ပါက စင်ပေါ်သို့တက်၍ ရိုက်နှက်တော့မည်ဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

ဒိုင်လူကြီးသည် ကြောင်အအဖြင့် ပြောလိုက်၏။ “ဒါက နည်းနည်း ထူးဆန်းမနေဘူးလား”

ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်သည်။ “ကျုပ်တို့ဂိုဏ်းရဲ့ ဒီအကြီးအကဲကြီးက အရမ်းကို ပူတတ်တယ်လေ၊ အထူးသဖြင့် တိုက်ခိုက်တဲ့အချိန်ပဲ၊ ဒါကြောင့် သူက တိုက်ခိုက်ပြီဆိုတာနဲ့ အင်္ကျီတွေကို ချွတ်ပစ်တယ်”

“........”

ဒိုင်လူကြီး၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။

ပြိုင်စံရှားဂိုဏ်းမှ လူများသည် ပါရမီရှင်များသာဖြစ်တော့သည်။ ထို့အတူ တစ်ယောက်ချင်းစီတိုင်းသည် တစ်မျိုးစီ ရူးသွပ်နေကြသည်ဟု သူ တွေးထင်လာမိသည်။

“လိုရင်းကို ပြောမယ်”

ခရမ်းရောင်ဘုရင်သည် အကြီးအကဲနှစ်ယောက်ကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “မြန်မြန် တိုက်ခိုက်တော့”

လူသားများအား အနိုင်ကျင့် ရိုက်နှက်ရခြင်းသည် သူ၏ အနှစ်သက်ဆုံးသော လုပ်ရပ်ပင်ဖြစ်တော့၏။ အထူးသဖြင့် ပြိုင်စံရှားဂိုဏ်းထဲတွင် ဘုရင်တစ်ယောက်၏ အရှိန်အဝါများ ကျဆင်းခဲ့ရသည့်သူ့အတွက် ပြန်လည်ကာ လက်စားချေရမည့် အခွင့်အရေးပင် ဖြစ်တော့သည်။

“စမယ်” ဒိုင်လူကြီးက အော်ဟစ်လိုက်၏။

မိစ္ဆာဂိုဏ်းမှ အကြီးအကဲနှစ်ယောက်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ရှုလိုက်ကြသည်။ ထို့နောက် ၎င်းတို့၏ သိုင်းအုပ်စိုးသူအဆင့်များကို ထုတ်ဖော်လိုက်ကြပြီးနောက် ကောင်းမွန်သည့် လှုပ်ရှားမှု နည်းစနစ်ကို ထုတ်ဖော်ကာ ရှေ့သို့လှမ်းတက်လာကြ၏။

သူတို့၏ တိုက်ခိုက်မှုပုံစံသည် အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။ တကယ့်တကယ်တမ်းမှာတော့ ထိုသူများအားလုံးတို့သည် အလွန့်အလွန်ကို ရက်စက် လှသောနည်းလမ်းများဖြင့် လူများကို သတ်ဖြတ်တက်သူများဖြစ်ကြသည်။

ထင်မှတ်ထားသည့်အတိုင်းပင် မိစ္ဆာဂိုဏ်းမှ သိုင်းအုပ်စိုးသူနှစ်ယောက်တို့သည် ရှေ့သို့ ရိုးရှင်းစွာ လှမ်းတက်လာကြသည်ဆိုသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိသော မိစ္ဆာချီများအားလုံးသည် အပ်ချည်များကဲ့သို့ပင် ဖြစ်တည်လာပြီးသည့်နောက် လျှို့ဝှက် ပစ်ခတ်မှုကို ပြုလုပ်ကြ၏။

ဟူး ဟူး …။

နတ်ဆိုးမိစ္ဆာဂိုဏ်းမှ အကြီးအကဲသည် အရင်ဆုံး ရှေ့သို့ရောက်ရှိလာ၏။ ၎င်းသည် အလွန်တရာ အားကောင်းပြီး အေးစက်လှသော လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။

ဟမ့်

ခရမ်းရောင်ဘုရင်သည် သူ၏မျက်ခုံးကို ပင့်တင်လိုက်ပြီးသည့်နောက် တူညီသည့် လက်ဝါးရိုက်ချက်ကိုပင် ထပ်မံကာ ထုတ်ဖော်လိုက်တော့သည်။

ဘုန်း

လက်ဝါးရိုက်ချက်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွား၏။ နတ်ဆိုးမိစ္ဆာဂိုဏ်းမှ အကြီးအကဲသည် စင်မြင့်၏အစပ်နားဆီသို့ လွှင့်စင်သွား၏။ သူသည် ဘယ်ဘက်လက်အား ညာဘက်လက်ဖြင့် ဆုပ်ကိုင်ကာ နာကျင်စွာဖြင့် အော်ဟစ် လိုက်၏။

လက်ဝါးချင်း ထိပ်တိုက်တွေ့ဆုံရာတွင် သူ၏သေးငယ်လှသော အပ်လေးများသဘ် တစ်ဖက်လူ၏ လက်ဝါးထဲသို့ စိုက်ဝင်သွားသည်မှာ သေချာ၏။ သို့ပေမဲ့ အပ်ထိပ်များသည် ကွေးကောက်သွားပြီးနောက် သူ၏လက်ဝါးကို ပြန်လည် စိုက်ဝင်လျက်ရှိနေတော့သည်။ သူ၏အသားအရည်တစ်ခုလုံးသည် မဲနက်သည့်အော်ရာများ ဖြစ်တည်လာခဲ့တော့သည်။

“ဝိညာဉ်ခြွေ အဆိပ်အပ်” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

ဤစကားထွက်ပေါ်လာခြင်းခြင်းမှာပဲ သိုင်းကျင့်ကြံသူများ၏ မျက်နှာသည် ပြောင်းလဲသွားကြသည်။ ဝိညာဉ်ခြွေ အဆိပ်အပ်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်တရာ ကြမ်းတမ်းလှသော လက်နက်ပုန်းတစ်မျိုး ပင်ဖြစ်သည်။ ဤအရာသည် ထူးခြားလှသောကျောက်ရိုင်းနှင့် ပြုလုပ်ထားသည်သာမက ပြင်းထန်ပြီး သေစေလောက်သည့် အဆိပ်များနှင့် ဖန်တီးထားခြင်းလည်း ဖြစ်သည်။ ဤအပ်နှင့် ထိုးစိုက်မိသည်ဆိုပါက ဝိညာဉ် တစ်ခုလုံး နာကျင်သည့် ခံစားချက်ကို ရရှိပေလိမ့်မည်။

ခရမ်းရောင်ဘုရင်သည် သူ၏လက်ဝါးအား အသာပြန်ရုတ် သိမ်းပြီးနောက် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ဒီလောက် အပ်သေးသေးလေးက ကျုပ်ကို ဘာဖြစ်စေနိုင်မှာလဲ”

သူသည် အကြိမ်ပေါင်းများစွာ လောင်ချာနှင့် ပစ်ခတ်ခံခဲ့ရသည့် ဘုရင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဤမျှ သေးငယ်သော အပ်လေးများသည် သူ့အား အဘယ်သို့ နာကျင်အောင် ပြုလုပ်နိုင်မည်နည်း။

အား

နတ်ဆိုးမိစ္ဆာဂိုဏ်းမှ အကြီးအကဲသည် သူ၏လက်ကို အုပ်ကိုင်ကာ အော်ဟစ်လျက်ရှိနေ၏။ အဆိပ်များသည် သူ၏ ဝိညာဉ်တစ်ခုလုံးကို နာကျင်စေ၏။

“အဆိပ်ဖြေဆေး၊ အဆိပ်ဖြေဆေး”

ဝှစ်

ခရမ်းရောင်ဘုရင်သည် ထိုသူ၏ရှေ့၌ ပေါ်လာသည်။ ပြီးနောက် သူသည် ရုတ်တရက်ဆိုသလိုပဲ တစ်ဖက်လူ၏ ပခုံးကို ကိုင်မြှောက်ကာဖြင့် မြေပြင်နှင့် ရိုက်ချလိုက်တော့သည်။

သူ၏ သိုလှောင်လက်စွပ်ထဲမှ အဆိပ်ဖြေဆေးကို ထုတ်ယူရန်ပြင်ဆင်နေသော နတ်ဆိုးမိစ္ဆာဂိုဏ်းမှ အကြီးအကဲသည် ကြမ်းတမ်းစွာ ရိုက်နှက်ခံလိုက်ရ၏။ ၎င်း၏ စိတ်တစ်ခုလုံးသည် လွှင့်စင်သွားခဲ့၏။ အဆုံးသတ်မှာတော့ သူသည် အဆိပ်ဖြေဆေးကို သောက်သုံးရမည့် အကောင်းဆုံးအချိန်ကို လွှဲချော်သွားခဲ့တော့သည်။ ထို့ကြောင့် အဆိပ်ဒဏ်ကို ခံစားကာ ဆိုးဆိုးရွားရွားဖြင့် သေဆုံးရပေတော့မည်။

ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် ချွေးများပင် ပျံလာကြ၏။ သိုင်းအုပ်စိုးသူအဆင့် အကြီးအကဲ တစ်ယောက်သည် ဤကဲ့သို့ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင် မိမိကိုယ်တိုင် ထုတ်ဖော်ခဲ့သော ဝိညာဉ်ခြွေ အဆိပ်အပ်၏ လက်ချက်ဖြင့် ပြန်လည်ကာ သေဆုံးခဲ့သေးသည်။ ဆိုးရွားလွန်းလှချေ၏။

အခြားတစ်ဖက်မှာတော့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲသည် တစ်ဖက်လူ အာရုံများနေသည့် အချိန်ကို အခွင့်ကောင်းယူ၍ နောက်ကွယ်ဆီမှ သံအပ်ကဲ့သို့သော လက်နက်ပုန်းများဖြင့် လှမ်း၍ ပစ်လိုက်တော့ သည်။ သို့ပေမဲ့ ထိုသံအပ်ကဲ့သို့သော လက်နက်ပုန်းများအားလုံးသည် ခရမ်းရောင်ဘုရင်၏ ကျောကုန်းကို ထိတွေ့ပြီးသည့်နောက် နောက်ဘက်သို့ ပြန်ကန်သွားတော့သည်။

“ဝိညာဉ်ထိ အဆိပ်အပ်” အားလုံးသောသူများသည် နောက်တစ်ကြိမ် ထပ်မံကာ အော်ဟစ်လိုက်မိကြ၏။

ဆွစ်

သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲသည် မြေပေါ်သို့ ခုန်ချလိုက်၏။ သူ့အနေနှင့် လက်နက်ပုန်းသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားခြင်း၊ မဝင်သွားခြင်းကို ဂရုစိုက်စရာ မလိုချေ။ သူ၏ နှုတ်ခမ်းထောင့်သည် ကော့တက်လျက်ရှိသည်။

“ဒီအပ်နဲ့ ထိမိလို့ရှိရင် အဆိပ်က မိသွားပြီပဲ”

ထင်မှတ်ထားသည့်အတိုင်းပင် ခရမ်းရောင်ဘုရင်၏ ကျောကုန်းသည် အစိမ်းရောင်အဖြစ် ပြောင်းလဲလာသည်။ ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲလာပြီး ကြီးမားလှသည့် အစိမ်းရောင်လူကြီးအဖြစ်သို့ ပြောင်းလဲသွား တော့သည်။

“ပြီးသွားပြီပဲ”

သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲ၏ မျက်နှာသည် အပြုံးပန်းတွေ ဝေလျက်ရှိသည်။ ဤဝိညာဉ်ထီး အဆိပ်အပ်ကို ထိတွေ့မိသည်ဆိုလျှင် သိုင်းအုပ်စိုးသူကျင့်ကြံသူများကို မပြောနှင့် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူ များပင်လျှင် ချက်ချင်းဆိုသလို သေဆုံးရမှာ သေချာ၏။

ဂိုဏ်းချုပ်ရမ်၏ နှလုံးသားများသည် သွေးစက်စက်ယိုလျက်ရှိသည်။ သူ၏အကြီးအကဲသည် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထိုအခွင့်အရေးကို အရယူကာ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲသည် တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သည်။

“ဒီလူက ကိုယ်လုံးတီးဖြစ်အောင် လုပ်ထားလို့ပဲ၊ မဟုတ်ရင် ဒီအပ်တွေက ခန္ဓာကိုယ်နဲ့ ထိတွေ့မိမှာ မဟုတ်ဘူး”

“သူသာ အဝတ်တွေကို မချွတ်ထားရင် သက်သာရာ ရနိုင်သေးတယ်၊ အခုတော့ သွားပြီ”

အားလုံးသည် ခေါင်းကိုခါယမ်းလိုက်မိ၏။ ၎င်းတို့၏ နှလုံးသားထဲမှာတော့ ခရမ်းရောင်ဘုရင်သည် ကျိန်းသေပေါက် သေဆုံးရမည်ဖြစ်၏။

ရွီး

ထိုအချိန်မှာပဲ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲသည် သူ၏လှုပ်ရှားမှုနည်းစနစ်ကို ထပ်မံကာ အသုံးပြုလိုက်တော့သည်။ အလင်းတန်းများသည် ပျံသန်းလာပြီးသည့်နောက် တည်နေရာအနှံ့ဆီမှတဆင့် ခရမ်းရောင်ဘုရင်ဆီသို့ တိုးဝင်ရောက်ရှိလာသည်။ တစ်ဖက်လူ သေဆုံးသည်၊ မသေဆုံးသည်ကို သူသည် မသေချာသေးပေ။ ထို့ကြောင့် မိစ္ဆာကျင့်ကြံသူဖြစ်သည်နှင့်အညီ တစ်ဖက်လူ အလစ်အငိုက် ခံနေရတုန်း ထပ်မံကာ သေဆုံးသည်အထိ တိုက်ခိုက်ရန် ကြံစည်နေခြင်းပင် ဖြစ်တော့သည်။

ဘန်း ဘန်း ဘန်း

လျှို့ဝှက်လက်နက်ပုန်းများအားလုံးသည် ခရမ်းရောင်ဘုရင်၏ အစိမ်းရောင်ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလျက် ရှိသည်။ ငြီစို့သည့် အနံ့ကြီးတစ်ခုသည် လေထဲတွင် ပျံ့နှံ့လျက်ရှိပြီး ဤတိုက်ခိုက်ချက်တွင် မည်မျှများပြားသည့် အဆိပ်များ ပါဝင်နေမည်ကို အနံ့ခံရုံဖြင့် သိရှိနိုင်ပေသည်။ ဤလူသည် မိစ္ဆာကျင့်ကြံသူတစ်ယောက် ပီသလွန်း လှ၏။

ဝှစ် ဝှစ်

ကျောက်စင်မြင့်ကြီးပေါ်တွင်ရှိသော လေထဲရှိ အဆိပ်များကိုတော့ အစီအရင်က ကုန်စင်အောင် စုပ်ယူလိုက်သည်။ ထို့ကြောင့် ကြည့်ရှုနေကြသော ကျင့်ကြံသူများဆီသို့ အဆိပ်ငွေ့များသည် ရောက်ရှိမလာခဲ့ချေ။ အထဲတွင် ရှိသော အဆိပ်ငွေ့များ ပျောက်ပျက်သွားပြီးနောက် အရာအားလုံး ပြန်လည်ရှင်းလင်းစွာ မြင်လာရပြီဖြစ်သည်။

ခရမ်းရောင်ဘုရင်မှာတော့ မူလတည်နေရာတွင် မတ်မတ်ရပ်လျက်ရှိသည်။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်အရောင်သည် အစိမ်းရောင်မှသည် အပြာရောင်၊ အနီရောင်၊ အမဲရောင် ဖြည်းဖြည်းချင်း ပြောင်းလဲလျက်ရှိ၏။

ဟား ဟား ဟား ဟား

သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲသည် ထူးဆန်းစွာ ရယ်မောလိုက်၏။ “ဒီလိုမျိုး အဆိပ်ကို ခံရတဲ့နောက်မှာ ပြင်းပြင်းထန်ထန် နာကျင်တဲ့ ခံစားချက်ကို မရဘူးလား”

ရုတ်တရက်ဆိုသလိုပဲ သူ၏ရယ်သံသည် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ အသားအရေများသည် မူလအတိုင်း ပြန်လည်ပြောင်းလဲသွားသောကြောင့်ပင်ဖြစ်သည်။

“အဆိပ်ကို ကုပြီးသွားတာလား၊ မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ်ပြီး ဒါဖြစ်နိုင်မှာလဲ”

ရွှီး

ခရမ်းရောင်ဘုရင်သည် ရုတ်တရက် ရှေ့ကို လှမ်းတက်လာပြီးသည့်နောက် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း အကြီးအကဲ၏ လည်ပင်းကို သူ၏ ကြီးမားလှသည့် လက်ကြီးများဖြင့် ဆုပ်ကိုင်လိုက်သည်။ ပြီးသည့်နောက် မေးစေ့အား ဆွဲဖြဲလိုက်၏။

အားလုံးသောသူများ၏ မျက်လုံးများသည် ပြူးထွက်သွားကြ၏။ ပြိုင်စံရှားဂိုဏ်းမှ အကြီးအကဲသည် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ သိုင်းအုပ်စိုးသူ အကြီးအကဲ၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီးနောက် ပါးစပ်ကို ဆွဲဖွင့်လိုက်သည်။ ပြီးနောက် ၎င်း၏ပါးစပ်ထဲတွင်ရှိသော့ ချွဲသလိပ်လိုအရာများကို ထွေးထည့်လိုက်သည်။

:........”

အားလုံးသည် ထိုအချင်းအရာကို မြင်လိုက်ချိန်မှာတော့ အန်ချင်စိတ်ပင် ပေါက်မိလာကြ၏။

“နေအုံး၊ ခုနက ချွဲတွေက ဘာတွေလဲ”

“စောနက သက်ရောက်ခဲ့တဲ့ အဆိပ်တွေပဲ”

ခရမ်းရောင်ဘုရင်သည် သူ၏ခေါင်းကို စောင်းငဲ့ကာဖြင့် ငရဲပြည်မှ နတ်ဆိုးတစ်ပါးကဲ့သို့ ထူးဆန်းစွာ ရယ်မော နေသည်။ “အရသာရှိတယ် မဟုတ်လား”

အား အား

သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲသည် သူ၏လည်ချောင်းထဲမှ အသံကို ညှစ်ထုတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ လက်ရှိအခြေအနေမှာတော့ ချွဲလိုအရာများအားလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွား၏။ ရေတွက်လို့မရအောင် များပြားသော အဆိပ်ဓာတ်များ အားလုံးသည် သူ၏မရီဒန်၊ အသားအရေနှင့် ဝိညာဉ်ကိုပင် တိုက်စားလျက် ရှိ၏။

ရွှီး

ခရမ်းရောင်ဘုရင်သည် သူ၏လက်ကို လွှတ်လိုက်တော့သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲ သည် ချက်ချင်းဆိုသလိုပဲ မြေပေါ်သို့ လဲကျသွားတော့၏။ ပြီးသည့်နောက်မှာတော့ သူ၏ခေါင်းကို ဆုပ်ကိုင်ကာ နာကျင်စွာဖြင့် မြေပေါ်တွင် လှိမ့်လျက်ရှိ၏။

ရေတွက်လို့မရအောင် များပြားသော အဆိပ်များ၏ တိုက်ခိုက်မှုအောက်မှာတော့ သူ၏ခန္ဓာကိုယ် ဒွါရကိုးပေါက်ဆီမှ သွေးများထွက်ပေါ်လာပြီး သူ၏ အသိစိတ်များ သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သူသည် တစ်ကိုယ်လုံးတုန်ခါနေရာမှ ရပ်တန့်သွားသည့် နောက်မှာတော့ သူ၏ဝိညာဉ်တစ်ခုလုံးသည် ငရဲပြည်ဆီသို့ ရောက်ရှိသွားခဲ့လေတော့သည်။

All Chapters