← Chapters

အခန်း (၇၈၁)

Vol. 53 Ch. 781

အခန်း (၇၈၁)

Vol. 53 Ch. 781

နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် နတ်ဘုရားကျောင်းတို့မှ သိုင်းအုပ်စိုးသူ အဆင့် အကြီးအကဲ နှစ်ယောက်တို့သည် မိမိ၏ အဆိပ်ဖြင့် မိမိ ပြန်လည် သေဆုံးသွားခဲ့ကြပြီဖြစ်သည်။ အလွန်တရာ ဆိုးရွားလှသည်ဟု ဆိုရမည်။

ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ၏ မျက်လုံးများသည် ပြူးပြူး၍ ထွက်လာကြသည်။ ထိုသူတို့သည် သိုင်းအုပ်စိုးသူများ ဖြစ်ကြသည်။ သို့ပေမဲ့ ဤကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် သေဆုံးသွားခဲ့ကြသည်။

"ပြိုင်စံရှားဂိုဏ်းက အကြီးအကဲရဲ့ ပထမဆုံး တိုက်ပွဲ မှာ အနိုင်ရရှိတယ်။" ဒိုင်လူကြီးသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။

သို့ပေမဲ့ သူသည် တုန်လှုပ်နေတုန်းပင် ဖြစ်သည်။ ထို့အပြင် ဤခရမ်းရောင် ဆံပင်နှင့် လူသည် မိစ္ဆာဂိုဏ်း၏ အကြီးအကဲ နှစ်ယောက်တို့အား လွယ်လွယ်ကူကူဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။

နတ်ဆိုးမိစ္တာဂိုဏ်းနှင့် သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတို့သည် ၎င်းတို့၏ အနောက်တွင်သာ ထိုင်ခုံရှိမည် ဆိုပါက ခြေပစ်လက်ပစ် ထိုင်ချမိပေလိမ့်မည်။

တိုက်ရိုက်တပည့်များ သေဆုံးရခြင်းသည် ကောင်းကောင်းဆက်လက်၍ ပျိုးထောင်နိုင်သေးသည်။ သို့ပေမဲ့ ဂိုဏ်း၏ အကြီးအကဲများ သေဆုံးခြင်း ဆိုသည်မှာတော့ အလွန်တရာ ထိခိုက်နစ်နာရသည့် ကိစ္စပင် ဖြစ်၏။

ဒေါသတရား၊ နာကျင်မှု ၊ ဝမ်းနည်းမှု စသည့် ခံစားချက်မျိုးစုံတို့သည် နတ်ဆိုး မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း ဟောခန်းသခင် တို့၏ နှလုံးသားကို ကြီးကြီးကျယ်ကျယ် တိုက်ခိုက်လျက်ရှိ နေတော့သည်။

၎င်းတို့သည် ဤသို့ဖြစ်မည်မှန်းသာ ကြိုတင်သိရှိပြီဆိုပါက ကျွင်းချောင်ရှောင်း၏ စိန်ခေါ်မှုကို လက်ခံခဲ့လိမ့်မည် မဟုတ်ချေ။

"ခင်ဗျားတို့ နှစ်‌ယောက်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဆက်ပြီး တိုက်ခိုက်ကြရအောင်"

ဂိုဏ်းချုပ်ရမ် သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း အကြီးအကဲတိုက်ပွဲကို ဘယ်နှစ်ယောက်အထိ တိုက်ခိုက်ဖို့ အစီအစဉ်ရှိလဲ။"

"ပြိုင်စံရှားဂိုဏ်းမှာ အကြီးအကဲ ဘယ်နှစ်ယောက်မှ မရှိတော့ဘူးလေ။ဒါပေမဲ့ ဆက်ပြီး တိုက်ကြ‌ရအောင်"

"ကောင်းပြီ"

ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင်ဟန်တို့သည် သံပြိုင်ဆိုသလိုပဲ ပြောလိုက်ကြသည်။ "ထပ်ပြီး တိုက်ကြမယ်"

၎င်းတို့နှစ်ယောက်သည် အလုံးစုံ ထိပ်လန့်တုန်လှုပ်နေကြပြီဖြစ်သည်။ ထို့အပြင် ပြိုင်စံရှား ဂိုဏ်းသည် ၎င်းတို့နှင့် တန်းတူ ဆိုးယုတ်သည့် နည်းစနစ်များကို အသုံးပြုကာ တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို မျက်မြင်တွေ့နေကြရပြီး ဖြစ်၏။

သို့ပေမဲ့ ၎င်းတို့တွင် ယုံကြည်ချက်တော့ ရှိနေသေးသည်။

ဆိုးယုတ်၍ လှည့်စားတတ်သည့် နည်းစနစ်များနှင့် တိုက်ခိုက်သည့် နေရာတွင် ၎င်းတို့၏ မိစ္ဆာဂိုဏ်းများကို မည်သူကမှ ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ဟု သူတို့ ယုံကြည်ချက် ရှိနေကြ၏။

"အဘိုးကြီးတင်း"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သွားကြစို့"

ဝှစ်။

အဘိုးကြီးတင်း သည် ကျောက်စင်မြင့် ဗဟိုတည့်တည့်ဆီသို့ ခုန်တက်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ကာဖြင့် ရှေးမျိုးဆက်မှ ကြီးမားလှသော ကျွမ်းကျင်သူ တစ်ယောက်၏ အရှိန်အဟုန်ကို ထုတ်ဖော်လျက်ရှိနေ၏။

ဟုတ်ပေသည်။ သူသည် သူ၏ ကျင့်ကြံခြင်း အဆင့်ကို အလုံးစုံ မပြသခဲ့ပေ။ ထို့အပြင် သိုင်းနယ်မြေ ကျင့်ကြံခြင်း အဆင့်ကို ထုတ်ဖော်လိုက်ပြီဆိုပါက ဤမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်များကိုပင် သူသည် လွယ်လွယ်ကူကူ အနိုင်ရအောင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းကို အထူးအပါးနားလည်သူ ၊ အရာကိစ္စများအား ပိုင်မှ ပြုလုပ်တတ်သူဟု ကင်မွန်းတပ်နိုင်ခြင်း ဖြစ်၏။

ထိုသို့သော စွမ်းအားမြင့် ကျင့်ကြံသူသည် သူ၏ လက်ထဲတွင် ရှိနေသောကြောင့် သူ့အနေနှင့် မည်သည့်ဂိုဏ်းကို မဆို ယုံကြည်ချက်ရှိရှိနှင့် စိန်ခေါ်မှု ပြုလုပ်နိုင်ခြင်းပင် ဖြစ်သည်။

တစ်ခြားသော ကျွမ်းကျင်သူများသည်ဆိုလျှင် ၎င်းတို့၏ ဂျူနီယာများကို အနိုင်ကျင့် နှိပ်စက်ရခြင်းကို နှစ်မြို့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ မိစ္ဆာကျင့်ကြံသူများအား သာမန် အတွေးအခေါ်နှင့် ဆုံးဖြတ်၍ ရမည် မဟုတ်ချေ။ လက်ရှိ အခြေအနေ၌ မိစ္ဆာသူတော်စင် ဝူကျူးသည် ၎င်း၏ ဂျူနီယာများကို နှိပ်စက် ရိုက်နှက်ရန် အတွက် ပြုံးပျော်ရွင်သော မျက်နှာဖြင့် စင်မြင့်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိ၏။

ဤကဲ့သို့သော အနိုင်ကျင့်ရခြင်းကို သူသည် အလွန်နှစ်သက်ပြီး ဂုဏ်ယူဝံ့ကြွားမိသည်။

"ကောင်လေးတို့"

အဘိုးကြီးတင်းက ဆော်ဩလိုက်၏။ "မြန်မြန် တိုက်ခိုက်မယ့် အကြီးအကဲတွေ အားလုံးကို လွှတ်လိုက်တော့။ ဒီအဘိုးကြီးက တစ်ဖွဲ့လုံးနဲ့ တိုက်ခိုက်ရလည်း ကိစ္စမရှိဘူး။"

"ဒါက ခင်ဗျားရဲ့ သဘောပဲနော်"

ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင်ဟန်တို့သည် ၎င်းတို့၏ ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်ကြတော့ပေ။ တိုက်ရိုက်ဆိုသလိုပဲ အကြီးအကဲ သုံးယောက်တို့ကို စေလွှတ်လိုက်၏။

"အရှက်မဲ့လိုက်တာ"

"မိစ္ဆာဂိုဏ်းတွေဆိုရင်တောင်မှ အနည်းဆုံးသော ဂုဏ်သိက္ခာတွေ ဘာတွေ ရှိသင့်တယ် မဟုတ်လား"

များပြားလှသော ကျင့်ကြံသူများသည် ၎င်းတို့၏ စိတ်ထဲ၌ ရေရွတ်လိုက်ကြသည်။ သူတို့သည် နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းအား ရွံ့ရှာလျက်ရှိနေကြသည်။

အဘိုးကြီးတင်းမှာမူ ခေါင်းကို ခါယမ်းကာ ပြုံးလိုက်၏။ "တကယ့်မိစ္ဆာနည်းစနစ်က ဘယ်လိုဆိုတာ မင်းတို့ သိစေရမယ်။”

“စကြရအောင်" ဒိုင်လူကြီးက အော်ဟစ်လိုက်ကြ၏။

ဟူး ဟူး

ဒိုင်လူကြီး ပြောပြောပြီးချင်းမှာပဲ မိစ္ဆာဂိုဏ်း အကြီးအကဲ ခြောက်ယောက်တို့သည် ၎င်းတို့၏ စွမ်းရည်များကို ထုတ်ဖော်ကာဖြင့် မတူညီသည့် နေရာများဆီသို့ ဝင်ရောက် တိုက်ခိုက်တော့သည်။

အဘိုးကြီးတင်းသည် ထူးဆန်းလှသော သိုင်းနည်းစနစ်တစ်ခုကို အသုံးပြုပြီး ၎င်းအား တိတ်တဆိတ်ချောင်းမြောင်းပြီး တိုက်ခိုက်လိုက်သော သိုင်းကျင့်ကြံသူတစ်‌ယောက်အား ဆွဲကိုင်ကာ ပြောလိုက်သည်။ “နောက်ကွယ်က တိုက်ခိုက်မယ်ဆိုရင် အသက်ရှုသံနဲ့ အာရုံစူးစိုက်မှုတွေကို သတိထားသင့်တယ်။မင်းရဲ့ အော်ရာတွေက ဒီလိုမျိုးထုတ်လွှတ်နေမှတော့ တစ်ခြားသူတွေက မင်းတိုက်ခိုက်တာကို သိသွားမှာပေါ့"

ဘုန်း ….

သူသည် ချက်ချင်းဆိုသလိုပဲ မြေပေါ်သို့ ဖိချလိုက်၏။

ထိုအချိန်မှာတော့ နောက်ထပ် အကြီးအကဲတစ်ယောက်သည် လက်နက်ပုန်းတစ်မျိုးကို ထုတ်ဖော်ကာ ရှေ့သို့ ရောက်ရှိလာသည်။

အဘိုးကြီးတင်းသည် အသာလှည့်လိုက်ပြီးနောက် ထိုသူပစ်လိုက်သည့် လက်နက်ပုန်းအား လက်ညိုးနှစ်ချောင်းဖြင့် လှမ်းကာ ဖမ်းလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ပစ်တာကတော့ မဆိုးဘူး။ဒါပေမဲ့ အချိန်အဆက မမှန် သေးဘူး။”

ပြောပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်သည် အနောက်ဘက်သို့ ဆုတ်ခွာပြီး နောက်ထပ် မိစ္ဆာကျင့်ကြံသူ၏ လျှပ်တပြတ် တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။

ပြီးနောက် လက်နှစ်ဖက်ကို အသာရုတ်လိုက်ပြီးသည့်နောက် သူ၏ လက်ညိုးနှင့် လက်ခလယ် နှစ်ချောင်းတို့သည် စုစည်းသွား၏။ ပြီးနောက် ထိုလက်နှစ်ချောင်းတို့သည် တစ်ဖက်လူ၏ ဖင်ခေါင်းတည့်တည့် ဆီသို့ ဝင်ရောက်သွားတော့သည်။

ဆွစ် …

အား

အရေးပါလှသော ဖင် ထိခိုက်သွားပြီ ဖြစ်သောကြောင့် ထိုလူသည် မြေပေါ်တွင် လဲလျက် အော်ဟစ် နေတော့သည်။

ပြိုင်စံရှားဂိုဏ်းမှ အကြီးအကဲသည် မိစ္ဆာဂိုဏ်းသားများထက် ပိုမို၍ ဆိုးရွားလှသော နည်းစနစ်ကို အသုံးပြုတိုက်ခိုက်နေသည်ကို မြင်ရချိန်မှာတော့ သိုင်းကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက် ရှိနေတော့၏။

နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းများသည် မိစ္ဆာဂိုဏ်းများ ဖြစ်သည်။

လက်နက်ပုန်းများ ဖြစ်ဖြစ် ၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ဖြစ်ဖြစ် ၊ အရည်အတွက် အရ ဖြစ်ဖြစ် တိုက်ခိုက်နေခြင်းသည် ၎င်းတို့၏ ပုံမှန် တိုက်ခိုက်ခြင်းများသာ ဖြစ်၏။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် မိစ္ဆာဂိုဏ်းတစ်ခု မဟုတ်ပေ။ သို့သော်ငြား တပည့်မှသည် အကြီးအကဲဆီသို့ ဆိုးယုတ်ညစ်ညမ်းလှသော နည်းစနစ်များကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့၏ ဂိုဏ်းသိက္ခာကို မည်သို့မှ ဂရုစိုက်မည့်ပုံ မပေါ်ချေ။

"မြင်ပြီလား"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အဘိုးကြီးတင်း ဒါက ကျုပ်ပြောတဲ့ အရာပဲ။ ဂိုဏ်းသားတွေ အနေနဲ့လည်း အဘိုးကြီးတင်း တိုက်ခိုက်တဲ့ ပုံစံကို ကြည့်ပြီးတော့ လေ့လာသင်ယူထားကြ။"

"ကောင်းပါပြီ"

တပည့်များ အားလုံးသည် သံပြိုင် အော်ဟစ်လိုက်ကြသည်။

"ဟင်း ကျုပ်တို့ အတွေးလွန်သွားတာပဲ။ ဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဂုဏ်သိက္ခာဆိုတာကို တစ်စက်ကလေးမှ ဂရုစိုက်တဲ့ပုံ မပေါ်ဘူး"

ဤကဲ့သို့ ဂုဏ်သိက္ခာ အကြောင်းကို ပြောရမည် ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည့်လူပေါ်တွင် မူတည်ထား၏။

သူသည် လမ်းမှန်ဂိုဏ်းများနှင့်သာ ဆိုပါက မှန်မှန်ကန်ကန် နည်းစနစ်ကျကျ တိုက်ခိုက်ရပေလိမ့်မည်။

သို့ပေမဲ့ ဆိုးယုတ်ကြသော မိစ္ဆာဂိုဏ်းများနှင့် တွေ့ဆုံသည့် အချိန်မှာတော့ ထိုသူများထက်ပို၍ ဆိုးယုတ်သော နည်းစနစ်များနှင့် တိုက်ခိုက်နိုင်ကြောင်းကို ပြသရမည် ဖြစ်သည်။

....

"သွားလိုက်တော့"

ကျောက်စင်မြင့်ပေါ်မှာတော့ အဘိုးကြီးတင်းသည် ၎င်း၏ ထူးဆန်းသည့် နည်းစနစ်များကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်၏။

မိစ္ဆာဂိုဏ်းများမှ အကြီးအကဲ ခြောက်ယောက်တို့သည် မည်သို့မှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိပေ။

အဘိုးကြီးတင်းသည် တိုက်ခိုက်ရင်း ပါးစပ်ကလည်း အဆက်မပြတ်ပြောဆိုကာ တိုက်ခိုက်နေသည်။

မိစ္တာဂိုဏ်း အကြီးအကဲ ခြောက်ယောက်တို့သည် ၎င်းတို့၏ ဖင်ခေါင်းများကို တိုက်ခိုက်ခံရခြင်းကြောင့် မည်သို့မှ မခံစားနိုင်တော့ဘဲ အားလုံးသည် မြေပေါ်တွင် လဲနေကြပြီ ဖြစ်သည်။ ဖော်ပြ၍ မရ‌နိုင်အောင် နာကျင်လွန်းသောကြောင့် ၎င်းတို့သည် အသက်ကိုပင် ရဲရဲ မရှူနိုင်ဘဲ အော်ဟစ်နေကြရသည်။

“……...”

ဒိုင်လူကြီးသည် အချိန်အတော်ကြာ ဆွံ့အလျက် ရှိသွား၏။ ပြီးနောက် အော်ဟစ်လိုက်‌တော့၏။ "အကြီးအကဲ တိုက်ပွဲ ဒုတိယတိုက်ပွဲ ပြိုင်စံရှားဂိုဏ်း အနိုင်ရ"

ပထမတုန်းက များပြားလှသော ကျင့်ကြံသူများသည် အံ့အားသင့်နေကြ၏။

သို့ပေမဲ့ ၎င်းတို့သည် အရာအားလုံးမှာ သာမန်ဖြစ်သည်ဟု ခံစားမိနေကြပြီးဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲများသည် တကယ်တမ်း ဆိုးယုတ်လှသော စည်းဘောင်လွတ် တိုက်ခိုက်ပွဲများတွင် အနိုင်မရနိုင်ဟု ၎င်းတို့ ထင်မှတ်ခဲ့ကြသည်။ သို့ပေမဲ့ တကယ့်တကယ်တမ်း တိုက်ခိုက်သည့် အချိန်မှာတော့ ပြိုင်စံရှား ဂိုဏ်းသားများသည် ပိုမိုဆိုးယုတ်သူများဖြစ်နေသည်ကို လက်တွေ့မြင်လိုက်ကြရပြီဖြစ်သည်။

"ခင်ဗျားတို့နှစ်ယောက်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တပည့်တွေက တိုက်ခိုက်ပြီးသွားပြီ။ အကြီးအကဲတွေလည်း တိုက်ခိုက်ပြီးသွားပြီ။ဒီတစ်ခါ ကျုပ်တို့ ဂိုဏ်းချုပ်တွေ တိုက်ခိုက်ရမယ့် အလှည့်ပဲ..."

ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင်ဟန်တို့သည် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ရွှီ

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လာ၏။ လေများသည် တိုက်ခိုက်သွား၏သည်။ သူ၏ မဖြီးသင်ရသေးသော ဆံနွယ်များသည် လေထဲတွင် လွင့်လျက်ရှိနေ၏။

သူ၏ ခန္ဓာကိုယ်ပေါ်တွင်တော့ သိုးမွေးအင်္ကျီကြီးက လွင့်လျက်ရှိပြီး ၎င်း၏ အနောက်ဘက်ဆီမှ ခိုငှက်များသည် ရုတ်တရက် ပျံသန်း ထွက်ပေါ်လာကြသည်။ ဖြစ်စဉ်တစ်ခုလုံးကို အနှေးပြကွက်နှင့် ကြည့်မည်ဆိုပါက အလွန်တရာ ကြည့်ကောင်းလှသည့် လူတစ်ယောက် စင်မြင့်ပေါ်သို့ တက်လာသည့် ဟန်ပန်အမူအရာမျိုးပင် ဖြစ်တော့သည်။

ဂိုဏ်းချုပ်ကျွင်း စင်မြင့်ပေါ်သို့ တက်ပြီးချိန်မှာတော့ လီဖေးနှင့် ထျန်းချီတို့သည် ၎င်းတို့၏ ငှက်လှောင်အိမ်များအား အသာပြန်၍ သိမ်းဆည်းလိုက်ကြ၏။

လီထျန်းထျန်းနှင့် စီးမာကျုံတတို့မှာမူ ဂိုဏ်းချုပ်၏ ဆံနွယ်များ လေထဲလွင့်နေစေရန် ခပ်လျက်ရှိသည့် ယပ်တောင်များကို ပြန်လည် သိမ်းဆည်းလိုက်ကြသည်။။

လင်းယွမ်ရွယ်မှာမူ ဂိုဏ်းချုပ် ဝတ်ဆင်ထားသော သိုးမွေးအင်္ကျီကို အသာလှမ်းယူကာ ခေါက်သိမ်းလိုက်၏။

"ခင်ဗျားတို့နှစ်ယောက်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အတူတူ တိုက်ခိုက်ကြ"

"ဂိုဏ်းချုပ်ကျွင်းက တတိယအဆင့် မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ် နှစ်ယောက် နဲ့ စိန်ခေါ်တိုက်ခိုက်မှာလား။ အံ့အားသင့်စရာပဲ"

သိုင်းကျင့်ကြံသူများအားလုံး၏ မျက်လုံးများသည် ပြူးကျယ်လာကြသည်။

မိစ္ဆာဂိုဏ်းချုပ်နှစ်ယောက်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ပြီးနောက် မည်သို့မှ မတတ်နိုင်ဘဲ များပြားလှသောသူများ၏ အကြည့်အောက်မှာပဲ ကျောက်စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်ကြ၏။

ဒုန်း….။

ကျွင်းချောင်ရှောင်းသည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ ရှေ့တွင် နဂါးစိမ်းလခြမ်းဓားမော့ကြီး ပေါ်ပေါက်လာသည်။

ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက်မှာတော့ ကောင်းကင်နဂါးဓားသည် လေထုထဲ၌ ပေါ်လာ၏။

ရွှီ ရွှီ ရွှီ ရွှီ

အသံများ ထွက်ပေါ်လာပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ကိုယ်ပါးချပ်ဝတ် ပေါ်လာပြန်သည်။

သူက ပြောလိုက်သည်။ "စည်းမျဉ်းစည်းဘောင်မရှိဘဲ ကျုပ်က အားအကောင်းဆုံး ပုံစံနဲ့ တိုက်ခိုက်ရမယ်။"

ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင်ဟန်တို့သည် အမြင်ကောင်းကောင်းရှိကြသည်။ ထိုလူဝတ်ဆင်ထားသော ချပ်ဝတ်နှင့် ကိုင်ဆောင်ထားသည့် လက်နက်ပစ္စည်းများမှာ အလွန်တရာ ကောင်းမွန်လွန်းသော ရတနာများဖြစ်ကြောင်း တစ်ချက်ကြည့်သည်နှင့် သိရှိကြသည်။

ဟင်း

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာဖြင့် နဂါးစိမ်း လခြမ်းဓားမော်ကြီးနှင့် ချက်ချင်းပင် ပေါင်းစပ်လိုက်၏။

ရွှီ

ပြီးသည့်နောက်မှာတော့ သူ၏ ပုခုံးထက်တွင် နတ်ဘုရား အဆင့် မြင့်တင်ထားသော RPG လောင်ချာကြီး ပေါ်ပေါက်လာတော့သည်။ သူသည် ထိုလောင်ချာကြီးကို ပုခုံးပေါ်တင်ကာ ပြောလိုက်၏။ "ဒီအရာကို သုံးဖို့ မေ့သွားတာပဲ"

ဂိုဏ်းချုပ်သည် ရှိရှိသမျှသော လက်နက်များအား ထုတ်နေသည်ကို မြင်ရသည့် အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် မိစ္ဆာဂိုဏ်းချုပ်များအား စာနာသနားစွာနှင့် ကြည့်မိလိုက်ကြသည်။

"ခင်ဗျားတို့နှစ်ယောက်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ် မိတ်ဆက်ပေးပါအုံးမယ်။ဒါက ပြိုင်စံရှား ဂိုဏ်းရဲ့ ဖျက်စီးနိုင်စွမ်းမြင့်တဲ့ လက်နက်လေ။သူ့ရဲ့ ဖျက်စီးနိုင်စွမ်းက စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်း ကို လုကြတုန်းက တောက်ပအလင်းတန်းဂိုဏ်းရဲ့ အကြီးအကဲတောင် တစ်ခါတည်း မေ့သွားတာပဲ။"

ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ နှုတ်ခမ်းထောင့်များ တုန်ခါသွားကြ၏။ ၎င်းတို့၏ နှဖူးစပ်ဆီမှ ကြီးမားလှသည့် ချွေးစေးများ တစ်တောက်တောက်နှင့် ကျလာသည်။

ကျွင်းချောင်ရှောင်းသည် လောင်ချာကြီးအား ကိုင်ပြီး ဒိုင်လူကြီးဆီသို့ လှမ်းကြည့်လိုက်၏။ "တိုက်ပွဲကို စဖို့ ကြေညာပေးပါလား"

"နေ နေ နေပါအုံး"

ဂိုဏ်းချုပ်ရမ် သည် အလောတကြီးဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း တပည့်တွေနဲ့ အကြီးအကဲတွေက တိုက်ခိုက်ပြီးသွားပြီလေ။ဒီတော့ ကျုပ်တို့ဆက်ပြီး တိုက်ခိုက်ဖို့ မလိုတော့ဘူး"

"အင်း ဟုတ်တယ်"

ခန်းမသခင်ဟန်က ပြောလိုက်သည်။ "အခုကလည်း မှောင်နေပြီ။ ဘာလို့ ကျုပ်တို့ ဒီပွဲကို အဆုံး မသတ်ရမှာလဲ"

"မဟုတ်ဘူး"

ကျွင်းချောင်ရှောင်းသည် လောင်ချာကို အသာမကာဖြင့် ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်း အားနည်းနေတုန်းက ခင်ဗျားတိုက လာပြီး ပြောခဲ့တယ်လေ။အခု ကျုပ်တို့ဆီမှာ တိုက်ခိုက်ဖို့ အားအင်အဆင့် ရှိနေပြီ။ဒီတော့ ဒီ အကြွေးကို ပြန်တောင်းရမယ်"

သူသည် အကြွေးဟူသော စကားကို ပြောသည့် အချိန်တွင် သာမာန်ထက်ပိုသော လေသံဖြင့် အသံကို မြင့်ကာ ပြောဆိုခဲ့၏။

ဂိုဏ်းချုပ်ရမ် သည် သူ၏ နဖူးစပ်ဆီမှ ကျဆင်းလာသော ချွေးစေးများကို သုတ်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း တကယ်လို့ အကြွေးကို ဖြေရှင်းမယ်ဆိုရင် ပိုက်ဆံနဲ့ ဖြေရှင်းလို့ရလား။"

"ကောင်းပြီ"

ဂိုဏ်းချုပ်ကျွင်းက ပြောလိုက်သည်။ "ကျုပ်ကိုပြော ဒီ အကြွေးကို ဘယ်လို ဖြေရှင်းပေးမလဲ"

"ပိုက်ဆံ ၊ စိတ်ဝိညာဉ် ကျောက်တုံး၊ သလင်း အမြုတေ၊ ဂိုဏ်းချုပ်ကျွင်း ဘာကိုပဲ လိုအပ်လိုအပ် ကျုပ်တို့ နတ်ဆိုးမိစ္ဆာဂိုဏ်းက လိုအပ်တဲ့ ဟာတွေကို သဘောတူပြီး ဖြေရှင်းပေးမယ်။" ဂိုဏ်းချုပ်ရမ် သည် အလောတကြီးဖြင့် ပြောလိုက်၏။

"ဟုတ်ပါတယ် ဟုတ်တယ်"

ဟောခန်းသခင်ဟန်ကလည်း အနားသို့ ရောက်ရှိလာ၏။ ပြီးနောက် ပြောလိုက်သည်။ "တိုက်ခိုက်မှုကို မပြုလုပ်တော့ဘူးဆိုရင် ကျုပ်တို့တစ်ခြား အရာတွေနဲ့ ဖြေရှင်းလို့ရတာပဲ"

"ဒီလိုဆိုမှတော့ ကျုပ်က စိတ်ဝိညာဉ် ကျောက်တုံး၊ သလင်းအမြုတေ၊ ကျောက်ရိုင်းတုံး ၊ဆေးမျိုးစေ့ ဘာမဆို အားလုံးနဲ့ အဆင်ပြေတယ်။"

ကျွင်းချောင်ရှောင်းသည် လောင်ချာနှင့် နဂါးစိမ်းလခြမ်းဓားမော့ နှင့် ကောင်းကင်နဂါးဓား‌တို့ကို ပြန်လည် သိမ်းဆည်းလိုက်သည်။

"ပြသနာမရှိဘူး ပြသနာမရှိဘူး"

ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် အလောတကြီးဖြင့် ပြောလိုက်သည်။ ၎င်းတို့၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေ၏။

ကျွင်းချောင်ရှောင်းသည် တည်ငြိမ်သည့် အသံဖြင့် ပြောလိုက်သည်။ "ပြိုင်စံရှား ဂိုဏ်းနဲ့ နတ်ဆိုး မိစ္ဆာဂိုဏ်း သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတို့ ရဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲက ဒီနေရာမှာ ပြီးဆုံးသွားပါပြီ"

All Chapters