← Chapters

အခန်း (၇၈၃)

Vol. 53 Ch. 783

အခန်း (၇၈၃)

Vol. 53 Ch. 783

ကျွင်းချောင်ရှောင်းသည် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် စကားပြောဆိုပြီးသည့်နောက် သူ၏တပည့်များ နှင့်ထွက်ခွာလာခဲ့သည်။ ထိုအချိန်မှာတော့ သူသည် အလွန်တရာ စိတ်ကောင်းဝင်လျက်ရှိပြီး စပီကာမှတဆင့် သီချင်းများကို အော်ဟစ်သီဆိုလျက်ရှိနေသည်။

တပည့်များ “…”

“ဂိုဏ်းချုပ်”

လီဖေးသည် အရှေ့တစ်နေရာဆီသို့ လက်ညှိုးညွှန်ကာဖြင့် ပြောလိုက်သည်။ “ရှေ့မှာ ခန်းမသခင်ရှစ်”

အမ်

ကျွင်းချောင်ရှောင်းသည် အသာလှမ်းကြည့်လိုက်သည့်နောက်မှာတော့ အဝေးတစ်နေရာရှိ သစ်ပင်ကြီး၏ အောက်တွင် လီအာ၏အကူအညီဖြင့် မတ်မတ်ရပ်လျက်ရှိသော ရှစ်ကျန်းရွမ်အား မြင်လိုက်ရသည်။

လေပြေများ တိုက်ခတ်လျက်ရှိပြီး သူမ၏အဝတ်များသည် လေပြေနှင့်အတူ လွင့်မျောလျက်ရှိသည်။ ကြည့်ရသည်မှာ အလွန်တရာ လှပလွန်းနေသည်။ ပန်းချီကားထဲမှ နတ်မိမယ်တစ်ပါးကဲ့သို့ပင်။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီးသည့်နောက် ပြုံးကာပြောလိုက်၏။ “ဘာလို့ မပြန်သေးတာလဲ”

“ကျွန်မက ဂိုဏ်းချုပ်ကျွင်းကို စောင့်နေတာလေ” ရှစ်ကျန်းရွမ်သည် ပြုံးကာ ပြောလိုက်သည်။

“ဟမ်”

ကျွင်းချောင်ချောင်းက ပြောလိုက်၏။ “ကျုပ်တို့က အပြန်လမ်းမှ မတူတာလေ၊ ဘာလို့ စောင့်နေတာလဲ”

ကံကောင်းစွာဖြင့် ဤနေရာတွင် အချစ်ရေးကျွမ်းကျင်သူ အကြီးအကဲဝေ ပါမလာခြင်းပင်ဖြစ်၏။ မဟုတ်ပါက သူသည် ဂိုဏ်းချုပ်အား မြေပေါ်သို့ စောင့်ချ၍ အားရပါးရ ဖနောင့်ဖြင့် နင်းချေမိမှာသေချာသည်။ တစ်ဖက်မှ အတူတူ ပြန်ချင်၍ စောင့်နေပါသည် ဆိုသည်ကို အဘယ့်ကြောင့်များ အပြန်လမ်းမတူဘူးဟု ပြန်လည် ပြောဆိုနေရသနည်း။ သောက်ကျိုးနည်း ဂိုဏ်းချုပ်ပင်ဖြစ်တော့သည်။

ရှစ်ကျန်းရွမ်က ပြုံးကာပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ဟွာတောင်တန်းမှာ မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းကို အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့တယ်လေ၊ ဒီတော့ ထပ်ပြီး ကျော်ကြားလာဦးမှာပဲ၊ အချိန်ရောက်လာရင် ပြိုင်စံရှားဂိုဏ်းက လက်ရွေးစင်ဂိုဏ်းရဲ့အဆင့်မှာ ပိုပြီးမြင့်တက်လာလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ်က ဂိုဏ်းကို သိုသိုသိပ်သိပ်နဲ့ ဖွံ့ဖြိုး တိုးတက် စေချင်တာလေ၊ ပြိုင်ပွဲတွေဆိုတာက ဒီလိုမျိုးပဲ ရှောင်လွှဲလို့မရတဲ့ အရာတွေ ဖြစ်နေတာကိုး”

“ဒီလိုမျိုး ဟန်လုပ်ပြီး လျှောက်ပြောတာမျိုး မလုပ်နဲ့၊ လက်ခံသူ သေသွားနိုင်တယ်” စနစ်သည် စိတ်ဓာတ်တကျ ဖြင့် ပြောလိုက်သည်။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းက အလုပ်တွေ များနေတယ်၊ ဒီတော့ အရင်ပြန်လိုက်ပါအုံးမယ်”

ရှစ်ကျန်းရွမ်ကို ကြည့်ရသည်မှာ အနည်းငယ်စိတ်ပျက်နေပုံပေါ်သည်။ သို့ပေမဲ့ သူမ တွင်လည်း လုပ်စရာ အများ အပြား ရှိသည်မို့ ပြုံးကာ ပြန်ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... အနာဂတ်မှာ တွေ့ကြတာပေါ့၊ နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်”

ထိုသို့ ကောင်းကင်မှ နတ်ဖက်သကဲ့သို့ လိုက်ဖက်လွန်းလှသော အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်တို့သည် သိုင်းကျင့်ကြံသူတို့၏ မျက်လုံးအောက်မှာပဲ တကွဲတပြားစီ လမ်းခွဲကာ ၎င်းတို့၏တပည့်များနှင့်အတူ ထွက်ခွာ သွားကြတော့သည်။

လမ်းတစ်လျှောက်မှာတော့ လီဖေးနှင့် တခြားသူများအားလုံးသည် နှလုံးသားထဲတွင် တီးတိုး ရေရွတ်နေကြ၏။ မြောင်ဟွာခန်းမသခင်သည် သူတို့၏ဂိုဏ်းချုပ်အား ချစ်ခင်နှစ်သက်သည်မှာ သိသာလွန်း လှသည်။ သို့ပေမဲ့ သူမသည် အဘယ်ကြောင့် ရှေ့သို့ဆက်၍ မတိုးရသနည်း။

.................

ရှစ်ကျန်းရွမ်ပြောခဲ့သလိုပင် ပြိုင်စံရှားဂိုဏ်းသည် နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့အား ဟွာတောင်တန်းပေါ်တွင် အနိုင်ယူတိုက်ခိုက်ပြီးသည့် နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ထိုသတင်းသည် ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။

“အိုး.... အရမ်းကို အားကောင်းလိုက်တာ”

“တိုက်ပွဲတွေအများကြီး တိုက်ခိုက်ပြီးတဲ့နောက်မှာ တပည့်တစ်ယောက်တစ်လေကမှ ဒဏ်ရာမရရှိခဲ့ဘူး”

“ဒါက ကြောက်ဖို့ကောင်းတယ်၊ အထူးသဖြင့် ဟိုအကြီးအကဲပေါ့၊ သူက မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းရဲ့ အကြီးအကဲ ခြောက်ယောက်တို့ကို စင်ပေါ်ခေါ်တင်ပြီးတော့ ဖောက်ခွဲပစ်လိုက်တယ်”

“ဖောက်ခွဲတယ် ဟုတ်လား၊ ဘာကိုဖောက်ခွဲတာလဲ”

“ဖင်ခေါင်းတွေကိုလေ”

......................

ပြိုင်စံရှားဂိုဏ်း၏ တပည့်နှင့် အကြီးအကဲများအားလုံးသည် မိစ္ဆာဂိုဏ်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ဆိုးယုတ်ပြီး ညစ်ညမ်းလှသည့် တိုက်ခိုက်နည်းများကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ကို သိရှိပြီးသည့်နောက်မှာ တော့ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းမှာ လမ်းမှန်ဂိုဏ်းလား၊ မိစ္ဆာဂိုဏ်းလားဆိုသည်ကိုပင် စတင်ကာ ဆွေးနွေးမိ နေကြ၏။

“သူတို့က လမ်းမှန်ဂိုဏ်းတွေလို့ ပြောရမယ်၊ ဒါပေမဲ့ မိစ္ဆာဂိုဏ်းတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာတော့ မိစ္ဆာဂိုဏ်းတွေ ထက်တောင် ပိုပြီးတော့ ကြမ်းတမ်းသေးတယ်၊သူတို့က ဒီတော့ မိစ္ဆာဂိုဏ်းလို့လဲ ပြောရမယ်”

“နဂါးကျားတိုက်ပွဲအတွင်းမှာ သူတို့က ပြိုင်ဘက်တွေကို ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အနိုင်ယူတိုက်ခိုက် နိုင်ခဲ့ကြတယ်လေ”

အဆုံးသတ်မှာတော့ အပူတပြင်းဆွေးနွေးမှုအောက်မှာတော့ ပြိုင်စံရှားဂိုဏ်းအနေနှင့် မိစ္ဆာဂိုဏ်းလား၊ လမ်းမှန် ဂိုဏ်းလား ဆိုသည်ကိုပင် အနှစ်မချုပ်နိုင်ခဲ့ကြတော့ချေ။

ဂိုဏ်းထဲတွင်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ တခြားသူများ၏ သုံးသပ်ချက်ကို ဂရုမစိုက်ဘဲ သူသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်”

“ဂိုဏ်းချုပ်”

လီချင်းယန်က ရောက်ရှိလာပြီး ပြောသည်။ “နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း က ဂိုဏ်းချုပ်တွေ ရောက်လာပါပြီ”

“သူတို့ကို မြန်မြန် အထဲကို ဖိတ်ခေါ်လိုက်” ကျွင်းချောင်ရှောင်းသည် အားတက်သရောဖြင့် ထိုဂိုဏ်းချုပ် နှစ်ယောက် အား အထဲသို့ ဖိတ်ခေါ်လိုက်၏။

ကိစ္စများရှင်းလင်းပြီးနောက် သူသည် လျှိုဝမ်ရှစ်အား အရသာရှိလှသော အစားအသောက်များနှင့် တည်ခင်းရန် မှာကြားလိုက်တော့သည်။

ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် မျက်နှာပေါ်တွင် ပြုံးလျက်ရှိနေသည် ဆိုသော်လည်း ၎င်းတို့၏နှလုံးသားထဲမှာတော့ သွေးစက်စက်ယိုလျက်ရှိသည်။ အရသာရှိလွန်းလှသော အစား အစာများကို စားနေရသည် ဆိုလျှင်တောင်မှ ၎င်းတို့၏ စိတ်ထဲတွင် ခံစားနေရသော နာကျည်းမှုများကတော့ ပျောက်ပျက်၍ မသွားခဲ့ချေ။

“ခင်ဗျားတို့နှစ်ယောက်”

ဝိုင်သုံးခွက်လောက် သောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ ခင်မင်ရင်းနှီးမှုအရဆိုရင် ဒီဝိုင်ခွက်ကို တူတူသောက်လိုက် ကြရအောင်”

...................

ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် ၎င်းတို့၏ ခွက်များကို မြှောက်လိုက်ကြ၏။ ၎င်းတို့သည် နှစ်နာရီ နီးပါးလောက် သောက်နေကြခြင်းဖြစ်သည်။ သို့ပေမဲ့ နှစ်ပေါင်းတစ်ရာလောက် ကြာရှည်နေသလို ခံစားနေရ၏။

စားပွဲပြီးသွားသည့်နောက်မှာတော့ အရက်မူးလျက်ရှိသော ကျွင်းချောင်ရှောင်းသည် ၎င်းတို့အား တောင်၏ ဂိတ်တံခါးဆီသို့ လိုက်ပါပို့ဆောင်လိုက်တော့သည်။ ပြီးနောက် နှစ်လိုဖွယ်ရာဖြင့် လက်ကိုဆွဲကိုင်ကာ ပြောလိုက် တော့သည်။ “အနာဂတ်မှာ ကျုပ်တို့ ခင်မင်ရင်းနှီးစွာနဲ့ တစ်ယောက်ဆီတစ်ယောက် လာလည်ကြရအောင်”

ဤအရာမှာ နောက်ထပ်သတိပေးခြင်းပင် ဖြစ်ပေလိမ့်မည်။ ကြည့်ရသည်မှာ ထပ်မံကာ အခွန်အခများပင် ပေးရမည့်ပုံရှိနေ၏။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်က ကျုပ် ကျွင်းချောင်ရှောင်းရဲ့ မိတ်ဆွေ သူငယ်ချင်းတွေပဲ၊ ဒီတော့ အနာဂတ်မှာ ခင်ဗျားတို့ကို ထိခိုက်မိအောင် လုပ်တဲ့လူတွေ အကုန်လုံးကို ကျုပ် ပြိုင်စံရှားဂိုဏ်းရဲ့ ရန်သူအဖြစ် သတ်မှတ်မယ်”

“........”

၎င်းတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ရှုံ့မဲ့လျက် ရှိကြ၏။ တဖက်လူသည် ၎င်းတို့အား ကာကွယ် စောင့်ရှောက်ခများပါ ထပ်မံတောင်းမည်ကို ရိပ်စားမိသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်မိနေကြသည်။

"ဂိုဏ်းချုပ်ကျွင်း.... နှုတ်ဆက်ပါတယ်"

"ခင်ဗျားတို့နှစ်ယောက်လည်း လုံလုံခြုံခြုံ ပြန်ကြပါ"

ထိုနှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ၎င်း၏ခန္ဓာကိုယ် ထဲတွင်ရှိနေသော အရက်ဓာတ်များကို ပြန်လည်ထုတ်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ တီးတိုး ရေရွတ်လိုက်၏။ "ငါ ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲ၊ သူတို့ နားလည်လောက်ပါတယ်"

စနစ်ကပြောလိုက်သည်။ "ဘာလို့ လက်ခံသူအနေနဲ့ ဒီမိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းကို ကာကွယ်စောင့်ရှောက်ခဆိုပြီး တောင်းမယ်လို့ တိုက်ရိုက် မပြောလိုက်ရတာလဲ"

ကျွင်းချောင်ရှောင်းက ခေါင်းကိုခါယမ်းလိုက်သည်။ "မဟုတ်သေးဘူး၊ လူဆိုတာ အထူအပါး နားလည်ရမယ်လေ၊ မဟုတ်ဘူးလား"

မိုးမခ တောင်ကြားထဲတွင် သူနှင့်စကားပြောဆိုခဲ့သည့် လူငယ်ကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ တစ်ဖက်လူများသည် အမှောင်ထဲမှာတင် အမြဲတမ်း ပုန်းအောင်းချင်စိတ်မရှိကြောင်း နားလည်မိ၏။ ထို့ကြောင့် အနာဂတ်တွင် ကြီးမားသည့် ကိစ္စရပ်များကို ပြုလုပ်ပေလိမ့်မည်။

သူသည် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းနှင့် အလွန်တရာ ကောင်းမွန်သည့် ဆက်ဆံရေးမျိုးကို တည်ဆောက်ထားနိုင်သည်ဆိုပါက အနာဂတ်တွင် ပူးပေါင်းနိုင်မည့် ဂိုဏ်းအရေအတွက် တိုးလာမည် ဖြစ်သည်။

"လက်ခံသူက သူတို့ကို ကာကွယ်စောင့်ရှောက်ခပေးဖို့ ခြိမ်းခြောက်ထားသေးတယ် မဟုတ်လား၊ ဘယ်လိုဖြစ်ပြီး သူငယ်ချင်းတွေ ဖြစ်လာမှာလဲ" စနစ်က ပြောလိုက်၏။

"မိတ်ဆွေရင်းချာဆိုတာ ပါးစပ်နဲ့ ပြောလို့မရဘူးလေ၊ လုပ်ရပ်နဲ့ ဆုံးဖြတ်ပေးတာ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သူတို့တွေ ငါ့ကို အသိအမှတ်ပြုဖို့နည်းလမ်းကို စဉ်းစားပြီးသားလေ"

......................

လဝက်ခန့် ကြာပြီးနောက် လက်ရွေးစင် ဂိုဏ်းစာရင်း၏ နောက်ဆုံးစာရင်းသည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းသည် ကိုးဆယ့်ရှစ် တည်နေရာမှသည် ကိုးဆယ်ဆီသို့ ရောက်ရှိသွားခဲ့၏။

ထိုသတင်းကို ကြားပြီး သည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။ "တတိယအဆင့် ဂိုဏ်းနှစ်ခုကို အနိုင်ယူတိုက်ခိုက်ခဲ့တာတောင်မှ ကိုးဆယ်ထိပဲ ရောက်သေးတာလား"

"ဒါကလည်း မဆိုးသေးပါဘူး"

လီလိုရှုက ပြောလိုက်၏။ "လက်ရှိအဆင့်သတ်မှတ်ချက်တွေကို လေ့လာကြည့်ရင် တချို့ဂိုဏ်းတွေဆို အရမ်းကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြတာတောင်မှ တစ်ဆင့်နှစ်ဆင့်လောက်ပဲ တက်လာကြတာ"

ဟုတ်ပေသည်။ ဤအရာမှာ မဆိုးလှချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ဤမျှလောက်နှင့် ကျေနပ်နိုင်သည့်သူ မဟုတ်ပေ။ သူ့အနေနှင့် ရှစ်ဆယ်အထိရောက်အောင် ပြုလုပ်ရပေလိမ့်မည်။ ထိုအရာသည် သူ၏ အထူးတာဝန်ပင် ဖြစ်တော့သည်။

"မဖြစ်သေးဘူး၊ မဖြစ်သေးဘူး"

သူ့အနေနှင့် ဆက်လက်၍ သေလမ်းရှာပြီး တခြားသောဂိုဏ်းများကို စိန်ခေါ်မှ ဖြစ်မည်။ ကျွင်းချောင်ရှောင်းသည် စိတ်ကိုတည်ငြိမ်အောင်ထားပြီး ပြောလိုက်တော့သည်။ "အခု မိစ္ဆာဂိုဏ်း နှစ်ဂိုဏ်းကို အနိုင်ယူတိုက်ခိုက်ခဲ့တယ်၊ အနာဂတ်မှာ ဒီထက်အားကောင်းလှတဲ့ ဒုတိယအဆင့်ဂိုဏ်းတွေကို ရှာပြီး တိုက်ခိုက်မယ်ဆိုရင် အဆင့်ပိုတက်နိုင်မယ်ထင်တယ်"

"ဂိုဏ်းချုပ်"

နင်တုရှင်းသည် လျှောက်ဝင်လာကာ ပြောလိုက်သည်။ "ဂိုဏ်းရဲ့တပည့်တွေ လူသစ်ခေါ်ဆောင်ရမယ့် နေ့ ရောက်ပြီ၊ တခြားမှာကြားချင်တာ ရှိသေးလား"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီတစ်ခါ လူသစ်ခေါ်ဆောင်မယ့်အချိန်မှာ နည်းနည်းပါးပါး ဖြေလျော့ ပေးလိုက်၊ တပည့်အရေအတွက်ကို သုံးသောင်းအထိ လိုချင်တယ်"

"နားလည်ပါပြီ"

နင်ညီအစ်ကိုအနေနှင့် ဂိုဏ်းချုပ်သည် တပည့်များ၏ အရည်အသွေးထက် အရေအတွက်ကို ပိုလိုချင်နေသည် ဖြစ်ကြောင်း နားလည်လိုက်မိကြ၏။

ထို့ကြောင့် စမ်းသပ်ခြင်းတွင် ခက်ခဲမှုများအားလုံးကို အနည်းငယ် ဖြေလျော့ပေးလိုက်၏။ ရလဒ်အရ တပည့်ငါးထောင်ကျော်တို့သည် စာမေးပွဲကို အောင်မြင်ခဲ့ကြပြီးနောက် ပြိုင်စံရှားဂိုဏ်းတပည့်များ ဖြစ်လာကြတော့သည်။

"ဒင်.... ဂိုဏ်းအဖွဲ့သား - ၃၀၂၉၁ / ၅၀၀၀၀"

"ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၇၅၁၀ / ၅၀၀၀၀"

"ဟောခန်းသခင်လီ"

သတိပေးသံကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မိုးဆွေဟောခန်းဆီသို့ ရောက်ရှိလာကာ အမိန့် ပေးလိုက်၏။ "ဂိုဏ်းအသိအမှတ်ပြုဗဟိုက စာရေးကျိုးကို သွားအသိပေးလိုက်၊ ဂိုဏ်းအသိအမှတ်ပြုဖို့ လာလုပ်ပေးပါအုံးလို့"

"ကောင်းပါပြီ"

မကြာခင်မှာပဲ ချင်းယန်မြို့ထဲတွင်ရှိသော ဂိုဏ်းအသိအမှတ်ပြုဗဟိုဆီမှ စာရေးကျိုးသည် သတင်းကို လက်ခံရရှိ လိုက်၏။ သူသည် လျင်လျင်မြန်မြန်ပဲ တော်ဝင်မြို့တွင်ရှိသော ဌာနချုပ်ဆီသို့ သတင်းပို့လိုက်၏။

"ဟောခန်းသခင်"

အကြီးအကဲကျိုးက ပြောလိုက်၏။ "ချင်းယန်မြို့က သတင်းပို့လိုက်တယ်၊ ပြိုင်စံရှားဂိုဏ်းက ဂိုဏ်းအဆင့်ကို အတည်လာပြုပေးဖို့ စေခိုင်းလိုက်တယ်တဲ့"

"ဂိုဏ်းအသိအမှတ်ပြု ထပ်ပြုအုံးမှာလား"

ရီထျန်းချန်သည်လည်းကြောင်သွား၏။ ပြီးနောက် အလျင်အမြန်ပဲ အမိန့်ပေးလိုက်၏။ "ခင်ဗျားနဲ့ အကြီးအကဲကျန်းတို့ မြန်မြန်သွားလိုက်"

"ကောင်းပါပြီ"

အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်း တို့သည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားကြ၏။ အထူးသဖြင့် ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းတွင် စားခဲ့ရသော အရသာရှိလှသည့် အစားအစာများကို ထပ်မံစားသုံးရမည်ကို စဉ်းစားကြည့်မိ ပြီးသည့်နောက်မှာတော့ သွားရည်များပင် ယိုလျက်ရှိနေတော့သည်။

All Chapters