မသေချင်ရင် မသေဘူး
Vol. 008 Ch. 739
ရှီချန်း ပြောလာသဖြင့် သူတို့ဘာမှမပြောပဲ သဘောတူလိုက်ကြသည်။ သူတို့သည် သူ့ကိုအိမ်သို့ပြန်ပို့ပြီး ရှီမာယူယူကိုရှာရန် ၂ရက်စောင့်ကြလေသည်။
သို့သော် သူတို့ သူမကိုသွားမရှာခင်တွင် သူမရောက်လာသည်။
ရှီမာယူယူသည် လွန်ခဲ့သည့်၂ရက်အတွင်းတွင် ဒဏ်ရာများပိုသက်သာလာခဲ့သည်။ ရှုဂျင်းသည် သူမကို ဂိုဏ်းသို့ပြန်ရန် ပြောလသည်။ ပြီးခဲ့သည့်အဖြစ်အပျက်သည် တိုင်းပြည်အတွင်းတွင် မုန်တိုင်းထန်သွားခဲ့သည်။ ဂိုဏ်းသည် မခံနိုင်တော့ပေ။ သူတို့သည် ပြန်ရန်လိုပြီး ထိုအင်အားကြီးများကို တိုက်ခိုက်ရဦးမည်။
“ဟင်း အဆိုးဆုံးက ငါတို့က ခရမ်းရောင်တိမ်တိုက်အမိန့်ကို ဖြေရှင်းပြီး ဂိုဏ်းက သူတို့လွယ်လွယ်နဲ့ ပြစ်မှားလို့မရဘူးဆိုတာ သိအောင်လုပ်ရမယ်” ရှုဂျင်းသည် သက်ပြင်းချပြီးထွက်သွားလေသည်။
သူသည် သူမကို သူတို့နှင့်အတူပြန်လိုက်ရန် ပြောခဲ့သည်။ ထို့အပြင် သူမသည် တိုင်းပြည်အတွင်းတွင် နေရန် မလုံခြုံပေ။ သူမသည် လူအများကိုထိခိုက်အောင်လုပ်ခဲ့သည်။
သူမ ခေါင်းရမ်းကာ ငြင်းဆန်ခဲ့သည်။
“အဲတုန်းက ကျွန်တော်တို့အားလုံး မျက်နှာဖုံးတပ်ထားကြတာ၊ အသက်ရှင်တဲ့လူလည်းမများဘူး၊ ကျွန်တော့်ရုပ်ကိုသိတဲ့လူ နည်းပါတယ်၊ ကျွန်တော်တို့ မစ်ရှင်လည်းမပြီးသေးဘူး ဆရာတို့နဲ့ပြန်လိုက်လို့မရဘူး”
“မင်းတို့က အကြောက်အလန့်မရှိတဲ့အုပ်စုပဲ၊ ဒါပေမဲ့ ဖန်နဲ့ဆိုရင်တော့ သာမန်လူကမင်းကိုထိခိုက် အောင် လုပ်လို့မရပါဘူး၊ ဟုတ်ပြီ မင်းကိုယ့်ဘာသာ စီစဉ်ပေါ့” ရှုဂျင်းသည် စိတ်ပြေသွားလေသည် “ဒါနဲ့ ရှောင်ချီ့ အခြေအနေတည်ငြိမ်ရင် အဘိုးကြီးယွမ်ကို သူမအဆင်ပြေတဲ့အကြောင်း သတင်းပို့လိုက်ဦး၊ ပြီးတော့ ပွဲမတိုင်ခင် အပြင်မှာနေဖို့ ၃လပဲအချိန်ရတယ်၊ မင်းနဲ့ မင်းသူငယ်ချင်းတွေ ဝင်ပါကြမယ်မလား၊ အချိန်မလွတ်စေနဲ့”
“သိပါပြီ” ရှီမာယူယူ ပြန်ဖြေလေသည်။
ရှုဂျင်းသည် စကားကြောရှည်သည်ဟု ရှီမာယူယူခံစားရသည်။
ရှုဂျင်းသည် ထပ်ပြောချင်နေသေးသည်။ သူသည် ပါးစပ်ဟပြီးနောက် ပြန်မျိုချကာ နောက်ဆုံးပြော လိုက်သည် “မင်းစီနီယာအစ်ကိုတွေ အစ်မတွေ မင်းကိုလွမ်းနေကြပြီ မြန်မြန်ပြန်လာခဲ့တော့”
ရှီမာယူယူ ခေါင်းညိမ့်ပြီး သူထွက်သွားသည်ကို ကြည့်နေခဲ့သည်။ သူ၏ နောက်ဆုံးအမူအရာပြောင်းသွား သည်ကို သိလိုက်သည်။ သို့သော် သူဘာမှမပြောသဖြင့် သူမ ဘာမှမမေးလိုက်ပေ။
ဂိုဏ်းမှလူများပြန်သွားသည်နှင့် ဖက်တီးကျူနှင့် တခြားသူများသည် စိတ်ပေါ့သွားကြသည်။ သူတို့ မြူးနေကြသည်။
ထိုအဘိုးကြီးများသည် ရှီမာယူယူကို ရှာမတွေ့လျှင် သူတို့ဆီလာကြသည်။ တချို့အကြောင်းအရာများ မှာ သူတို့အတွက် အကြောင်းပြရန်ခက်ခဲသဖြင့် သူတို့နှင့် ထိုက်ချိသာ ကစားခဲ့ရသည်။ သို့သော် အလွန်ပင်ပန်း သည်။
အခု သူတို့သွားကြပြီ… အချုပ်အနှောင်လွတ်သွားပြန်ပြီ။
လုဆယ်မြို့သည် လက်ရှိတွင် မငြိမ်မသက်ဖြစ်နေသောကြောင့် ရှီမာယူယူသည် သူတို့ကိုတစ်ယောက် တည်းအပြင်မသွားရန်မှာထားသည်။ ပြီးခဲ့သည့်အဖြစ်အပျက်အတွက် လူအများ ရလဒ်ကိုလာစုံစမ်းကြသည်။
ထိုနေ့ကအဖြစ်အပျက်သည် အတွင်းနှင့်အပြင်ဒေသများတွင် ပျံ့နှံ့သွားခဲ့သည်။ အတွင်းပိုင်းဒေသမှ လူ များပင် သတင်းများကြားခဲ့သည်။ သူမအကြောင်းကို သိချင်သူများလည်းရှိကာ တချို့မှာ သူမကိုမုန်းတီးကြ သည်။
အင်အားကြီးများသည် အားထားရသူများကို ဆုံးရှုံးခဲ့ရသည်။ ထိုကိစ္စကိုမကျေနပ်သူများသည် ရှီမာယူယူနှင့်အဖွဲ့ကို လိုက်နိုင်သူများကို သတ်နိုင်သည့်အတွက် ဆုကြီးပေးမည်ဟုပင် ကြေညာခဲ့သည်။
ရှီမာယူယူသည် သတင်းများကြားသောအခါ မအံ့သြတော့ပေ။ ထိုအင်အားကြီးများလုပ်မည့်အကွက်ကို သူမ သိနေပြီးသားပင်။ သူတို့သည် သူတို့အမှားဟု မခံစားရပဲ တခြားသူအများဟု မြင်ခဲ့ကြသည်။ သူမသည် သူတို့၏ ကျွမ်းကျင်သူများကို သတ်လိုက်သည်ဟု သိလိုက်ချိန်တွင် သူတို့သာ တုလေးကိုဖမ်းပြီး သူမကိုသတ် သည့်လူများဟု မတွေးမိကြတော့ပေ။
အခုခေတ်လူများတွေးသလိုဆိုလျှင် ပစ္စည်းကောင်းများသည် ဈေးကောင်းရကြသည်။
သူမသည် ဖက်တီးကျူတို့ကို ထပ်ခါထပ်ခါ သတိပေးခဲ့သည်။ ထို့နောက်တွင် သူမသည် ရှီမန်ဖန်၊ ဖန်၁ နှင့် ၂ကိုခေါ်ပြီးထွက်ခဲ့သည်။
ယူရှီနှင့်အဖွဲ့သည် အခန်းထဲတွင် ဆွေးနွေးနေစဉ်တွင် တံခါးခေါက်သံကြားလိုက်သည်။ နီအန်းယီ ပြော လိုက်သည် “ရှီမာယူယူများဖြစ်မလား”
“တကယ်လား သူမ မိုးကြိုးအပစ်ခံရတာ၂ရက်ပဲရှိသေးတာမလား” ဒိုင်ယိသည် မသေချာပေ။
“ငါတို့နောက်ကိုလိုက်တဲ့လူတွေများလား” ကုန်ရန် ပြောလိုက်သည်။
“လိုက်တဲ့လူတွေက အဲလောက်ယဉ်ကျေးမလား” ဖန်ခိုင် ပြောလိုက်သည် “ညီ၆ တံခါးဖွင့်လိုက်”
“ဟုတ်” နီအန်းယီထပြီး ထွက်သွားလေသည်။ သူတံခါးဖွင့်လိုက်ချိန်တွင် ရှီမာယူယူအပြင်မှာရပ်နေ သည်ကို တွေ့လိုက်ရသည်။ သူ ပျော်ရွှင်သွားကာ “တကယ်ပဲမင်းပဲ”
“ဘာလဲ ကျွန်တော်တို့ကိုစောင့်နေတာလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် လာပါ၊ အားလုံးအခန်းထဲမှာရှိတယ်” နီအန်းယိသည် တံခါးကိုဖွင့်ပြီး ဝင်ခိုင်းလိုက်သည်။
ရှီမာယူယူသည် ခန်းမရှိရာသို့သွားလိုက်သည်။ ဖန်ဇီနှင့် တခြားသူများသည် ခြံဝန်းအထိထွက်လာကာ အရိုအသေပေးလေသည် “လာပါ”
ရှီမာယူယူသည် ရှီမန်ဖန်နှင့်အတူဝင်ပြီး ပင်မနေရာတွင်ထိုင်လိုက်သည်။ ဖန်ဇီတို့သည် ဖန်၁နှင့် ၂ကို သတိထားမိသောအခါ သူမသည် ပြုံးပြီးရှင်းပြလေသည် “သူတို့က ဆရာဖန်က ကျွန်တော့်ကိုစောင့်ရှောက်ဖို့ ပေး ထားတာပါ ကျွန်တော့်လူတွေပါ”
“တကယ်ပဲ မင်းဘေးမှာ ကျွမ်းကျင်သူတွေရှိကြတာပဲ” ရှီချန်း ပြောလိုက်သည်။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “၃လပြည့်ဖို့လိုပါသေးတယ် ဘာလို့ ပြန် ဆုတ်ယုတ်သွားတာလဲ”
“အစ်ကို၃က အမှောင်တောမှာတုန်းက ဝိဉာဉ်စွမ်းအင်သုံးလိုက်ရတယ်၊ ပြီးတော့ သူ့အခြေအနေက ပို ဆိုးသွားတာပဲ” နီအန်းယိ ရှင်းပြလေသည်။
“ကျွန်တော်ပေးလိုက်တဲ့ဆေးက ခင်ဗျားဝိဉာဉ်စွမ်းအင်သုံးတဲ့နေရာမှာ ပြဿနာမဖြစ်စေနိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်စမ်းကြည့်မယ်”
နီအန်းယီ အော်လေသည် “အစ်ကို၃ကို ဘယ်လိုကုလို့ရမလဲ”
ရှီမာယူယူလျှောက်သွားရာ ယူရှီသည် သူမအား ထိုင်စရာပေးလေသည်။ သူမ ထိုင်ပြီးနောက်တွင် သူ့ သွေးကြောကိုစမ်းလိုက်သည်။
“အစ်ကို၃ ဘယ်လိုနေလဲ” ယူရှီ မေးလိုက်သည်။
ရှီမာယူယူသည် ပိုပိုရှုပ်တွေးလာသည်။ သူမသည် ယူရှီအားမဖြေပြဲ ရှီချန်းအား စိုက်ကြည့်လေသည်။
“အဟွတ် အဟွတ်” တည်ငြိမ်ပြီး ဉာဏ်ကျယ်သော ရှီချန်းသည် သူမအကြည့်အတွက် အပြစ်ရှိသလို ခံစားရလေသည်။
“ယူယူ တစ်ခုခုပြောပါဦး အစ်ကို၃ ဘယ်လိုနေလဲ” ဒိုင်ယိသည် ပိုစိုးရိမ်လာသည်။ သူမ စကားမပြော သည်ကို ကြည့်ပြီး ဒေါသထွက်လာသည်။
“သူ့အခြေအနေက ဘာဖြစ်ရမှာလဲ” ရှီမာယူယူသည် လက်ပြန်ရုတ်ကာ ပြောလေသည် “သူ အသက် မရှင်ချင်ဘူးဆိုရင် ကျွန်တော်သူ့ကိုမကယ်နိုင်ဘူး”
“အသက်မရှင်ချင်ဘူးဟုတ်လား” နီအန်းယီ အော်လေသည် “အစ်ကို၃က ဘယ်လိုဖြစ်လို့ အသက်မရှင် ချင်ရတာလဲ”
“မင်းမကုနိုင်ဘူးလား” ကုန်ရန်သည် စိုးရိမ်စွာမေးလေသည်။
ရှီမာယူယူသည် သွေးရူးသွေးတန်းဖြစ်နေသာ လူများကိုကြည့်လိုက်သည်။ သူမ သက်ပြင်းချလိုက် သည် “သူသေတော့မယ်လို့ပြောတာမှမဟုတ်တာ ဘာတွေစိတ်လှုပ်ရှားနေကြတာလဲ”
“အစ်ကို၃ သေချင်ရင် မကုပေးနိုင်ဘူးလို့ပြောလိုက်တာလေ” နီအန်းယိ အတည်ပြုလေသည်။
“သူက သေဖို့လုပ်နေတာကိုး” ရှီမာယူယူ ပြောလိုက်သည် “သူ ဆေးသောက်ပြီးတော့ ဝိဉာဉ်စွမ်းအင် သုံးတာက ပြဿနာမဟုတ်ဘူး၊ ဒါပေမဲ့ သူကလုံးဝကောင်းသေးတာမဟုတ်ဘူး ဝိဉာဉ်စွမ်းအင်ကို အလွန်အကျွံ သုံးလိုက်တယ်လေ၊ အဲဒါ သေဖို့လုပ်တာမဟုတ်ရင် ဘာလဲ”
“အလွန်အကျွံလုပ်တယ်ဟုတ်လား အစ်ကို ၃ ဘယ်လိုလုပ်…”
“မင်းနဲ့ ညီ၁၀တို့ အန္တရာယ်တွေ့နေတာကို ငါမကြည့်နိုင်ဘူး၊ အမှန်ဆိုရင်.. ငါ့ကံပါပဲ”
နီအန်းယီနှင့် ကုန်ရန်တို့ မျက်လုံးများနီလာကြသည်။
ဖြစ်ပျက်ခဲ့သည်များကို ရှီမာယူယူမေးရန်မလိုတော့ပေ။ ဒီလူသည် စိတ်ခံစားချက်များလွန်းသည်။
“ဘာကံလဲ ကျွန်တော်နဲ့ဆိုရင် ခင်ဗျားကံကောင်ပြောင်းနိုင်တယ်” ရှီမာယူယူ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
အားလုံးသည် သူမစကားကြောင့် အံ့သြသွားကြလေသည်။ သူမသည် မိုးကြိုးဘေးသင့်မှုကြုံစဉ်က ရက်စက်သောစကားများပြောခဲ့ခြင်းကြောင့် ဒီလိုစကားများပြောတတ်မည်ဟု မထင်ထားကြပေ။
“အဲတော့ အစ်ကို၃ကိုကယ်နိုင်ပါ့မလား” နီအန်းယီ ပျော်ရွှင်စွာမေးလေသည်။
“ယုတ္တိမရှိတာ” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ သူမ၏ ဆေးပညာနှင့်ဆိုလျှင် ရှေ့ဆက်၍ဖြစ် နိုင်သည်။
သူမသည် ဟိန်းသံလေးကိုဆင့်ခေါ်လိုက်သည်။ ဟိန်းသံလေးထွက်လာသည်နှင့် သူသည် လူတစ်ယောက်ကဲ့သို့ ခေါင်းရမ်းလေသည်။ “ယူယူ ငါ့ကိုလွမ်းလို့ခေါ်လိုက်တာလား”
ရှီမာယူယူသည် အကြံအစည်အပြည့်ဖြင့် ပြုံးလိုက်သည် “ဟုတ်တယ် မင်းကိုလွမ်းလို့ မင်းကူညီပေးရမှာ ရှိတယ်”
ဟိန်းသံလေးသည် သူမအပြုံးကိုမြင်လိုက်သည်နှင့် ခံစားချက်များမကောင်းတော့ပေ။
***