ဟိန်းသံလေးအဆာအငတ်ခံခြင်း
Vol. 008 Ch. 740
“မလုပ်နဲ့ မလုပ်နဲ့” ဟိန်းသံလေးသည် ရှီမာယူယူ စကားဆုံးအောင်ပင်နားမထောင်ပေ။ သူသည် အမြန် ပြေးတော့သည်။ သို့သော် သူ ၂မီတာပင်မပြေးရသေးခင်မှာပင် ရှီမာယူူယူ မိသွားလေသည်။
“မလုပ်ပါနဲ့ မလုပ်နဲ့ ယူယူ လူဆိုးကြီး” ဟိန်းသံလေးသည် ရှီမာယူယူ၏ လက်ထဲတွင် ရုန်းလေသည်။ သူ၏ တိုနေသောခြေထောက်များသည် လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသည်မှာ ရယ်စရာကောင်းလှ သည် “ဖန်လေး ကူညီပါဦး ယူယူ ငါ့ကိုမကောင်းကြံတော့မယ်”
ရှီမာယူယူသည် သူ့ခေါင်းလေးကို နောက်လက်တစ်ဖက်ဖြင့် ရိုက်ကာ “ငါမင်းကို မကောင်းကြံတော့မယ် မင်းဘာတတ်နိုင်လဲ”
“မင်း မင်း ငါ့ကိုမကောင်းကြံရင် ငါအဆာအငတ်ခံလိုက်မှာ” ဟိန်းသံလေးသည် ထိုခြိမ်းခြောက်မှုကို စဉ်းစားထားသည်မှာ ကြာပြီဖြစ်သည်။
ရှီမာယူယူသည် ပိုပြုံးသွားကာ “ကောင်းပြီ မင်းက အဆာအငတ်ခံမယ်ဆိုတော့ ငါက အပြည့်အဝ ထောက်ခံရမှာပေါ့။ မဟုတ်လည်း မင်းဝနေတာ”
ရှီမန်ဖန်သည် ဘေးမှ ကျယ်လောင်စွာရယ်မိသည်။ သူ ဘယ်လိုလုပ် သူ့အစ်မကိုများ အဆာအငတ်ခံ မယ်ဆိုပြီး ခြိမ်းခြောက်ဖို့ စဉ်းစားလိုက်တာလဲ။
ဟိန်းသံလေးသည် သူမအား မျက်ရည်များပြည့်နေသော မျက်လုံးများဖြင့် စောဒကတက်လေသည် “ယူယူ အနိုင်ကျင့်တယ်”
“မင်းကိုယ်တိုင်ပြောတာလေ ငါမင်းကို ဖိအားပေးတာမဟုတ်ဘူး” ရှီမာယူယူသည် အပြစ်ကင်းသလိုပြန် ပြောလေသည်။
“ဂရုမစိုက်ဘူး ဂရုမစိုက်ဘူး ယူယူ ငါ့ကိုအနိုင်ကျင့်တယ်” ဟိန်းသံလေးသည် အော်လေသည်။
“တော်ပြီ ငါဘာမှတောင်မပြောရသေးဘူး မင်းက အပိုတွေလုပ်နေပြီ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းအဲလိုပုံလုပ်ရင် ဘာမှကောင်းတာမရှိဘူး” ဟိန်းသံလေး ပြောလိုက်သည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီကောင်က ဘယ်လိုလုပ် သူမကို ဒီလောက်နားလည်ရတာ လဲ။
“အမှန်တော့ ကြီးကြီးမားမားမဟုတ်ပါဘူး၊ မင်း သွေးတစ်ပန်းကန်လောက်ထုတ်ပေးရုံပဲ” သူမ သွားဖြဲပြ လိုက်သည်။
ဟိန်းသံလေးသည် သူ၏ ခြေထောက်များကို အလုံးလေးဖြစ်အောင် ကုပ်လိုက်လေသည်။ သူသည် အမှားမရှိသည့်ပုံဖြင့် အော်လေသည် “ကြည့် ကြည့်ပါလား၊ ဟိန်းသံလေးပြောသလိုပဲ ယူယူက ဟိန်းသံလေးကို ခေါ်တာ ကောင်းတဲ့အကြောင်းနဲ့မဟုတ်ဘူး၊ တကယ်ပဲ ဟိန်းသံလေးသွေးကိုယူချင်နေတာပဲ ယူယူအရမ်းဆိုး တယ်”
ရှီမာယူယူသည် သူအော်လိုက်သောအသံကြောင့် ခေါင်းကိုက်လာပြီး အော်လေသည် “မင်း ဆက်ပြီး ညည်းတွားနေမယ်ဆိုရင် တစ်လလုံးအစာမကျွေးတော့ဘူး”
ဟိန်းသံလေးသည် သွေးပေးရမည့်အပြင် အငေါက်ခံရလိုက်သောအခါ မတရားမှုခံလိုက်ရသကဲ့သို့ နာကျင်စွာ အော်ငိုလေသည်။
“မင်းလိမ္မာမယ်ဆိုရင်တော့ ငါချက်ပြုတ်ကျွေးမယ်” ရှီမာယူယူ ထပ်ပြောလိုက်သည်။
ဟိန်းသံလေး၏ အော်သံသည် ရုတ်တရက် လည်ချောင်းတွင်တစ်သွားလေသည်။ ထို့နောက်တွင် သူ သည် အလွန်ထိခိုက်သွားသောအသံဖြင့် ပြောလေသည် “ဟိန်းသံလေးတစ်ယောက်တည်းအတွက်ပဲ ချက်ပေး ရမှာ တစ်လလုံးနော်”
“လတစ်ဝက်” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်ရင် တစ်ရက်တောင်မရတော့ဘူးနော်”
ဟိန်းသံလေးသည် ကြည့်ပြီးရင်းကြည့်သော်လည်း သူ၏ ချစ်စရာကောင်းသော အကြည့်များမှာ ရှီမာယူယူအပေါ်တွင် အလုပ်မဖြစ်သည်ကို တွေ့ပြီးနောက် သဘောတူလိုက်ရသည် “ကောင်းပြီ လတစ်ဝက်ဆို လည်း လတစ်ဝက်ပေါ့ နောင်တမရနဲ့နော်”
“ငါ ဘယ်တုန်းက နောင်တရဖူးလို့လဲ၊ လတစ်ဝက်က ဆက်တိုက်တော့မဟုတ်ဘူး ရက်ခြားမှာ” ရှီမာယူယူသည် မရှက်မရှိစွာပြောလေသည်။
“ယူယူ ကတိမတည်ဘူး” ဟိန်းသံလေးသည် ငြင်းဆိုလေသည်။
“မဟုတ်ရင် တစ်ရက်တောင် မစားချင်ဘူးလား”
ရှီမာယူယူ ထိုအတိုင်းပြောလိုက်သဖြင့် ဟိန်းသံလေးသည် သဘောတူလိုက်ရပြန်သည်။ သို့သော် သူ၏ မျက်လုံးလေးများသည် သနားစဖွယ်ဖြစ်တုန်းပင်။
“အဟွတ် အဟွတ်” ဖန်ခိုင်သည် ခြိမ်းခြောက်နေသော လူတစ်ယောက်နှင့် ချစ်စရာကောင်းအောင် လုပ်နေသော မိစ္ဆာလေးတစ်ကောင်ကြား ချောင်းဟန့်ကာ နှောင့်ယှက်လိုက်သည် “သခင်လေးရှီမာ အဆင်ပြေ လား”
“ယူယူလို့ပဲခေါ်ပါ” ရှီမာယူယူသည် သခင်လေးဟုခေါ်သည်နှင့် အသားမကျနိုင်ပေ။ သူမ ရှင်းပြလေ သည် “ရှီချန်းရဲ့အခြေအနေက ထင်ထားတာထက် ပိုဆိုးနေတယ်၊ သာမန်ဆေးတွေက သူ့ကိုမတိုးနိုင်ဘူး၊ ကျွန်တော်တို့ထပ်မကုရသေးခင်မှာကို သူ့ခန္ဓာကိုယ်ထဲက အအေးဓာတ်က ပိုတိုးလာတယ်၊ အခု မင်္ဂလာသားရဲ ရဲ့ သွေးကပဲ သူ့ခန္ဓာကိုယ်ကိုနွေးအောင်လုပ်လို့ရတော့မှာ၊ အဲတော့ သွေးယူရမယ်လေ”
“သူက မင်္ဂလာသားရဲလား” နီအန်းယီနှင့် တခြားသူများသည် အံ့သြသဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ ဟိန်းသံလေးအား သံသယအကြည့်ဖြင့်ကြည့်ကြလေသည်။
ဒီလိုမင်္ဂလာသားရဲက ရှိသေးတာလား…
“ဘာဖြစ်တာလဲ ဘာဖြစ်ကြတာလဲ ဟိန်းသံလေးက မင်္ဂလာသားရဲဖြစ်လို့မရဘူးလား” ဟိန်းသံလေး သည် သူတို့အားမကျေမနပ်ဖြင့် အော်လေသည် “ဟိန်းသံလေးကို မင်္ဂလာသားရဲလို့မတွေးရင် သွေးမပေးနိုင်ဘူး”
“မဟုတ်ဘူး မဟုတ်ဘူး မင်းကမင်္ဂလာသားရဲပါ” နီအန်းယီသည် အလျင်အမြန်ပြုံးပြရလေသည်။
ဒီကောင်လေး ဒေါသထွက်လို့ သူတို့ကိုသွေးမပေးရင် သူတို့သေချင်သွားမည်။
ရှီမာယူယူသည် ပန်းကြီးတစ်လုံးထုတ်လိုက်သည် “ကောင်းပြီ သွေးပေး”
ဟိန်းသံလေးသည် ရှီမာယူယူ ပန်းကန်ကြီးတစ်လုံးထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်ကို မြင်သောအခါ သူ့မျက်လုံးများ မရွေ့နိုင်တော့ပေ။
“ယူယူ ပန်းကန်အကြီးအကြီးထုတ်လိုက်တာလား၊ ဒါက သွေးထည့်ဖို့လား ဟိန်းသံလေးကိုထည့်ဖို့လား” သူ ပြောဆိုလေသည်။
“မဟုတ်တာမပြောနဲ့” ရှီမာယူယူသည် သူ့ကိုဖမ်းပြီး ပန်းကန်လုံးအပေါ်တွင် တွဲလောင်းချလိုက်သည်။
“ယူယူ ဒါကသွေးထည့်ဖို့လား မမှားပါဘူးနော်” ဟိန်းသံလေးသည် မယုံနိုင်သေးပေ။
သူမသည် ပြီးခဲ့သည့်တစ်ခေါက် ဟော့ဘာဟန်ကိုကုသစဉ်က သွေးယူရန် ပန်းကန်မှားထုတ်ဖူးသည်။ ဒီတစ်ခေါက်လည်း မှားနေတာမဟုတ်ဘူးလား။
“ဒါအမှန်ပဲ မြန်မြန်ထုတ်လိုက်၊ မင်းဆက်လှုပ်နေရင် ငါမင်းကို အမိန့်နဲ့လုပ်ရလိမ့်မယ်” ရှီမာယူယူ ခြိမ်းခြောက်လေသည်။
“ယူယူက ဟိန်းသံလေးကိုခြိမ်းခြောက်ဖို့ပဲသိတယ်” ဟိန်းသံလေးသည် သူမအား နာကျင်စွာကြည့်လေ သည်။ သူသည် သူမစကားနားထောင်ကာ လက်သည်းများဖြင့်ကုပ်လိုက်ရာ သွေးများသည် ပန်းကန်လုံးထဲသို့ ကျဆင်းသွားလေသည်။
နီအန်းယီနှင့် တခြားသူများသည် သွေးများအဆက်မပြတ်စီးကျနေသည်ကို ကြည့်နေကြသည်။ သူ့ အရွယ်အစားနှင့်ဆိုလျှင် စွမ်းရည်မှာသာလွန်သည်။ သူ သွေးစီးနေသည်လား လောင်းချနေသည်လားကို မသေချာတော့ပေ။
“မလောက်သေးဘူးလား ဆက်ထုတ်နေရင် ငါသွေးကုန်တော့မယ်” ပန်းကန်လုံးတစ်ဝက်ရောက် သောအခါ ဟိန်းသံလေးသည် ရှီမာယူယူအား အသနားခံစွာကြည့်လေသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ ရှီချန်းနှင့် တခြားသူများ မနေနိုင်တော့ပေ။
“မလောက်သေးဘူး ဆက်ထုတ် အပြည့်” ရှီမာယူယူသည် မလှုပ်မယှက်…
တခြားသူများမသိသော်လည်း ဟိန်းသံလေးအတွက် ဒီသွေးပမာဏလောက်မှာ ဘာမှမဟုတ်သည်ကို သူမ သိသည်။ သူ့မျက်လုံးများသည် သူမကို လိမ်လို့မရပေ။
ဟိန်းသံလေး သက်ပြင်းချကာ သွေးဆက်ထုတ်လေသည်။
ပန်းကန်လုံးပြည့်သွားသောအခါ ရှီမာယူယူရပ်ခိုင်းကာ ဟိန်းသံလေးကို ရှီမန်ဖန်၏ ရင်ခွင်ထဲသို့ ပစ် လိုက်သည်။
“အကျင့်မကောင်းတဲ့ယူယူ သွေးလည်းထုတ်ပြီးရော ဟိန်းသံလေးကိုမလိုချင်တော့ဘူး” ဟိန်းသံလေး သည် ရှီမန်ဖန်၏ ရင်ခွင်ထဲမှ နာကျင်စွာအော်လေသည်။
“ငါ မင်းကိုနောက်မှ ပြန်ဆပ်မယ်” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက် သူမသည် တိုင်းတာခွက်ကို ထုတ်ပြီး ရှီချန်းအားခွက်ပေးကာ ပြောလိုက်သည် “သောက်လိုက်”
ရှီချန်းသည် ခါက်ယူပြီးနောက် သွေးများကို ပါးစပ်အပြည့်သောက်လိုက်သည်။ သွေးများ ဗိုက်ထဲရောက် သွားသည်နှင့် အနွေးဓာတ်သည် ဗိုက်မှတစ်ဆင့် တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။ သူ၏ အေးစက်နေသော ခန္ဓာ ကိုယ်သည် ပိုသက်တောင့်သက်သာဖြစ်လာကာ တည်ငြိမ်လာသည်။
“ထပ်သောက်ဦး” ရှီမာယူယူသည် ခွက်ယူကာ တိုင်းတာပြီးဆက်တိုက်သည်။
ရှီချန်းထပ်သောက်ရာ သူ့ခန္ဓာကိုယ်သည် အတော်သက်သာလာသည်ဟု ခံစားရသည်။ ထပ်သောက် လေ သက်တောင့်သက်သာပိုဖြစ်ကာ ခန္ဓာကိုယ်ထဲမှ အအေးရောင်ဝါသည် ပျောက်ကွယ်သွားလေသည်။
“အများကြီးသောက်မိနေပြီ” ရှီမာယူယူသည် သူ့အတွေးကိုသိနေသည့်ပုံပင်… ခွက်ကိုချလေသည်။ “ခင်ဗျားရောဂါက မင်္ဂလာသားရဲရဲက သွေးကိုသောက်တာနဲ့ ဖြေရှင်းပြီးတာမဟုတ်ဘူး၊ ဟိန်းသံလေး သေ လောက်အောင်ထိ သောက်လည်း ဒီလိုပဲဖြစ်နေမှာပဲ”
သူမသည် မျိုးစုံသော ကျောက်စိမ်းပုလင်းများထုတ်ကာ တိုင်းတာခွက်များနှင့် တိုင်းတာပြီး လောင်းထည့်လေသည်။
“တစ်နေ့ကို တစ်ပုလင်းသောက်ရမယ်၊ အများကြီးသောက်လည်း အလကားပဲ” သူမသည် ကျောက်စိမ်း ပုလင်းများကိုယူပြီး ပန်းကန်လုံးထဲမှ လက်ကျန်သွေးများကို စုလေသည်။
ဟိန်းသံလေး သူမကိုကြည့်လိုက်သည်။ သူမသည် ပန်းလုံးတစ်ဝက်သာလိုသည်ဟု ပြောပြီး တစ် ပန်းကန်လုံးပြည့်အောင် လုပ်ခိုင်းတယ်။ အရမ်းဝမ်းနည်းတာပဲ…
ရှီမာယူယူ ပြန်ကြည့်သည်။ နောက်ကျရင် သုံးလို့ရနေတာပဲ။ မင်းထပ်မလုပ်ချင်ဘူးမလား။
အဲတော့ အလကားမှမဖြစ်တာ…. ဟိန်းသံလေးတွန့်ဆုတ်သွားသည်။ ကောင်းပြီ အလဟသဖြစ်သွား တယ်ဆိုရင်တောင် သူဂရုမစိုက်တော့ဘူး။
ရှီမာယူယူ ဖန်ဇီဘက်သို့ လှည့်ကာ “ကျွန်တော် ပြီးခဲ့တဲ့တစ်ခါ ကမ်းလှမ်းတာကို ဘယ်လိုထင်လဲ”
***