← Chapters

ရှောင်ချီ၏ သရုပ်မှန်အား တွေ့ရှိခြင်း

Vol. 008 Ch. 741

ရှောင်ချီ၏ သရုပ်မှန်အား တွေ့ရှိခြင်း

Vol. 008 Ch. 741

“မင်း ညီ၃ကို ကုပေးမယ်ဆိုရင် ငါတို့မင်းနောက်လိုက်ကြမယ်” ဖန်ဇီ ပြန်ဖြေလေသည်။

သူမသည် အစကတည်းကပင် ရှီချန်း၏အခြေအနေနှင့် သူတို့ကိုခြိမ်းခြောက်ခဲ့ခြင်းမဟုတ်ပေ။ သူ့ အခြေအနေကို တည်ငြိမ်အောင်လုပ်ပြီးမှ ထိုကိစ္စကို မေးခဲ့ခြင်းဖြစ်ကာ သူတို့စိတ်သက်သာရာရခဲ့သည်။

“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “သွေး၇ပုလင်းက ၇ရက်စာနာကျင်မှုကို လျော့စေလိမ့် မယ်၊ ကျွန်တော် ၇ရက်နေရင်ပြန်လာမယ်၊ ဒါကဖန်လေးပါ ကျွန်တော့်ညီလေး သူက ကျွန်တော်တို့ဂိုဏ်းသခင် ဖြစ်လာလိမ့်မယ်”

“မင်းက ဂိုဏ်းသခင်မဟုတ်ဘူးလား” ဖန်ခိုင်မေးလိုက်သည်။

“ကျွန်တော်က ပျင်းတယ် ပြီးတော့ စီမံရတာတွေဘာတွေမကြိုက်ဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ကျွန်တော်က သရုပ်ပြလောက်ပဲ သူကသာ ဂိုဏ်းသခင်အစစ်ပဲ” ရှီမန်ဖန် ရှင်းပြလေသည်။

“ဘာပြောစရာရှိသေးလဲ” ရှီမာယူယူ မေးလိုက်သည်။

ဖန်ဇီသည် ခေါင်းရမ်းလေသည်။ သူသည် သူမနောက်မဟုတ်ပဲ သူမ၏ မောင်လေးနောက်လိုက်ရမည် ဟုကြားရသောအခါ မပျော်ရွှင်ဖြစ်မိသည်။ သို့သော် ဂိုဏ်းသခင်အစစ်အမှန်မှာ သူမဖြစ်နေသ၍ တခြား ထင်မြင်ချက်ပေးရန်မရှိပေ။

“၇ရက်နေရင် ကျွန်တော်ထပ်လာခဲ့မယ်” ရှီမာယူယူ ပြောလိုက်သည် “သတိထားပါ သူ့ကို ဘာမှမလုပ်ခိုင်းပါနဲ့ ကျင့်ကြံတာဖြစ်ဖြစ် ဝိဉာဉ်စွမ်းအင်တာဖြစ်ဖြစ်… သူမဖြစ်နိုင်တော့ဘူးလို့ထင်ရင် မေ့အောင် လုပ်ပြီးပစ်ထားလိုက်ပါ”

အာ…

ရှီချန်း နှုတ်ခမ်းတွန့်မိသည်။ သူ့ရဲ့ခံနိုင်ရည်က အဲလောက် မနိမ့်ဘူးလေ ဟုတ်တယ်မလား။

နီအန်းယီနှင့် ကုန်ရန်တို့သည် ရှီမာယူယူ၏ ကမ်းလှမ်းမှုကို တွေးနေသည်ဟူသော အကြည့်ဖြင့် သူ့အား ကြည့်လေသည်။

“ငါ ဝိဉာဉ်စွမ်းအင်မသုံးပါဘူး၊ အဲလိုမျိုးမကြည့်ကြပါနဲ့” သူသည် သူတို့နှစ်ယောက်လုံးကို ပြန်ကြည့်လေ သည်။

“သိထားတာ ပိုအဆင်ပြေတယ် အဲဒါမှ မတော်တဆမဖြစ်အောင်လို့” ယူရှီသည်လည်း သဘောတူ သည်။

“သူ့ကို သတိမေ့အောင်လုပ်တာလည်း ကောင်းတာပဲ၊ သဘောတူတယ်ဆိုရင် မေ့အောင်လုပ်လိုက်ကြ” ရှီမာယူယူသည် ဆေးတစ်လုံးကိုဖန်ဇီဆီပစ်ပေးကာ “ဖန်လေး သွားရအောင်”

ရှီမန်ဖန်သည် ဟိန်းသံလေးကိုဖက်ထားသည်။ သူတို့်ထွက်သွားသည်နှင့် ဖန်ဇီသည် ရှီချန်းအား ဆေး တိုက်လိုက်သည်။

“ဒါက မင်းကိုသတိမေ့အောင်လုပ်တာမဟုတ်ဘူး ဒီအတိုင်းပဲနော်” ဖန်ဇီ ပြောလိုက်သည်။

“အစ်ကိုကြီး” ရှီချန်းသည် သူ့အစ်ကိုအားကြည့်လေသည်။

“မင်းအိပ်ပျော်ရုံလောက်ပါ၊ နိုးလာရင် မင်းခန္ဓာကိုယ် ကောင်းသွားမှာ ညီ၃ သောက်လိုက်” ဖန်ခိုင် တိုက်တွန်းလေသည်။

“အစ်ကို၃ ငါတို့ မင်္ဂလာသားရဲရဲ့သွေးကို နေ့တိုင်းတိုက်ပေးပါမယ်” ညီအစ်ကိုများသည် သူ့အား ကြည့် ကြလေသည်။

“ကောင်းပြီ မင်းတို့အားလုံးစိတ်ချစေရပါမယ်” ရှီချန်းသည် ဆေးသောက်လိုက်သည်။ ချက်ချင်းပင် အိပ်ငိုက်လာကာ သူ့အခန်းသို့ပြန်ပြီး အိပ်ပျော်သွားလေသည်။

နီအန်းယီသည် ရှီချန်းအား အိပ်ရန်ကူညီပေးပြီး တခြားသူများသည် ဒီနေ့အကြောင်းကို ဆွေးနွေးကာ ကျန်ခဲ့လေသည်။

ကုန်ရန်သည် ပုလင်းကိုအနံ့ရှုကြည့်ကာ မှတ်ချက်ပေးလေသည် “ဒီမင်္ဂလာသားရဲ့ တခြားမင်္ဂလာသားရဲ ထက် ပိုနွေးတယ်”

“ငါတော့ရယ်ရတယ်” ဒိုင်ယိပြောလေသည် “စာချုပ်မိစ္ဆာနဲ့ သခင်နဲ့ ဒီလိုပုံမျိုး ဘယ်သူမြင်ဖူးလဲ”

သူတို့ တစ်ယောက်နှင့် တစ်ယောက်ခြိမ်းခြောက်နေသည့်ပုံကို အားလုံးပြန်တွေးကာ မရယ်ပဲမနေနိုင်ကြ ပေ။ သူတို့သည် သခင်နှင့် အစေခံပုံစံမျိုးမဟုတ်ပဲ မိသားစုလိုပင်။

“အစ်ကိုကြီး သူက တကယ်ပဲ အစ်ကို၃ကို ကုပေးနိုင်ရင် ကျွန်တော်တို့နေ့ရက်တွေ ပြောင်းလဲသွားမှာပဲ” ဟုန်ဝူ ပြောလိုက်သည်။

“ဒီနှစ်တွေမှာ ငါတို့တွေ ပြေးရင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်၊ နောက်ကို လူတွေရှေ့ရပ်မယ်ဆိုရင် အသားကျပါ့ မလားတောင်မသိတော့ဘူး” ထောင်ဟုန်ရှန့် ထုတ်ဖော်ပြောလေသည်။

“ငါတို့ရှေ့လျောက်နေ့ရက်တွေတော့ စိတ်လှုပ်ရှားစရာပဲ” ယူရှီ ပြောလိုက်သည်။

“အဲလောက်မလွယ်မှာ စိုးတယ်” ဖန်ခိုင်သည် သူတို့နှင့် သဘောထားမတူပေ “ဒါက သိုင်းပညာဂိုဏ်း ထောင်တာပဲ တခြားဂိုဏ်းတွေအနိုင်မကျင့်နိုင်လောက်တဲ့အထိ ကြီးမှရမယ်၊ အဲဒါဘယ်တော့လဲတော့ မသိနိုင် ဘူး”

“မျှော်လင့်ချက်ဆိုတာတော့ အမြဲရှိနေတာပဲ” ကုန်ရန်ပြောလိုက်သည် “ပြီးတော့ သူနဲ့ဆိုရင် သိပ်မဝေး တော့ဘူးလို့ ခံစားရတယ်”

“ညီ၁၀ပြောတာမှန်တယ် ဒါကမျှော်လင့်ချက်ပဲ” ဟုန်ဝူပြောလိုက်သည်။

“တကယ်မျှော်လင့်ထားတယ်….” ထောင်ဟုန်ရှန့်သည် ရေရွတ်လေသည်။

ရှီမာယူယူ ပြန်သွားပြီးနောက်တွင် ဟိန်းသံလေးတစ်ယောက်တည်းအတွက် အရသာရှိသော အစားအစာများကို ပြင်ပေးလေသည်။ ကောင်လေး၏ နာကျင်သောအကြည့်များမှာ နောက်ဆုံးပျောက်သွားလေ ပြီ။

“ယူယူ ဟိန်းသံလေး ဒီနေ့သွေးတွေအများကြီးထုတ်လိုက်ရတယ်၊ ငါ့သွေးတွေအတွက် ချက်ပြုတ်ပေးဖို့ လိုတယ်” ဟိန်းသံလေးသည် လက်ထဲမှ ကြက်သားကိုအငမ်းမရစားကာ ပြောလေသည်။

“သွေးထုတ်ပြီးရင် အကုန်လုံးက ကြက်ဥစားကြတာ မင်းကျမှ ကြက်တစ်ကောင်လုံးစားပြီးနေပြီ ဒါကို ပြန်ဆပ်ရဦးမှာလား” ရှီမာယူယူသည် သူ့အားမျက်လုံးလှန်မိသည်။

“ဒါပေမဲ့ ငါသွေးအများကြီးထုတ်မိတယ်လေ ကြက်တစ်ကောင်တည်းက ဘယ်လိုလုပ်ပြည့်မှာလဲ” ဟိန်းသံလေးသည် ရှီမာယူယူဘေးပျံလာကာ သူမ အင်္ကျိလက်အားဆွဲပြီး ရှက်ကိုးရှက်ကန်းဖြင့် လှုပ်ရမ်းလေ သည်။

“မင်းဆီတွေ ငါ့အင်္ကျိကိုပေကုန်ပြီ” ရှီမာယူယူသည် ဆီကွက်များကို မနှစ်မြို့သလိုကြည့်သော်လည်း သူ့ကို မပစ်ပေ။

“ယူယူ…” ဟိန်းသံလေးသည် သူ့လက်သည်းများမှ ဆီကွက်များကိုမသုတ်ပစ်ပဲ သူ၏ခေါင်းသေးသေး လေးကိုသုံးလိုက်ရာ ပါးစပ်မှ ဆီများကို သူမကိုသုတ်ပေးသကဲ့သို့ဖြစ်နေသည်။

ရှီမာယူယူသည် သူမခေါင်းကိုပွတ်ပြီး “ပြော ဘာထပ်စားချင်သေးလဲ”

“ငှက်သားကင်” ဟိန်းသံလေးသည် တွေဝေမှုမရှိပြောလေသည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည်။ ဒါက သူတို့လုပ်နေကျအတိုင်း ခြိမ်းခြောက်တာပဲမလား။

“ငှက်သား မရှိဘူး” သူမ ငြင်းဆန်လေသည်။

“အဲတုန်းက ငါတို့ငှက်တွေအများကြီးရခဲ့တယ်လေ စားတောင်မစားရသေးဘူး” ဟိန်းသံလေး ပြောလိုက် သည်။

ထိုအခါမှပင် ကမ္ဘာဦးနယ်မြေသို့ရောက်ခါစက သိမ်းငှက်အသေကောင်များ ရခဲ့သည်ကို ရှီမာယူယူ မှတ်မိသွားသည်။ ဝိဉာဉ်လေး၏ အထူးသိုလှောင်နည်းနှင့်ဆိုလျှင် ပစ်ထည့်လိုက်သည်နှင့် ကမ္ဘာပေါ်မှ ရေခဲ သေတ္တာထက်ပင် ပိုအသုံးဝင်နေသေးသည်။

ဟိန်းသံလေး စားချင်သည်နှင့်ဆိုသည်နှင့် သူမ အတောင်ပံယူပြီးကင်ပေးလိုက်သည်။ ထို့ကြောင့် လူတစ်ယောက်သာ ခြံသို့ရောက်လာပါက စားပွဲကြီးတစ်လုံးရှိ ထောင့်သေးသေးလေးတစ်ခုတွင် သေးငယ်သော အသားလုံးလေးသည် သူ့ထက်ကြီးသောအတောင်ပံကိုကိုက်နေသည်သည်ကို မြင်ရမည်ဖြစ်ကာ ငှက်အတောင် ပံကင်ကို ဘယ်လောက်စားလိုက်သည်ကို တွေးမိမည်မထင်ပေ။ သူ၏ အမြီးသေးသေးလေးသည် တစ်ခါတစ်ခါ လှုပ်ရမ်းနေကာ တစ်ကိုယ်လုံးသည် ငှက်အတောင်ပံတစ်လျှောက် ပြေးလွှားနေသလိုပင်။

ရှီမာယူယူသည် သူ့ကို အစားကောင်းကျွေးပြီးနောက် လျစ်လျူရှုထားသည်။ သူမသည် အခန်းသို့ဝင်ပြီး ဝိဉာဉ်စေတီအတွင်းသွားလိုက်သည်။

ရှုဂျင်းတို့မရောက်ခင်တွင် သူမသည် ဝင်ခွင့်မရခဲ့ပေ။ အခုတော့ သူမသည် ရှောင်ချီအား အချိန်ရသည် နှင့် စစ်ကြည့်ရန်သွားလိုက်သည်။

မြူခိုးဖျော့များသည် ရှောင်ချီအား ဝန်းရံထားသည်။ ရှောင်ချီသည် သူမ၏ မူလအသွင်ပြောင်းကာ ငြိမ် နေသည်။ သူမ၏ ခန္ဓာကိုယ်သည် မြူအတွင်းတွင် ပြောင်းလဲနေသည်။

“ဒီဟာနဲ့ဆိုရင် ဒီဝိဉာဉ်ဆေးတွေလည်း ပိုကြီးထွားလာတော့မယ်” ဝိဉာဉ်လေးပေါ်လာသည်။

“ငါလည်း အရင်က ထင်ထားတာတွေရှိပေမယ့် ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး သူမက တကယ်ပဲ…” ရှီမာယူယူ သက်ပြင်းချလေသည်။

ရှောင်ချီသာ သူမနားတွင် ရှေ့လျှောက်နေသွားပါက သူမသည် စိုးရိမ်မှုများဖြစ်စေမည်ကို စိုးသည်။ ထို့ကြောင့် ယွမ်ရှောင်ဂျီတို့သည် သူမအား အတွင်းဂိုဏ်းတွင်ပိတ်ထားကာ အပြင်ထွက်ခွင့်မပေးခြင်းဖြစ်သည်။

သူမ သရုပ်မှန်ကိုသာ လူများသိသွားပါက တိုင်းပြည်တစ်ခုလုံးလှုပ်ခတ်သွားကာ ကောင်းကင်နှင့် မြေကြီးတို့ ပြောင်းလဲသွားနိုင်သည်။

“ဒါဆို ငါတို့ဘာလုပ်ကြမလဲ” ဝိဉာဉ်လေးသည် အရင်ကနှင့်မတူသော အကြည့်ဖြင့်ကြည့်ကာ မေးလေ သည်။

“သူမက ငါ့အနားနေတာ တိုးတက်မယ့်အခွင့်အရေးရှိလို့လို့ ပြောတယ်၊ ဒီတိုးတက်မှုပြီးရင်တော့ သူမ ထွက်သွားလောက်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

တစ်ယောက်ယောက်က ဘာလုပ်မလဲမေးလာလျှင် သူမလည်း မသိတော့ပေ။ သူမသည် တစ်ဆင့်ချင်း စီသွားရန်သာ တတ်နိုင်သည်။

“ဒီရက်တွေမှာ အပြင်ကအခြေအနေကို ဂရုစိုက်ပြီးကြည့်ထားဦး ငါသီးသန့်ကျင့်ကြံပြီး ရှီချန်းအတွက် ဆေးဖော်ရမယ်၊ တခြားအရေးကြီးတာမရှိရင် ငါ့ကိုမခေါ်နဲ့”

ထို့နောက်တွင် သူမသည် ဆေးဖော်သည့်အခန်းသို့သွားလိုက်သည်။

***

All Chapters