အခန်း (၇၈၅)
Vol. 53 Ch. 785
စုရှောင်မိုသည် အချိန်အတိုင်းအတာ အတိုအတွင်းမှာပဲ အပြင်စည်းတပည့်တစ်ယောက်အဖြစ် အဆင့်မြှင့်တင်ခြင်းကို ခံခဲ့ရ၏။
အဘယ့်ကြောင့်ဆိုသော် သူ၏ ကောင်းမွန်လှသည့် စွမ်းဆောင်ရည်အပြင် ချောမွေ့ပြီး အဆင်ပြေလွန်းလှသော လူမှုဆက်ဆံရေး စွမ်းရည်များကြောင့်လည်း ပါသည်။
သူသည် ကျိန်းသေပေါက် သူလျိုတစ်ယောက်အဖြစ် သန္ဓေဖြစ်တည် မွေးဖွာလာခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။ ရီရှင်းချန်သည်သာ ဆိုပါက ထိုက်ရွှန် အအေးဂိုဏ်းတွင်ရှိသော တပည့်များအားလုံးနှင့် ပတ်၍ ရန်ဖြစ်နေမှာ သေချာ၏။
"ဂိုဏ်းချုပ်"
လီလိုရှုသည် အဓိက ဟောခန်းထဲသို့ လျှောက်ဝင်ပြီးသည့်နောက် သတင်းပို့လိုက်သည်။ "ရှောင်မိုက အပြင်စည်း တပည့်အဖြစ် အဆင့်တိုးမြှင့် ရောက်ရှိသွားခဲ့ပြီလို့ သတင်း ရခဲ့တယ်။"
"မဆိုးဘူးပဲ"
ကျွင်းချောင်ရှောင်းက ရယ်မောလိုက်သည်။
သူသည် ဤရလာဒ်ကို အစောကြီးကတည်းက ခန့်မှန်းပြီးသား ဖြစ်သည်။ ထို့အပြင် ၎င်း၏ အသွင်ပြောင်း သင်ကြားပေးထားမှုများကြောင့် စုရှောင်မို၏ ပင်ကိုယ်စွမ်းရည်သည် ထိပ်တန်း ပါရမီရှင်များနှင့်ပင် နှိုင်းယှဉ်၍ ရနေပြီဖြစ်သည်။ ထို့အပြင် စုရှောင်မိုသည် အလွန်လည်း ဉာဏ်ပြေးလွန်းလှ၏။ ထိုက်ရွှန် အအေးဂိုဏ်းထဲတွင် ရောနှော နေပြီ ဆိုပါက ပြိုင်စံရှား ဂိုဏ်းတပည့်ဟု မည်သူကမှ ထင်နေကြမည် မဟုတ်ချေ။
"သူ့ကို ပြောလိုက်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ထိုက်ရွှန်အအေးဂိုဏ်းမှာ သူလျိုလုပ်ဖို့ဘဲ အမြဲစဉ်းစားမနေနဲ့။အချိန်အားတာနဲ့ ဂိုဏ်းထဲမှာ ကျင့်ကြံဖို့လည်း လုပ်ဖို့"
"ကောင်းပါပြီ"
"ဒါနဲ့ ဟုတ်ပြီ….. ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းထား။ မြန်လေ ကောင်းလေပဲ"
ဤတားမြစ်တည်နေရာသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက ရှိခဲ့သည့်အရာမှန်း သိရှိပြီးကတည်းက ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်လှုပ်ရှားမိနေသည်။ ထို့ကြောင့် တပည့်များကို ခေါ်ဆောင်ကာ သွားရောက်ရန် ဆုံးဖြတ်ထား၏။
သူ့အနေနှင့် ပျက်စီးခဲ့သော အစီအရင်များကို ပြန်လည်ပြုပြင်နိုင်မည်ဆိုပါက များပြားလှသော အမွေအနှစ်ကို ပြန်လည် ရရှိနိုင်မှာ သေချာသည်။
စနစ်က ပြောလိုက်၏ "လက်ခံသူရဲ့ တွေးတောပုံက အရမ်းကို ရိုးရှင်းနေတယ်။"
"နားလည်ပါပြီ" လီလိုရှုသည် ထွက်ခွာသွားသည်။
ထွက်ခွာသွားပြီးပြီးချင်းမှာပဲ ကျန်းတယ်ကျွင်းသည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် အထဲသို့ လျှောက်ဝင်လိုက်၏။ "ဂိုဏ်းချုပ် … တကယ်ပဲ ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်ကို သွားမှာလား"
"အမှန်ပေါ့" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ကျန်းတယ်ကျွင်းက ပြောလိုက်၏။ “အထဲမှာ ဖန်တီးခဲ့တဲ့ အစီအရင်တွေက အစီအရင် အင်ပါယာတွေ ဖန်တီးခဲ့တာလေ။ကျုပ်ရဲ့ နားလည်မှုနဲ့ ဆိုရင် ကောင်းကင်ပေါ်ကို တက်ပြီးတော့ ကျင့်ကြံတာ ထက်တောင် ပိုပြီးခက်ခဲသေးတယ်။"
မနေ့က သူသည် ဟိတ်ဟန်ထုတ် ကြွားဝါခဲ့ခြင်း သက်သက်သာ ဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ခြင်း ဆိုသည်မှာ မဖြစ်နိုင်ကြောင်း သူ ကောင်းကောင်း သိနေ၏။
ထို့အပြင် ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်ဆိုသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကတည်းက တည်ရှိခဲ့သော အရာပင် ဖြစ်၏။ များပြားလှသော ထိပ်တန်း အစီအရင် ဆရာများ လာရောက်ပြင်ဆင်သည် ဆိုလျှင်တောင်မှ တစ်ချက်ကလေးမှ တုတ်တုတ်လှုပ်ခဲ့သည့် အရာမဟုတ်ပေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကိုယ့်ကိုကိုယ် အထင်သေးမနေနဲ့။ ခင်ဗျား လုပ်နိုင် သလောက်ကို လုပ်ပေါ့"
ကျန်းတယ်ကျွင်းသည် ဂိုဏ်းချုပ် အနေနဲ့ သူ၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်တော့မည် မဟုတ်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် လေးလေးနက်နက် ပြောလိုက်၏။ "ကျုပ်က ဆန်းကြယ်ဂိတ်တံခါး ၃၂ ကို ပိုပြီးတော့ လေ့လာပါ့မယ်"
သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်အရဆိုလျှင် သူသည် အစီအရင်အင်ပါယာတစ်ယောက် ဖန်တီးခဲ့သော အစီအရင်ကို စီစဉ်ရန်အတွက် လျို့ဝှက်ကျမ်းစာကိုသာ မှီခိုရတော့မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ရှင်းရောင် ရဲ့ အစီအရင် အေလေ့လာခိုင်းကြည့်ပါလား။ သူမက အကြံဉာဏ်နဲ့ အတွေးအခေါ်အချို့ကို ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ ထင်တယ်"
ဤမိန်းကလေးသည် သူ့အား လာရောက်ကူညီလိမ့်မည်ဟူသော အချက်ကို စဉ်းစားလိုက်သည့် အချိန်မှာတော့ ကျန်းတယ်ကျွင်းသည် ခေါင်းနပန်းတွေကို ကျိန်းသွားမိ၏။
သို့ပေမဲ့ ဂိုဏ်းချုပ်၏ စကားကိုတော့ သူ သဘောတူမိသည်။ ဤမိန်းကလေး၏ စိတ်ကူးစိတ်သန်းနှင့် အတွေးအခေါ်များသည် လတ်ဆတ်သစ်လွင်လှပြီး အစီအရင်နှင့်ပတ်သက်သော အခြေခံများကိုလည်း အလွန်တရာ ထူးချွန်လှသည်မှာတော့ သေချာလှသည်။
ရှန်ကွမ်းရှင်းရောင်သည် မေးခွန်းများ မေးမြန်းရခြင်းကို နှစ်သက်လှသည် ဆိုသော်လည်း သူမ မေးမြန်းမှုများ အားလုံးသည် အလွန်တရာ အလှည့်အပြောင်းများလှ၏။
ထို့ကြောင့် သူမ၏ မေးခွန်းများသည် အကြီးအကဲများကို ဒုက္ခများလှသည် ဆိုသော်လည်း သေသေချာချာ တွေးတော စဉ်းစားမည်ဆိုလျှင် အလွန်ကောင်းမွန်သည့် မေးခွန်းများ ဖြစ်နေကြောင်းကိုတော့ ဝန်ခံရပေမည်။
……...
"မိန်းကလေး"
အစီအရင် ဟောခန်းမှာတော့ ကျန်းတယ်ကျွင်းသည် လေးလေးနက်နက် ပြောလိုက်၏။ "ဒါက ဆန်းကြယ် ဂိတ်တံခါး သုံးဆယ့်နှစ်ပဲ။ ငါတို့ပြိုင်စံရှား ဂိုဏ်းရဲ့ အား အကောင်းဆုံးသော အစီအရင် ကျမ်းပဲ။မင်းရဲ့ လက်ရှိ အစီအရင်ကို နားလည်မှုကြောင့် ဒါကို ယူသွားပြီးတော့ လေ့လာလို့ ရတယ်"
“ဂိုဏ်းထဲမှာ ရှိတဲ့ အားအကောင်းဆုံးသော အစီအရင် ဟုတ်လား" ရှန်ကွမ်းရှင်းရောင်၏ မျက်လုံးများသည် ထိုကျမ်းစာကို မြင်လိုက်သည့် အချိန်မှာတော့ လင်းလက် သွားခဲ့သည်။
ဝူး။
အချိန်အတော်ကြာ လေ့လာပြီးသည့်နောက်မှာတော့ သူမသည် ရေရွတ်လိုက်မိ၏။ "အကြီးအကဲကျန်း ဒီမှာရှိတဲ့ အစီအရင်တွေက ရိုးရှင်းလွန်းတယ်။ ပြီးတော့ ကျွန်မကို သင်ခဲ့ပေးတဲ့ အရာတွေထက် ပိုပြီးတော့ မှော်ဆန်လွန်းတယ်"
ဤစကားများသည် ကျန်းတယ်ကျွင်း၏ အမူအရာအား ပြောင်းလဲသွားစေ၏။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
ရှန်ကွမ်းရှင်းရောင်သည် ကောင်းကောင်း နားလည်လိုက်၏။ ထို့ကြောင့် အလျင်အမြန်ပဲ ပြောလိုက်မိသည်။ "အကြီးအကဲကျန်းရဲ့ အစီအရင်တွေကို သံသယဝင်နေတာ မဟုတ်ပါဘူး။အခုဟာက ပိုပြီးတော့ ဆန်းကြယ်နေသလို ခံစားမိရုံ သက်သက်ပါပဲ...."
ကျန်းတယ်ကျွင်းသည် စိတ်ဓာတ်ကျသွားမိ၏။ "ဒါဆိုရင် ငါ အရင်ဆုံးထွက်တော့မယ်။မင်း ဒါကို နားလည်အောင် လုပ်ထားလိုက်တော့"
ဤကဲ့သို့ တည့်တိုးဆန်လှသော မိန်းကလေးတစ်ယောက်နှင့် စကားပြောရသည်မှာ သူ၏ နှလုံးသားကို အပ်နဲ့ ထိုးဆွရသလိုပင် ခံစားမိစေသည်။
……....
နောက်တစ်ရက်မှာတော့ ကျန်းတယ်ကျွင်းသည် အစီအရင် ဟောခန်းဆီသို့ ရောက်ရှိလာခဲ့သည်။
သူမသည် ရှန်းကွမ်းရှင်းရောင် တစ်ယောက် ဆန်းကြယ်ဂတ်တံခါးသုံးဆယ့်နှစ်ကို လေ့လာနေကြောင်း မြင်ရသည့် အချိန်မှာတော့ အသာလှမ်း၍ ကြည့်လိုက်မိ၏။
သူမ၏ မျက်လုံးများထဲတွင် သံသယများ ၊ ဇဝေဇဝါမှုများနှင့် ပြည့်နှက်လျက်ရှိသည်။
"သွားပြီပဲ။ဒီမိန်းကလေးကတော့ ထပြီး မေးတော့မှာပဲ"
ထင်မှတ်ထားသည့် အတိုင်းပင် သူရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ရှန်ကွမ်းရှင်းရောင်သည် လက်ထဲတွင် ဆန်းကြယ် ဂိတ်တံခါးသုံးဆယ့်နှစ်ကို ကိုင်ကာ လာရောက်မေးမြန်းတော့သည်။
"အကြီးအကဲကျန်း ဒါကို မနေ့တုန်းက တစ်နေကုန်နီးပါး လေ့လာခဲ့တယ်။နားမလည်တဲ့ အရာတွေ အများကြီးပဲ။ကျေးဇူးပြုပြီး ဒါတွေကို ရှင်းပြပေးပါအုံး"
"နားမလည်တဲ့ အရာတွေ အများကြီးဆိုတာ ဘယ်လောက် အများကြီးကို ပြောတာလဲ"
"အင်း မေးခွန်းတစ်ရာလောက် နီးပါးပါ။"
ကျန်းတယ်ကျွင်းသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်မိတော့သည်။
"အကြီးအကဲကျန်း စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင် ဆိုတာက ဆန်းကြယ်လွန်းတယ်လေ။ဒါပေမဲ့ အကာအကွယ် အစီအရင်ကို ပြုလုပ်တဲ့ အချိန်မှာ ဒီ မျဉ်းကြောင်း နှစ်ကြောင်းက ဘာလို့ ဆွဲထားရတာလဲ"
"အကြီးအကဲကျန်း သီးခြား ဖြစ်တည်ခြင်း အစီအရင်က အစီအရင်တွေ ဖန်တီးနိုင်စွမ်းတွေ အများကြီး ရှိတယ်။ဒါပေမဲ့ အစီအရင်တစ်ခုချင်းစီတိုင်း နောက်ကွယ်မှာရှိတဲ့ နည်းဥပဒေသက ဘာလဲ"
"အကြီးအကဲကျန်း...."
နေ့လည်ရောက်ချိန်မှာတော့ ရှန်ကွမ်းရှင်းရောင်သည် အစီအရင်ဟောခန်းမှ ပြုံး၍ ထွက်ခွာသွားခဲ့တော့သည်။
အထဲတွင် ထိုင်လျက်ရှိသော ကျန်းတယ်ကျွင်းမှာတော့ ခေါင်းကို အနောက်သို့မှီကာ ခေါင်းနှင့် စားပွဲခုံကို စောင့်လျက်ရှိနေ၏။
သူ၏ ဦးခေါင်းထဲတွင် ဘာမှမရှိတော့သလို သာလာဟင်းလင်းကြီး ဖြစ်နေသည်။ သူသည် အသက်ရှင်စိတ်ပင် မရှိတော့ပေ။
...
နောက်တစ်ရက်မှာတော့ ကျန့်ရာနှင့် နင်ညီအစ်ကိုတို့သည် အလွန်တရာ စိတ်သက်သာရာ ရသည့် ခံစားချက်မျိုးကို ရရှိနေသည်။
ရှန်ကွမ်းရှင်းရောင်သည် လက်ရှိတွင် အစီအရင်ကို လေ့လာနေသောကြောင့် သူတို့ရှိရာ အတန်းဆီသို့ မလာနိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ နားများသည် စိတ်အေးချမ်း ချမ်းသာမှုကို ရရှိလျက်ရှိ၏။
"အကြီးအကဲကျန်း"
တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျန်းတယ်ကျွင်း၏ ရှေ့တွင် ထမင်းစားနေရင်းမှ ပြောလိုက်သည်။ "အစီအရင်နဲ့ ပတ်သက်ပြီး လေ့လာတာက ဘယ်အခြေအနေ ရှိနေပြီလဲ"
ကျန်းတယ်ကျွင်းသည် မည်သည့်စကားကိုမှ မဆိုချေ။
သို့ပေမဲ့ သူသည် ဘာမှဆက်၍ မမေးတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ကျန်းတယ်ကျွင်းသည် ပါးစပ်ကိုဟပြီးသည့်နောက် ပါးစပ်ထဲသို့ ထမင်းတွေကို ထည့်သွင်းလိုက်သည်။ ပြီးနောက် သူ၏ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ကိုင်ကာ ထမင်းများအား ဝါးနေစေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
ရှန်ကွမ်းရှင်းရောင်၏ အဆုံးမဲ့လှသော မေးခွန်းများကို ရင်ဆိုင်ရပြီးသည့်နောက်မှာတော့ အစီအရင် ကျွမ်းကျင်သူသည် အသိစိတ်ကင်းလွှတ်လျက်ပင် ရှိနေတော့သည်။
ဟင်း …..။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ခင်ဗျား တကယ့်ကို အလုပ်ကြိုးစားခဲ့တာပဲ"
"အကြီးအကဲကျန်း"
ထိုအချိန်မှာပဲ ရှန်ကွမ်းရှင်းရောင်သည် စားသောက်ခန်း အပြင်ဘက်ထဲသို့ လျှောက်ဝင်လာ၏။ "ကျွန်မ တွေးမိတဲ့ အရာတစ်ချို့ ရှိတယ်လေ။"
“ဟမ် … အား”
ကျန်းတယ်ကျွင်းသည် မတ်တပ် ထရပ်ကာဖြင့် အပြေးဘက်သို့ အော်ဟစ်ကာ ပြေးထွက်သွားတော့သည်။
သူသည် ရူးသွပ်နေပြီဖြစ်သည်။ သူသည် မေးခွန်းပေါင်းများစွာတို့အတွက် စဉ်းစားရလွန်းသောကြောင့် ရူးသွပ်နေပြီ ဖြစ်၏။
….....
ရှန်ကွမ်းရှင်းရောင်သည် ကြောက်ဖို့ ကောင်းလှသည် ဆိုသော်လည်း ဤအတောအတွင်း သူမ မေးမြန်းခဲ့သည့် မေးခွန်းများသည် ကျန်းတယ်ကျွင်းအား အသိအမြင်များ ယူစေခဲ့၏။ သူသည် ညသန်းခေါင်းကဲ့သို့ အချိန်မျိုးမှာပင် ထ၍ သေသေချာချာ စဉ်းစားမိနေသည်။
"ငါ နားလည်ပြီ"
တစ်ရက်မှာတော့ တပည့်များ ကျင့်ကြံရန်အတွင် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ဆီသို့ သူ လာခဲ့တော့သည်။ ပြီးနောက် မနေ့က ဖြစ်ခဲ့သည့် ဉာဏ်အလင်းများအတိုင်း ပြန်လည်ကာ ပြင်ဆင်တော့၏။
ဒွီ
အရာအားလုံး ပြီးစီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်သည် အနည်းငယ် လှုပ်ခါသွားသည်။ ပြီးနောက် ကောင်းကင်နှင့် မြေကြီး အတွင်းရှိသော အလွန်တရာ အားကောင်းလှသည့် စိတ်ဝိညာဉ် စွမ်းအင်များ ဖြစ်တည်လာတော့သည်။
ဟား ဟား ဟား
ကျန်းတယ်ကျွင်းသည် ရယ်ကာ ပြောလိုက်၏။ "နည်းနည်းလေး ပြင်ဆင်လိုက်တယ် ဆိုတာနဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက ပိုပြီး တိုးလာတာပဲ။ဒီလို ရိုးရှင်းတဲ့ နည်းလမ်းတွေကို ငါ ဘာလို့ မစဉ်းစားမိတာလဲ"
သူသည် မစဉ်းစားမိခဲ့ချေ။ သို့ပေမဲ့ ရှန်ကွမ်းရှင်းရောင်ကတော့ စဉ်းစားမိခဲ့၏။
ထို့ကြောင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ကို မြင့်တင်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် စွမ်းအင်များ စုပ်ယူနိုင်စွမ်း အမြန်နှုန်းသည် ပို၍ မြန်ဆန်သွားခဲ့သည်။
ဟုတ်ပေသည်။ တိုးတက်မှုသည် အကန့်အသတ် တစ်ခုထိတော့ ရှိနေသေးသည်။ သို့ပေမဲ့ ရှန်ကွမ်းရှင်းရောင်၏ မေးခွန်းများကို နားလည်အောင် ဖြေရှင်းရင်း ကျန်းတယ်ကျွင်းသည် ပိုမို၍ တိုးတက်လာခဲ့တော့၏။
အစီအရင်နှင့် ပတ်သက်သည့် နားလည်မှု အသစ်များကို သူသည် ရရှိခဲ့၏။ "မိန်းကလေး မင်း ဘာမေးချင်လဲ။ငါ့ကို မေးစမ်း"
ကျန်းတယ်ကျွင်းသည် စိတ်အားတက်ကြွစွာနှင့်ထိုင်လျက်ရှိသည်။ လက်ရှိအခြေအနေမှာတော့ ရှန်ကွန်းရှင်းရောင်သည် အလွန်တရာ အသုံးဝင်သော လူတစ်ယောက် ဖြစ်မှန်း သူကောင်းကောင်းသိခဲ့ပြီဖြစ်သည်။
တစ်ချို့သော အကြောင်းအရာများသည် ရိုးရှင်းလှ၏။ သို့ပေမဲ့ ထိုအရာများကို စဉ်းစားတွေးတောရန်တော့ သူ သတိ မပြုမိခဲ့ချေ။
ရှန်ကွမ်းရှင်းရောင်သည် ကျန်းတယ်ကျွင်းနှင့်ယှဉ်လျှင် အလွန်အားနည်းလွန်းသည် ဆိုသော်လည်း သူမ၏ စိတ်မှာတော့ လန်းဆန်းသစ်လွင်နေ၏။ သူမသည် မထင်မှတ်ထားခဲ့သော အခြေအနေကို စဉ်းစားကာ မေးခွန်းများ မေးမြန်းနေနိုင်သည်။
……....
လဝက်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့
ဒွီ
တောင်၏ အနောက်ဘက်တွင် အလင်းတန်းများ ဖြစ်တည်လာသည်။ ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ်ဆီမှ အဆင့်မြင့် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်သည် တည်ထောင်ပြီးစီးခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ထ၍ အော်လိုက်မိသည်။ "အကြီးအကဲကျန်းရဲ့ အစီအရင်နဲ့ ပတ်သက်တဲ့ နားလည်မှုက တကယ့်ကို အုပ်စိုးသူ အဆင့်ထိ ရောက်ရှိသွားတာပဲ။ ဟုတ်တယ်မလား"
"ဒါအမှန်ပဲလေ"
ကျန်းတယ်ကျွင်းက ပြုံးကာ ပြောလိုက်သည်။ "ကျုပ်က အခု အစီအရင် အုပ်စိုးသူ တစ်ယောက် ဖြစ်နေပြီ။"
သူ့အနေနှင့် အစီအရင် အုပ်စိုးသူ တစ်ယောက်အဖြစ် အဆင့်တက်သွားခဲ့သည်ဆိုသော်လည်း တစ်ခြားသော ကျင့်ကြံခြင်း တာအိုများကဲ့သို့ ပတ်ဝန်းကျင်ကောင်းကင်ကြီးတစ်ခုလုံး အသွင်ပြောင်းလဲသည့် အရိပ်အယောင်များတော့ မရှိချေ။ သို့ပေမဲ့ အဆင့်မြင့် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ဆိုသည်မှာ အစီအရင် အုပ်စိုးသူဆိုလျှင်သာ ဖန်တီးနိုင်သော အရာဖြစ်၏။
"မဆိုးဘူး မဆိုးဘူး" ကျွင်းချောင်ရှောင်းက ပြုံးလိုက်သည်။
ကျန်းတယ်ကျွင်းသည် အစီအရင် အုပ်စိုးသူတစ်ယောက် ဖြစ်လာပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ကို အဆင့်မြင့် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ကို ဖန်တီးနိုင်စမ်းရှိပြီ ဖြစ်သည်။ ထို့ကြောင့် တပည့်များ၏ ကျင့်ကြံခြင်း အဆင့်များသည် ပိုမို၍ အကျိုးထူးလာပေတော့မည်။
"ဂိုဏ်းချုပ် … ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ကို ဘယ်တော့ သွားကြမလဲ"
"နောက်လသွားကြမယ်"
"သွားမယ်လို့ စဉ်းစားမယ်ဆိုရင် ရှင်းရောင်ကို တစ်ခါတည်း ခေါ်သွားတာကောင်းမယ်။သူမက အကူအညီဖြစ်စေတယ်လေ"
"သေချာတာပေါ့ ခေါ်သွားကြမယ်"