← Chapters

မတော်တဆနောက်တစ်ခု

Vol. 008 Ch. 742

မတော်တဆနောက်တစ်ခု

Vol. 008 Ch. 742

ရက်အနည်းငယ်ကြာသောအခါ ရှီမာယူယူ ဝိဉာဉ်စေတီမှထွက်လာသည်။ အနည်းငယ်ကြာသောအခါ ရှီမာယူယူ ဝိဉာဉ်စေတီမှထွက်လာသည်။ ပထမဆုံးမြင်လိုက်သည်မှာ သက်တန့်သည် ဟာစွန်နှင့် ပျော်ရွှင်စွာ စကားပြောနေသည်။

“အစ်ကိုကြီး ထွက်လာပြီလား” သက်တန့်သည် ပြုံးကာ ရှီမာယူယူအား နှုတ်ဆက်လေသည်။

ရှီမာယူယူ လျှောက်သွားပြီး မေးလိုက်သည် “ဘာတွေအဲလောက် ပျော်ပျော်ကြီးပြောနေကြတာလဲ”

“ဟိန်းသံလေးအကြောင်းပြောနေတာ” သက်တန့်ပြန်ဖြေလေသည် “အစ်ကိုကြီးမရှိတဲ့နေ့တွေမှာ ဟိန်းသံလေးက အပြင်မှာပြေးလွှားပြီး လူတွေကိုလိုက်စနေတာသိလား၊ အဲဒါနဲ့ အရိုက်ခံလိုက်ရတယ်လေ”

“သူထပ်ပြီး ထွက်ဆော့ပြန်ပြီလား” ရှီမာယူယူသည် သူမမရှိသည်နှင့် အဲကောင်လေး အထိန်းအကွပ်မဲ့ နေသည်ကို တွေးလိုက်သည်။ သူမသည် သူမနှင့်အတူ သူ့ကိုဝိဉာဉ်စေတီအတွင်းခေါ်မသွားမိသည်ကို နောင်တ ရမိသည်။

“သူ တခြားသူကိုသွားရှာတာမဟုတ်ဘူး၊ ဖန်ဇီတို့အဖွဲ့ကိုသွားရှာတာလေ သူ အဲညီအစ်ကိုတွေကို စပြီးရင်းစတော့ နီအန်းယီတို့က သူ့ကိုမြင်တိုင်းအမှုန့်ကြိတ်ချင်နေတာ” ဟာစွန်ပြောလိုက်သည်။

ရှီမာယူယူ သက်ပြင်းချမိသည်။ သူအပြင်သွားပြီး တခြားသူတွေကို စတာမဟုတ်လို့တော်ပါသေးရဲ့။

သူမ စိတ်ထဲတွင် ဖန်ဇီတို့သည် သူမလူများဖြစ်နေကြပြီ။ ဟိန်းသံလေး သူတို့ကို စတာတော်သေးသည်။

“ယူယူ အဒေါ်၃က မင်းကိုလာရှာသေးတယ် မင်းတံခါးပိတ်ကျင့်ကြံနေတယ်လို့ပြောလိုက်တော့ မင်း ထွက်လာတာနဲ့ သူမကိုလာရှာပါတဲ့ ပြောသွားတယ်” ဟာစွန် သတင်းပေးလေသည်။

“သိပြီး ဒီရက်တွေမှာ ဘာမှမရှိဘူးမလား” သူမ မေးလိုက်သည်။

“ဘာမှမရှိဘူး ဒါပေမဲ့ ဒီရက်ပိုင်းကိုလုဆယ်မြို့က လူဦးရေများလာတယ်”

“ငါ့ကိုသတ်ဖို့လာကြတာလား”

“မဟုတ်ဘူး ဖန်ဇီတို့ကြောင့်လာကြတာ” ဟာစွန် ပြန်ဖြေလိုက်သည် “လူဆိုးကြီး၁၀ယောက် ရှိနေတယ် ဆိုတဲ့ သတင်းပြန့်သွားပြီး ရောက်လာကြတာပဲ”

“သူတို့ရော ဘယ်လိုနေလဲ” ရှီမာယူယူ တုန်လှုပ်မိသည်။

“တော်တော်များများတော့ ဒဏ်ရာရသွားကြတယ် ဒါပေမဲ့ ပြင်းတော့မပြင်းထန်ဘူး” ဟာစွန် ပြန်ဖြေ လေသည်။

“ရှီချန်းရော ဘယ်လိုနေလဲ”

“သူက မင်းပြန်လာကတည်းက မေ့နေတာ၊ မနိုးတော့ မတိုက်ရဘူး” ဟာစွန် ပြန်ဖြေလေသည် “မနေ့က နီအန်းယီကတောင်ပြောနေတာ သူ့ကိုမေ့အောင်လုပ်ထားတာ ကံကောင်းသွားတယ်လို့၊ မဟုတ်ရင် သူ့အကျင့်နဲ့ ဆိုရင် ဒီအတိုင်းရပ်မနေဘူးတဲ့”

“ဒီတစ်ခေါက်အဖြစ်ကိုစဉ်းစားလိုက်ရင်လည်း အဲလိုပဲလုပ်မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ အရင်နေတဲ့ ခြံဝန်းမှာတော့ မနေလောက်တော့ဘူး အခုသူတို့ဘယ်မှာလဲ”

“အဒေါ်၃ အိမ်မှာ”

“အဒေါ်၃ အိမ်မှာဟုတ်လား အဒေါ်၃က ငါ့ကိုအဲဒါကြောင့်ရှာတာလား”

“မဟုတ်ဘူး အဒေါ်၃က မင်းပြန်လာပြီး ၂ရက်လောက်နေတော့လာတာ၊ ဖန်ဇီတို့က ပြီးခဲ့တဲ့ ၂ရက် လောက်မှ သွားနေတာ” ဟာစွန် ပြန်ဖြေလေသည် “ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ယူလင်းနဲ့ ဟုန်ဝူတို့က တည်ဆောက်မှု အတူလုပ်ထားတယ်၊ အဲလူတွေ အဒေါ်၃ရဲ့ အိမ်ကိုမဝင်နိုင်ကြပါဘူး”

“ဟုန်ဝူက တည်ဆောက်မှုသခင်လား”

“ဟုတ်တယ်”

“ဒါဆိုရင် သူတို့အခြေအနေကို သွားကြည့်ရအောင်” ရှီမာယူယူသည် ပြောပြီးသည်နှင့် တံခါးရှေ့ လျှောက်သွားလေသည်။

“သူတို့ လိုဏ်ခေါင်းတူးထားတယ်” ဟာစွန်ပြောလိုက်သည်။

“…”

ရှီမာယူယူ လိုဏ်ခေါင်းဝင်ပေါက်ရောက်သောအခါ လိုဏ်ခေါင်းသည် ယာယီတူးထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ တော်တော်ကောင်းအောင်လုပ်ထားသည်။ တူးရသည်မှာ တစ်နေကုန်ကြာမည်။ သူမသည် ထိုအရာကို သူမနေခဲ့သောကမ္ဘာသို့ယူသွားပြီး လမ်းများတောင်များ ဖောက်ပါက မြန်မည်ဟု တွေးမိသည်။

ခဏအကြာတွင် သူမသည် အဒေါ်၃အိမ်သို့ရောက်ကာ ခြံဝန်းထဲသို့ဝင်လိုက်သည်။

“ယူယူ လာပြီလား” ဝူလေးသည် တစ်စုံတစ်ယောက်လာနေသည်ဟု လှုပ်ရှားမှုကိုခံစားရသဖြင့် ထွက် လာရာ ရှီမာယူယူကို တွေ့လေသည်။ သူမသည် ပြုံးပြီးနှုတ်ဆက်လေသည်။

ဝူလေး သူမနာမည်ကိုခေါ်သံကြားလိုက်သည်နှင့် အခန်းထဲမှလူများ ထွက်လာကြသည်။

“ယူယူ ထွက်လာပြီလား” နီအန်းယီ စပြောလေသည်။

နီအန်ယီ ဒဏ်ရာရထားသည်ကို ရှီမာယူယူ မြင်သောအခါ ပြောလိုက်သည် “ဒဏ်ရာမပြင်းဘူးလို့ ပြောတယ်မလား ဘယ်လိုဖြစ်လို့ ဒီလောက်ပြင်းထန်နေတာလဲ”

“အဲလူတွေအာရုံရဖို့အတွက် အရင်နေခဲ့တဲ့နေရာတွေကို လှည့်သွားခဲ့ကြတာ” နီအန်းယီ ပြန်ဖြေလေ သည်။

“ယူယူ” အဒေါ်၃သည် တခြားအခန်းမှ ထွက်လာသည်။

“အဒေါ်၃” ရှီမာယူယူလာရာ အားနာစွာပြောလေသည် “အဒေါ်၃ကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်”

“ဒုက္ခရောက်တယ်လို့ပြောရရင် ဆိုင်ပိတ်လိုက်ရတာပဲရှိတယ်” အဒေါ်၃ ပြောလိုက်သည် “ဒီကိစ္စမဖြစ် ရင်တောင် ငါ့ဆိုင်က ၂ရက်လောက် ဖွင့်ဖြစ်မှာမဟုတ်ပါဘူး”

သူတို့သည် ကိုယ်ပိုင်အင်အားကြီးတည်ထောင်ရန် ရှီမာယူယူနောက်လိုက်ရန်ဆံးဖြတ်လိုက်သည်မှစ၍ လုဆယ်မြို့တွင် နေရန်မဖြစ်နိုင်တော့ပေ။

ရှီမာယူယူသည်လည်း နားလည်သည်။ ထို့ကြောင့် စကားကိုဆက်မပြောတော့ပဲ မေးလိုက်သည် “ရှီချန်း ရော”

“အခန်းထဲမှာ” နီအန်းယီ ပြန်ဖြေလေသည် “ကံကောင်းလို့ သူ့ကိုအိပ်ခိုင်းထားတာ မဟုတ်ရင် ဒီရက် တွေကို သူ့ဝိဉာဉ်စွမ်းအင်သုံးလိုက်ရင် ငါတို့လည်းဘာမှမတတ်နိုင်ဘူး”

“ကျွန်တော်သွားကြည့်မယ်” ရှီမာယူယူ ဝင်သွားရာ ရှီချန်းသည် အိပ်ရာပေါ်တွင်လှဲနေသည်ကိုတွေ့ လိုက်ရသည်။ သူမသည် သွေးကြောစမ်းကြည့်ရာ ထူးခြားချက်မရှိသည်နှင့် ဆေးတစ်လုံးတိုက်လိုက်သည်။

မကြာမီတွင် ရှီချန်း၏ မျက်လုံးများလည်လာကာ မျက်ခွံများသည်တဖြည်းဖြည်း ပွင့်လာသည်။ သူ၏ မျက်လုံးများသည် အနည်းငယ်ရှုပ်ထွေးနေသေးသည်။ ရှီမာယူယူနှင့် နီအန်းယီတို့ကို သတိထားမိသောအခါ အသိစိတ်သည် တဖြည်းဖြည်းဝင်လာသည်။

“ညီ၅ ဒဏ်ရာရထားတာလား ဘာတွေဖြစ်နေတာလဲ” သူ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး” ယူရှီ ပြန်ဖြေသည်။

“မင်းတို့အားလုံး ဒဏ်ရာတွေနဲ့ ဘယ်လိုဖြစ်တာလဲ” ရှီချန်းသည် သူတို့အားမယုံကြည်ပဲ ထရန် လုပ်လေ သည်။

“တစ်ခုခုဖြစ်ရင်တောင် ခင်ဗျားအခုစိုးရိမ်ရမှာမဟုတ်ဘူး” ရှီမာယူယူ သူ့အားကြည့်လိုက်သည် “အခုလုပ်ရမှာက ခင်ဗျားဒဏ်ရာကိုကုရမှာ မဟုတ်ရင် ဘာပဲဖြစ်လာလာ ခင်ဗျားက သူတို့ဝန်ထုတ်ဝန်ပိုးဖြစ် သွားလိမ့်မယ်”

“ငါ…” ရှီချန်းသည် ငြင်းဆန်လိုသော်လည်း မလုပ်နိုင်သည်ကိုသိလိုက်သည်။

“အခု ခင်ဗျားတို့က ကျွန်တော့်လူတွေပဲ၊ ကျွန်တော်နဲ့ရှိနေသရွေ့ သူတို့ကို တစ်ခုခုအဖြစ်ခံမယ်ထင်လား” ရှီမာယူယူ ပြောလိုက်သည် “အာ..ဒီဆေးသောက်လိုက်ရင် သူတို့နဲ့ဝင်ပေါင်းလို့ရမယ်”

ရှီချန်းသည် ဆေးယူလိုက်သည်။ သူသည် ဆေးကို မယုံကြည်စွာကြည့်လေသည်။

ဒါကိုစားလိုက်တာနဲ့ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ အအေးဓာတ်ရောင်ဝါက ပျောက်သွားမှာ လား။

“ဒီဆေးကိ အထင်မသေးနဲ့၊ ကျောက် သန်း၁၀၀နဲ့တောင် ဝယ်လို့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးခဲ့တဲ့ရက်တွေက မင်္ဂလာသားရဲသွေးသောက်တာနဲ့ပေါင်းလိုက်ရင် ခင်ဗျားဒဏ်ရာကကုဖို့လွယ်သွားမှာပါ”

“ငါ သံသယဝင်တာမဟုတ်ဘူး ဒီအချိန်ကို အိမ်မက်မက်နေတယ်ထင်နေလို့” ရှီချန်း ပြောလိုက်သည်။

“အိမ်မက်မက်နေတာလားဆိုတာ ခဏနေသိရမှာပဲ” ရှီမာယူယူသည် မကြင်နာစွာပြုံးလိုက်သည်။

“ဘာလို့လဲ” နီအန်းယီ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းစဉ်က အသက်မရှင်ချင်လောက်အောင်ကို နာမှာပဲ၊ အဲနာကျင်မှုနဲ့ဆိုရင် အိမ်မက်မက်နေတယ်လို့ မထင်ရတော့ဘူး” ရှီမာယူယူ ပြန်ဖြေလေသည်။

“အဲလောက်နာမှာလား” ဒိုင်ယိသည် ခံနိုင်ပါ့မလားဟု ရှီချန်းအတွက် သနားမိသည်။

“မီးတောက်နဲ့ အအေးဓာတ်၊ အသားနဲ့အရိုးတွေ စုတ်ဖြဲမယ် နာမယ်လို့မထင်ဘူးလား” ရှီမာယူယူ ပြန်ပြောလေသည်။

သူမ စကားလုံးများသည် နီအန်းယီတို့ကို ခြောက်လှန့်နေသလိုပင်။ သူ မေးလိုက်သည် “သက်သာတဲ့ နည်းလမ်းမရှိဘူးလား”

“သက်သာမယ်ဟုတ်လား” ရှီမာယူယူသည် သူ့လက်မောင်းသူကိုင်ထားသော နီအန်းယီအား ကြည့် လိုက်သည်။ “သက်သာတဲ့နည်းလမ်းရှိတာပေါ့”

“ဘာနည်းလမ်းလဲ ပြော” နီအန်းယီသည် ထိုစကားအားကြားသောအခါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“ရိုးရှင်းပါတယ်၊ သူနာလာရင် သူ့ပါးစပ်နား ခင်ဗျားလက်မောင်းပေးပြီး ကိုက်ခိုင်းလိုက် သူ့နာကျင်တာ တော့ လျော့သွားမှာပဲ” ရှီမာယူယူသည် လေးနက်စွာပြောလေသည်။

***

All Chapters