← Chapters

တိုက်ခိုက်မှု

Vol. 008 Ch. 743

တိုက်ခိုက်မှု

Vol. 008 Ch. 743

ဖူး….

ဝူလေးနှင့် သက်တန့်တို့သည် မညင်သာစွာဖြင့်ကျယ်လောင်စွာထအော်ရယ်လေသည်။

“ယူယူ ငါတကယ်ပြောနေတာ” နီအန်းယီ အခိုင်အမာပြောလေသည်။

“ကျွန်တော်လည်း တကယ်ပြောတာပဲ” ရှီမာယူယူ ပြန်ပြောလေသည် “အရေခွံစုတ်တာနဲ့ အရိုးကနေ အသားခွာသလိုနာကျင်မှုက တဖြည်းဖြည်းဖြစ်သွားမှာ၊ အဲဒါကိုဖြေရှင်းဖို့ ဘယ်လိုလုပ်နည်းလမ်းရှိမှာလဲ”

“ဘာလို့အဲလောက် နာရတာလဲ” သက်တန့် တုန်ယင်နေလေသည်။

“အအေးဓာတ်က သူ့ရဲ့အတွင်းအင်္ဂါတွေ၊ ခြေလက်တွေနဲ့ အရိုးတွေကို တဖြည်းဖြည်းစိမ့်ဝင်နေပြီ၊ အခု အဲဒါကို ဖြည်းဖြည်းချင်းထုတ်ရမှာဆိုတော့ သေချာပေါက်နာမှာပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါပေမဲ့ အရမ်း စိုးရိမ်ဖို့မလိုပါဘူး နာရုံပဲ သူ့ကိုကိုက်ဖို့လက်လေးပေးလိုက်ပေါ့”

“ယူယူ…” နီအန်းယီသည် အကူအညီမဲ့စွာအော်လေသည်။

ရှီမာယူယူသည် မတ်တပ်ရပ်ကာ ပြောလေသည် “စိတ်ညစ်မသွားအောင် သူ့ကိုတစ်ယောက်တည်းထား တာကောင်းမယ်၊ ကြောက်နေလည်း ဒီမှာနေနေလို့ ဘာမှမဖြစ်မလာဘူး၊ သက်တန့်သွားရအောင်”

“အင်း” သက်တန့်နှင့် ဟာစွန်တို့သည် ရှီမာယူယူနှင့်ထွက်သွားရာ ရှီချန်းနှင့် ညီအစ်ကိုများကျန်ခဲ့လေ သည်။

သူတို့နေလိုသည်လားဟု သူမ မမေးတော့ပေ။ သူမထွက်လာပြီးနောက်တွင် အဒေါ်၃ကိုရှာရန်သွား လိုက်သည်။ အဒေါ်၃ သူမကိုလာရှာသည်ဟု ဟာစွန်ပြောသောစကားကို သူမ မမေ့ပေ။

အဒေါ်၃သည် သူမအခန်းထဲတွင် ဝိဉာဉ်စွမ်းအင်သုံးကာ ပိုးမျှင်ရစ်နေသည်။ ရှီမာယူယူ ဝင်လာချိန်တွင် ပိုးမျှင်များသည် အပေါ်တွင်ရစ်ပတ်နေသည်ကို တွေ့လိုက်ရသည်။

ပန်းထိုးသမားများအတွက်တော့ ပိုးမျှင်ရစ်ခြင်းမှာလည်း သူတို့၏ အားကိုတိုးစေနိုင်သည့် နည်းလမ်း တစ်ခုပင်ဖြစ်သည်။

သူမသည် တံခါးကိုမှီကာ အခန်းထဲမှ မြင်ကွင်းကိုကြည့်နေလေသည်။ ထိုနှစ်က သူမ ပိုးမျှင်ရစ်သည်ကို မှတ်မိနေသေးသည်။ ထိုအချိန်က ဦးလေး၃သည် သူမဘေးတွင်ရှိနေသေးသည်။ သူမနှင့်တွေ့ဆုံခြင်းသည် သူ့ ဘဝတစ်ခုလုံးအတွက် ကံအကောင်းဆုံးဖြစ်သည်ဟု ဦးလေး၃ ပျော်ရွှင်စွာပြောခဲ့သည်။

ကံမကောင်းစွာပင် အဒေါ်၃သည် အခုချိန်ထိ ပိုးမျှင်ရစ်နေဆဲဖြစ်ကာ သူမသည် တံခါးကိုမှီပြီး ကူညီပေး ခြင်းမရှိပဲ ကြည့်ရုံသာကြည့်နေခဲ့သည်။

ရှီမာယူယူ ဝင်လာသည်ကို အဒေါ်၃ မြင်လိုက်သည်။ သူမ ရပ်လိုက်ပြီး ပြောလေသည် “လာပြီလား”

“”

“အဒေါ်၃” သူမ လျှောက်သွားပြီး ဘေးမှသိုင်းဖက်ကာ အဒေါ်၃၏ ပခုံးပေါ်ခေါင်းမှီလိုက်သည်။

အဒေါ်၃ပြုံးပြီး သူမကို ဖက်လိုက်သည် “ကလေးလိုလုပ်နေတုန်းပဲ”

“အဒေါ်၂ ရှေ့မှာတော့ ယူယူက ကလေးပဲ” ရှီမာယူယူသည် ချွဲနွှဲစွာပြောလေသည်။

“သမီးကို ကလေးတစ်ယောက်လိုပဲနေစေချင်တာ” အဒေါ်၃ ပြောလေသည် “ဒါပေမဲ့ သမီးကိုယ်သမီး ဖိအားပေးလွန်းတယ် သမီးလုပ်တဲ့ဟာတွေလည်းကြည့်ဦးလေ အဒေါ်သမီးကိုကြည့်ပြီး စိတ်မကောင်းဘူး၊ ဒီနှစ် တွေမှာ နေရတာ အရမ်းခက်ခဲမှာပဲ”

ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “မခက်ခဲပါဘူး၊ ဒါနဲ့ အဒေါ်၃.. သမီးလေ့ကျင့်နေတုန်းကို အဒေါ်၃ လာရှာတယ်လို့ပြောတယ် ဘာဖြစ်လို့လဲ”

“ဘာမှတော့မဟုတ်ပါဘူး၊ ဘယ်တော့ထွက်သွားကြမလဲလို့ မေးမလို့ အဲဒါမှ ဆိုင်ကိစ္စဖြေရှင်းလို့ရမှာ လေ” အဒေါ်၃ ပြောလိုက်သည်။

“ဘာကို ဘာလို့လဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီဝိဉာဉ်အဝတ်တွေက သမီးတို့အတွက်လုပ်ပေးဖို့ သုံး မှာပဲ၊ ဒီအိမ်ကို ဒီမှာပဲအလွတ်ထားလိုက် နောက်ကိုလိုချင်လိုလာမှာ”

“ဒါဆိုလည်း ဒီလိုပဲထားခဲ့လိုက်မယ်” အဒေါ်၃ ပြောလေသည်။

“အင်း ဒီတိုင်းပဲထားလိုက်”

“ဒါဆို ဘယ်တော့ထွက်သွားပြီး အင်အားကြီးထောင်မှာလဲ၊ ဘာအစီအစဉ်တွေရှိလဲ” အဒေါ်၃ မေးလေ သည်။

ရှီမာယူယူသည် သူမကိုလွှတ်ပြီး ဘေးသို့သွားလိုက်သည် “ဒီကိစ္စက လောဖို့မလိုဘူး၊ ဖြည်းဖြည်းချင်း အစီအစဉ်ချမှရမယ်၊ ရှီချန်းရဲ့အခြေအနေကောင်းလာရင် သူတို့က အသုံးဝင်လာမှာ၊ ဒီကိစ္စကိုနောက်မှ အတူ တိုင်ပင်ကြမယ်၊ ဒါပေမဲ့ ထွက်တာတော့ ၂ရက်လောက်နေမှပဲ၊ ဒီမှာကရှုပ်ယှက်ခတ်နေတာ၊ အဲတော့ အစီအစဉ်ဆွဲဖို့ အဆင်မပြေဘူး”

“ဒါဆို ဒီ၂ရက်အတွင်းကို ငါ အထုတ်ပြင်ထားလိုက်တော့မယ်၊ ဒီမှာ ပစ္စည်းအများကြီးမရှိပေမယ့် အကုန် ထုတ်ထားလိုက်တော့မယ်” အဒေါ်၃သည် ထရင်းနှင့် ပြောလေသည်။

“နောက်မှ ထုတ်လို့ရပါတယ်၊ ရှီချန်းရဲ့ခန္ဓာကိုယ်ပြန်ကောင်းဖို့ ၂ရက်အပြည့်အဝနားဖို့လိုတယ်” ရှီမာယူယူ သူမကိုပြန်ဆွဲလိုက်သည် “စကားပြောရအောင်ပါ”

ရှီမာယူယူ သူမအပေါ်ယုံကြည်သည်ကို ကြည့်ပြီး အဒေါ်၃ ပြုံးလိုက်သည် “ဘာတွေပြောချင်တာလဲ သမီးရဲ့အရင်ကအကြောင်းတွေပြောမလို့လား မဟုတ်ရင် သမီးကြိုက်တဲ့လူအကြောင်းလား”

သူမ နှစ်သက်သည့်လူအကြောင်းဟု ပြောလိုက်သည်နှင့် ရှီမာယူယူ မိုရှားကို အရင်ဆုံးတွေးမိသည်။ သူမကို ပုံစံမဲ့ကမ္ဘာမှ ဆွဲခေါ်လာပြီးကတည်းက သူ နိုးမလာခဲ့ပေ။

“အဒေါ်၃ သမီးကို မစပါနဲ့ သမီးကြိုက်တဲ့လူက ဘယ်မှာရှိမှာလဲ” သူမ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

“တကယ်မရှိဘူးလား” အဒေါ်၃သည် သူမအား နားလည်သလိုကြည်ေ့လသည်။

ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “သမီး အတိတ်အကြောင်းတွေကို အဒေါ်၃လည်းသိတာပဲ၊ ဒီဘဝမှာ မကြီးထွားနိုင်လို့ ကျင့်ကြံတာနဲ့ပဲအလုပ်များနေတာ၊ ဘယ်မှာသွားရှာမှာလဲ”

သူမ ဘယ်လိုကျင့်ကြံခဲ့သည်ဖြစ်ကြောင်း၊ ခံစားရသည့်နာကျင်မှုများနှင့် စိတ်ဓာတ်များကျခဲ့ခြင်း အကြောင်းများကို ဖက်တီးကျူပြောခဲ့သည်ကို အဒေါ်၃ အမှတ်ရသွားသည်။ သူမ လက်ကိုကိုင်ပြီး ပြောလိုက် သည် “သမီး အရမ်းကြိုးစားခဲ့တာပဲ”

“အဲလောက်လည်းမခက်ပါဘူး” ရှီမာယူယူ ပြုံးလိုက်သည် “သမီးကအချိန်တိုင်းမှာ ပေးဆပ်ရတာတွေ ရှိတယ်လို့ထင်ရပေမယ့် ရခဲ့တာတွေလည်းအများကြီးပါ၊ သမီးရလာတာတွေနဲ့ယှဉ်ရင် ခံရတာက ဘာမှမဟုတ် ပါဘူး”

“လိမ္မာလိုက်တဲ့ကလေး” ဒေါ်၃သည် သူမမြင်ခဲ့ရသဖြင့် စိတ်ထဲမှ ဝမ်းနည်းမှုကို ဖုံးကွယ်လိုက်သည်။

“အဒေါ်၃က ကိစ္စတွေတော်တော်များများသိတာပဲ အင်အားကြီးတည်ထောင်တာကို ဘယ်လိုထင်လဲ”

“ငါ သမီးဦးလေး၃ဆီက အများကြီးကြားဖူးတယ်…”

ရှီမာယူယူနှင့် အဒေါ်၃တို့သည်အခန်းထဲတွင် အချိန်အတော်ကြာ စကားပြောနေခဲ့ကြသည်။ အဒေါ်၃ အထုတ်စတင်ထုတ်ပိုးတော့မှပင် သူမ ရပ်လိုက်သည်။ သူမထွက်လာပြီးနောက်တွင် သူမအခန်းသို့ပြန်လာပြီး ဖက်တီးကျူျတို့ကို ထွက်သွားမည်ဖြစ်ကြောင်းပြောလိုက်သည်။

အားလုံး၏ပစ္စည်းများသည် မှော်ဝင်လက်စွပ်အတွင်းထည့်ထားသဖြင့် ထုတ်ပိုးရန်ဘာမှမရှိပေ။ သူတို့ အဖွဲ့သည် အဒေါ်၃၏ ခြံသို့လာလိုက်ကြသည်။

အဒေါ်၃၏ ခြံဝန်းသည် ကျယ်ဝန်းမှုမရှိပေ။ အားလုံးရောက်လာသောအခါ လူပြည့်သွားသည်။ ကံကောင်းစွာပင် အားလုံးသည် ခြံဝန်းအတွင်းတွင်သာ စောင့်ကြသည်။ လူများနေသော်လည်း လှုပ်ရှားမရသည် တော့မဟုတ်ပေ။

ရှီချန်းကုသနေစဉ်အတွင်းတွင် ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် ခြံဝန်းအတွင်းတွင် ဖြတ်လမ်း တည်ဆောက်မှုလုပ်နေကြသည်။ သူကုသပြီးသည်နှင့် သူတို့သည် ထိုနေရာမှ ထွက်သွားကြမည်။

ပြီးခဲ့သည့် ၂ရက်တွင် လူအများသည် အဒေါ်၃၏ ဆိုင်နား လာကြသည်။ တချို့လူများသည် ကာကွယ် ရေးတည်ဆောက်မှုကိုပင် တိုက်ခိုက်ကြသည်။ သူတို့သည် စိတ်မရှည်ကြတော့ပေ။

ဖြတ်လမ်းတည်ဆောက်မှု အဆင်သင့်ဖြစ်သွားသောအခါ ဝေကျိရွှီတို့ကို အရင်သွားနှင့်ရန် ရှီမာယူယူ ပြောလိုက်သည်။

ဝေကျိရွှီ၊ ရှီမာယူမင်တို့နှင့် ဖန်မိသားစု၅ယောက်တို့သည် အရင်သွားနှင့်ကြသည်။ ခြံဝန်းသည် ချက်ချင်း ပင် လစ်ဟာသွားသည်။

ခြံဝန်းငယ်၏ အပြင်မှလူများသည် ခြံဝန်းထဲမှ တောက်ပသောအလင်းတန်းကို တွေ့လိုက်ကြသည်။ သူတို့ အော်လိုက်ကြသည် “ဒါက ဖြတ်လမ်းတည်ဆောက်မှုအလင်းတန်းမလား အဲလူတွေထွက်သွားကြပြီလား”

“သူတို့မှာ တည်ဆောက်မှုသခင်ရှိတယ်လို့ကြားတယ်၊ သူတို့တည်ဆောက်မှုလုပ်လိုက်တာ ဖြစ်လောက် တယ်” လူတစ်ယောက်က ပြောလိုက်သည်။

“မဟုတ်ဘူး အထဲမှာ လူတွေရှိသေးတယ်၊ သူတို့ထွက်မသွားကြသေးဘူး အားလုံးပဲ မြန်မြန်တိုက်ကြ သူတို့ကို ထွက်သွားခွင့်မပေးနိုင်ဘူး”

“ဟုတ်တယ် တိုက်ရအောင်၊ သူတို့ကို ထွက်သွားခွင့်မပေးဘူး၊ ဒီနေ့သူတို့ကို ထွက်သွားခွင့်ပေးလိုက်ရင် နောက်ကျ သူတို့တည်နေရာကို သိဖို့ခက်သွားလိမ့်မယ်”

အပြင်ဘက်ရှိလူများသည် ကာကွယ်ရေးတည်ဆောက်မှုဆီသို့ အလျင်စလိုပြေးလာကြရာ တည်ဆောက်မှုသည် ထိုခဏတော့ လှုပ်ခါသွားလေသည်။

အပြင်မှလူများ စတင်တိုက်ခိုက်သည်နှင့် ဖန်ခိုင်တို့အဖွဲ့သည် အခန်းထဲမှ ပြေးထွက်လာကြသည်။

“အဲလူတွေက တကယ်ပဲ… ညီ ၄နဲ့၅ သူတို့ကို သွားရင်ဆိုင်လိုက်” ဖန်ခိုင်သည် ဒေါသထွက်လာကာ ထိုလူများကို သွားတိုက်ချင်နေသည်။

“သူတို့ကို ဘာဂရုစိုက်နေတာလဲ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ကိုဒီအတိုင်းထားလိုက် မဟုတ် လည်း ဒီကိုရောက်မလာနိုင်ဘူး”

“ဒီတည်ဆောက်မှုကို သူတို့ဖျက်နိုင်လို့ ဝင်လာနိုင်ရင် အစ်ကို၃ကို အနှောင့်အယှက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ယူရှီသည် စိုးရိမ်သောအသံဖြင့်မေးလေသည်။

***

All Chapters