အခန်း (၇၈၈)
Vol. 53 Ch. 788
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော ပုံရိပ်ယောင် အစီအရင်ပေါ်မှာတော့ ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်၏ ပထမအဆင့်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်၏။
သိုင်းကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးများ နှင့် အထဲတွင် ရှိသော အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိနေကြသည်။
ကျွင်းချောင်ရှောင်းနှင့် တပည့်များသည် မျှော်စင်အား စိန်ခေါ်ရန် စတင်ကာ ပြင်ဆင်နေကြ၏။
ဒွီ
မကြာခင်မှာပဲ တည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွား၏။
ချက်ချင်းပဲ မူလပုံရိပ်ယောင် တည်နေရာ မြင်ကွင်း ပေါ်မှာတော့ အလွန်တရာ လှပသည့်တောင်များနှင့် ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံး ပေါ်ပေါက်လာခဲ့တော့သည်။ ကြည်လင်ရှင်းလင်းနေသော ရေများအားလုံးသည် စီးဆင်းလျက်ရှိနေ၏။ နတ်ဘုံနတ်နန်းကြီးတစ်ခုလိုပင်။
"ပထမကမ္ဘာ"
မြို့တော်ဝန်ဟန်က ထအော်လိုက်မိ၏။
သူ့အနေနှင့် ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင် ထဲမှာ ပါဝင်သည့် အကြောင်းအရာများအားလုံးကို ရှေးမှတ်တမ်းမှတ်ရာများကြောင့် နားလည်မှုတစ်ချို့တော့ ရှိ၏။ သို့ပေမဲ့ စကားလုံးများဖြင့်သာ နားလည်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကိုယ်တိုင်မြင်တွေ့ခွင့် ရလိမ့်မည်ဟု မထင်မှတ်မိခဲ့ချေ။
ထို့ကြောင့် သူ စိတ်ကူးယဉ် ပုံဖော်ထားသည့် အရာများနှင့် ခြားနားမှု ရှိနေသည်ကို သိရှိလိုက်ရသည်။
"ဘယ်လောက်လှတဲ့ မြင်ကွင်းလဲ။ဒါက အစစ်အမှန်လိုလို ပုံရိပ်ယောင်လိုလို အရာတစ်ခုပဲ။"
"ဒီမျှော်စင်ထဲမှာရှိတဲ့ ကမ္ဘာကြီးဆယ်ခု ကို ဒီ သိုင်းအင်ပါယာတွေ ဖန်တီးထားတာပဲ။ဒါ့ကြောင့် ဒါက အစစ်အမှန်လိုလို၊ ပုံရိပ်ယောင်လိုလို ဖြစ်နေတာပဲ"
အားလုံး ဆွေးနွေးနေတုန်းမှာပဲ အလွန်တရာ လေးနက်ပြီး တည်ကြည်လှသော အသံတစ်ခုသည် ပုံရိပ်ယောင် မြင်ကွင်းထဲမှ ထွက်ပေါ်လာခဲ့သည်။
"ကျုပ်က တောရိုင်း အင်ပါယာပဲ။ဒီလောကကြီးကို ဖန်တီးခဲ့တာ။ တကယ်လို့ ဖြတ်သန်းသွားလာနိုင်မယ်ဆိုရင် ကြွက်သားနဲ့ အရိုး အရည်တွေ ပိုပြီး ကြံခိုင်လာနိုင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။ပြီးတော့ ကျုပ်နဲ့ ရေစက်ပါတဲ့ လူတွေက တောရိုင်းခန္ဓာကိုယ်ကို အမွေအဖြစ် ဆက်ခံ ရရှိလိမ့်မယ်။"
"တောရိုင်းအင်ပါယာလား"
ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။
အင်ပါယာများ၏ တိုက်ပွဲအတွင်းတွင် ဤတောရိုင်းအင်ပါယာသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဆိုသော သတင်းစကားကိုတော့ သူတို့ သိရှိခဲ့ကြပြီးသား ဖြစ်သည်။
၎င်းသည် တောရိုင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်၏။ ထိပ်တန်း ခန္ဓာကိုယ် တစ်ခုဖြစ်ပြီး ဖျက်စီး၍ မရနိုင်သော မိုးကြိုး ခန္ဓာကိုယ်ထက်ပင် ပို၍ အားကောင်းသေးသည်ဟု ဆိုရိုးစကား ရှိ၏။
ဤအရာကို အဆုံးစွန်ထိ နားလည်နိုင်ပြီဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံးသည် တောင်ရိုင်း ခန္ဓာကိုယ် အဖြစ် ဖြစ်တည်လာမှာဖြစ်ပြီး လောကကြီးတစ်ခုလုံး ပျက်စီးသွားလျှင်တောင်မှ ခန္ဓာကိုယ်တစ်ခုလုံးသည် မပျက်စီးနိုင်ချေ။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက အင်ပါယာများ အကြား တိုက်ပွဲတွင် ၎င်းတောရိုင်း အင်ပါယာသည် များပြားလှသည့် တစ်ခြားသော သိုင်းအင်ပါယာများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့၏။ သူသည် သူ၏ တောရိုင်းခန္ဓာကိုယ်ကို အသုံးပြု၍ ကျန်သိုင်းအင်ပါယာနှစ်ယောက်ကိုပင် ဖိနှိပ်တိုက်ခိုက်ခဲ့သေးသည်။
"တောရိုင်း ခန္ဓာကိုယ်ဟုတ်လား"
ရှောင်ကျီ၏ မျက်နှာများသည် လင်းလက်သွား၏။ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်မို့ သူသည် ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးကို ရယူပိုင်ဆိုင်ချင်နေမိ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ရှောင်ကျီ ဒီ ခန္ဓာကိုယ်က မင်း အတွက်ပဲ..."
အားလုံးသော သူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။
အစ်ကိုကြီး ဒီထဲမှာ ရှိတဲ့ အစီအရင်တွေက ဖျက်စီးခံရတာ ကြာလှနေပြီလေ။ဒီထဲမှာ ရှိတဲ့ အမွေအနှစ်တွေ အကုန်လုံးကလည်း မရှိတော့ဘူး။ ဘာတွေ ဝေစုခွဲနေတာလဲ။
၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်းကို သေသေချာချာ အာရုံစိုက် ကြည့်ရှုနေကြခြင်း ဖြစ်သည်။
သို့ပေမဲ့ အားလုံး၏ မြင်ကွင်းထဲတွင် ပျောက်ကွယ်နေသော ရှန်ကွမ်းရှင်းရောင်ကိုတော့ သတိမပြုမိကြပေ။ ဤမိန်းကလေးသည် ကျန်းတယ်ကျွင်းနှင့် ဆက်သွယ်၍ အစီအရင်တစ်ခုလုံးကို လေ့လာလျက်ရှိနေ၏။
"အကြီးအကဲကျင်း အထဲမှာ ရှိတဲ့ အစီအရင်က အရမ်း ရှုပ်ထွေးလွန်းတယ်လေ။အချိန်အတိုင်းအတာ တစ်ခု အထိ ကျွန်မ ထွင်းဖောက်နိုင်မှာ မဟုတ်ဘူး။"
"အလျင်မလိုနဲ့ … အေးအေးဆေးဆေး လုပ်ရအောင်"
အပြင်ဘက်တွင် ရှိသော ကျန်းတယ်ကျွင်းမှာတော့ အကောင်းဆုံး ကြိုးစား၍ လေ့လာနေတော့သည်။ သူ၏ အစီအရင်တာအိုသည် မြင့်မားလွန်းသည် ဆိုသော်လည်း လွယ်လွယ်ကူကူနှင့် အောင်မြင်နိုင်မည့် အရာ မဟုတ်မှန်း သိရှိနေသည်။
ဝူး ….။
ရုတ်တရက်ဆိုသလိုပဲ ထူးဆန်းလှသည့် အော်ရာများသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ဤတည်နေရာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
ပြီးနောက် လှိုင်းကဲ့သို့သော အသံအကျယ်ကြီးသည် ထွက်ပေါ်လာခဲ့သည်။
“ဒီလောကကြီးက ကျုပ်ရဲ့ အသိစိတ်တွေ ရှိနေတယ်။ ဒီတော့ ကျင့်ကြံသူတွေအားလုံးက ခုခံဖို့ ပြင်ဆင်ထားကြရမယ်။နှစ်နာရီ တိတိ ဒီနေရာမှာ ခုခံနိုင်စွမ်းရှိတဲ့ လူတွေက ဒုတိယ လောကကြီးဆီကို ဖြတ်သန်း တက်လှမ်းသွားနိုင်တယ်။"
ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသူများသည် အလွန်တရာ ရှေးကျလှသော အော်ရာများကို ခံစားမိသည့် အချိန်မှာတော့ မျက်နှာပေါ်တွင် အပြုံးများ ဖြစ်တည်လာခဲ့သည်။ ဤကဲ့သို့သော အော်ရာများသည် ၎င်းတို့ ခံစားဖူးပြီးသား ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် စမ်းသပ်မှု မျှော်စင်၏ ပထမထပ်တွင် ထိုကဲ့သို့သော အော်ရာမျိုး ရှိနေသောကြောင့်ပင်။ မြေဆွဲအားတည်နေရာကြီးပင် ဖြစ်တော့သည်။
"ဂိုဏ်းချုပ်"
ရှောင်ကျီက အသံပို့လွှတ်လိုက်သည်။ "ဒါက အရမ်းကို ရိုးရှင်းတယ်"
ဤနေရာတွင်ရှိသော မြေဆွဲအားသည် စမ်းသပ်မှု မျှော်စင်၏ မြေဆွဲအားထက် ပိုမို၍ အားကောင်းသည် ဆိုသော်လည်း သူ၊ လီချင်းယန်နှင့် တစ်ခြားသော သူများ အတွက်တော့ အသာအယာ လျှောက်လှမ်းသွားရန် လုံလောက်သည့် အရာပင် ဖြစ်နေတော့သည်။ ၎င်းတို့သည် ပိုမိုမြင့်မားသည့် မြေဆွဲအားကို ရင်ဆိုင်ရမည် ဆိုလျှင်တောင် ကောင်းကောင်းကိုင်တွယ်နိုင်၏။
ဝူး …. ဟူး။
တည်နေရာတွင် ရှိသော မြေဆွဲအားသည် ရုတ်တရက် ဖြစ်တည်လာခဲ့တော့သည်။
စနစ်က ပြောလိုက်တော့၏။ "မြေဆွဲအား အဆနှစ်ဆယ်"
ကျွင်းချောင်ရှောင်းသည် တီးတိုး ရေရွတ်လိုက်မိသည်။ "ဒီလောက်ကြီး ရိုးရှင်းလွန်းတာလား"
စွမ်းသပ်မှုမျှော်စင်၏ မြေဆွဲအားသည် ဆယ်ဆဖြစ်၏။ သို့ပေမဲ့ သူနှင့် သူ့တပည့်များအား ထိုအထဲတွင် ကခုန်၍တောင် သွားလာနိုင်သေးသည်။
မြေဆွဲအား အဆနှစ်ဆယ် ဆိုလျှင်တောင်မှ သူတို့သည် လေးလံသည်ကို ခံစားရသည် ဆိုသော်လည်း ဘာမှ ထူးခြားသည့် သက်ရောက်မှုမျိုးကို ရရှိလိမ့်မည် မဟုတ်ချေ။
ဤနေရာတွင် နှစ်နာရီ ကြာ နေထိုင်ရခြင်းသည် ၎င်းတို့ အတွက် ပြသနာ တစ်ခုတော့ မဟုတ်ချေ။
"ဂိုဏ်းချုပ် …. ဂျူနီယာညီလေးရီက ပြသနာတက်နေပြီ"
လီချင်းယန်ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ ရီရှင်းချန် ၏ ခန္ဓာကိုယ်မှာတော့ အနည်းငယ် ကွေးညွှတ်လျက်ရှိ၏။ သူသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ၎င်း၏ နဖူးစပ်ဆီမှ ချွေးစီးများ တစ်ပေါက်ပေါက်စီနှင့် ကျနေ၏။
"ဘာတွေ ဖြစ်နေတာလဲ"
တပည့်များထဲတွင် ရီရှင်းချန် နှင့် ရှောင်ကျီ သည် မြေဆွဲအား အစီအရင်နှင့် ပတ်သက်၍ အားအကောင်းဆုံးသော ရင်ဆိုင်နိုင်သူများ ဖြစ်ကြသည်။
လက်ရှိ အခြေအနေတွင်မှာတော့ မြေဆွဲအား နှစ်ဆယ်ဆကို ခုခံနိုင်သည့် အချိန်တွင် ရီရှင်းချန်သည် ချွေးတစ်ပေါက်ပေါက် ကျလျက်ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်သည် အားနည်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။
အမှန်တကယ်တော့ အားနည်းသည် မဟုတ်ချေ။
ရီရှင်းချန် ကြုံတွေ့နေရသည့် မြေဆွဲအားသည် ငါးဆယ်ဆ …. ခြောက်ဆယ်ဆ ပြီးသည့်နောက်မှာတော့ တစ်ရာဆ ထိ တိုးမြှင့် ရောက်ရှိနေ၏။
"ချီးတဲ့မှ …"
မြေဆွဲအား တစ်ရာဆကို ခံစားရသည့် အချိန်မှာတော့ ရီရှင်းချန်သည် မနည်းရုန်းကန်နေရ၏။
"ဘာလို့တစ်ခြားသူတွေက အေးဆေးဖြစ်နေပြီး င့ါကျမှ ဒီလောက် ဖိအားတွေ များနေရတာလဲ။ ဘာတွေ ဖြစ်နေတာလဲ"
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ "မင်း မြေဆွဲအား နှစ်ဆဆကိုတောင် မခံနိုင်ဘူးလား"
"နှစ်ဆယ်ဆ ဟုတ်လား"
ရီရှင်းချန်သည် အံကို ကြိတ်ကာဖြင့် ခက်ခက်ခဲခဲ ပြောလိုက်သည်။ "ဒါက ပုံမှန်မဟုတ်ဘူး။အနည်းဆုံး အဆတစ်ရာထက် အားမနည်းဘူး"
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အံ့အား သင့်မှုများဖြင့်ပြည့်နက်သွားသည်။ သူသည် လီချင်းယန်နှင့် တစ်ခြားသူများကို မြန်မြန်လှမ်း၍ မေးမြန်းလိုက်၏။
၎င်းတို့အားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နက်သွားကြသည်။ သူတို့သည် မြေဆွဲအား နှစ်ဆယ်ဆကို ရင်ဆိုင်နေရခြင်းသာ ဖြစ်သည်။ အဘယ့်ကြောင့် ရီရှင်းချန် တစ်ယောက်တည်းသာလျှင် မြေဆွဲအား တစ်ရာဆကို ရင်ဆိုင်နေရသနည်း။
စနစ်က ပြောလိုက်သည်။ "သူက တစ်ခြားနယ်မြေက လာလို့ ဖြစ်လိမ့်မယ်"
"သူ့ရဲ့ အသက်က စံချိန်စံညွှန်းနဲ့မကိုက်ညီလောက်ဘူး။ဒီတော့ သူ ခံစားရတဲ့ ဖိအားက ခြားနားနေတာ ဖြစ်လိမ့်မယ်။"
ကျွင်းချောင်ရှောင်းသည် နားလည်လိုက်မိ၏။ ထို့ကြောင့် အသံပို့လွှတ်ကာ မေးလိုက်၏။ "မင်း အရင်ဘဝတုန်းက အသက်တစ်ရာထက် ကျော်ခဲ့တယ် မဟုတ်လား"
၎င်းတို့နှစ်ယောက်လုံးသည် ပုံမှန် မဟုတ်သည့် ကိစ္စများကို အသံပို့လွှတ်ကာ ဆွေးနွေးနေကြခြင်း ဖြစ်သည်။
ရီရှင်းချန်သည် ဂိုဏ်းချုပ်၏ စကားကို ကြားရချိန်မှာတော့ တွေးလိုက်မိသည်။ ဟုတ်တယ် … ငါ တစ်ခြားသူတွေထက် အားကောင်းတဲ့ ဖိအားကို ခံစားနေရတာ ဒါကြောင့် ဖြစ်လိမ့်မယ်။
သူသည် စမ်းသပ်မှု မျှော်စင်ထဲသို့ ဝင်ရောက်ခဲ့သည် ဆိုလျှင်တောင်မှ သူ၏ အစစ်အမှန် အသက်ထက် ဝိညာဉ်၏ အသက်သည် အလွန်တရာ မြင့်မားနေ၏။ ထို့ကြောင့်ပင် ကြီးမားသည့် ကြိုဆိုမှုကို ခံနေရခြင်းပင် ဖြစ်တော့သည်။
ဟူး။
ပြောပြီးသည့်နောက်မှာတော့ ဖိအားတစ်ရာဆသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ကျဆင်းလာတော့သည်။
သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွား၏။ ခန္ဓာကိုယ်သည်လည်း ပိုမို၍ ကွေးညွှတ်လာခဲ့သည်။
သူသည် စမ်းသပ်မှု မျှော်စင်နှင့် ပတ်သက်သည့် အတွေ့အကြုံများကို နေ့စဉ် ရယူပြီးဖြစ်သည်။ မဟုတ်ပါက လက်ရှိ အချိန်တွင် မြေပေါ်တွင် လဲကျနေမှာ သေချာ၏။
"မင်းတောင့်ခံနိုင်ရဲ့လား"
ကျွင်းချောင်ရှောင်းသည် စိတ်ပူစွာဖြင့် ပြောလိုက်မိသည်။
သူသည် လက်ရှိ အခြေအနေ၌ စိတ်ပူပန်လျက်ရှိသည်။ ဤကဲ့သို့သော ဖြစ်မှန်းသိပါက သူသည် ထျန်းချီကိုသာ ခေါ်ဆောင်လာမိလိမ့်မည်။
"ရတယ်"
ရီရှင်းချန်သည် ခက်ခက်ခဲခဲနှင့် မြေဆွဲအား တစ်ရာဆအား ခုခံလျက်ရှိနေတော့သည်။
သူ ကြုံနေရသော ဖိအားများသည် တစ်ခြားသူများထက် ပိုမိုမြင့်မားသော်လည်း သူ့၌ ယခင် တောရိုင်း အင်ပါယာ အား မည်သို့မှ အရှုံးမပေးနိုင်ဘူးဆိုသော စိတ်ခံစားချက်များ တည်ရှိနေ၏။
“ဂိုဏ်းချုပ်ကျွင်းနဲ့ တစ်ခြားတပည့်တွေရဲ့ အမူအရာက ပုံမှန်ပဲလေ။ ဒါပေမဲ့ ရီရှင်းချန်က ဘာလို့ ပုံပျက်ပန်းပျက် ဖြစ်နေတာလဲ"
အားလုံးသည် မြင်ကွင်းကို စိုက်ကြည့်ရင်းနှင့် တစ်ယောက်တည်း ဖြစ်ပျက်လျက်ရှိနေသော ရီရှင်းချန်အား သတိပြုမိလျက် ရှိနေကြသည်။
"မယုံနိုင်စရာပဲ"
မြို့တော်ဝန်ဟန်သည် ထိပ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။
သူ ဖတ်ရှုပြီးသော ရှေးဟောင်းမှတ်တမ်းများ အရဆိုလျှင် ဤပထမဦးဆုံးသော လောကသည် ကြီးမားလွန်းသော မြေဆွဲအား ဖိအားကို ခံစားရသည်။ သို့ပေမဲ့ အထဲသို့ ဝင်ရောက်သွားသည့် လူဆယ်ယောက်တွင် ကိုးယောက်မှာ တည်ငြိမ် အေးဆေးလျက်ရှိနေ၏
အချိန်တွေကုန်လွန်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသူများအားလုံးသည် မတ်မတ်ရပ်လျက်ရှိနေသည်။
ရီရှင်းချန်မှာတော့ နဖူးသွေးကြောများပင် ထောင်ထလျက်ရှိနေသည်။ သူ၏ ကျောရိုးမကြီးတစ်ခုလုံးသည် အလုံစုံ မကွေးညွတ်ဘူး ဆိုလျှင်တောင်မှ အံကို ကြိတ်ကာဖြင့် ဖိအားဒဏ်ကို အလွန်အမင်း ခံစားနေရပုံပေါ်၏။
"ဂျူနီယာညီလေးရီ …. တောင့်ခံထား၊ ဂျူနီယာညီလေးရီ …. တောင့်ခံထား"
၎င်း၏ ဘေးတစ်ဖက် တစ်ချက်တွင် ရှိနေသော လီချင်းယန်နှင့် တစ်ခြားသူတို့သည် မြေဆွဲအား နှစ်ဆယ် ဆ ကို ရင်ဆိုင်ရင်း သူ့အား အားရပါးရ အားပေးလျက်ရှိနေတော့သည်။
ရီရှင်းချန် “.......”