မထင်မှတ်ထားသော နေရာများ
Vol. 008 Ch. 744
ယူရှီသည် စိတ်ပူနေသော်လည်း ရှီမာယူယူ၏ ပေါ့ပါးမှုကို ရိပ်မိသည်နှင့် အံ့သြစရာကောင်းလောက် အောင် ငြိမ်သွားလေသည်။
“ဒီတည်ဆောက်မှုကို ယူလင်းနဲ့ ဟုန်ဝူတို့လုပ်ထားတာပဲ ဟုန်ဝူရဲ့ အရည်အချင်းဘယ်လောက်ရှိလဲ ဆိုတာတော့ ကျွန်တော်မသိဘူး ဒါပေမဲ့ယူလင်းကိုတော့ သေချာသိတယ်” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျား တို့ စိုးရိမ်နေရင် ဒီလောက်အားလေးနဲ့ သူတို့တည်ဆောက်မှုကို ဖျက်နိုင်တယ်ဆိုပြီး သူတို့ကို လျော့တွက်ရာ ရောက်တယ်”
“ဒါပေမဲ့ ဒီတည်ဆောက်မှုက ပျက်စီးလွယ်မယ့်ပုံကြီး”
“ပျက်စီးလွယ်ပေမယ့် ခင်ဗျားတို့ အစ်ကို၃ ပြီးတဲ့အထိတော့ ခံနိုင်ရည်ရှိတယ်၊ ဒီမှာ အားတွေ မကုန်စေ နဲ့ အပြင်ထွက်သွားလို့ ဒဏ်ရာရမယ်ဆိုရင် ကျွန်တော့်အတွက် အရှုံးဖြစ်သွားလိမ့်မယ်” ရှီမာယူယူ သူတို့ကို လက် ရမ်းပြလေသည်။
“ပြန်လာခဲ့” ဖန်ဇီသည် တံခါးတွင်ရပ်နေသည် “ငါတို့မခုခံနိုင်ရင်တောင် သူတို့ထက်ကောင်းဦးမှာလား”
ရှီမာယူယူဘေးမှလူများသည် သူတို့ထက်သန်မာသည်ကို ဖန်ခိုင်သိသည်။ တစ်ခုခုသာ အမှန်တကယ် ဖြစ်လာပါက မလှုပ်ရှားပဲနှင့် ဖြေရှင်းနိုင်သည်။ အရာအားလုံးသည် သူတို့အပေါ်မူတည်သည်။ အခုချိန်တွင် သူ တို့သည် တစ်စုံတစ်ယောက်အပေါ်မှီခိုရသည်မှာ ကျင့်သားမရသေးပေ။
“အစ်ကိုကြီးနဲ့ ယူယူကအဲလိုပြောမှတော့ ပြန်သွားရအောင်” နီအန်းယီ ပြောလိုက်သည်။
“အင်း” ဖန်ခိုင်သည် ရှီမာယူယူအား ကြည့်လေသည်။ သူသည် အပြင်သွားပြီး မခုခံတော့ပေ။
ရှီမာယူလင်းသည် လှည့်ပတ်သွားလာပြီး တည်ဆောက်မှုအား စစ်ဆေးနေသည်။ ပြဿနာမရှိသည်မှာ သေခာသည်နှင့် ပြန်လာကာ ရှီမာယူယူနှင့်အတူ ဒုတိယမြောက်ဖြတ်လမ်းတည်ဆောက်မှုကို လုပ်လေသည်။
သူတို့လုပ်သမျှ တည်ဆောက်မှုများသည် တစ်ခါသုံးများဖြစ်ကြသည်။ သူတို့ တည်ဆောက်မှုကို တွက်ချက်ခြင်းမရှိပါက သွားရမည့်နေရာကို သိမည်မဟုတ်ပေ။ လူတစ်ဝက်သည် တည်ဆောက်မှုသုံးကာ ထွက် သွားပြီဖြစ်သဖြင့် ထိုတည်ဆောက်မှုသည် သုံးမရတော့ပေ။
ရှီချန်းသည် အခန်းအတွင်းရှိနေသည်။ သူ၏ အသားအရေသည် နီလိုက်ဖြူလိုက်ဖြစ်နေသည်။ သူသည် တဘက်ကိုကိုက်ထားပြီး သွေးကြောစိမ်းများသည် ထိုးထွက်နေသည်။ ချွေးစေးများသည် အဆက်မပြတ်ကျနေ ကာ အဝတ်အစားများသည် ချွေးများရွှဲစိုနေသည်။
ကုန်ရန်တို့သည် ဘေးမှစောင့်ကြည့်နေကြသည်။ သူတို့မျက်နှာများသည် လေးနက်နေကြသည်။
ဖန်ခိုင်တို့ပြန်လာသည်ကိုတွေ့သောအခါ အနည်းငယ်အံ့သြသွားပြီးမေးလေသည် “အပြင်က အခြေအနေက…”
“အဆင်ပြေပါတယ် သူတို့နဲ့ဆိုရင် အပြင်ကအခြေအနေကို စိုးရိမ်ဖို့မလိုဘူး” ဖန်ခိုင် ပြောလေသည်။
ညီအစ်ကိုများသည် နှစ်ပေါင်းများစွာ အတူနေလာပြီးဖြစ်သည်။ သူတို့သည် သူပြောချင်သည့် ဆိုလိုရင်း ကိုနားလည်သည်။ သူတို့သည် အတွေးတူသူများဖြစ်ကြသည်။ သို့သော် သူတို့သည် ရှီချန်းကို စိတ်ပူနေကြ သဖြင့် ဘယ်သူမှ ဘာမှမပြောကြတော့ပေ။
“အာ…”
ရှီချန်းသည် နာကျင်သဖြင့် လူးလွန့်နေသည်။ သူ့ကိုကြည့်ရသည်မှာ တဘက်ကိုကိုက်ထားပြီး နေရခက် နေသည်။
“အစ်ကို၃ ဘယ်လောက်ကြာအောင် တောင့်ခံနေရမှာလဲ” ထောင်ဟုန်ရှန့် မေးလိုက်သည်။
“အချိန်တစ်ခုလောက်ပေါ့” ဟုန်ဝူပြန်ဖြေလေသည် “ယူယူကတော့ ၂ရက်လို့ပြောတာပဲ နေ့တစ်ဝက် တောင်ကျော်သွားပြီ နောက်ထပ် နာရီနည်းနည်းလောက်ထပ်စောင့်ဖို့လိုမယ်”
“ဒီလောက်နာတာကို အစ်ကို၃ခန္ဓာကိုယ်ပြန်ကောင်းလာမယ်ဆိုရင်တော့ တန်ပါတယ်” ဒိုင်ယိ ပြော လိုက်သည်။
“အစ်ကို၃ ပြန်ကောင်းလာဖို့ ငါလည်းတကယ်မျှော်လင့်တယ်၊ ဒီနှစ်တွေမှာ ဒီရောဂါကြီးက သူ့ကို နှိပ်စက်နေတာ” ယူရှီ ပြောလိုက်သည်။
တကယ်တော့ သူတို့အားလုံး ခံစားမိသည်။ ရှီချန်း အသက်မရှင်ချင်ရသည့်အကြောင်းမှာ သူကြောင့် သူတို့ အသက်ဆုံးရှုံးနိုင်သည်ဟု ခံစားရသောကြောင့်ပင်။ သို့သော် သူ့အသက်သည် လွယ်ကူစွာပင် အဆုံးသတ် လိုက်ပါက သူတို့အတွက် အားနာစရာဖြစ်သောကြောင့် သူတောင့်ခံသည်။
ညီအစ်ကိုများကြားတွင် သူသည် ဉာဏ်အကောင်းဆုံးဖြစ်သည်။ သူသာ နေကောင်းသွားပါ သူ၏ အနာဂတ်ဘဝမှာ ထူးခြားသွားမည်။
ရှီချန်းသည် တောင့်ခံထားကာ သူ့မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားသည်မှာ ပေါ်လွင်နေသည်။ ထို နာကျင်မှုသည် သူ့ကိုသတ်သေချင်စိတ်ဖြစ်လောက်အောင် ဖြစ်သော်လည်း ဒီအဆင့်ကိုဖြတ်ကျော်နိုင်ပါက သူ သည် ပုံမှန်လူလိုနေနိုင်မည်ဖြစ်ကြောင်းကို သိသည်။
သေချင်တဲ့လူဆိုတာ ရှိလို့လား။ မဟုတ်ဘူး မရှိဘူး ဘယ်သူမှမသေချင်ဘူး။ ဘယ်သူမှ မသေချင်ကြ ဘူး၊ အားလုံး အသက်ရှင်ချင်ကြတာချည်းပဲ။
သူလည်း အဲထဲမှာပါတာပေါ့…
သူ သေခြင်းကိုစောင့်ရခြင်းမှာ သူ့အခြေအနေသည် ပြန်ကောင်းလာခြင်းမရှိပဲ အသက်ရှင်ရန် ဖြစ်နိုင်ချေ နည်းသောကြောင့်ပင်။ သူသည် ထိုရောဂါကြောင့် နေ့တိုင်းဝေဒနာခံစားခဲ့ရသည်။ အခု သူ့ဘဝတွင် မျှော်လင့် ချက်ရှိလာပြီဖြစ်ရာ တင်းကြပ်စွာဆုပ်ကိုင်ချင်မိသည်။
ကံကောင်းစွာပင် ဖြစ်စဉ်တစ်ခုလုံးမှာ နာကျင်သော်လည်း သူ့ခန္ဓာကိုယ်သည် ပိုပိုပြီးနွေးလာသည်ကို ခံစားရသည်။ သူသည် နာကျင်မှုအောက်တွင် ပြန်လည်ရှင်သန်လာသည်။ အားအင်ပြန်ရသည်ဟု ခံစားရသည်။
အပြင်ရှိတိုက်ခိုက်မှုများအောက်တွင် ရှီမာယူယူ၏ တည်ငြိမ်မှုနှင့် အခန်းထဲရှိ စိုးရိမ်မှုများ အတက်အကျ ဖြစ်လိုက်နှင့် တစ်နေ့တာကုန်ဆုံးသွားသည်။
အဒေါ်၃သည် ပစ္စည်းများအားလုံးကို ထုတ်ပိုးပြီးလေသည်။ ရှီမာယူယူ အခန်းထဲဝင်လာသည်။ ရှီချန်း နာကျင်မှုဖြစ်စဉ်ပြီးသွားသည်ကိုတွေ့ပြီးနောက် သူမ သွေးကြောစမ်းလေသည်။ သူမ ခေါင်းညိမ့်ကာ ပြောလိုက် သည် “ခင်ဗျားအခြေအနေ အကုန်ကောင်းသွားပြီ ခန္ဓာကိုယ်ကလည်း အခြေခံလောက်ကိုအကုန်ရှင်းနေပြီ ခင်ဗျားခန္ဓာကိုယ်က နှစ်တွေအများကြီး နေမကောင်းထားတာဆိုတော့ နလန်ထဖို့လိုသေးတယ်”
“ကျေးဇူးတင်ပါတယ်” သူသည် စိတ်ရင်နှင့် ကျေးဇူးတင်မိသည်။
သူသည် ဖြစ်စဉ်နောက်ပိုင်းတွင် ဆေး၏ သက်ရောက်မှုကိုခံစားရသည်။ သူသည် အရင်က ဆေးများစွာ သောက်ဖူးသည်။ ထိုဆေးသက်ရောက်မှုမှာ သူမပြောပြခဲ့သည့်အတိုင်းပင်။
ရှီမာယူယူသည် ဆေးတစ်ပုလင်းထုတ်လိုက်သည် “တစ်နေ့တစ်လုံး ၁၀ရက်စားပေးပါ၊ အခုလက်ရှိ အခြေအနေကို ပိုကောင်းသွားစေမယ်၊ နောက်တစ်ခါ ကျွန်တော်တို့တွေ့ရင်တော့ လုံးဝပြန်ကောင်းသွားမှာပါ”
“မင်းထွက်သွားတော့မလို့လား” ရှီချန်း မေးလေသည်။
“အခုတော့ မသွားသေးဘူး ဒါပေမဲ့ နောက်ဆိုရင် အမြဲတမ်းခွဲသွားနေရမှာပဲ” ရှီမာယူယူ ပြန်ဖြေလိုက် သည်။
သူတို့သည် အင်အားကြီးတည်ထောင်မည့်ကိစ္စကို မဆွေးနွေးရသေးပဲနှင့် သူမ ဘယ်လိုလုပ် အရင်သွား ရမှာလဲ။
“အရင်ဆုံး နားလိုက်ပါဦး နောက်မှ ပြန်လာခဲ့မယ်” သူမ ထရပ်လိုက်သည် “အပြင်ကလူတွေ ဝင်လာဖို့ ကို မစောင့်နိုင်ကြတော့ဘူး”
ရှီချန်းသည် ဆေးယူလိုက်သည်။ သူ၏ အားနည်းသောခန္ဓာကိုယ်သည် ပို၍ သက်တောင့်သက်သာဖြစ် လာသည်။ သူ့ခန္ဓာကိုယ်သည် အားနည်းနေသေးသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ဖြတ်လတ်မှုများ ပြည့်ဝစွာ စီးဆင်းနေသည်ကို ခံစားရသဖြင့် စိတ်လှုပ်ရှားနေသည်။
သူတို့သည် လျင်မြန်စွာပင် အားလုံးကိုထုတ်ပိုးပြီးလေသည်။ သူတို့သည် အပြင်တွင် အချိန်တစ်ခု လောက် နေရမည်ဖြစ်သဖြင့် စားပွဲများနှင့် တခြားသော ပရိဘောဂများကိုပါ ထုတ်ပိုးရန် အဒေါ်၃ကို ရှီမာယူယူ ပြောလိုက်သည်။ ထိုပရိဘောဂများနှင့်ဆိုလျှင် စခန်းချလျှင်လည်း အဆင်ပြေနိုင်သည်။
အားလုံးသည် ဖြတ်လမ်းတည်ဆောက်မှုပေါ်တက်လိုက်ကြသည်။ ရှီမာယူလင်းသည် ဖြတ်လမ်း တည်ဆောက်မှုကို အသက်သွင်းလိုက်သည်။ ဖြတ်လမ်းတည်ဆောက်မှုအသက်ဝင်လာသည်နှင့် သူတို့ကို အဝေးသို့ပို့ဆောင်ပေးလေသည်။ သူတို့ထွက်သွားသည်နှင့် တည်ဆောက်မှုကျောက်တုံးများသည် အချိန်တို အတွင်းတွင် လေနှင့်အတူပျောက်ကွယ်သွားလေသည်။
သူတို့ထွက်သွားပြီးနောက်ပိုင်းတွင် အပြင်မှတိုက်ခိုက်နေသူများသည် ကာကွယ်ရေးတည်ဆောက်မှုကို ဖျက်လိုက်နိုင်ကြသည်။ သူတို့ဝင်လာချိန်တွင် အေးစက်သောပြီး ဗလာကျင်းနေသော ခြံဝန်းကိုသာ တွေ့လိုက်ရ သည်။
အမှောင်တောအနက်ထဲတွင် ရှီမာယူယူနှင့် တခြားသူများသည် လေဟာပြင်ဝင်ပေါက်မှ ထွက်လာကြ သည်။
“ယူယူ လာပြီလား” ဖက်တီးကျူတို့သည် ကြိုးကြာနီအုပ်စုနှင့် ကစားနေကြသည်။ သူတို့လာသည်ကို မြင်သောအခါ ပြုံးပြီးနှုတ်ဆက်ကြလေသည်။
“မင်းက ဒီမှာသာယာနေတာပေါ့” ရှီမာယူယူသည် လျှောက်လာပြီး သူ့ခေါင်းကိုရိုက်လိုက်သည်။
“ဒီကိုပို့ဖို့ မင်းကိုဘယ်သူပြောလို့လဲ” ဖက်တီးကျူသည် ကာကွယ်ပြောလေသည် “ဒီနားကမြိုကတစ်မြို့ ကိုပို့မယ်ထင်နေတာ ဒီကိုပို့လိုက်တာပဲ”
“ဒီနားကမြို့တွေလည်း အခုနောက်ပိုင်းကို သတိထားမိလောက်စရာပဲလေ” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ အရင်ဆုံးအလင်းကိုရှောင်ရမယ်”
“ဒီမှာ ဘယ်လောက်ကြအောင်နေရမှာလဲ”
“သိပ်မကြာပါဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ ထို့နောက် သူမသည် ကြိုးကြာနီများကို မေးလိုက် သည် “မင်းတို့ ဘုရင်ရော”
ရှီမာယူယူ အသံကြားသည်နှင့် ကြိုးကြာနီဘုရင်၏အသံသည်လည်း သိပ်မကွာဝေးသော နေရာမှ ထွက် လာသည်။
“သခင်လေးကို နှုတ်ဆက်ပါတယ်”
ရှီမာယူယူ ကြည့်လိုက်ရာ ကြိုးကြာနီဘုရင်သည် ထိုနေရာသို့ရောက်လာသည်။ ရှီမာယူမင်သည် သူတို့ ဘေးတွင်လိုက်လာသည်။
ကြိုးကြာနီဘုရင်ပျံလာရင်းနှင့် လူသားအသွင်ပြောင်းပြီး ရှီမာယူယူအား အရိုအသေပေးလေသည် “သခင်လေးကို နှုတ်ဆက်ပါတယ်”
“ညီ၅ ရောက်လာပြီလား” ရှီမာယူမင်နှင့် တခြားသူများသည် မိစ္ဆာပျံများမှ ဆင်းလိုက်သည်။
ရှီမာယူယူ ခေါင်းညိမ့်ပြပြီးနောက် ကြိုးကြာနီဘုရင်ကို မေးလိုက်သည် “အနီရောင်တောင်ထိပ်က ဘယ်ဘက်လဲဆိုတာသိလား”
***