← Chapters

ထူးဆန်းသောအနီရောင်တောင်ထိပ်

Vol. 008 Ch. 745

ထူးဆန်းသောအနီရောင်တောင်ထိပ်

Vol. 008 Ch. 745

အနီရောင်တောင်ထိပ်ဟု ကြိုးကြာနီဘုရင်ကြားသည်နှင့် မျက်နှာအမူအရာပြောင်းသွားပြီး မသိမသာ တုန်ယင်နေသည်။

“သခင်လေးက အနီရောင်တောင်ထပ်ကိုသွားမလို့လား”

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။

အနီရောင်တောင်ထိပ်တွင်ဖြစ်ခဲ့သော ထူးဆန်းသော နောက်ဆုံးအဖြစ်အပျက်ကို စုံစမ်းရမည်မှာ ဒီတစ်ခေါက် သူတို့၏ နောက်ဆုံးမစ်ရှင်ဖြစ်သည်။

“သခင်လေး မသွားသင့်ဘူး” ကြိုးကြာနီဘုရင် ဟန့်တားလေသည်။

“ဘာလို့လဲ” ဖက်တီးကျူမေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ထူးဆန်းပြီး အန္တရာယ်များတယ်” ကြိုးကြာနီဘုရင် ပြန်ဖြေလိုက်သည်။

“အဲဒီမှာဘာတွေဖြစ်နေလဲဆိုတာ ငါတို့သွားကြည့်မလို့” ရှီမာယူယူ ပြောလိုက်သည် “ငါတို့မပြန်ခင် ထူးဆန်းတဲ့အဖြစ်အပျက်ကို စုံစမ်းရမှာ ငါတို့မစ်ရှင်ပဲ”

“ငြင်းလို့မရဘူးလား” ကြိုးကြာနီဘုရင်သည် ထိုသို့ပြောပြီးမှ ပြောရန်မသင့်တော်ဟု အမှတ်ရသွားသည်။ သူ ရှင်းပြလေသည် “အနီရောင်တောင်ထိပ်က ဒီကနေတော်တော်ဝေးတယ်၊ ကျွန်တော်တို့လည်း အရင်က မကြားဖူးဘူး၊ ဒါပေမဲ့ အဲတောင်ထိပ်ဘယ်နေရာရှိတယ်ဆိုတာ အလယ်ပိုင်းနယ်ပယ်တွေမှာ သိတဲ့လူမရှိလောက် ဘူး”

“အဲဒီမှာဘာတွေထူးဆန်းနေလဲဆိုတာ သိလား” ရှီမာယူယူသည် သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ကျွန်တော်ကတော့ ကိုယ်တိုင်မျက်လုံးနဲ့မြင်ခဲ့ရတယ်” ကြိုးကြာနီဘုရင် ပြန်ဖြေလေသည် “လွန်ခဲ့တဲ့ လပိုင်းလောက်က ကျွန်တော်အပြင်မှာ ခရီးလှည့်သွားနေတုန်းက အနီရောင်တောင်ထိပ်နားက တောင်ကို ရောက်သွားတယ်၊ အနီရောင်တောင်ထိပ်မှာ ထူးဆန်းတာတွေဖြစ်နေလို့ စုံစမ်းဖို့သွားမယ်လို့ လူတစ်စုပြောတာ ကိုကြားခဲ့ရတယ်၊ နောက်လတစ်ဝက်ကြာတော့ လူတစ်ယောက်ပဲပြန်လာနိုင်တယ်၊ အဲလူကလည်း သွေးတွေ ချည်းပဲ မျက်လုံးတွေလည်းယောင်ကိုင်းနေတာ၊ ပြီးတော့ သူနဲ့ပါသွားတဲ့လူတွေကိုမေးကြည့်တော့ အကုန်သေ ကုန်ပြီတဲ့ အသတ်ခံလိုက်ရတယ်တဲ့၊ အဲလူလည်း ရူးသွားတယ်”

“အဲလောက်ထူးဆန်းတာလား၊ သူနဲ့ သူ့လူတွေ တခြားဟာကိုများတွေ့ခဲ့တာလား” ဝေကျိရွှီ မေးလိုက် သည်။

“အဲအဖွဲ့တင်မဟုတ်သေးဘူး” ကြိုးကြာနီဘုရင် ပြန်ဖြေလေသည် “အဲတုန်းက ကျွန်တော်လည်း ခင်ဗျား လိုတွေးတာပဲ သူတို့ရန်သူနဲ့တွေ့တာလားပေါ့၊ ဘာလို့လဲဆိုတော့ သူ့လူတွေသေပြီးတော့ သူပြန်လာတဲ့အချိန် မှာ ဘဝမဲ့သွားတယ်လေ၊ ဒါပေမဲ့ ကျွန်တော့်ဘေးက စားပွဲထိုးက သက်ပြင်းချပြီး နောက်ထပ် အယုံအကြည်မရှိ တဲ့လူတစ်ဖွဲ့ပါလားလို့ ပြောခဲ့တယ်၊ အဲဒါနဲ့ ကျွန်တော်စားပွဲထိုးကိုမေးကြည့်ခဲ့တယ်၊ သူပြောတာက အဲဒါက ပထမဆုံးသွားခဲ့တဲ့အဖွဲ့မဟုတ်ဘူးတဲ့ သိပ်မကြာခင်က တော်တော်များများသွားခဲ့ကြတယ်တဲ့ တချို့ကသွားပြီး ရူးပြီးပြန်လာကြတယ်၊ ဒါပေမဲ့ တချို့ကတော့ သွားပြီး ပြန်မလာနိုင်ကြဘူး”

ရှီမာယူယူ ပင့်သက်ရှိုက်မိသည်။

“အဲဒါတကယ်လား ခရီးသွားလိုက်တာနဲ့ အရူးဖြစ်သွားတယ်၊ အဲလောက်ထူးဆန်းတယ်” ဖက်တီးကျူ အံ့အားသင့်စွာပြောလေသည်။

“အဲဒါပဲမလား” ကြိုးကြာနီဘုရင် အတည်ပြုလေသည် “အဲသွားတဲ့လူတွေက အားအင်ကိုဂရုမစိုက်ရင် အဲလိုဖြစ်သွားကြတာချည်းပဲ၊ အဲဒါကြောင့် သခင်လေးက သန်မာတယ်ဆိုတာ သိပေမယ့် မသွားဖို့ ကျွန်တော် ပြောတာ”

ကြိုးကြာနီဘုရင် ပြောစကားများကိုနားထောင်ပြီးနောက်တွင် အားလုံးသည် ငြိမ်ကျသွားကြသည်။

“ယူယူ ဘယ်လိုထင်လဲ” ရှီမာယူလင်း မေးလိုက်သည်။

“ဒီအခြေအနေက ငါတို့ထင်ထားတာထက် ပိုဆိုးနေတယ်” ရှီမာယူယူသည်လည်း သွားသင့်မသွားသင့် မသေချာတော့ပေ။ သူမသည် ခေတ္တမျှတွေဝေနေသည်။ သူမ တစ်ယောက်တည်းသာဆိုပါက သွားကြည့်ချင် ကြည့်မည်၊ သို့သော် သူမသည် သူတို့နှင့်ရှိနေသဖြင့် မသေချာတော့ပေ။

ဖက်တီးကျူနှင့် တခြားသူများလည်း တွေဝေနေကြသည်။ ကျွမ်းကျင်သူအများအပြားသွားကြသော် လည်း တူညီစွာအဆုံးသတ်ခဲ့ကြသည်။ သူတို့အင်အားသည် မမြင့်ကြသောကြောင့် သူတို့လည်း ထိုနည်းအတိုင်း ပဲဖြစ်သွားမှာမဟုတ်ဘူးလား။

“ဒါက ဂိုဏ်းရဲ့မစ်ရှင်လို့ပြောတယ်မလား၊ မလုပ်ရင်ဘာဖြစ်မှာလဲ” ယူရှီ မေးလိုက်သည်။

“မလုပ်လည်း ဘာမှမဖြစ်ပါဘူး၊ ငါတို့ဒုတိယမစ်ရှင်ကို လက်လျော့ခဲ့တယ်မလား” ဖက်တီးကျူ ပြော လိုက်သည်။

“ဒုတိယမစ်ရှင်ကဘာလဲ” နီအန်းယီသည် သူ့စကားကိုနားထောင်ပြီး ပြန်မေးလေသည်။

“အဲဒါက…” ဖက်တီးကျူသည် ပြောမည်ပြုပြီးမှ တစ်ဝက်တစ်ပြတ်ရပ်လိုက်သည်။ သူသည် နီအန်းယီကို သွားဖြဲပြလိုက်သည်။

“ဘာရယ်တာလဲ” နီအန်းယီ သူရယ်သည်ကို တွေ့သောအခါ ဒေါသထွက်လေသည်။

“ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ဘူး” ဖက်တီးကျူသည် အရယ်ရပ်သွားသော်လည်း မစ်ရှင်အကြောင်း ကိုမပြောပေ။

“ဒုတိယမစ်ရှင်က ငါတို့ကိုသတ်ဖို့ဖြစ်နိုင်လောက်တယ်” ရှီချန်းပြုံးလိုက်သည်။

“ဟီးဟီး…” ဖက်တီးကျူသည် ရှက်ရွံ့စွာရယ်ပြီးနောက် သူ့စကားများကို အတည်ပြုလိုက်သည်။

“ငါ့တို့ကိုသတ်ချင်တာလား” နီအန်းယီသည် ဖက်တီးကျူ၏ ပခုံးကိုထိုးလိုက်သည်။ ဖက်တီးကျူအသား နာမသွားပဲ သူ့လက်သာနာသွားသည်။ သူနှစ်ကြိမ်ခေါင်းရမ်းပြီးနောက် သက်သာသွားလေသည် “ဘုရားရေ မင်းဘာတွေလုပ်တာလဲ ဘာလို့ဒီလောက်မာရတာလဲ နာလိုက်တာ”

“ဖက်တီးက ခန္ဓာကိုယ်လမ်းကြောင်းကို သန့်စင်နေတာ၊ သူ့ကိုသွားရိုက်ရင်တော့ ကိုယ့်အနာကိုယ်ရှာ တာပဲ” ရှီမာယူယူသည် သူ့အားတုံးသည်ဟူသောအကြည့်ဖြင့် ကြည့်လေသည်။

“အနီရောင်တောင်ထိပ်ကအခြေအနေက မရှင်းလင်းဘူး၊ ဂိုဏ်းကမစ်ရှင်ဖြစ်တဲ့အတွက် မင်းတို့ လက်လျော့လို့ရတယ်” ရှီချန်းသည် သူ့အတွေးများကိုပြောပြလေသည်။

“ငါလည်းအဲလိုတွေးတယ်၊ မသိနိုင်တဲ့စွန့်စားမှုက အန္တရာယ်အများဆုံးပဲ” ဖန်ဇီ သဘောတူလေသည် “အဲဒီက အခြေအနေကိုသိရရင်တစ်မျိုး… သန်မာတဲ့ပြိုင်ဘက်ရှိတယ်ဆိုရင်တောင် ကြိုပြီးပြင်ဆင်လို့ရတယ်၊ ဒါပေမဲ့ အခြေအနေက မရှင်းလင်းတော့ ပြဿနာမရှာတာအကောင်းဆုံးပဲ”

ညီအစ်ကို၁၀ယောက်ထဲမှ အဓိကလူ၂ယောက်မှ ထိုသို့ပြောသဖြင့် သူမ ရင်ထဲထိမိသည်။ သူမသည် ရှီမာယူမင်အားကြည့်ပြီး မေးလိုက်သည် “အစ်ကိုကြီး ဘယ်လိုထင်လဲ”

“ကြိုးကြာနီဘုရင် အဲဒီကိုသွားခဲ့တာ လပိုင်းအနည်းငယ်ရှိလောက်ပြီထင်တယ်၊ ဒီလတွေအတွင်းကို အဲဒီ မှာ ဘာတွေဖြစ်လဲဆိုတာ ငါတို့မသိနိုင်ဘူးလေ၊ အဲဒီကို သွားသွား မသွားသွား အဲနားကိုသွားပြီး အခြေအနေကို စုံစမ်းပြီးမှ ဆုံးဖြတ်ချက်ချတာကောင်းမယ်” ရှီမာယူမင် ပြောလေသည် “အရင်ကနဲ့ မတူတော့တာလည်း ဖြစ်နိုင် တယ်”

“ငါလည်း အစ်ကိုကြီးနဲ့ သဘောထားတူတယ်” ရှီမာယူရန် သဘောတူလေသည် “ငါတို့ လက်ရှိ အခြေ အနေကိုစုံစမ်းဖို့သွားမယ်၊ သူပြောသလိုရှုပ်ထွေးတယ်ဆိုရင်တော့ မသွားလည်း ကိစ္စမရှိဘူးလေ၊ အခြေအနေ ပြောင်းသွားတယ်ဆိုရင်တော့ ငါတို့သွားကြည့်လို့ရတယ်”

အားလုံးကိုယုံကြည်သော်လည်း သတိနှင့်သွားရမည်။ သူတို့ကိုယ်တိုင်သွားခြင်းမှာ အကောင်းဆုံးဖြစ် သည်။

“အဲဒါလည်းဖြစ်နိုင်တယ်” ရှီချန်း ပြောလိုက်သည် “ဒီထူးဆန်းတဲ့ လက္ခဏာတွေက အနီရောင်တောင် ထိပ်မှာပဲတွေ့နိုင်တာ၊ ငါတို့ အနီရောင်တောင်ထိပ်ကိုမဝင်နိုင်ရင်တောင် အနီးနားက သတင်းတွေနားထောင် တာလည်း လုံခြုံတာပဲ”

“ဒါဆို သွားကြည့်ကြတာပေါ့ ထူးဆန်းတာတွေကြားလို့ လက်လျော့တာတော့ ငါတို့စတိုင်မဟုတ်ဘူး” ဝူရန်ဖေပြောလိုက်သည်။

“ကောင်းပြီ အနီရောင်တောင်ထိပ်အနီးအနားကိုသွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ငါ ဒါမျိုးတစ်ခါမှမမြင်ဖူးဘူး” ဒိုင်ယိသည် စိတ်လှုပ်ရှားစွာပြောလေသည်။

“သွားနိုင်ပါ့မလား” ဖက်တီးကျူမေးလိုက်သည် “ခင်ဗျားတို့ လူကြားထဲသွားလိုက်တာနဲ့ ပေါက်ကြား သွားပြီး အတိုက်ခံရမှာမဟုတ်ဘူးလား”

“အဲဒါ ဖြစ်နိုင်ချေရှိတယ်” ရှီမာယူလီ ပြောလိုက်သည်။

“ငါတို့မသွားရဘူးလား” ဒိုင်ယိသည် အံ့သြစွာမေးလေသည်။

“နောက်ပိုင်းကိုလူတွေရှေ့ထွက်မလာတာ ပိုကောင်းမယ်” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့ သတင်းရတာ လုဆယ်မြို့ကိုလာတဲ့လူတွေချည်းပဲဟုတ်မယ်မထင်ဘူး၊ ခင်ဗျားတို့ လူမြင်ကွင်းကိုရှောင်သင့် တယ်”

“ဒါပေမဲ့ ငါတို့က မင်းနောက်လိုက်လာတာလေ” နီအန်းယီ ပြောလိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ “အခုတော့ ခင်ဗျားတို့လိုက်လို့မရဘူး၊ ခင်ဗျားတို့ကို လုပ်စေချင်တာ ရှိတယ်၊ အဲဒါလုပ်ဖို့အတွက် ဒီကထွက်သွားရမယ်”

သူမ လုပ်ခိုင်းမည့်အရာကိုခန့်မှန်းမိသဖြင့် ခေါင်းညိမ့်လိုက်ကြသည်။ သူတို့သည် အနီရောင်တောင်ထိပ် သို့သွားချင်သော နီအန်းယီနှင့်မတူပေ။

“ငါတို့က အခု၂ရက်မှ လုဆယ်မြို့ကနေထွက်လာတာ၊ ပြီးတော့ အဲလူတွေက အနီးအနားမှာ ရှာနေကြ မှာပဲ၊ ရက်နည်းနည်းလောက်စောင့်ပြီးမှ ခင်ဗျားတို့သွားသင့်တယ်၊ အင်အားကြီးတစ်ခုထောင်ဖို့အတွက် လိုအပ် တာတွေ ဆွေးနွေးရဦးမယ်…”

***

All Chapters