အစွယ်ကွေးကျားနှင့် နှင်းဝုံပုလွေမျိုးနွယ်များအား နေရာချပေးခြင်း
Vol. 008 Ch. 746
အမှောင်တောတွင်နေသောနေ့ရက်များတွင် အားလုံးသည် အင်အားစုတည်ထောင်မည့်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ အခုလောလောဆယ်တွင် ရှီမာယူယူသည် သူတို့အား လူအင်အားစုဆောင်းခြင်းမပြုစေပဲ အင်အားတည်ထောင်နိုင်မည့်နေရာကို သွားရှာခိုင်းလေသည်။
ရှီမာယူယူသည် ဖက်တီးကျူအား သူတို့အတွက် လူသားအရေမျက်နှာဖုံးကိုပြုလုပ်စေပြီးမှ ဝတ်စေကာ ထွက်သွားခိုင်းသည်။ မျက်နှာဖုံးဝတ်လိုက်သောအခါမှပင် တခြားသူများသည် သူတို့မှာ လူဆိုးကြီး၁၀ယောက် ဖြစ်သည်ကို မသိတော့ပဲ ပို၍ သက်တောင့်သက်သာဖြစ်စေသည်။
လုံခြုံစေရန်အတွက် သူတို့အား ကတိတောင်းလေသည်။ သူတို့သည် သူမအား ခေါင်းဆောင်တစ် ယောက်အနေနှင့် အသိအမှတ်မပြုရသေးသော်လည်း သူမအတွက် ကျိန်ဆိုကြသည်။ သူတို့သည် သူမအား လုံးဝထိခိုက်ဒဏ်ရာရအောင် ပြုလုပ်မည်မဟုတ်ပေ။
ဆွေးနွေးပြီးနောက်တွင် ရှီမန်ဖန်၊ ဖန်ဇီနှင့် တခြားသူများကို ကျန်ကိစ္စများဆွေးနွေးခိုင်းပြီး သူမသည် အနားယူလေသည်။
ကုန်ရန်နှင့် ဟုန်ဝူတို့သည် သူမအား အဂ္ဂိရတ်ပညာနှင့် တည်ဆောက်မှုပညာများကို မေးမြန်းသည်။ သူမ သည် အင်အားကြီးတည်ထောင်ရသည်ထက် ဆွေးနွေးရသည်ကို နှစ်သက်သဖြင့် သူတို့နှင့် စကားပြောနေခဲ့ သည်။
ရက်အနည်းငယ်အကြာတွင် ကြိုးကြာနီများသည် သတင်းများနှင့်ပြန်ရောက်လာသည်။ အချိန်တစ်ခု ကြာအောင် ရှာပြီးနောက်တွင် အပြင်မှလူများသည် ဖန်ဇီတို့ကိုဖမ်းရန်အတွက် လက်လျော့ကာ ပြန်ကြလေ သည်။
ထိုလူများသည် ဖန်ဇီတို့အဖွဲ့ လုဆယ်မြို့မှထွက်သွားကြပြီဟု ခန့်မှန်းကြသည်။ သူတို့သည် နေရာများ စွာကို စဉ်းစားကြသော်လည်း သူတို့သည် အမှောင်တောတွင်ပုန်းနေလိမ့်မည်ဟု မထင်မိကြပေ။
အခြေအနေငြိမ်သွားသည်နှင့် ရှီမာယူယူသည် သူတို့အား ထွက်သွားရန် တိုက်တွန်းလေသည်။ ဖန်ခိုင် တို့သည် ရှီမာယူယူနှင့်အဖွဲ့နှင့် အချိန်ကုန်ဆုံးပြီးနောက်တွင် သူတို့သည် စိတ်နေသဘောထားတူညီသည်ကို တွေ့ရသဖြင့် ထွက်မသွားလိုကြပေ။ အထူးသဖြင့် ဟုန်ဝူနှင့် ကုန်ရန်တို့သည် ရှီမာယူယူနှင့် ဆွေးနွေးရန် အကြောင်းအရာများစွာရှိနေသေးသည်။
သူမသည် ထိုရက်များတွင် ကိစ္စများကိုရှင်းလင်းအောင်လုပ်သည်။ သူတို့ဘေးကင်းစေရန် ငှက်လေး၏ ငှက်မွေးများကိုပေးလိုက်သည်။ သူတို့ အန္တရာယ်တစ်စုံတစ်ရာကြုံလာပါက အနီးအနားရှိငှက်မျိုးနွယ်ကို အကူအညီတောင်းနိုင်မည်ဖြစ်သည်။
ဖန်ဇီနှင့်အဖွဲ့သည် လူသားအရေမျက်နှာဖုံးများကိုတပ်ဆင်ကာ ငှက်လေး၏ ငှက်မွေးများဖြင့် ထွက်သွား ကြလေသည်။ သူတို့ထွက်သွားပြီးနောက်တွင် ရှီမာယူယူတို့လည်း ထွက်သွားရန်ပြင်ဆင်သည်။
ရှီမာယူယူသည် ဖြတ်လမ်းတည်ဆောက်မှုလုပ်ရမည့် နေရာကိုမေးမြန်းသည်။ သူတို့သည် နှင်းတောင် များကို ဖြတ်သွားရမည့်ပုံပင်။ သူမသည် တောအလယ်မှ နီရဲကန်နှင့် သူမ၏မှော်ဝင်လက်စွပ် အတွင်းတွင် မျိုးနွယ်နှစ်ခုရှိနေသေးသည်ကို တွေးမိသည်။
ကြိုးကြာနီများလိုက်ပို့ခြင်းကို ငြင်းဆန်ပြီးနောက် သူတို့သည် တောအလယ်သို့သွားလိုက်ကြသည်။ သူတို့သည် အစွယ်ကွေးကျားမျိုးနွယ်ဝင်များကို ထုတ်လိုက်သည်။
“ခင်ဗျားတို့ နောက်ကိုဒီမှာနေရလိမ့်မယ် မဟုတ်ရင်လည်း တခြားနေရာသွားကြပေါ့” ရှီမာယူယူ ပြော လိုက်သည်။
အစွယ်ကွေးကျားမျိုးနွယ်သည် ဝိဉာဉ်စေတီအတွင်းရှိစဉ်က အမှောင်ဧရိယာတွင် ပိတ်ထားခံခဲ့ရသည်။ သူတို့ရောက်နေသည့်နေရာကိုလည်း မသိကြပေ။ အခုသူတို့သည် ပြာလဲ့သောကောင်းကင်နှင့် ဖြူဖွေးသော တိမ်တိုက်များအပြင် နီရဲကန်ကိုပါတွေ့လိုက်ရသည်။ သူတို့သည် အလွန်ပင် ဝမ်းပန်းတသာဖြစ်နေကြသည်။
“ငါတို့ဒီမှာ နေကြည့်ချင်တယ်၊ မဖြစ်ဘူးဆိုမှ ထပ်ထွက်သွားကြတာပေါ့” အစွယ်ကွေးကျားဘုရင်က ပြောလိုက်သည်။
“ကျွန်တော် ကြိုးကြာနီတွေကိုပြောပြီးပြီ သူတို့က ခင်ဗျားတို့ကိုအများကြီးကူညီပေးမှာပါ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ နှင်းဝံပုလွေမျိုးနွယ်က ဟိုးက နှင်းတောင်မှာနေလိမ့်မယ်၊ ခင်ဗျားတို့အားလုံးက လောကအသေးကပဲ ခင်ဗျားတို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စောင့်ကြည့်မနေကြပဲ အချင်းချင်းကူညီလို့မရဘူးလား”
“ငါတို့နားလည်ပါတယ်” အစွယ်ကွေးကျားဘုရင် ပြောလိုက်သည်။
ရှီမာယူယူသည် သူတို့အား ခေါင်းညိမ့်ပြလေသည်။ ထို့နောက်တွင် သူမသည် ရှီမာယူလင်း၏ မိစ္ဆာပျံပေါ် ထိုင်ကာ နှင်းတောင်ဆီသို့ပျံသန်းသွားလေသည်။
သူတို့နှင်းတောင်သို့ရောက်သောအခါ နှင်းဝံပုလွေမျိုးနွယ်ကိုထုတ်ပြီး အထက်ပါနည်းအတိုင်းပြောကာ ထိုနေရာတွင်နေစေလေသည်။
နှင်းဝံပုလွေမျိုးနွယ်သည် သူမနောက်လိုက်လာကာ အမှောင်ဧရိယာတွင် နှစ်တစ်ရာကြာအောင်နေရ မည်ဟု ထင်ထားခဲ့သည်။ ဒီလောက်စောစောထုတ်ပေးလိမ့်မည်ဟု ထင်မထားကြပေ။
“ဒါဆို ငါတို့သဘောတူထားတာက…”
“လိုအပ်မယ်ဆို ကျွန်တော်လာရှာပါမယ်” ရှီမာယူယူ ပြောလိုက်သည် “မလိုဘူးဆိုရင်တော့ ဒီမှာ လွတ်လွတ်လပ်လပ်နေကြပါ”
အစွယ်ကွေးကျားမျိုးနွယ်နှင့် နှင်းဝံပုလွေမျိုးနွယ်နှစ်ခုလုံးသည် လောကအသေးမှ သူမထုတ်လာခြင်းဖြစ် သည်။ သူတို့သည် သူမနှင့် နှစ်တစ်ရာလိုက်ပါပေးမည်ဟု သဘောတူထားခဲ့ကြသည်။ သူမသည် ထိုနေရာမှ အခြေအနေများကို စဉ်းစားမိသွားသည်။ ရလဒ်မှာ အထက်ပါအခြေအနေများသည် သူမအရင်ကထင်ထားသည် ထက်ပိုခက်ခဲနေသည်။ သူတို့သည် လက်ဗလာဖြင့်လာခဲ့သော်လည်း ငှက်လေးသည် ဒဏ္ဍာရီလာဂဠုန်ငှက် အဖြစ် အဆင့်တက်ပြီးနောက် သူမသည် ငှက်မျိုးနွယ်တစ်ခုလုံး၏ အကူအညီကိုရခဲ့သည်။
ထိုမျိုးနွယ်နှစ်ခုကိုမလိုအပ်တော့သဖြင့် သူမသည် စောစီးစွာလွတ်လပ်ခွင့်ပေးလိုက်သည်။
နှင်းဝံပုလွေများကိုစီစဉ်ပေးပြီးနောက်တွင် သူတို့သည်တောင်ထိပ်သို့လာလိုက်ကြသည်။ အမှောင်တော တွင် လတစ်ဝက်ကုန်ဆုံးပြီးနောက်တွင် မြို့အပြင်သို့လာကာ ဖြတ်လမ်းတည်ဆောက်မှုလုပ်ကာ အနီရောင် တောင်ထိပ်နှင့် အနီးကပ်ဖြစ်သော တောက်လောင်တောင်တန်းကိုရောက်လေသည်။
တောက်လောင်တောင်တန်းသည် နယ်နိမိတ်အကန့်အသတ်မရှိသော်လည်း ရာသီဥတုမှာ သာမန်လူ များနေရန် မသင့်တော်သဖြင့် လူထူထပ်ခြင်းမရှိပေ။ ထို့ကြောင့် မြို့များရှိ မြို့ဝန်ဝိဉာဉ်သခင်များသည် ခပ်ခွာခွာ နေခဲ့ကြသည်။ ပုံမှန်ဆိုလျှင် ထိုနေရာရှိမြို့များသည် စည်ကားမှုမရှိသော်လည်း တည်ရှိလာသည်မှာ နှစ်တစ်ရာ ကျော်ပြီဖြစ်သည်။ ထိုမြို့များသို့လာကြသော အပြင်လူအများစုသည် အနီရောင်တောင်ထိပ်သို့ဝင်ကြသူများဖြစ် ကြသည်။
မုရွှန်မြို့သည် တစ်မြို့အပါအဝင်ဖြစ်သည်။
မဟုတ်သေးပေ…. အတိအကျပြောရလျှင် မုရွှန်မြို့သည် အနီရောင်တောင်ထပ်၏ အစွန်တွင်ရှိပြီး အနီရောင်တောင်ထိပ်နှင့် မြစ်တစ်ခုသာခြားသောကြောင့် တခြားမြို့များထက် စည်းကားသည်။
ရှီမာယူယူနှင့်အဖွဲ့သည် မြစ်နံဘေးရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်လိုက်ကြသည်။ သူတို့သည် လူများ သောအဖွဲ့ဖြစ်သော်လည်း သီးသန့်အခန်းမယူပဲ စားသောက်ခန်းရှိ စားပွဲ၂ဝိုင်းယူကာခွဲထိုင်ကြသည်။
သူတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ကွာဝေးနေကြသည်။ ပုံမှန်လူများသည် သူတို့တစ်ဖွဲ့တည်းဖြစ်သည်ကို မသိနိုင်ကြပေ။
“ပြီးခဲ့တဲ့ရက်ပိုင်းက အနီရောင်တောင်ထိပ်ကိုသွားခဲ့ကြတဲ့ လူတစ်စုအကြောင်းကြားပြီးပြီလား၊ သူတို့က အယူတွေကို ယုံမှမယုံကြတာ” သူတို့ဘေးစားပွဲတွင်ထိုင်နေသော လူတစ်ယောက်သည်ရေရွတ်လိုက်သည်။
“မင်းဘယ်လိုသိတာလဲ”
“ငါ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ၊ သူတို့က ဒီကနေဖြတ်သွားကြတာ” ထိုလူသည် အမြစ်အပြင်ဘက်ကို ညွှန်ပြလေသည်။
“အဲလူတွေက သတ္တိရှိတာပဲ အဲဒီကိုသွားရဲသေးတယ် သနားစရာပဲ” တစ်ယောက်သည် ထိုလူများ ပြန်လမ်းမရှိဆိုသည့် သဘောနှင့် သက်ပြင်းချကာ ခေါင်းရမ်းလိုက်သည်။
သက်ပြင်းချလိုက်သောလူသည် သူတို့ဘေးစားပွဲမှလူဖြစ်သည်။ ရှီမာယူယူသည် သနားမှုဖြင့်ပြည့်နေ သော ထိုလူ၏ မျက်နှာကိုကြည့်ပြီးမေးလိုက်သည် “ဒီကသခင်လေး သူတို့ပြန်မလာဘူးဆိုတာ ဘာလို့အဲလောက် သေချာနေရတာလဲ”
ထိုလူသည် ရှီမာယူယူမေးရန် သူ့ကိုရွေးလိုက်မည်ဟု မထင်ထားပေ။ သူသည် တွေဝေပြီးမှ သက်ပြင်းချ ကာ ပြောလေသည် “ကျွန်တော်သေချာနေတာ မဟုတ်ဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့၃လအတွင်းကို အဲဒီကိုသွားတဲ့လူ တွေ ဘယ်သူမှ ပြန်မလာကြသေးဘူး၊ အဲလူတွေက ဘာလို့ကိုယ့်ဘာသာ သေတွင်းတူးနေကြတာလဲ မသိဘူး”
“တစ်ယောက်မှပြန်မလာဘူးလား၊ တစ်ခါတစ်လေ ပြန်လာတဲ့လူတွေရှိတယ်လို့ကြားပါတယ်” ဝေကျိရွှီ မေးလိုက်သည်။
“အဲဒါအရင်ကလေ အခုနောက်ပိုင်းတစ်ယောက်မှမရှိသေးဘူး” ထိုလူပြန်ဖြေလေသည်။
“ဘယ်လိုသိတာလဲ” ဝေကျိရွှီ ဆက်မေးလေသည်။
“ကျွန်တော်ကဒီမှာ နေ့တိုင်းစောင့်ကြည့်နေတာ၊ လူဘယ်နရောက်ဝင်သွားပြီး ဘယ်နယောက်ပြန်လာ တယ်ဆိုတာ မှတ်တမ်းပြုစုနေတာ”
“သူတို့ဒီကနေလာပြီး တခြားတစ်ဖက်ကနေထွက်သွားတာမဟုတ်ဘူးလား” ဖက်တီးကျူသည် ခန့်မှန်း လေသည်။
“မဟုတ်ဘူး တစ်ယောက်ယောက်သာ တခြားနေရာကထွက်သွားရင် သတင်းကပျံ့သွားမှာပဲ” ထိုလူ သည် ငြင်းဆိုလေသည်။
“ခင်ဗျားက နေ့တိုင်းလာတာလား” ရှီမာယူယူသည် စပ်စုစွာမေးလေသည်။
“ဟုတ်တယ် ကျွန်တော်စာရင်းပြုစုရမှာမို့လို့ အခုနောက်ပိုင်းအမြဲလာဖြစ်တယ်”
“စာရင်းပြုစုမယ်ဟုတ်လား ခင်ဗျား…”
ဝေကျိရွှီသည် သူ၏ သရုပ်မှန်အားမေးမည်အလုပ်တွင် တပ်သားဝတ်စုံဝတ်ထားသော လူတစ်ယောက် သည် အပြင်မှ အလျင်စလိုပြေးလာလေသည် “မြို့ဝန် အိမ်ကနေ အရေးကြီးသတင်းပို့လာတယ်”
“အရေးကြီးသတင်းဟုတ်လား ဘယ်မှာလဲ” မုရွှန်မြို့ဝန်သည် ရုတ်တရက်မတ်တပ်ရပ်လေသည်။
“ကျွန်တော်တို့ဆီက” အစောင့်သည် သတင်းပို့လေသည် “ကျွန်တော်တို့မြို့အပြင်က မြို့၂မြို့မှာ အနီရောင်တောင်ထိပ်မှာဖြစ်တဲ့ အခြေအနေနဲ့တူတဲ့ ထူးဆန်းတဲ့ လက္ခဏာတွေဖြစ်နေတယ်ဆိုတဲ့ သတင်းရ တယ်”
***