← Chapters

တစ္ဆေမျိုးနွယ်ထွက်လာတာလား

Vol. 008 Ch. 747

တစ္ဆေမျိုးနွယ်ထွက်လာတာလား

Vol. 008 Ch. 747

“ဘာပြောလိုက်တယ်” မုရွှန်မြို့ဝန်သည် တုန်လှုပ်သွားသည်။ သူသည် ထိုတပ်သားသည်လိမ်နေသည့် သဖွယ် အစောင့်၏အဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ အသက်ရှုရပ်မတတ်ပင်။

“မြို့ဝန် တကယ်ပါ၊ အစောင့်တွေတော့ မြို့၂မြို့ကိုဝိုင်းထားလိုက်ကြပြီ သွားကြည့်လိုက်ပါ” ထိုအစောင့် သည် စိတ်ပူပန်စွာ ပြောလေသည်။

“သေစမ်း” မုရွှန်မြို့ဝန်နှင့် အစောင့်၃ယောက်ပြေးထွက်သွားကြသည်။ အစောင့်သည် ချက်ချင်းပင် နောက်မှလိုက်သွားသည်။

ရှီမာယူယူနှင့် အဖွဲ့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြသည်။ သူတို့သည် မတ်တပ်ရပ်ကာ စုံစမ်းရန်လိုက်သွားကြသည်။

သူတို့တင်လိုက်သွားကြသည်မဟုတ်ပဲ လက်ဖက်ရည်ဆိုင်မှလူအများလည်း စုံစမ်းရန်အတူထွက်သွား ကြလေသည်။ သူတို့ထွက်သွားသည်နှင့် လူအများသည် သတင်းရ၍ရောက်လာကြသည်။ သူတို့သည် တစ်နေရာတည်းကို ဦးတည်သွားကြသဖြင့် လမ်းမှားရန်စိုးရိမ်စရာမရှိပေ။

မုရွှန်မြို့အပြင်သို့ရောက်သောအခါ လူတိုင်းသည် လေပေါ်တွင်ပျံကြသည်။ မပျံနိုင်သောသူများသည် မိစ္ဆာပျံများဆင့်ခေါ်ကြရာ နေ့တစ်ဝက်မှာပင် မြို့တစ်မြို့ကိုရောက်ကြလေသည်။

ထိုနေရာတွင် တပ်သားများသည် မြို့ကိုဝန်းရံထားကြသဖြင့် အပြင်လူများဝင်မရပေ။

ရှီမာယူယူတို့သည် မိစ္ဆာပျံများမှ ဆင်လိုက်ကြသည်။ အစောင့်များကိုဖြတ်ကျော်ကာ သူတို့သည် သွေး များကိုမြင်ရလေသည်။

“ယူယူ ဒီမှာလည်း သွေးတွေ” ဘေဂုံထန် မျက်မှောင်ကြုတ်လေသည်။

“အင်း အသက်ရှင်တဲ့သူမရှိလောက်တော့ဘူး” ရှီမာယူယူ မှတ်ချက်ပေးလေသည်။

“အနီရောင်တောင်ထိပ်လည်း ဒီလိုပုံပဲလား၊ မြို့တိုင်းကလူတွေ အသတ်ခံလိုက်ရပြီလား” ဖက်တီးကျူ မေးလေသည်။

“ထူးဆန်းတယ်” ရှီမာယူရန် ရေရွှတ်လိုက်သည် “ဒီမှာ ဝိဉာဉ်စွမ်းအင်သုံးထားတဲ့ အရိပ်အယောင်မရှိ ဘူး”

“အဲလူတွေက မခုခံလိုက်ရပဲသေသွားတာလား”

“အဲလိုဖြစ်လောက်တယ်”

“အထဲကအခြေအနေမမြင်ရတာ နှမြောစရာပဲ ဘာတွေဖြစ်နေလဲ မသိတော့ဘူး”

“တပ်သားတွေဒီမှာစောင့်နေကြတော့ တခြားနေရာတွေ မစောင့်လောက်ဘူးလားလို့” ရှီမာယူယူ ပြော လိုက်သည်။

“တခြားနေရာဟုတ်လား”

“နယ်နိမိတ်ကြီးက အကျယ်ကြီးပဲ၊ ဒီမြို့လေးမှာ အကုန်လုံးနေတာမဖြစ်နိုင်ဘူး၊ ဒီနားက အခြေအနေတူတဲ့ တခြားရွာကိုသွားကြည့်ရအောင်” ရှီမာယူယူ အကြံပေးလိုက်သည်။

“ဟုတ်တယ် တခြားနေရာသွားကြည့်ရအောင်” ရှီမာယူလီ သဘောတူလေသည် “ဒီမြို့ကဒီလိုပုံဆိုရင် တခြားနေရာလည်း ကွာမှာမဟုတ်ဘူး ဒီနားကရွာသွားကြည့်ကြတာပေါ့”

လူအများသည် အတွေးများဖလှယ်နေကြသည်။ မြို့ကိုမမြင်ရသဖြင့် တချို့မှာ လှည့်ထွက်ကြလေသည်။

ရှီမာယူယူနှင့်အဖွဲ့သည် ကျပန်းတစ်နေရာသို့ပျံသန်းရာ နေ့တစ်ဝက်အကြာတွင် ရွယ်ငယ်တစ်ရွာကို မြင်ရလေသည်။ သူတို့မရောက်မီတွင် စူးရှသောသွေးနံ့ရလိုက်သည်။

“ဒီမှာလည်း အလောင်းရှိနေတယ်” ဖက်တီးကျူ အော်လေသည်။

“ဆင်းကြအောင်”

ရှီမာယူယူသည် ဟာစွန်၏ကျောကိုပုတ်ရာ ဟာစွန်သည် အားလုံးကိုတင်ပြီးဆင်းလေသည်။

“အသက်မရှုတော့ဘူး” ဖန်ယိသည် တည်ငြိမ်စွာပြောလေသည်။

သူတို့၏ အားနှင့်ဆိုလျှင် အထဲမှ အခြေအနေကိုတစ်ချက်ကြည့်လိုက်သည်နှင့် ပြောနိုင်သည်။

“ဝင်သွားကြည့်ရအောင် သဲလွန်စရလိုရငြား” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သည် ရွာအတွင်းသို့လမ်းလျှောက်သွားကြသည်။ အလောင်းများသည် အိပ်ရှေ့များတွင် ပြန့်ကျဲနေ ရာ တစ်ယောက်ချင်းစီသည် စိတ်မချမ်းမြေ့ဖွယ်သေဆုံးနေကြသည်။ ကလေးများ၏ နှလုံးများသည် ထွက်ကျနေ ကြသည်။

လမ်းတစ်လျှောက်ကြည့်ရာ ထိုလူများ၏အားမှာ မမြင့်သည်ကို သူတို့ပြောနိုင်ကြသည်။ အများစုမှာ မကျင့်ကြံနိုင်သော သာမန်ပြည်သူများဖြစ်ကြသည်။ ကျင့်ကြံသူများမှာလည်း သန်မာခြင်းမရှိကြပေ။

“အဲလူတွေသေတာ ဆိုးဝါးလိုက်တာ၊ သူတို့မျက်နှာအမူအရာတွေကလည်း အရမ်းကြောက်နေကြပုံပဲ၊ သူတို့ မသေခင်ကြောက်စရာတွေ့ခဲ့တဲ့ပုံပဲ အထူးသဖြင့် ကလေးတွေ သူတို့ကလီစာတွေမရှိကြတော့ဘူး” ရှီမာယူမင်သည် ဝမ်းနည်းစွာပြောလေသည်။

ရှီမာယူယူသည် မျက်စိရှေ့မှ စိတ်မချမ်းမွေ့ဖွယ်ရာများကြောင့် စိတ်ညစ်ညူးသဖြင့် သူမ၏ မျက်နှာ သည်  မှိုင်းနေသည်။ ကလေးများသည် ငယ်လွန်းသည်။ သူတို့သည် အရောင်သွေးစုံသောလောကကိုပင် ကြည့်ရန် အခွင့်အရေးမရလိုက်ရပေ။ သူတို့သည် အမည်မသိသောအရာ၏ သတ်ခြင်းကိုခံရပြီး ဆိုးရွားစွာ သေဆုံးရသည်။

“ယူယူ ဒီလူတွေဘယ်လိုသေကြတာလဲ ဒီဒဏ်ရာတွေက ဝိဉာဉ်စွမ်းအင်ရော ဝိဉာဉ်မိစ္ဆာတွေကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေဟုတ်ပုံမရဘူး” ဖက်တီးကျူ မေးလိုက်သည်။

ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမသည် ပိုးလက်အိတ်တစ်စုံထုတ်ကာ ဝတ်ပြီး နောက် သူမအရှေ့မှ အလောင်းကိုလှန်ကြည့်လိုက်သည်။

“တကယ်ထူးဆန်းတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ညီ၅ ဘာတွေ့လဲ” ရှီမာယူလီ မေးလိုက်သည်။

“ဖန်ယိ ဖန်အာ မင်းတို့ သခင်ဆီကအများကြီးသင်ရမယ် ပုံမှန်မဟုတ်တာ တစ်ခုခုတွေ့လား” ရှီမာယူယူ မေးလိုက်သည်။

“စီးကျနေတဲ့သွေးတွေကိုကြည့်ရတာ မနေ့ညကအသတ်ခံလိုက်ရတာဖြစ်မယ်၊ ဒါပေမဲ့ သူတို့ဒဏ်ရာ တွေပုပ်နေတာကြည့်ရတာ သေသွားတာကြာနေပြီ၊ ဒါကမကိုက်ညီလိုက်တာ” ဖန်ယိ ပြန်ဖြေလေသည်။

“ဒါ အကျိုးအကြောင်းမသင့်ဘူး” ရှီမာယူယူသည် အလောင်းကို နှစ်ကြိမ်လှန်ကြည့်လေသည်။ သူမ မတ်တပ်ရပ်ကာ လက်မှ လက်အိတ်များကိုချွတ်လိုက်သည်။ သူမ ပြောလိုက်သည် “ဒီဒဏ်ရာတွေမှာ သေဆုံးခြင်းရောင်ဝါ စွဲနေသေးတယ် ပြီးတော့…”

“ပြီးတော့ ဘာလဲ” ဖက်တီးကျူ မေးလေသည်။

“ပြီးတော့ သူတို့သေတော့ အဆီအနှစ်တွေစုပ်ယူခံလိုက်ရတယ်၊ အဲဒါကြောင့် သူတို့အလောင်းတွေက သေတာကြာတဲ့ပုံဖြစ်နေတာ၊ ပြီးတော့ ဒဏ်ရာတွေကလည်း တိုက်ရိုက်ထိထားတဲ့အတွက်ကြောင့် ပုပ်နေတာ ကြာပြီ” ရှီမာယူယူ နိဂုံးချုပ်လေသည်။

“အဆီအနှစ်တွေစုပ်ယူခံလိုက်ရတယ်ဟုတ်လား” အားလုံးသည် ပင့်သက်ရှိုက်မိကြသည် “ဘယ်လို သတ္တဝါက လူရဲ့အဆီအနှစ်ကိုစုပ်နိုင်တာလဲ”

“ပြီးတော့ သေဆုံးခြင်းရောင်ဝါကလည်း ဒဏ်ရာတွေမှာရှိနေသေးတယ် ထူးဆန်းလိုက်တာ”

“အစ်ကိုကြီးဖန်ယိ ဒီလိုဖြစ်အောင် ဘာကလုပ်နိုင်လဲဆိုတာ သိလား” ရှီမာယူရွှီမေးလိုက်သည်။

“သာမန်သတ္တဝါဆိုရင် လူကိုဒီလိုမျိုးထိခိုက်အောင်လုပ်လို့မရဘူး” ဖန်ယိ ပြန်ဖြေလေသည် “ငါလည်း အရင်ကမမြင်ဖူးဘူး ဒါပေမဲ့ ဒါမျိုးတူတာတော့ကြာဖူးတယ်”

“ဘယ်လိုဖြစ်တာလဲ ဘာကဖြစ်စေတာလဲ” ဝေကျိရွှီ မေးလိုက်သည်။

“တစ္ဆေမျိုးနွယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်” ဖန်ယိ ပြောလိုက်သည် “တစ္ဆေမျိုးနွယ်သတ်တာခံရတဲ့လူတွေက ဒဏ်ရာတွေမှာ သေဆုံးခြင်းရောင်ဝါ စွဲနေတယ်လို့ ကြားဖူးတယ်၊ ဒါပေမဲ့ မြင်တာတော့ ပထမဆုံးပဲ”

“တစ္ဆေမျိုးနွယ်ကလူတွေဟုတ်လား သူတို့ကဘာလို့ဒီရောက်နေတာလဲ၊ တစ္ဆေမျိုးနွယ်က တစ္ဆေလောက ကနေထွက်ပြီး တခြားတိုင်းပြည်ကိုသွားလို့မရဘူးလို့ ပြောကြတယ်မလား” ဝူရန်ဖေသည် နားမလည်စွာမေးလေ သည်။

“လာဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး” ဖန်ယိသည် ရှီမာယူယူအားလေးနက်စွာကြည့်ပြီး ပြန်ဖြေလေ သည် “တစ္ဆေလောကကလူတွေ နည်းလမ်းအမှန်ရှာနိုင်ရင် လာလို့ရတယ်”

ထိုနှစ်က သူမ မိခင်သည် ထိုအထဲမှတစ်ယောက်မဖြစ်နိုင်ဘူးလား…

ရှီမာယူယူသည် အိမ်မက်လေးကိုဆင့်ခေါ်လိုက်သည်။

“ယူယူ” အိမ်မက်လေးသည် ထွက်လာပြီးနောက် ရှီမာယူယူ၏ ရင်ခွင်ထဲသို့ပြေးဝင်လေသည်။

ရှီမာယူယူသည် အိမ်မက်လေး၏ ခေါင်းကိုပွတ်ပြီး “အိမ်မက်လေး ကြည့်ပေးဦး ဒီအလောင်းတွေမှာ ထူးခြားတာမရှိဘူးလား”

“အင်း” အိမ်မက်လေးသည် သူမရင်ခွင်ထဲမှဆင်းလိုက်သည်။ သူမသည် ငုံ့ပြီးအလောင်းများကို ရှုံ့နမ်း ကြည့်ကာ ပြောလေသည် “သူတို့်ဝိဉာဉ်တွေမရှိကြတော့ဘူး”

“ဝိဉာဉ်တွေမရှိကြတော့ဘူးဟုတ်လား ဘာအဓိပ္ပာယ်လဲ” ရှီမာယူလီ မေးလိုက်သည်။

“မရှိတော့ဘူးဆိုမှ ဘာအဓိပ္ပာယ်ရှိရဦးမှာလဲ” အိမ်မက်လေး ပြောလိုက်သည် “ဒီလူတွေဘယ်တုန်းက သေတာလဲ သူတို့ဝိဉာဉ်တွေစုပ်ယူခံလိုက်ရပြီ”

“လူတွေသေပြီးတော့ သူတို့ဝိဉာဉ်တွေကတစ္ဆေလောကကိုသွားကြတာမဟုတ်ဘူးလား”

“မဟုတ်ဘူး စုပ်ယူခံလိုက်ရတာနဲ့ ထွက်သွားတာမတူဘူး” အိမ်မက်လေးသည် ရှင်းပြလေသည် “သေပြီးတော့ ဝိဉာဉ်ထွက်သွားတာနဲ့ ခန္ဓာကိုယ်ကြွက်သွားတွေက ပိုပြီးလျှော့သွားတယ်၊ ဒီလူတွေရဲ့ ကြွက်သား တွေက တင်းနေတုန်းပဲ၊ ဝိဉာဉ်တွေက သေပြီးမှထွက်သွားတာမဟုတ်ပဲ စုပ်ယူခံလိုက်ရလို့ သေသွားတာ”

“ဝိဉာဉ်စုပ်ယူတယ်၊ ငါအရင်ကတွေ့ဖူးတဲ့ ဝိဉာဉ်စားတာနဲ့ နည်းနည်းတူတယ်” ဖက်တီးကျူ ပြောလေ သည်။

“မတူဘူး” ဖန်ယိ ပြောလိုက်သည် “ဝိဉာဉ်စားမိစ္ဆာတွေက နတ်ဆိုးလောကက နတ်ဆိုးမိစ္ဆာတွေ၊ သူတို့ က သေပြီးမှ ဝိဉာဉ်တွေစုပ်ယူတာ၊ တစ္ဆေလောကကလူတွေကတော့ ဘယ်ဝိဉာဉ်ကိုမဆိုစုပ်ယူနိုင်တယ်”

***

All Chapters