မိတ်ဆွေဟောင်းအားပြန်တွေ့ခြင်း
Vol. 008 Ch. 748
“ဝိဉာဉ်စားမိစ္ဆာက တစ္ဆေလောကမှာရှိခဲ့တာပဲ” အိမ်မက်လေး ပြောလေသည် “ဒါပေမဲ့ သူတို့က လူသား လောကကို မလာနိုင်ဘူး၊ သူတို့က နတ်ဆိုးလောကကိုတော့ သွားလေ့ရှိတယ်၊ အဲဒါကြောင့် ဒါကနတ်ဆိုး လောကမှာတော့ မထူးဆန်းဘူး”
“တစ္ဆေလောကနဲ့ နတ်ဆိုးလောက ၂ခုလုံးမှာရှိတာတော့ အမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီ အကြောင်းဆွေးနွေးဖို့ အချိန်ကောင်းမဟုတ်ဘူး၊ ပြိုင်ဘက်က အရမ်းရက်စက်တယ် ထင်ကြေးပြောရရင်တော့ ပေါ့သေးသေးတော့မဟုတ်ဘူး”
“နောက်တစ်မျိုးပြောရရင်တော့ အနီရောင်တောင်ထိပ်ကထူးဆန်းတာတွေက တစ္ဆေလောကက လူတွေ ကြောင့်ဖြစ်လာတာပေါ့” ဝေကျိရွှီ နိဂုံးချုပ်လေသည်။
“ဝိဉာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းစုပ်ယူခံလိုက်ရပြီဆိုရင် အဲလူက စိတ်ချွတ်ယွင်းပြီး အရူးတစ်ပိုင်းဖြစ်သွား တာပဲ” အိမ်မက်လေးပြောလေသည်။
“အစတုန်းကတော့ အနီရောင်တောင်ထိပ်မှာ စိတ်ချွတ်ယွင်းတဲ့လူတွေများတယ်၊ နောက်တော့ အသေ အပျောက်များလာတယ်၊ အစတုန်းကတော့ အနီရောင်တောင်ထိပ်မှာပဲလှုပ်ရှားပြီးတော့ အခုကျ နယ်နိမိတ်အထိ ပါပြန့်လာပြီ၊ အဲဒါက အခြေအနေတွေက ပိုပိုပြီးအန္တရာယ်များလာတာကိုပြနေတာပဲ” ရှီမာယူရန် ပြောလိုက် သည်။
“တစ္ဆေလောကကဘာလုပ်ဖို့ကြိုးစားနေတာလဲ” ဖက်တီးကျူ မေးလိုက်သည် “သူတို့က လူသား နယ်နိမိတ်ကို အပိုင်စီးချင်တာလား”
ဖန်ယိသည် ဆွေးနွေးနေသည်ကိုနားထောင်ရင်းနှင့် ရုတ်တရက် ရွာအဝင်ပေါက်ကိုကြည့်လိုက်သည်။ သူအော်လိုက်သည် “ဘယ်သူလဲ”
“တစ္ဆေလောကကလူတွေ အခုထိ ထွက်မသွားသေးတာလား” ရှီမာယူလီ ခန့်မှန်းလေသည်။
“မဟုတ်ဘူး လူပဲ” ရှီမာယူယူသည် ရွာအပြင်ဘက်ရှိလှုပ်ရှားမှုကို အာရုံခံမိသည်။ “သူတို့လည်း ငါတို့လို ပဲ ရွာနားကိုလာပြီး သတင်းလာစုံစမ်းတာဖြစ်လောက်တယ်”
ထိုအချိန်တွင် တစ်ဖက်လူမှာလည်း သူတို့ရှိနေသည်ကို တွေ့သွားလေသည်။ အဖွဲ့လိုက် ပြေးလာကြ လေသည်။
“အတင့်ရဲလိုက်တဲ့သူခိုး၊ ဒီလောက်ရက်စက်တာကို ဘယ်လိုတောင်လုပ်ရဲတာလဲ၊ ဖယ်စမ်း” အမျိုးသမီး တစ်ယောက်သည် သူတို့အားမြင်သည်နှင့် အော်လေသည်။ သူမသည် သူတို့အား ဝေဖန်ပိုင်းခြားမှုမရှိပဲ တိုက်ခိုက်လေသည်။
ဖန်ယိသည် တစ်ဖက်လူ၏ ဗျူဟာကိုလွယ်ကူစွာပင် ဖြေရှင်းလိုက်နိုင်သည်။ ဖိအားတစ်ခုသည် လှိမ့်တက်လာရာ မိန်းကလေးသည် နေရာတွင်ပင် မလှုပ်နိုင်၊အသက်မရှုနိုင်ဖြစ်လေသည်။
“သနားပေးပါ” ရင်းနှီးသော အမျိုးသားတစ်ယောက်အသံသည် အဝေးမှထွက်လာသည်။ သူသည် ဖန်ယိ အားအရိုအသေပေးပြီးမှ အခြေအနေကိုမြင်လေသည်။
“အစ်ကိုကြီးချောင်” ရှီမာယူယူသည် သူ့ကိုမြင်သောအခါ အံ့သြစွာအော်လေသည်။
“ယူယူ ကျိရွှီ မင်းတို့ဘာလို့ဒီရောက်နေတာလဲ” ချုံရှောင်ထန်သည် သူတို့ကိုဒီနေရာတွင်တွေ့ရ သဖြင့် အံ့သြနေသည်။
“ကျွန်တော်တို့ အနီရောင်တောင်ထိပ်က အခြေအနေကိုစုံစမ်းဖို့လာတာ၊ ဒီမှာတစ်ခုခုဖြစ်ပြီလို့ကြားတာ နဲ့ ပြေးလာလိုက်တာ၊ ခင်ဗျားလည်းဒါကို စုံစမ်းဖို့လာတာလား” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ မိန်းကလေးသည် ဖန်ယိဖိအားပေးခြင်းခံထားရသည်ကို တွေ့သည်နှင့် မေးလိုက်သည် “သူမက အတူတူပဲလား”
“သူမက ငါ့ရဲ့ဂျူနီယာညီမယန်လင်း၊ သူမက စိတ်မြန်တော့ မင်းတို့ကို အနှောင့်အယှက်ပေးမိသွားတယ် သူမကို ခွင့်လွှတ်ပေးပါ” ချုံရှောင်ထန်သည် တောင်းပန်လေသည်။
“ဖန်ယိ” ရှီမာယူယူ ခေါ်လိုက်သည်။ ဖန်ယိသည် ဖိအားကိုပြန်ရုတ်လိုက်ရာ မိန်းကလေးသည် အသက် ဘေးမှလွတ်သွားလေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်” ချုံရှောင်ထန်သည် ရှီမာယူယူအား ကျေးဇူးတင်သဖြင့် ခေါင်းညိမ့် ပြလေသည်။
“ကံကောင်းလို့ ခင်ဗျားကျွန်တော်တို့နဲ့တွေ့တာ၊ တခြားလူနဲ့သာတွေ့ရင်တော့ ဆွေးနွေးဖို့လွယ်မှာ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟူး” ယန်လင်းသည် နှာမှုတ်ကာ မကျေမနပ်ဖြင့် ချောင်ရှောင်ထန်ဘေးသို့သွားလေသည်။
ထိုအချိန်တွင် တခြားသူများလည်းရောက်လာကာ မေးလေသည် “ဘာဖြစ်တာလဲ”
“စီနီယာအစ်ကိုကြီး အခုလေးတင်ပဲ ဂျူနီယာညီမလေးက သူတို့ကိုသွားနှောင့်ယှက်မိတာ၊ ကံကောင်း လို့ ကျွန်တော်တို့အသိတွေဖြစ်နေတာ၊ အခုတော့ အဆင်ပြေသွားပါပြီ” ချုံရှောင်ထန် ပြန်ဖြေလေသည်။
“သူတို့ကိုသိတာလား” မူဂန်း မေးလေသည်။
“ဟုတ်တယ် ကောင်းကင်ကျားတောင်တန်းမှာတုန်းက တွေ့ခဲ့ဖူးတဲ့မိတ်ဆွေတွေပါ” ချုံရှောင်ထန်သည် ပြန်ဖြေပြီးနောက် နှစ်ဦးနှစ်ဖက်မိတ်ဆက်ပေးလေသည်။
မူဂန်သည် ရှီမာယူယူနှင့်အဖွဲ့အား အရိုအသေပေးလိုက်သည် “ဂျူနီယာညီမလေးက သေသွားတဲ့လူ တွေအတွက်စိုးရိမ်နေလို့ သတိလက်လွတ်ဖြစ်သွားတာပါ၊ ကျွန်တော်မူဂန်က ဒီကအားလုံးကိုတောင်းပန်ပါတယ်”
ရှီမာယူယူ အရိုအသေပြန်ပေးကာ ယဉ်ကျေးစွာ နှုတ်ဆက်လေသည်။
ချုံရှောင်ထန်နှင့် တခြားသူများအဆင်ပြေသည်ကို ရှီမာယူယူ သတိထားမိသည်။ ထိုယန်လင်းဆိုသူမှာ ငယ်စဉ်ကပင် အလိုလိုက်ခံထားရပုံပင်။ သူမ အမှားလုပ်လျှင်တောင် သူမ၏ စီနီယာအစ်ကိုများသည် သူမ အတွက် တောင်းပန်ပေးကြကာ သူမမှာတော့ ဘာမှမမပြောပေ။
ဒီအတိုင်းကလေးမလေးတစ်ယောက်ပဲ… သူမပြဿနာရှာခဲ့တာကို ထည့်တွက်ဖို့လည်း အစီအစဉ်မရှိ ပါဘူး…
“ယူယူ ပြီးခဲ့တဲ့လေလံပွဲပြီးကတည်းက မတွေ့တာ နှစ်တွေအတော်ကြာနေပြီ၊ ခင်ဗျား အလယ်ပိုင်းဒေသ မှာမဟုတ်ဘူးလား ဘယ်လိုလုပ် အနီရောင်တောင်ထိပ်မှာ လာစုံစမ်းနေတာလဲ” ချုံရှောင်ထန် မေးလေသည်။
“ကျွန်တော်တို့က ကျောင်းဝင်ခွင့်စာမေးပွဲအောင်သွားပြီး ဂိုဏ်းရဲ့ကျောင်းသားတွေဖြစ်လာတယ် ဒီတစ် ခေါက်က ဂိုဏ်းရဲ့မစ်ရှင်နဲ့ အနီရောင်တောင်ထိပ်ကထူးဆန်းတဲ့အဖြစ်တွေကို လာစုံစမ်းတာ” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။
“ဒါဆို ရှာတွေ့ပြီးပြီလား” မူဂန်းအနောက်မှ အပြာရောင်ဝတ်လူက မေးလိုက်သည်။
ထိုအမျိုးသား၏ အကြည့်ထဲမှ စူးစမ်းသည့်သဘောကို ရှီမာယူယူ သတိထားမိသည်။ သူမသည် မျက်တောင်တဖြတ်ဖြတ်ခတ်ကာ ပြန်ဖြေလေသည် “ကျွန်တော်တို့ မနေ့ကမှမုရွှန်မြို့ရောက်တာ၊ ဒါတွေကို မြင် တာလည်း ပထမဆုံးပဲ၊ ဘယ်လိုလုပ်ရှာတွေ့ဦးမှာလဲ၊ ဒါပေမဲ့ ဒီလူတွေ ရက်ရက်စက်စက်သေပြီး သူတို့ဒဏ်ရာ တွေကလည်း ပုံမှန်မဟုတ်ဘူး”
“ဒီပုံမှန်မဟုတ်တာတွေကို စုံစမ်းဖို့စဉ်းစားထားလား” အပြာဝတ်လူသည် မေးလေသည်။
“ကျွန်တော်တို့အခုမှရောက်တာပဲ ဒီပုံမှန်မဟုတ်တာတွေကို မဆွေးနွေးရခင်မှာပဲ ခင်ဗျားတို့ရဲ့ ဂျူနီယာ ညီမလေးက တိုက်ခိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့ရောတွေ့လား”
မူဂန်း ခေါင်းရမ်းလိုက်သည် “ကျွန်တော်တို့လည်း အလောင်းတွေကမတူတာတော့တွေ့တယ်၊ သူတို့က မနေ့ညကအသတ်ခံထားရတာပဲ ဒါပေမဲ့ အလောင်းတွေက အခုမြင်တဲ့အတိုင်းပဲ”
“ခင်ဗျားတို့ ကြီးမြတ်တဲ့ဂိုဏ်းက ဂိုဏ်းကြီးတစ်ခုပဲ၊ ကျွန်တော်တို့ကို မဖြစ်စလောက်တွေထက် ပိုပြီး ဗဟုသုတရှိမှာပေါ့ ဘာလို့လဲဆိုတာသိလား” ရှီမာယူယူ စမ်းကြည့်လေသည်။
“ဘာတွေဖြစ်လဲဆိုတာ ကျွန်တော်တို့လည်းမသိဘူး” မူဂန်းပြောလေသည် “ကျွန်တော်တို့ ဂိုဏ်းကို အခြေအနေကို သတင်းပို့ပြီးရင်တော့ အဖြေပြန်ရလောက်မှာပါ”
“အခြေအနေကိုသိပြီးမှတော့ ဆရာ့ကိုသတင်းပြန်ပေးရအောင်” အပြာဝတ်လူသည် အတည်ပြုလေ သည်။
မူဂန်း ခေါင်းညိမ့်ကာ “ကျွန်တော်တို့ပြန်လိုက်ပါဦးမယ်၊ အတူသွားချင်လား”
“ကျွန်တော်တို့ ဒီကအခြေအနေကို ထပ်ကြည့်ချင်သေးတယ်” ရှီမာယူယူ ငြင်းဆန်လိုက်သည်။
“ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး” မူဂန်းသည် လက်အုပ်ချီပြီးနောက် ထွက်သွားလေသည်။
“စီနီယာအစ်ကိုကြီး ကျွန်တော် သူတို့နဲ့ နေခဲ့ချင်တယ်၊ အရင်ပြန်နှင့်လိုက်ကြပါ” ချုံရှောင်ထန်ပြောလိုက် သည်။
“ဒါဆိုရင် လုံခြုံရေးကိုအရင်ဂရုစိုက်ပါ” မူဂန်းသည်ဘာမှထပ်မပြောပဲ ရှီမာယူယူတို့အဖွဲ့ကို ခေါင်းညိမ့်ပြ ပြီးထွက်သွားလေသည်။
ယန်လင်းသည် နေရာတွင် မလှုပ်မယှက်ရပ်နေသည်။
“ဂျူနီယာညီမလေး” မူဂန်းသည် ရပ်ပြီး သူမအားကြည့်လေသည်။
“ညီမလည်း စီနီယာအစ်ကိုချုံနဲ့နေခဲ့ချင်တယ်” ယန်လင်းပြောလေသည်။
“အစ်ကိုကြီးချုံက ကျွန်တော်တို့နဲ့ အရင်ကအကြောင်းတွေပြန်ပြောမလို့၊ ခင်ဗျားက ပြောစရာမရှိဘူး မလား၊ ဒီမှာနေပြီးဘာလုပ်မှာလဲ” ဖက်တီးကျူသည် ထိုမိန်းကလေးအား သဘောမကျကာ လေသံဖြင့်ပြောလေ သည်။ “ခင်ဗျားလည်း ဒီမှာအရင်ကအကြောင်းတွေပြောချင်လို့လား”
သူတို့တွင် သူမနှင့်ပတ်သတ်ပြီး အမှတ်တရများရှိမနေပေ။ သူတို့တွင် အမှတ်တရများရှိနေပါက ဘာကြောင့်ဒီလိုမျိုးတိုက်နေဦးမှာလဲ။
“ဂျူနီယာညီမလေး မင်းအပြင်မှာနေရင် ဆရာစိတ်ပူနေလိမ့်မယ်” မူဂန်းပြောလိုက်သည် “ငါတို့နဲ့လိုက်ခဲ့”
“ညီမ…”
“ဆရာ့ကိုဒေါသထွက်အောင်လုပ်မလို့လား” မူဂန်း မျက်မှောင်ကြုတ်လေသည်။
ယန်လင်းသည် သူမဖခင်၏ ဒေါသကိုတွေးမိရာ နှုတ်ခမ်းစူပြီး မပျော်မရွှင်ထွက်သွားလေသည်။
သူတို့ထွက်သွားပြီးနောက်တွင် ရှီမာယူယူသည် ချုံရှောင်ထန်အား သံသယဖြင့်ကြည့်ပြီး “ခင်ဗျား စီနီယာအစ်ကိုတွေက ဘာလို့ခင်ဗျားလိုမဟုတ်ဘူးလို့ခံစားနေရတာလဲ”
အခု သူနေချင်သည်ဟုပြောလိုက်သည့်အချိန်တွင် ထိုလူများသည် သူအန္တရာယ်ကျရောက်မည်ကို စိုးရိမ် မှုမရှိပေ။ သူသေခြင်းရှင်ခြင်းသည် သူတို့နှင့်မဆိုင်သလိုပင်။
ချုံရှောင်ထန်သည် ခါးသီးစွာပြုံးကာ “သူတို့က ကျွန်တော်အသက်ရှင်တာကိုမလိုချင်ဘူးလေ”
“ခင်ဗျားက သူတို့ စိတ်ကူးတဲ့က အလှလေးကိုလုယူလိုက်လို့မဟုတ်ဘူးလား” ရှီမာယူယူ စနောက်လေ သည်။ ချုံရှောင်ထန် အကြည့်ရှောင်သည်ကိုတွေ့သောအခါ အားရပါးရပြုံးကာ “ကျွန်တော်ပြောတာ မှန်နေတာ လား”
ချုံရှောင်ထန်သည် ရှက်ရွံ့ကာ နေရခက်စွာ စကားလမ်းကြောင်းလွှဲလေသည်။ သူမေးလိုက်သည် “အခု ဘာတွေတွေ့ထားတာလဲ”
***