← Chapters

စုံစမ်းရန်လိုအပ်ခြင်း

Vol. 008 Ch. 749

စုံစမ်းရန်လိုအပ်ခြင်း

Vol. 008 Ch. 749

ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။ ဒီလူဘယ်လိုသိတာလဲ။

ချုံရှောင်ထန်သည် ရှီမာယူယူ၏ မျက်နှာကိုကြည့်ရာ သူခန့်မှန်းလိုက်သည်မှာ မှန်နေကြောင်းကို သိလိုက်သည် “ဘာတွေတွေ့ထားလဲ မြန်မြန်ပြောပြ”

“ကျွန်တော်တို့တစ်ခုခုတွေ့ထားတယ်ဆိုတာ ဘယ်လိုသိတာလဲ” ဖက်တီးကျူမေးခွန်းထုတ်လိုက်သည်။

“ခင်ဗျားတို့အားလုံး တစ်ခုခုကိုသတိထားမိထားတယ်၊ တစ်ခုခုတော့သိထားမှာပဲ၊ ကျွန်တော့်စီနီယာ အစ်ကိုတွေ မမြင်နိုင်တာ၊ ဒါပေမဲ့ ကျွန်တော်တို့က အချိန်တစ်ခုတော့ရင်းနှီးခဲ့ဖူးတယ်လေ” ချုံရှောင်ထန် ရှင်းပြ လေသည်။

“ကျွတ် ခင်ဗျားပဲသိတယ်” ဖက်တီးကျူပြောလိုက်သည်။

“ဟုတ်တယ် မြန်မြန် ဘာတွေ့ထားလဲပြောဦး” ချုံရှောင်ထန်သည် ပြုံးပြီးပြောလေသည်။

“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ ဒီဒဏ်ရာတွေကိုဖြစ်စေနိုင်တာ ဘယ်လိုသတ္တဝါလဲဆိုတာ ခန့်မှန်းမိ ရုံပါ” ရှီမာယူယူ ပြန်ဖြေလေသည်။

“ခင်ဗျားတို့မှန်းတာမှန်လား”

“အဖြေတချို့တော့ရတယ်၊ ဒါပေမဲ့ အတည်မပြုရသေးဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒီအလောင်းတွေကိုကြည့်တော့ အရမ်းထူးဆန်းနေတယ်” ချုံရှောင်ထန် မှတ်ချက်ပေးလေသည် “ဒီလောက်ရက်စက်ပြီး ထူးဆန်းတဲ့ဒဏ်ရာမျိုးတစ်ခုမှမတွေ့ဖူးသေးဘူး”

“မမြင်ဖူးတာ သဘာဝကျပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ “ခင်ဗျားတို့ တစ္ဆေလောကကလူ တစ်ယောက်ယောက်များမတွေ့မိဘူးလား”

“တစ္ဆေမျိုးနွယ်ဟုတ်လား၊ ဒါကိုတစ္ဆေလောကလူတွေလုပ်တယ်လို့ပြောနေတာလား” ချုံရှောင်ထန် တိုးညင်းစွာပြောလေသည်။

“အနည်းဆုံးတော့ တစ္ဆေလောကက သတ္တဝါတွေလုပ်တာဖြစ်နိုင်တယ်၊ တစ္ဆေလောကက လူတွေလား တစ္ဆေလောကက တခြားသတ္တဝါလားဆိုတာတော့ မသိသေးဘူး” ရှီမာယူယူ ရှင်းပြလေသည်။

“ဘယ်လိုလုပ် တစ္ဆေလောကဖြစ်နိုင်ရမှာလဲ၊ တစ္ဆေလောကကလူတွေလုပ်တယ်ဆိုတာ ဘာလို့ သံသယဝင်တာလဲ” တစ္ဆေလောကမှ လူများသည် နတ်ဆိုးလောကမှလူများထက် လူသားလောကို လာရောက်သည်မှာ ရှားပါးသဖြင့် ချုံရှောင်ထန်သည် ကြားလိုက်သောအခါ အံ့သြသွားလေသည်။ တစ္ဆေလောက မှလူများနှင့်တွေ့ရမည့်နေ့ရောက်လာမည်ဟု သူ ထင်မထားပေ။ ထို့ကြောင့် သူသည် ခေတ္တမျှ မတုန့်ပြန်နိုင်ပေ။

“အဲလူတွေရဲ့ ဝိဉာဉ်တွေက မသေခင်ကို စွမ်းအင်ခြောက်သွေ့သွားတာ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သေဆုံးမှုရောင်ဝါကလည်း သူတို့ဒဏ်ရာတွေမှစွဲနေတုန်းပဲ”

“သေဆုံးမှုရောင်ဝါဟုတ်လား”

“တစ်ရွာလုံးမှာ ဝိဉာဉ်စွမ်းအင်သုံးထားတဲ့ အရိပ်အယောင်မရှိဘူး၊ ဘာလို့လဲဆိုတော့ အကုန်လုံးက ဝိဉာဉ်စွမ်းအင်မသုံးတတ်ကြလို့ပဲ၊ ဒါပေမဲ့ သေဆုံးခြင်းရောင်ဝါရှိနေတယ်၊ တစ္ဆေလောကကလူတွေကလွဲပြီး ဘယ်သူတွေကများ သေဆုံးခြင်းရောင်ဝါရှိလို့လဲ” ရှီမာယူယူ အကျိုးကြောင်းသင့်စွာပြောလေသည်။

ချုံရှောင်ထန်သည် ဆောင့်ကြောင့်ထိုင်ကာ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။ သေချာသလောက်ရှိ သည်။ ဒဏ်ရာများတစ်ဝိုက်တွင် အနက်ရောင်မြူခိုးဖျော့ဖျော့များကို သတိထားမိလိုက်သည်။ အနီးကပ်မကြည့်မိ ပါက သူတို့လည်း ရှာတွေ့မည်မဟုတ်ပေ။

“ဒါက သေဆုံးခြင်းရောင်ဝါဆိုတာ ဘယ်လိုသိတာလဲ”

“ကျွန်တော်က ဉာဏ်ကောင်းလို့လေ” ရှီမာယူယူ ပြန်ဖြေလေသည်။

သူမ အရင်ကမြင်ဖူးသည်ဟု မပြောပေ။

အမှန်ပင်။ သူမသည် အရင်က သေဆုံးခြင်းရောင်ဝါကိုမြင်ဖူးသည်။ နဂါးရောင်ပြန်တောင်အောက်ရှိ ချိပ်ပိတ်ခံထားရသူတွင် သေဆုံးခြင်းရောင်ဝါဖုံးလွှမ်းနေသည်။ သို့သော် ထိုအချိန်က သူမ မှတ်ဉာဏ်များပြန်မရ သေးပေ။ သာမန်အနက်ရောင်မြူခိုးဟုသာ ထင်ခဲ့သည်။ မှတ်ဉာဏ်များပြန်ရပြီးနောက်တွင် သေဆုံးခြင်းရောင်ဝါ သည် ဖယ်ရှားရန်ထူထဲလွန်းသည်ကို သိလိုက်သည်။

ချုံရှောင်ထန် သူမအဖြေကိုကြားသောအခါ သူမ ထပ်မပြောချင်တော့သည်ကို သိသဖြင့် ထပ်မမေး တော့ပေ။

“ခင်ဗျားတို့အားလုံး ဒါကိုတစ္ဆေလောကက လူတွေလုပ်တာလို့ထင်တယ်ပေါ့၊ ဘာလို့အဲလိုမပြောတာလဲ”

“ဘာလို့ပြောရမှာလဲ” ရှီမာယူယူ ငြင်းဆန်လေသည် “ကျွန်တော် သူတို့ကိုတောင်မသိသေးတာ၊ ခင်ဗျား နဲ့ သူတို့နဲ့က ရင်းတောင်မရင်းနှီးဘူးလေ”

ချုံရှောင်ထန်သည် သူမအားကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။ အကြောင်းအရင်းနောက်ကွယ်တွင် အဓိက အကြောင်းအရင်းရှိသည်။

“အခု အကြောင်းအရင်းကိုသိပြီဆိုတော့ ဘာလုပ်ဖို့ရှိလဲ” သူ မေးလိုက်သည်။

“ဘာမှမရှိပါဘူး ဒီမှာလူတွေအများကြီးသေထားတယ်၊ ဟိုလူတွေ သူတို့ကိုရှာတွေ့ပြီး အလောင်းတွေ ကိုရှင်းနိုင်ပါ့မလားမသိဘူး၊ မဟုတ်ရင် ငါတို့ပဲရှင်းလိုက်ကြတာပေါ့”

အားလုံးသဘောတူကြသဖြင့် သူတို့သည် မီးမြှိုက်ကာ နေရာတစ်ခုလုံးအားရှင်းလိုက်ကြသည်။

ရွာမှထွက်ခွာပြီးနောက်တွင် သူတို့သည် လှည့်ပတ်ကြည့်ကြသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းများဖြင့် ပြည့်နေသော လူများကိုတွေ့လေသည်။ ကြုံကြိုက်သည်မှာ သူတို့သည် ရွာ ၁ရွာ ၂ရွာလောက် မီးရှို့ခံရသည်ကို မြင်တွေ့ခဲ့ရသည်။

“အဲဒီရွာတွေလည်း ဒီလိုအခြေအနေပဲဖြစ်တဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက ငါတို့အရင် ရွာတွေကိုဖြတ်သွားတဲ့လူတွေပဲ သူတို့လည်း မီးမြှိုက်ခံလိုက်ရပြီ၊ အခုသွားလည်း ဘာမှရလာမှာမဟုတ်ဘူး ပြန် ရအောင်”

“အခု ဘယ်မှာနေကြတာလဲ” ချုံရှောင်ထန် မေးလိုက်သည်။

“မြစ်ကမ်းရှေ့က တည်းခိုဆောင်အသေးတစ်ခုမှာ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အဲလောက်မကြီး တော့ ခင်ဗျားနေလို့ရမှာမဟုတ်ဘူး”

“ကျွန်တော်တို့က လူများတယ် အဲတော့ မြို့ထဲကအကြီးဆုံးတည်းခိုဆောင်မှာနေတယ်” ချုံရှောင်ထန် ပြောလိုက်သည်။

“အဲလိုပဲထင်ထားတာပဲ ပြန်ရအောင်”

သူတို့သည်မြို့သို့ပြန်ကြရာ မြို့ဝန်ပြန်မရောက်သေးကြောင်း မြို့ဂိတ်စောင့်ပြောသည်ကိုကြားလိုက်ရ သည်။ သူတို့သည် မြို့ထဲတွင်ဖြစ်ပျက်သမျှကို စုံစမ်းနေဆဲ သို့မဟုတ် အနီးအနားကို စုံစမ်းရန်သွားခြင်းဖြစ်ရ မည်။

မြို့ဂိတ်တွင် ရှီမာယူယူတို့နှင့် ချုံရှောင်ထန်တို့သည် လမ်းခွဲပြီး တည်းခိုဆောင်သို့ပြန်လာလိုက်ကြ သည်။

“ယူယူ အခုငါတို့အကြောင်းအရင်းကိုသိပြီ ဂိုဏ်းကိုပြန်ပြီးသတင်းပို့မှာလား” ဖက်တီးကျူ မေးလိုက် သည်။

ရှီမာယူယူသည် ပြတင်းပေါက်အပြင်တွင် သည်းထန်စွာကျဆင်းနေသော မိုးများကိုကြည့်ပြီး ထိုကိစ္စ ကိုစဉ်းစားနေလေသည်။

“မဟုတ်ဘူး ငါသွားကြည့်မယ်”

“မင်းသွားမယ်ဟုတ်လား အဲဒီမှာ အန္တရာယ်များတယ်”

“ငါသိတယ် ဒါပေမဲ့ ငါသွားရမယ့် အကြောင်းအရင်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဲမှာ မင်းဘာလုပ်နိုင်မှာလဲ” ဖက်တီးကျူ ပြောလိုက်သည် “ယူယူ အဒေါ်၃နဲ့ အစ်ကိုရှီမန်မရှိဘူးဆို ပြီး အဲလိုမျိုးမစဉ်းစားနဲ့ မင်း အန္တရာယ်တောထဲရောက်သွားနိုင်တယ်”

“အဒေါ်၃တို့ရှိနေရင်လည်း ငါသွားဦးမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “ငါ့သူငယ်ချင်းအတွက် ငါသွား ရမယ်”

“ညီ၅ အိမ်မက်လေးကြောင့်လား” ရှီမာယူရန် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ သူမသည် ရှီမာယူရန်ဆိုလိုသည်ကို နားလည်သည်။ သူမ အိမ်မက် လေးအတွက် သွားသည်ဟု ဆိုသည်မှာ အိမ်မက်လေးပြောခဲ့သည့် အကြောင်းအရာကြောင့်ဖြစ်သည်ဟု ဆိုလို ခြင်းဖြစ်သည်။

ထိုအရာများကို တစ္ဆေလောကမှလူများလုပ်သည်ဟု အိမ်မက်လေး ဝေဖန်ပိုင်းခြားပြီးနောက်တွင် သူမ ပြောခဲ့သည်။ “ဒါက တစ္ဆေဝိဉာဉ်တွေရဲ့အနံ့ပဲ၊ သူမသာ တစ္ဆေဝိဉာဉ်တွေကိုဖမ်းနိုင်လို့ မိုရှားသာစုပ်ယူလိုက်ရင် သူ မြန်မြန်ပြန်ကောင်းလာနိုင်တယ်”

မိုရှားသည် သူမကြောင့် ပြင်းထန်သောဒဏ်ရာရခဲ့သည်။ ဖြစ်နိုင်ချေရှိသမျှကို သူမ စမ်းကြည့်ချင်သည်။ ရှီမန်ဖန်သာ သိပါက သူမကိုတားမည်ဖြစ်သည်။

ဖက်တီးကျူသည် သူမကို ဖြောင်းဖြလိုသော်လည်း ဘေဂုံထန်က သူ့လက်မောင်းကိုဆွဲလိုက်သည်။

“မင်းနဲ့လိုက်မယ်” ဝေကျိရွှီ အကြံပေးလိုက်သည်။

“မဟုတ်ဘူး ငါ့ကိုဒီမှာပဲစောင့်နေ” ရှီမာယူယူ ငြင်းဆန်လိုက်သည် “ငါ့မှာ အိမ်မက်လေးရှိတယ်၊ သာမန် ဝိဉာဉ် တိုက်ခိုက်မှုက ငါ့ကိုသက်ရောက်မှုမရှိဘူး၊ ဒါပေမဲ့ မင်းတို့ကမတူဘူး၊ မင်းတို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

“ဒါပေမဲ့ မင်းကတစ်ယောက်တည်း ငါတို့်စိတ်မချဘူး” ရှီမာယူရွှီ ပြောလိုက်သည်။

“ဖန်ယိနဲ့ ဖန်အာတို့ရှိနေတာပဲ ပြီးတော့ ငှက်လေးတို့လည်းရှိတယ်” ရှီမာယူယူ အာမခံလိုက်သည် “အစ်ကို၂ ကျွန်တော့်ကိုယုံပါ ဒီကိစ္စကိုအောင်အောင်မြင်မြင်ဖြေရှင်းနိုင်မှာပါ”

အားလုံးသည် သူမ၏ အာမခံမှုကိုမြင်လိုက်သည်။ သူတို့သည် စိုးရိမ်သော်လည်း စိတ်လှုပ်ရှားနေသော သူမကို ကြည့်ပြီး ရွေးချယ်စရာမရှိတော့ပေ။

“စိတ်ချပါ ကျွန်တော်က ဘေးသင့်မှုကို တောင်းခံနိုင်တယ်မဟုတ်လား၊ နောက်ဆုံးရွေးစရာမရှိတော့ရင် ဘေးသင့်မှုကိုထပ်ခေါ်လိုက်ရုံပဲ၊ တစ္ဆေလောကကလူတွေလည်း ဘယ်လောက်သန်မာပါစေ ဒါကိုတော့ ကြောက် ကြတာပဲ”

“အမှန်ပဲ ညီ၅မှာ တစ္ဆေမျိုးနွယ်ကို ဆန့်ကျင်ဖို့အတွက် နည်းလမ်းတွေအများကြီးရှိတယ်၊ သူမသာ တကယ်ပဲ တစ္ဆေမျိုးနွယ်နဲ့တွေ့ရင် ဒုက္ခရောက်မှာ သူမ မဟုတ်ဘူး” ရှီမာယူရန်သည် သူမအား ယုံကြည်ထား သည်။

“ဒါဆို ဘယ်တော့သွားမှာလဲ” ရှီမာယူလင်း မေးလိုက်သည်။

“ဒီနေ့ညပြီးတာနဲ့” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒီကိစ္စတွေက မနေ့ညကဖြစ်ထားတာ၊ မနေ့က သူတို့ က မုရွှန်မြို့ဘေးမှာ ဒီနေ့ ဒီကိုရောက်လာနိုင်လောက်တယ်”

***

All Chapters