← Chapters

တစ္ဆေအုပ်စုပေါ်လာခြင်း

Vol. 008 Ch. 750

တစ္ဆေအုပ်စုပေါ်လာခြင်း

Vol. 008 Ch. 750

သူတို့ပြန်လာချိန်တွင် ညနေခင်းဖြစ်နေရာ စကားဝိုင်းအဆုံးသတ်ပြီးချိန်တွင် ညမှောင်နေပြီဖြစ်သည်။

ရှီမာယူယူသည် အိပ်မပျော်သေးပေ။ သူမသည် အခန်းပြတင်းပေါက်ကိုမှီကာ အပြင်ဘက်မှ မြစ်ရေစီး နေသည်ကို ကြည့်ပြီး စိတ်ကူးယဉ်နေမိသည်။

“မင်းဘယ်တော့ပြန်ကောင်းမှာလဲ” သူမသည် လက်မှ နတ်ဆိုးညွှတ်လက်ပတ်နှင့် ကစားရင်းရေရွှတ်မိ သည်။

သူတို့ ပုံစံမဲ့ကမ္ဘာမှပြန်ရောက်သည့်အချိန်မှစပြီး နတ်ဆိုးညွှတ်လက်ကောက်အတွင်းတွင် သန်မာသော အာရုံကိုခံစားမိသဖြင့် သူမ နှုတ်ခမ်းတွန့်မိသည်။ နောက်ဆုံးတော့ လှုပ်လာပြီ။

“မင်း စီနီယာနဲ့ ပေါင်းစပ်ရဦးမယ်၊ ဒါပေမဲ့ထပ်ပြီးအိပ်ပျော်သွားခဲ့ပြန်ပြီ၊ အိမ်မက်လေးပြောတဲ့နည်းလမ်း သာတကယ် အလုပ်ဖြစ်မယ်ဆိုရင် ဘယ်လောက်အန္တရာယ်များပါစေ ငါဂရုမစိုက်ဘူး အဲတစ္ဆေတွေကို ဖမ်းဖို့ ငါ မင်းကိုသေချာပေါက် ကူညီမယ်”

သူမ ပြောလိုက်သည့်စကားကို အခုမှနိုးလာသော မိုရှားကြားသောအခါ အေးခဲနေသော သူ့မျက်နှာမှာ ပြုံးယောင်သမ်းလာသည်။ သူသည် ဝိဉာဉ်အရည်တချို့ထုတ်ကာ သောက်လိုက်ရာ အသွင်ပြောင်းထားသော သူ့ ခန္ဓာကိုယ်သည် ပုံထင်ရှားလာသည်။

ရုတ်တရပ်ပင် မြစ်ကိုဖြတ်ပြီး အနက်ရောင်ထူထပ်သောပုံရိပ်တစ်ခုသည် ပေါ်လောပေါ်နေသည်ကို ရှီမာယူယူခံစားလိုက်ရသည်။ သူတို့ မုရွှန်မြို့ကိုတိုက်ခိုက်မည်ဟု သူမထင်ထားသည့်အတိုင်းပင် အနက်ရောင် အရိပ်များသည် ရုတ်တရက်အနားရှိရွာတစ်ရွာသို့ပျံသွားလေသည်။

“တစ်ခုခုတော့ဖြစ်နေပြီ အစ်ကိုကြီး ဖက်တီး ဒီမှာစောင့်နေပြီး အပြင်မသွားနဲ့” ရှီမာယူယူသည် အမိန့်ပေး ပြီးနောက် ချက်ချင်းပင် ပြတင်းပေါက်မှပျံသွားလိုက်သည်။

ဖက်တီးကျူသည် စိုးရိမ်နေသော်လည်း အိမ်မှ မထွက်ရဲပေ။ ရှီမာယူယူသည် ထိုအိမ်ကို ကာကွယ်ရေး တည်ဆောက်မှုလုပ်ပေးထားသဖြင့် တစ္ဆေများတိုက်ခိုက်သည်ဖြစ်စေ မိုးကြိုးကျရောက်သည်ဖြစ်စေ ပျောက်ကွယ်သွားနိုင်သည်။

ဖန်၁နှင့် ၂သာ သူမနောက်လိုက်ကာ ပျံသွားကြသည်။

သူတို့အပြင်ရောက်သည်နှင့် အနက်ရောင်အရိပ်များဆီသို့ပျံသွားကြသူများမှာ နည်းပါးသည်ကို ချက်ချင်း သိလိုက်ရသည်။

ထိုအနက်ရောင်အရိပ်များသည် သူတို့ခန့်မှန်းထားသည့်အတိုင်းပင် ဦးတည်ရာဘက်မျိုးစုံကိုဖြန့်သွား လေသည်။ ထိုပုံရိပ်များသည် လူခွဲပြီးလိုက်ကြရသည်။

ရှီမာယူယူသည် ဖန်၁နှင့် ၂ကိုဦးဆောင်ကာ မိုးပေါ်သို့ပျံရာ ထိုတစ္ဆေများကို လျင်မြန်စွာမိလေသည်။

“ဟား” ထိုတစ္ဆေများသည် ရုတ်တရက်ပျံရာမှရပ်ပြီး လှည့်ပတ်ရာ ရှီမာယူယူတို့ကို ဝိုင်းပြီးသားဖြစ်လေ သည်။

“သခင်လေး သတိထား” ဖန်၁နှင့် ၂သည် ရှီမာယူယူဘေးရပ်ကာ တစ္ဆေများနှင့် တိုက်ခိုက်ရန်အသင့် ဖြစ်လေသည်။

သူတို့သည် သာမန်လူနှင့်တူသည်ကို ရှီမာယူယူမြင်လိုက်ရသည်။ သူတို့မျက်နှာများသည် တောင့်တင်း ကာအဖြူရောင်ရှိကြပြီး ခန္ဓာကိုယ်များမှာ အသွင်ပြောင်းထားခြင်းဖြစ်သည်။ သူတို့သည် အလွန်ကိုကြည့်ရဆိုး သည်။

“သူတို့က တစ္ဆေလည်းဖြစ်ပေမယ့် ငါ့မိုရှားက အများကြီးပိုကြည့်ကောင်းတယ်” ရှီမာယူယူသည် သူမ ဘာသာတွေးလိုက်သည်။

မိုရှားသည် သတိရနေပြီဖြစ်သဖြင့် သူမစဉ်းစားသမျှကို ကြားလိုက်ချိန်တွင် မျက်လုံးပွင့်လာပြီး သူ့ အကြည့်မှာ နူးညံ့နေလေသည်။

“ဟား ဟား ငါတို့နောက်ကိုလိုက်ရဲတဲ့သူ တကယ်ရှိနေတာပဲ” တစ္ဆေတစ်ကောင်သည် နှာမှုတ်လိုက်ရာ သူ့အသံသည် ကြားဖူးသမျှတွင် အဆိုးဆုံးဖြစ်သည်။

“မင်းအသံကြီးကလည်း ဆိုးလိုက်တာ” ရှီမာယူယူသည်နားရွက်များကို ကာလိုက်သည် “ငါသာ မင်းတို့ လိုမျိုး အလင်းကိုမမြင်နိုင်တဲ့သူဆိုလို့ကတော့ တစ္ဆေလောကမှာပဲ ပုန်းနေပြီးဘယ်တော့မှ ထွက်လာမှာမဟုတ် ဘူး”

“မင်းမှာကြည့်တတ်တဲ့မျက်လုံးရှိတာပဲ ငါတို့က တစ္ဆေလောကကဆိုတာ သိနေတယ်၊ အဲဒါကို မင်းက ငါ တို့နောက်လိုက်ရဲသေးတယ်ဟုတ်လား သတ္တိရှိလှချည်လား”

“ချီးကျူးတဲ့အတွက်ကျေးဇူးပဲ အဲလိုပြော မင်းကပထမဆုံးတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဟင် လက်တောက်လောက် လူသားလေးကများ၊ အချိန်မဖြုန်းတော့ဘူး၊ သူ့ကိုရှင်းပြီး ရှေ့ဆက်ကြ မယ်” နောက်တစ္ဆေတစ်ကောင်သည် ကြက်သီးထစရာ အသံဖြင့် အေးစက်စွာပြောလေသည်။

ရှီမာယူယူသည် အံ့ဖွယ်သူတော်စင်ပထအဆင့်ဖြစ်ကာ ဖန်၁နှင့် ၂တို့သည် ဧကရာဇ်အဆင့် ကျွမ်းကျင် သူများဖြစ်ကြသည်။ သို့သော် သူတို့သည် လူသားလေးများဟု အထင်သေးခံရသည်။

လူသားတွေဘယ်လောက် အင်အားကြီးလဲဆိုတာ သူတို့မသိသေးဘူးလား။

တောင်ပေါ်က ဖျက်ဆီးလိုက်တဲ့လူတွေကိုတော့ သိလောက်မှာပါ။ သို့သော် သူတို့ထိုအတိုင်းပြောလာ သဖြင့် ရှီမာယူယူတို့သည် ထိုကဲ့သို့မဟုတ်ကြောင်းပြပေးရတာပေါ့။

သူတို့သည် အလွန်စွမ်းအားကြီးသည်။

ဖန်၁နှင့် ၂တိုပသည် ရှီမာယူယူ၏ အမိန့်ကိုမစောင့်တော့ပဲ ဝိဉာဉ်စွမ်းအင်ထုတ်ပြီး ချက်ချင်း တိုက်ခိုက်ကြလေသည်။ သို့သော် စွမ်းအင်များသည် ထိခိုက်စေခြင်းမရှိပဲ အလွယ်တကူပျောက်သွားလေသည်။

လျင်မြန်စွာပင် ပေါ်လောပေါ်နေသော အနက်ရောင်အရိပ်သည် အတူပြန်စုသွားလေသည်။

“သာမန်တိုက်ခိုက်မှုက သူတို့ကိုတိုက်ဖို့အသုံးမဝင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “မီးသုံးကြည့်”

ဖန်၁နှင့် ၂တို့သည်လည်း ထိုအတိုင်းတွေးကြကာ ဖန်၂သည် မီးဝိဉာဉ်တိုက်ခိုက်မှုကိုသုံးပြီး မီးမိုးပစ်ချ လိုက်သည်။

“အာ…..”

ထိုတစ္ဆေများသည် မီးတောက်များလောင်ကျွမ်းသွားကာ နာကျင်သဖြင့် ပိုပိုအားနည်းလာသည်။ လျင်မြန်စွာပင် အော်ဟစ်နေကြသောတစ္ဆေများသည် အကြွင်းမဲ့လောင်ကျွမ်းသွားလေသည်။

တချို့မှာ လောင်ကျွမ်းပြီးသေဆုံးသွားသော်လည်း အများစုမှာ မထိခိုက်ပဲရှိနေလေသည်။ မီးတိုက်ခိုက် မှုလာချိန်တွင် သူတို့ လက်ဝေ့ရမ်းလိုက်သည်နှင့် အနက်ရောင်မြူတိမ်တိုက်တစ်ခုသည် သူတို့အရှေ့တွင်ပေါ်  လာသည်။ ထိုမီးတောက်များ အနက်ရောင်မြူကိုတွေ့သည်နှင့် ရေနှင့်ဖြန်းလိုက်သကဲ့သို့ ပျောက်ကွယ်သွားလေ သည်။

ဧကရာဇ်အဆင့်လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကဒီလိုပဲ ပျောက်ကွယ်သွားတာလား။ ပြီးတော့ အမှောင် အရည်အချင်းကို တိုက်ဖို့အတွက် မီးအရည်အချင်းက အားနည်းချက်ပဲလေ။ တခြားအရည်အချင်းသာဆိုရင် ပိုဆိုးလာဖို့ပဲရှိတယ်။

“ဟီး ဟီး မင်းတို့က ဒီစွမ်းအင်အဆင့်လောက်နဲ့ ငါတို့နဲ့ တိုက်ဖို့ရပ်နေသေးတယ်” တစ္ဆေသည် ပြောပြီး နောက် သူတို့ကို စတင်လှောင်ပြောင်လေသည်။

ဖန်၁နှင့် ၂တို့သည် တင်းမာသွားကြသည်။ အဟောပိုင်းက ဖန်၂သည် အားအကုန်မသုံးပဲလွှတ်လိုက် သော်လည်း အားနည်းသူများလောက်သာ လောင်ကျွမ်းသွားခဲ့သည်။ သူတို့က ဒီလောက်အားကောင်းမယ်လို့ ဘယ်သူထင်မှာလဲ။

အဲဒါကြောင့် စုံစမ်းဖို့သွားတဲ့လူတွေလည်း မရှိကြတော့တာကိုး။ ထိုတစ္ဆေတွေက လူသားဝိဉာဉ်သခင် တွေထက် အများကြီးသန်မာတာပဲ။

“ကိုယ့်ကိုယ်အထင်မကြီးတာကောင်းမယ်၊ မင်းတို့က သေဆုံးခြင်းရောင်ဝါကိုပဲ မှီခိုထားရတာ၊ မင်းတို့ ခန္ဓာကိုယ်က စွမ်းအားမရှိဘူး” ရှီမာယူယူသည် ရှုပ်ထွေးနေသော ဖန်၁နှင့်၂တို့ကို သတိပေးရင်း ပြောလိုက် သည်။

“အသုံးမကျလိုက်တာ”

“တကယ်ပဲ အသုံးမကျဘူးလား” ရှီမာယူယူ ပြောလိုက်သည် “သေဆုံးခြင်းရောင်ဝါက မင်းတို့ဟာ မဟုတ်ဘူးမလား၊ ဖန်၂ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်နိုင်လောက်တဲ့ အဲသေဆုံးခြင်းရောင်ဝါကို ဘယ်သူက မင်းတို့ကိုပေးလဲသိချင်လိုက်တာ ဒါပေမဲ့ အဲဒီသေဆုံးခြင်းရောင်ဝါကြောင့်သာမဟုတ်ရင် ငါ လေတစ်ချက်မှုတ် လိုက်တာနဲ့ မင်းကိုရှင်းနိုင်မယ်လို့ ငါပြောရဲတယ်”

ရှီမာယူယူ ပြောလိုက်သည့်စကားကြားသောအခါ ထိုတစ္ဆေများသည် အလွန်လူးလွန့်သွားကြသည်။

သေဆုံးခြင်းရောင်ဝါမှာ သူတို့၏လျှို့ဝှက်ချက်ဖြစ်ကာ သူတို့သတ်လိုက်သော တစ်ယောက်တစ်လေမျှ မသိသွားကြပေ။ သို့သော် ဒီလူသားသေးသေးလေးက သိသွားသည်။

“”

“မင်းတို့ တစ္ဆေတွေ တစ်ယောက်ယောက်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ ထင်တယ် ဟုတ်တယ် မလား” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အဲဒီသေဆုံးခြင်းရောင်ဝါက အဲလူကမင်းတို့ကိုပေးလိုက်တာပဲ အဲလူက အနီရောင်တောင်ထိပ်မှာရှိနေတယ် ဒါပေမဲ့ မလှုပ်နိုင်ဘူး၊ အဲလိုနဲ့ မင်းတို့ အပြင်က ဝိဉာဉ်တွေကို စုပ်ယူ ပြီးတော့ တခြားသူကိုပေးနေရတာပဲ”

သူမ ပြောလေလေ ထိုတစ္ဆေများသည် ဒေါသထွက်လေလေဖြစ်သည်။ သူမ ဘာလို့အားလုံးကို မှန်းမိနေ တာလဲ။

“အဲဒါကြောင့် မင်းတို့က လေကြွားတာအပြင်မလုပ်နိုင်တာ” ရှီမာယူယူ နိဂုံးချုပ်လေသည်။

“မီးမြှိုက်လိုက်တဲ့သူတွေကရော”

“သူတို့က သူတို့ခန္ဓာကိုယ်ကိုကာကွယ်ဖို့အတွက် သေဆုံးခြင်းရောင်ဝါရလိုက်တဲ့သူတွေပဲ မဟုတ်ရင် သူတို့က ခရုတွေထက်တောင် တုန့်ပြန်မှုနှေးတဲ့လူတွေပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဟင်း မင်းပြောတာမှန်တော့ဘာလုပ်ရမှာလဲ” ထိုတစ္ဆေ ပြောလေသည် “ဒီနေ့က မင်းတို့အားလုံးသေရ မယ့်နေ့ပဲ”

“ငါတို့ကိုသတ်ချင်တယ်ဟုတ်လား ဒါပေမဲ့ သတ်ဖို့မလိုပါဘူး ငါတို့လည်းမလိုက်ဘူး”  ရှီမာယူယူသည် လက်ကိုလှန်ပြီး ဆွဲတင်ကာ တုန်လှုပ်ခြင်းမရှိပဲ “မင်းတို့က သေဆုံးခြင်းရောင်ဝါရှိရုံလောက်ပဲ၊ လောကကြီးကို မင်းတို့ခြေထောက်အောက်ရောက်အောင်လုပ်နိုင်မယ်ထင်နေလား၊ မင်းတို့က မီးတစ်မြှိုက်လောက်နဲ့ သွားပြီပဲ”

“ဟားဟား အတင့်ရဲလိုက်တဲ့ကောင်လေး မင်းတစ်ကိုယ်လုံးကို စားပစ်မယ်” ထိုစကားပြောသူ၏ သေဆုံးခြင်းရောင်ဝါသည် ပိုထူလာကာ ခန္ဓာကိုယ်တစ်လျှောက် လှိမ့်နေသည်။

ရှီမာယူယူသည် အေးစက်စွာနှာမှုတ်ကာ သေးငယ်သော မီးလုံးထုတ်လိုက်သည်။ ကြက်သွေးရောင် မီးတောက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ္ဆေများ၏ မျက်နှာများသည် ပြောင်းသွားကြသည်။

“မင်းတို့က ငါ့ကိုတစ်ကိုယ်လုံးစားချင်တယ်ဟုတ်လား အဆုံးသတ်လိုက်ကြအောင်”

ပြောပြီးနောက်တွင် သူမသည် မီးလုံးကိုပစ်လိုက်တော့သည်…

***

All Chapters