← Chapters

ငှက်ပေါက်စ၏ စွမ်းအား

Vol. 008 Ch. 751

ငှက်ပေါက်စ၏ စွမ်းအား

Vol. 008 Ch. 751

မီးလုံးသည် ပဒါးရောင်ဟင်္သာငှက်လေးအသွင်ပြောင်းသွားပြီး သေဆုံးခြင်းရောင်ဝါဆီသို့ ပျံသွားလေ သည်။ ငှက်သည် ကျယ်လောင်စူးရှစွာအော်ပြီး တဟုန်ထိုးသွားလေသည်။

ပဒါးရောင်ဟင်္သာငှက်လေးသည် သေဆုံးခြင်းရောင်ဝါဆီသို့ပျံသွားသည်နှင့် လျင်မြန်စွာပင် လောင်ကျွမ်းစေသည်။ တစ်မိနစ်ပင်မကြာလိုက်ပေ သေဆုံးခြင်းရောင်ဝါသည် အကြွင်းမဲ့လောင်ကျွမ်းသွားလေ သည်။

ပဒါးရောင်ဟင်္သာငှက်လေးသည် သေဆုံးခြင်းရောင်ဝါကိုလောင်ကျွမ်းစေပြီးသည်နှင့် ချက်ချင်းပင် မြေ ပေါ်တွင်လဲနေသော လူများဆီသွားလေသည်။ ထို့နောက်တွင် ငှက်လေးသည် ကျယ်လောင်စွာအော်လိုက်သည် နှင့် တစ္ဆေတစ်ကောင်ပေါ်လာလေသည်။

တခြားတစ္ဆေများ ထိုအရာကိုမြင်သည်နှင့် ပြိုကွဲတော့မည့်အတိုင်း ကြောက်ရွံ့ကြကာ ပျံပြေးလိုကြ သည်။ သို့သော် ပဒါးရောင်ဟင်္သာငှက်သည် တစ်ခါမြင်ပြီးသည်နှင့် အဆုံးထိလိုက်သည်။ မှီသွားပါက ချက်ချင်း ပင် လောင်ကျွမ်းစေသည်။

“အားကောင်းလိုက်တဲ့ မီးတိုက်ခိုက်မှုပဲ” ဖန်၂သည် ပဒါးရောင် ဟင်္သာငှက်အား ကြည့်ပြီး အံ့သြသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။

“ဒါက သာမန်မီးတောက်တော့မဟုတ်ဘူး” ဖန်၁ ပြောလေသည် “ငါတို့်ဆိုရင်လည်း ကြောက်မှာပဲ..”

ပဒါးရောင်ဟင်္သာငှက်တစ်ပတ်လှည့်ပြီးသောအခါ တစ္ဆေအများစုသည် လောင်ကျွမ်း၍ သေဆုံးသွားလေ ပြီ။ ရှီမာယူယူသည် အားလုံးကိုသတ်ပြီးသည်အထိ စောင့်ပြီး သိမ်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူမသည် သစ်အရည်အချင်းဝိဉာဉ်စွမ်းအင်ကိုထုတ်ပြီး ရှည်လျားသော အစိမ်း ရောင်နွယ်ပင်ပြုလုပ်ကာ ကျန်ရှိသော တစ္ဆေများကို ဖမ်းလိုက်လေသည်။

သစ်အရည်အချင်းသည်လည်း သေဆုံးခြင်းရောင်ဝါကိုယှဉ်နိုင်သော အရည်အချင်းတစ်ခုပင်ဖြစ်သည်။ မီးအရည်အချင်းထက် ပို၍ အသုံးတည့်သောအချိန်များလည်းရှိသည်။

ထိုတစ္ဆေများသည် တင်းကြပ်စွာချည်တုပ်ခံထားရကာ အားမသုံးရဲကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ ရုန်းလေလေ အစိမ်းရောင်နွယ်ပင်များသည် ပိုတင်းကြပ်သဖြင့် သူတို့အတွက် အဆိပ်ကဲ့သို့ဖြစ်နေသည်။ သူတို့သည် နာကျင်မှုအပြည့်ပင်။

ရှီမာယူယူလျှောက်သွားပြီး သူတို့အား ပတ်လျှောက်လိုက်သည်။

“ဘယ်လိုလဲ မင်းတို့သေဆုံးခြင်းရောင်ဝါက အသုံးမဝင်ဘူးလို့ပြောခဲ့တယ်မလား၊ ငါ့ကိုယုံမှမယုံကြတာ”

“အဲဒါက ဘယ်လိုမီးတောက်လဲ၊ ဘလို့အဲလောက်အားကောင်းနေရတာလဲ”

ရှီမာယူယူသည် မီးတောက်အားသိမ်းပြီး သူမလက်စွပ်နှင့် ဆော့ကစားနေလေသည်။

“ဒီမီးတောက်က ဆင်းသက်လာတဲ့မီးတောက်မို့လို့ မင်းတို့ကို နိုင်အောင်တိုက်နိုင်တယ်” သူမ ပြောလိုက် သည် “အနီရောင်တောင်ထိပ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြမယ်ဆိုရင် မင်းတို့ကိုသက်ညှာပေးလို့ရ တယ်၊ မဟုတ်ရင်တာ့ ငါ့ငှက်ပေါက်စရဲ့ စွမ်းအားကို အပြည့်အဝကြုံတွေ့သွားရမယ်”

မီးတောက်သည် သူမပေးလိုက်သော နာမည်အားနှစ်သက်ပုံမရကာ ကန့်ကွက်သည့်အနေနှင့် သူမ လက်ထဲတွင် လူးလွန့်နေသည်။ သို့သော် လျစ်လျူရှုခံလိုက်ရသည်။

“ငါပြောမှာမဟုတ်ဘူး” တစ္ဆေတစ်ကောင်သည် ခေါင်းမာနေဆဲဖြစ်ကာ ရှီမာယူယူဖိနှိပ်သည်ကို ဆန့်ကျင်နေတုန်း ပင်။

ရှီမာယူယူသည် လေအကုန်မခံတော့ပဲ ငှက်ပေါက်စကိုလွှတ်လိုက်လေသည်။ ငှက်ပေါက်စပြန်လာ သည်နှင့် ထိုလူသည် လောင်ကျွမ်း၍ ပြာဖြစ်နေလေပြီ။

“မင်းတို့ရော ဘယ်လိုလဲ ပါးစပ်ပိတ်နေကြဦးမှာလား” ရှီမာယူယူသည် အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ တစ်ယောက်ယောက်ကာသာ ပြောလိုက်ပါက သူမသည် သူတို့အား ချေမှုန်းမည်မဟုတ်ပေ။

“ပြောပါ့မယ် ပြောပါ့မယ်” တစ္ဆေတစ်ကောင်သည် မသေချင်သဖြင့် ကျယ်လောင်သောအသံဖြင့် “ငါတို့.. အာ…”

သို့သော် သူစကားတစ်လုံးပြောလိုက်သည်နှင့် ထအော်လေသည်။ သူ့လည်ပင်းကိုတစ်စုံတစ်ရာမှ ညှစ် ထားသည့်ပုံပေါ်ပြီး မျက်လုံးများပြူးထွက်လာကာ လျှာလည်း ရှည်ထွက်လာသည်။ သူသည် ထိုပုံစံမဲ့ လက်များကို ဖြုတ်ချလိုသည့်ပုံဖြင့် လည်ပင်းကို လက်နှင့်ဆုပ်ကိုင်လိုက်သည်။ သို့သော် သူ့လည်ပင်းကိုသာ ကိုင်မိပြီး လူးလွန့်နေသည်။

“အာ…”

ထိုလူသည် နွယ်ပင်ကြားတွင် ရမ်းခါနေပြီး သူ့ခန္ဓာကိုယ်သည် သေဆုံးခြင်းရောင်ဝါအသွင်ပြောင်းသွား လေသည်။

“ဘာဖြစ်သွားတာလဲ” ရှီမာယူယူသည် သေဆုံးခြင်းရောင်ဝါအား အံ့သြစွာကြည့်လေသည်။

ဖန်၁နှင့် ၂တို့ စကားမပြောရသေးခင်မှာပင် တခြားသူများလည်း သေဆုံးခြင်းရောင်ဝါဖြစ်သွားကာ လေထဲတွင် ပျောက်ကွယ်သွားလေသည်။ ထိုနာကျင်မှုသည် သူတို့၏ နာကျင်မှုမဟုတ်နိုင်ပေ။

ရှီမာယူယူသည် သူမ၏ နွယ်ပင်စိမ်းများကိုလွှတ်လိုက်ပြီး မြစ်တစ်ဖက်ကမ်းကိုကြည့်လိုက်သည်။

ထိုအချိန်တွင် အနီရောင်တောင်ထိပ်တွင် လှပပြီး နှစ်သက်ဖွယ်ကောင်းသော အမျိုးသားတစ်ယောက် သည် မျက်လုံးဖွင့်လာသည်။

“တစ်ယောက်ယောက်ကမြင်သွားမှာတော့ အဲလူကိုချန်းထားလို့မရတော့ဘူး သူ့ကိုရှင်းဖို့ လူလွှတ်လိုက်” ထိုအမျိုးသား၏ အသံသည် နားဝင်ချိုသော်လည်း စကားလုံးများမှာနွေးထွေးမှုမရှိပေ။ လူသတ်ခြင်းသည် ထမင်း စားရေသောက် ဖြစ်နေသလိုပင်။

“ဟုတ်ကဲ့”  လှိုင်းတွန့်နေသောနေရာတစ်ခုဒ အပေါ်တွင် ဟွမ်ဝေသည် ထွက်သွားမည်အပြုတွင် ဘိရှိုးနန် ပြောလိုက်သည့်စကားကိုကြားလိုက်ရသည် “၂ရက်နေမှသွား ငါ့ကိုအရင်ကာကွယ်”

“ဟုတ်ကဲ့ သခင်” လေဟာပြင်သည် ဘယ်သူမှမရှိခဲ့သကဲ့သို့ ပြန်ငြိမ်ကျသွားသည်။

မုရွှန်မြို့တော်အပြင်ဘက်တွင် ပုံရိပ်တချို့သူမဆီသို့ လာနေသည်ကိုတွေ့ပြီးနောက် ရှီမာယူယူသည် ပြန်ရန်ပြင်ဆင်လိုက်သည်။

“အဆင်ပြေလား” မုရွှန်မြို့ဝန်သည် ရောက်သည်နှင့် ချက်ချင်းပင်မေးလေသည်။

“သြော် မုရွှန်မြို့ဝန်ပါလား ကျွန်တော်အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည် “မြို့ဝန်က ဒီကို ဘာလာလုပ်တာလဲ”

“ကျွန်တော် မြို့ကိုပြန်တော့မယ်အလုပ်မှာ အသံတစ်ခုကြားလိုက်လို့၊ အမြန်သွားလိုက်ပေမယ့် လူတချို့ သေသွားတာကိုပဲ သိလိုက်ရတယ်၊ ဒီကတိုက်ပွဲအသံကြားလို့ ကြည့်ဖို့အမြန်လာတာ” မုရွှန်မြို့ဝန် ပြောလိုက် သည် “ခင်ဗျားတို့အဆင်ပြေတယ်ဆိုတော့ ကောင်းတာပါပဲ”

“အဲလူတွေအကုန်သေသွားပြီလား” ရှီမာယူယူမေးလိုက်သည်။

“ဟုတ်တယ် သေသွားကြပြီ” မုရွှန်မြို့ဝန်ပြောလိုက်သည် “ခင်ဗျားတို့လည်း အဲသတ္တဝါတွေနဲ့ တွေ့ခဲ့ တာလား”

“တွေ့ခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါတွေက ဘာတွေလဲဆိုတာသိလား” မုရွှန်မြို့ဝန်မေးလိုက်သည်။

“ကျွန်တော်မြင်လိုက်တယ်” မုရွှန်မြို့ဝန်သည် မဆိုးလှဟု ရှီမာယူယူထင်သဖြင့် သတင်းမျှဝေပေးလို သည် “သူတို့က တစ္ဆေလောကက တစ္ဆေတွေပဲ၊ သူတို့က တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့လာတာ ပြီးတော့ တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတယ်”

“တစ္ဆေလောကက သတ္တဝါတွေဟုတ်လား” မုရွှန်မြို့ဝန်၏ တုန့်ပြန်မှုသည် ချုံရှောင်ထန်ကိုပြောပြစဉ်က အတိုင်းပင်။ သူတို့သည် တစ္ဆေလောကမှ တစ္ဆေများ လူသားလောကသို့လာပြီး ပြဿနာရှာမည်ကို မယုံကြည် ကြပေ။

“အလောင်းတွေက သေတာမကြာသေးပေမယ့် သေတာကြာသလိုဖြစ်နေတာကို မြို့ဝန်သတိထားမိ လား၊ ဒဏ်ရာတွေကလည်း လုံးဝကိုပုပ်နေတာ” ရှီမာယူယူ မေးလိုက်သည်။

မုရွှန်မြို့ဝန် ခေါင်းညိမ့်လိုက်သည်။ “သတိထားမိတယ်”

“တစ္ဆေလောကက သတ္တဝါတွေကြောင့်မဟုတ်ရင် ဒဏ်ရာတွေက ဘယ်လိုလုပ်ဒီလိုဖြစ်နိုင်မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

မုရွှန်မြို့ဝန်သည်လည်း အတွေးထဲမြောသွားလေသည်။ ထိုမသိနိုင်သောလောကမှ သတ္တဝါများသည် သူတို့လူသားလောကကို လာရောက်တိုက်ခိုက်နေသည်မှာ သူတို့ထင်ထားသည်ထက် ဆိုးဝါးနေသည်။

“တစ္ဆေလောကကလူတွေက အားကောင်းတယ်လို့ကြားဖူးတယ်၊ အဲဒါကို သခင်လေး ဘယ်လိုစဉ်းစား လဲဆိုတာ သိချင်ပါတယ်”  မြို့ဝန်အနောက်မှလူများထဲမှ တပ်သားဟုတ်ပုံမရသော လူတစ်ယောက်သည် မေး လိုက်သည်။

“အဲဒီတစ္ဆေလောကက လူတွေက သေဆုံးခြင်းရောင်ဝါကာကွယ်မှုရှိနေတယ်၊ ပြီးတော့ သူတို့က လူသားတွေထက်တောင် အားကောင်းနေတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေ့သွားရင် အဆင်ပြေသွားမှာ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ကို အနိုင်ရချင်ရင်တော့ သစ်၊ မီးနဲ့ လျှပ်စီး အရည်အချင်း ရှိတဲ့လူကို သုံးမှရမယ်၊ တခြားအရည်အချင်းရှိတဲ့လူသွားရင် အရှုံးရှိတယ်၊ ပြီးတော့ သူတို့နဲ့ နီးကပ်မသွားဖို့ကို လည်းအထူးဂရုစိုက်ရမယ် မဟုတ်ရင် သူတို့က ဝိဉာဉ်ကိုစုပ်ယူသွားလိမ့်မယ်”

“ဗဟုသုတကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး” မုရွှန်မြို့ဝန်သည် ရှီမာယူယူအား လက်အုပ်ချီလေသည် “သခင်လေး မြို့ကိုပြန်မလို့လား”

အရှေ့ဘက်မှ အလင်းရောင်လာနေပြီကို ရှီမာယူယူ မြင်သောအခါ ခေါင်းရမ်းလိုက်သည် “ကျွန်တော် လုပ်စရာရှိပါသေးတယ် မပြန်သေးဘူး”

“သခင်လေး ဘာလုပ်ချင်လို့လဲ ဘာများလိုအပ်တာရှိလဲ တစ်ခုခုအကူအညီလိုတာရှိရင်ပြောပါ” မြို့ဝန် မေးပြောလိုက်သည်။

“ရပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် ဟိုကိုသွားကြည့်ချင်တာပါ မကူညီလည်းရပါတယ်”

“ဟိုကိုသွားချင်တာလား” အားလုံးသည် သူမကိုအံ့သြစွာကြည့်လေသည်။

“ဟုတ်တယ် ကျွန်တော်သွားပြီးကြည့်ချင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဖန်၁ ဖန်၂ ဒီတစ်ခါကို မင်းတို့လိုက်စရာမလိုဘူး ကျွန်တော့်ညီအစ်ကိုတွေကို ကာကွယ်ဖို့ပြန်လိုက်ပါ”

“ဒါပေမဲ့ သခင်လေး…”

“ကျွန်တော့်ဘေးကလူတွေ မနာခံတာကို မကြိုက်ဘူးနော်” ရှီမာယူယူ ပြောလိုက်သည်။

ဖန်၁နှင့် ၂တို့သည် စဉ်းစားပြီးနောက် ပြန်ဖြေလေသည် “ကျွန်တော်တို့ နားလည်ပါပြီ သူတို့လုံခြုံအောင် လုပ်လိုက်ပါမယ်”

“မလုံခြုံတော့ဘူးဆိုရင် သူတို့ကိုခေါ်ပြီး အလယ်ပိုင်းဒေသကိုထွက်သွားလိုက်ပါ ကျွန်တော့်ကို မစောင့်နဲ့” သူမ ပြောလိုက်သည်။

“ဟုတ်ကဲ့ သခင်လေး”

ရှီမာယူယူသည် မုရွှန်မြို့ဝန်ဘက်သို့ ခေါင်းညိမ့်ပြပြီး ဟာစွန်နှင့် အိမ်မက်လေးကိုခေါ်ထုတ်ကာ အနီရောင်ထောင်ထိပ်သို့ ပျံသန်းသွားလိုက်သည်….

***

All Chapters