သတင်းများပြန့်သွားခြင်း
Vol. 008 Ch. 752
မြို့ဝန်ရှောင်သည် ဖန်၁နှင့်၂တို့ကိုထားပြီး ရှီမာယူယူထွက်သွားသည်ကို ကြည့်နေသည်။ သူ မနေသာ တော့ပဲ မေးလိုက်သည် “ခင်ဗျားတို့ သခင်လေးကိုမစိုးရိမ်ဘူးလား”
“သခင်လေး တစ်လို့ပြောရင် ကျွန်တော်တို့ နှစ်လို့မပြောရဲဘူး၊ ကျွန်တော်တို့ိုလိုက်သွားလည်း အကူအညီဖြစ်မှာမဟုတ်ဘူး” ဖန်၁ ပြောလိုက်သည် “မြို့ဝန်ရှောင် သခင်လေးရဲ့ အစ်ကိုတွေနဲ့ သူငယ်ချင်းတွေ ကိုကာကွယ်ဖို့ ကျွန်တော်တို့ပြန်ရဦးမယ်၊ ဒီမှာပဲလမ်းခွဲကြတာပေါ့”
ဖန်၁နှင့် ၂တို့သည် မြို့ဝန်ရှောင်အား အရိုအသေပေးပြီးနောက် လှည့်ထွက်သွားကြလေသည်။
မြို့ဝန်ရှောင်သည် သူတို့ထွက်သွားသည်ကို ကြည့်ပြီး သူ့နောက်မှလူများကိုမေးလိုက်သည် “သူတို့ပြော တာဖြစ်နိုင်တယ်လို့ ထင်ထား”
“မြို့ဝန် သူတို့စကားတွေကမှန်လောက်တယ်လို့ထင်တယ်၊ အလောင်းတွေရဲ့အခြေအနေက သာမန်လူ ကြောင့်ဖြစ်တာမဟုတ်ဘူး၊ တကယ်ပဲ တစ္ဆေလောကကသတ္တဝါလုပ်တာဆိုရင် အဲဒီအလောင်းတွေအခြေအနေ က အဲလိုဖြစ်နိုင်ချေရှိတယ်”
“ငါရောပဲ အဲလိုဖြစ်နိုင်ချေရှိတယ်လို့ ခံစားရတယ်” နောက်တစ်ယောက်က ဖြေလေသည် “ဘယ်လောက်ပဲ အားကောင်းတဲ့လူဖြစ်ပါစေ အနီရောင်တောင်ထိပ်ကိုဝင်ရင် ရလဒ်ကအတူတူပဲဖြစ်သွားတာ၊ ပြီးတော့ ဘာသဲလွန်စမှမကျန်ခဲ့ဘူး၊ အမည်မသိလောကကြောင့်မဟုတ်ရင် တခြားရှင်းပြစရာမရှိတော့တာတော့ အမှန်ပဲ”
“ဟုတ်တယ်”
“ဒါပေမဲ့ တစ္ဆေလောကက သတ္တဝါကလုပ်တာကို သူသိနေတာကို ဘာလို့အနီရောင်တောင်ထိပ်ကို သွား နေသေးတာလဲ”
“သူအဲဒီတစ္ဆေတွေကို ဖြေရှင်းဖို့နည်းလမ်းရှိတာဖြစ်လောက်တယ်” မြို့ဝန်ရှောင် ပြောလိုက်သည် “မင်းတို့ ဒီနေရာကိုကြည့်လိုက်၊ ငါတို့မလာခင် တိုက်ပွဲဖြစ်ခဲ့တယ် ပြီးတော့ သူနိုင်ခဲ့တယ်လေ”
“သူ လုပ်တာဟုတ်ဟုတ် မဟုတ်ဟုတ် အနီရောင်တောင်ထိပ်ကို တစ်ယောက်တည်းသွားတဲ့ကိစ္စက တော့ လေးစားစရာပဲ”
“ဟင်… ပြီးခဲ့တဲ့တစ်ခေါက်က လူတစ်ယောက်သွားတော့ မင်းကသူ့ကိုအရူးလို့ပြောခဲ့တယ် အခုတော့ ဒီတစ်ယောက်ကို လေးစားစရာကောင်းတယ်လို့ ပြောနေတယ်”
“အရင်ကသွားခဲ့တဲ့လူက ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိပဲနဲ့သွားခဲ့တာလေ၊ သူတို့သွားတဲ့အချိန်မှာ အနိုင်ရဖို့နည်းလမ်းမရှိခဲ့ဘူး၊ အဲဒါကရူးတာမဟုတ်ရင် ဘာလဲ၊ ဒါပေမဲ့ ဒီလူကမတူဘူး၊ အကြောင်းအရင်းကိုသိ သလို ဖြေရှင်းရမယ့် နည်းလမ်းကိုလည်းသိတယ်၊ သူက သူ့အတွက် ပြဿနာရှင်းဖို့သွားတာလား၊ မဟုတ်ရင် ကမ္ဘာဦးနယ်မြေ ငြိမ်းချမ်းဖို့အတွက်သွားတာလားပဲ၊ အဲဒါက လေးစားဖို့မထိုက်တန်ဘူးဆိုရင် ဘာလဲ”
“သူအဆင်ပြေမလားဆိုတာ ခင်ဗျားဘယ်လိုသိတာလဲ သူလည်း တခြားသူတွေလို ဒီမှာပဲ အဆုံးသတ် သွားနိုင်တာပဲ”
“အဲဒီ ဧကရာဇ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်တောင် သူနဲ့မသွားတာမတွေ့ဘူးလား၊ သူတို့ စိုးရိမ် ပေမယ့် သွားမယ်လို့ ခေါင်းမမာကြဘူး၊ ဆိုလိုတာက သူတို့က သူ့ကိုယုံကြည်တယ်ဆိုတဲ့သဘောပဲ၊ သူ့အတွက် အန္တရာယ်မရှိဘူးဆိုတာ ပြနေတာပဲ”
“မင်းသဘောပေါက်လိမ့်မယ်ဆိုတာ ငါသိနေတယ်” မြို့ဝန်ရှောင် ပြောလိုက်သည် “ပြန်ရအောင် မနေ့ည ကအဖြစ်အပျက်ကြောင့် မနက်ဖြန်ကို မုရွှန်တစ်မြို့လုံးဂယက်ထမှာစိုးတယ်၊ ငါ့အိမ်တော်ကိုတော့ မဖျက်စီးဖို့ မျှော်လင့်ပါတယ်”
“မြို့ဝန် ဘာတွေဖြစ်တာလဲလို့ အဲလူတွေမေးလာရင် ဘာပြောကြမှာလဲ”
မြို့ဝန်ရှောင်သည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “အမှန်ကိုပဲပြောကြတာပေါ့….”
အဖြစ်အပျက်များကို လူအများသိသွားပါက ကမ္ဘာဦးနယ်မြေတစ်ခုလုံး ခလောက်ဆန်ကာ ဂယက်ထ သွားမည်ကို သူစိုးရိမ်သည်။
ဖက်တီးကျူသည် အိမ်တွင်နေကာ ရှီမာယူယူကိုစောင့်နေလေသည်။ သို့သော် ဖန်၁နှင့် ၂တို့ပြန်လာ သောအခါ ယူယူ့ကိုမမြင်မိပေ။ သည်လိုနှင့် သူသည် သူတို့နှစ်ယောက်ကိုဆွဲကာ စိုးရိမ်စွာမေးလေသည်။
ဖန်၁နှင့်၂တို့သည် ကြုံတွေ့ခဲ့သည်များကိုပြန်ပြောပြလေသည်။ ရှီမာယူယူတွင် တစ္ဆေမျိုးနွယ်ကိုဖြေရှင်း ရန်နည်းလမ်းရှိသည်ဟု ကြားလိုက်မှပင် သူတို့သည် စိတ်အေးသွားကြလေသည်။
“အမှန်ပဲ ကြက်သွေးရောင်မီးတောက်က အမှောင်လောကရဲ့ ရန်သူပဲ၊ လျှပ်စီးကတော့ ယူယူရဲ့ လျှပ်စီး အရည်အချင်းက အသုံးဝင်ပြီးသားပဲ၊ အဲဒါတွေကမှသူတို့ကို မနိုင်ရင် မိုးကြိုးဘေးသင့်မှုကိုသုံးလို့ရတာပဲ” ဝေကျိရွှီ ပြောလိုက်သည်။
“ဗျိုင်းမျိုးနွယ်က အကြီးအကဲတွေကလည်း ငါတို့ထက်အားကောင်းတယ်၊ ငါတို့သွားလိုက်ရင် သူမကို ဆွဲချသလိုတောင်ဖြစ်သွားမှာ” ဝူရန်ဖေပြောလိုက်သည် “ဂိုဏ်းရဲ့အဆင့်ပြိုင်ပွဲပြီးတာနဲ့ ငါတို့တံခါးပိတ်ကျင့်ကြံရုံ ပဲတတ်နိုင်တော့မှာပဲ”
“ငါတို့က ယူယူ့ကိုဆွဲချတာများနေပြီ၊ ငါတို့လည်းအမြန်အမှီလိုက်မှဖြစ်မယ် မဟုတ်ရင် ငါတို့ တိုးတက် မှာမဟုတ်ဘူး” ဘေဂုံထန် သဘောတူလေသည်။
ယူယူသည် သူတော်စင်ကျွမ်ကျင်အဆင့် စတင်နေပြီဖြစ်သည်။ သို့သော် သူတို့သည် အံ့ဖွယ်အရှင်မြင့် သာရှိသေးသည်။ ဖက်တီးကျူသည် အံ့ဖွယ်အရှင်အဆင့်ပင်မရောက်သေးသဖြင့် မပျံနိုင်သေးပေ။ ရှီမာယူယူ သည် ထို၂နှစ်အတွင်းတွင် အဖြစ်အပျက်များစွာကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းမှုမှာလည်း အားသာချက်ဖြစ် ခဲ့သည်။
ဖက်တီးကျူသည် သူတို့နှင့် သူ့ကြားမှ ကွာခြားချက်ကိုစဉ်းစားပြီး ခေါင်းငိုက်စိုက်ကျကာ သူ့ကိုယ်သူ အပြစ်တင်မိလေသည်။
သူ၏ အပြုအမူကို ဘေဂုံထန်မြင်သောအခါ ပခုံးကိုပုတ်ပြီး “နင်လည်း အားကောင်းပါတယ် ငါတို့ကို အမှီလိုက်နိုင်တော့မှပြါ”
“ဟုတ်တယ် ဖက်တီး မင်းအစားလောက်ကို ကျင့်ကြံမှုမှာစိတ်အားထက်သန်မယ်ဆိုရင် ငါတို့ကို မကြာခင်မှီတော့မှာ” ဝေကျိရွှီသည် ရယ်မောကာပြောလေသည်။
“ဖက်တီးက ကိုယ်ကာယသန်မာမှုလမ်းစဉ်လိုက်နေတာကိုး၊ သူ့ကျင့်ကြံမှုက ငါတို့နဲ့ ယှဉ်မရပေမယ့် သူ့ တိုက်ပွဲစွမ်းရည်ကလည်း ငါတို့ထက်မညံ့ဘူး” ရှီမာယူရန် ထောက်ပြလေသည်။
အားလုံးသည် သူ့အားနှစ်သိမ့်ပေးနေသည်ကို ဖက်တီးကျူတွေ့သောအခါ ပြန်ရောက်လျှင် ကြိုးကြိုးစားစား လေ့ကျင့်ရမည်ဟု ဆုံးဖြတ်ရင်း သွားဖြဲနေလေသည်။ သူသည် အကောင်းဆုံးကြိုးစားကာ သူတို့ ကိုအမှီလိုက်ရမည်။
နောက်နေ့မနက်တွင် မြို့များတွင်ဖြစ်ခဲ့သည့် အဖြစ်အပျက်အကြောင်း သတင်းပျံ့သွားလေသည်။ အဆင့်မြင့်စံတင်ဝိဉာဉ်များအားလုံး အသတ်ခံလိုက်ရပြီဖြစ်ကြောင်းကို မြို့မှလူများကြားကြသဖြင့် မြို့ဝန်ဆီသို့ ပြေးမေးကြလေသည်။ သို့သော် မြို့ဝန်အိမ်တော်မှပြောလိုက်သောအဖြေသည် သူတို့အား ပိုနိုးကြားစေသည်။
အနီရောင်တောင်ထိပ်နဲ့ မုရွှန်မြို့မှာဖြစ်နေတဲ့အဖြစ်အပျက်တွေက တစ္ဆေမျိုးနွယ်က တစ္ဆေတွေကြောင့် ဖြစ်ရတာတဲ့….
ထိုသတင်းပြန့်သွားသည်နှင့် အားလုံးသည် ရုန်းရင်းဆန်ခတ်ဖြစ်ကြသည်။ ကြောက်တတ်သူများသည် ထိုနေ့တွင်ပင် မုရွှန်မြို့မှထွက်သွားကြကာ သတ္တိရှိသူများသည် အိမ်မှထွက်မသွားကြသော်လည်း အပြင်တွင် လှည့်ပတ်သွားခြင်းမရှိတော့ပေ။ တချို့မှာ သူတို့ဂိုဏ်းများကိုဆက်သွယ်ကြပြီး ညွှန်ကြားချက်များကိုစောင့်နေ ကြသည်။
ထို့အပြင် ထိုသတင်းမှာ တစ်နေ့ပင်မကုန်လိုက်… အလယ်ပိုင်းဒေသတစ်ခုလုံးကိုပြန့်သွားလေသည်။ ထိုအမြန်နှုန်းမှာ အံ့သြလောက်စရာပင်။
ထို့အပြင် ဂိုဏ်းကြီးများသည် ဂိုဏ်းကြီးများ၏တာဝန်ဝတ္တရားများရှိကြသည်။ အနီရောင်တောင်ထိပ်တွင် တစ္ဆေများပေါ်လာသည်ဟုကြားသည်နှင့် သူတို့လူများကိုစေလွှတ်လေသည်။ မုရွှန်မြို့မှ သတင်းရထားပြီးဖြစ် သဖြင့် လာရောက်သူများသည် သစ်၊ မီးနှင့် လျှပ်စီးအရည်အချင်းရှိသူများဖြစ်ကြသည်။
နောက်၂ရက်အတွင်းတွင် ထွက်သွားသူများထက် ရောက်လာသူများ ပိုများနေသဖြင့်မုရွှန်မြို့သည် အရင်ကထက် စည်ကားနေသည်။ မြို့ဝန်ရှောင်သည် ထို၂ရက်လုံးတွင် ဂိုဏ်းမျိုးစုံမှလာရောက်သူများကို ဧည့်ခံ နေရသဖြင့် မအားနိုင်ပေ။ သူသည် အရင်ကတစ်ခါမှမလုပ်ဖူးသော်လည်း ဒီတစ်ခေါက်တွင် အထူးတလည်ဖြစ် နေကာ ရောက်လာသူများမှာလည်း ရာထူးမြင့်သူများဖြစ်ကြသည်။ ထို့အပြင် သူတို့သည် အနီရောင်တောင်ထိပ် မှ အဖြစ်အပျက်များကြောင့်လာရောက်ကြခြင်းဖြစ်သည်။ မုရွှန်မြို့အားလုံခြုံစေရန် ရောက်လာကြခြင်းဖြစ်သည်။
“မြို့ဝန်ရှောင် လူကြီးမင်းဝမ်မှာ မြို့ဝန်ရှောင်ကိုမေးချင်တာရှိပါတယ်” အကြီးအကဲတစ်ယောက်သည် မြစ်ဘေးတွင်ရပ်နေကာ တည်တံ့သောမျက်နှာထားဖြင့် မြစ်ကိုကြည့်နေလေသည်။ ချုံရှောင်ထန်နှင့် သူတို့၏ ဆရာသည် သူ့ဘေးတွင်ရပ်နေရာ သူ၏ အရေးပါပုံကို ဖော်ပြနေသလိုပင်။
“ဂိုဏ်းခေါင်းဆောင်ဝမ် ပြောပါ” ရှောင်ယိသည် စီနီယာကြီးကို ခေါင်းညိမ့်ပြလိုက်သည်။
အစောပိုင်းကလျှောက်လာသောသူများသည် ရှောင်ယိကို အနောက်မှလိုက်ပါစေသူ၏ သရုပ်မှန်ကို သိချင်ကြသည်။ ရှောင်ယိသည် ထိုလူအား ခေါ်ပုံကိုကြားလိုက်သောအခါမှပင် ထိုစီနီယာကြီးသည် ကျန်းယန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဝမ်ရှီဖြစ်သည်ကို သိလိုက်ရသည်။
“မြို့ဝန်ရှောင် အရင်က အနီရောင်တောင်ထိပ်မှာ တစ္ဆေလောကရှိနေတာကို ဘယ်သူမှမသိကြပါဘူး ဘယ်လိုသိတာလဲ” ဝမ်ရှီမေးလိုက်သည်။
“ကျွန်တော်ပြောရမှာတော့ မျက်နှာပူပါတယ်၊ ဒါပေမဲ့ ဒါကိုပထမဆုံးသိတာ ကျွန်တော်မဟုတ်ဘူး” ရှောင်ယိ ပြောလိုက်သည် “တခြားတစ်ယောက်ဆီက ညွှန်ကြားမှသိတာပါ”
“တခြားတစ်ယောက်က ညွှန်ကြားတယ်ဟုတ်လား ဘယ်သူလဲ” ချုံရှောင်ထန်၏ ဆရာ ယုထန်ယွမ်က မေးလိုက်သည် “သူက မြို့ဝန်ရှောင်ထက်တောင် အရင်အဖြေရှာနိုင်တယ်၊ သူက တခြားတစ်နေရာက သခင် လား”
“အဲလိုမဟုတ်ဘူးဗျ” ရှောင်ယိ ပြောလိုက်သည် “အဲလူက အသက်၃၀လောက်ပဲရှိသေးတဲ့ ကလေးဗျ”
“အသက်၃၀အရွယ်ကလေးက ဒီအမှန်တရားကိုရှာနိုင်တယ်ဟုတ်လား” ယုထန်ယွမ်သည် မယုံနိုင် သေးပေ။
“အမှန်ပဲ” မြို့ဝန်ရှောင်သည် ထိုအကြောင်းပြေရသည်ကို ရှက်ရွံ့သည်ဟု မခံစားရသောကြောင့် ထိုနေ့ညကအဖြစ်အပျက်ကို အစမှအဆုံးပြောပြလိုက်သည်။
ချုံရှောင်ထန် ထိုအကြောင်းကိုကြားသောအခါ မေးလိုက်သည် “ခင်ဗျားပြောတဲ့ကလေးဆိုတာ ယူယူ ဖြစ်ရမယ် ဟုတ်လား”
***