အခန်း (၇၉၂)
Vol. 53 Ch. 792
နောက်တစ်ရက်မှာတော့ ကျန်းတယ်ကျွင်းသည် မျှော်စင်၏ အစီအရင်အား ဆက်လက်ကာ ချိတ်ဆက်လိုက်တော့သည်။
ကျွင်းရှောင်ချောင်း နှင့် ၎င်းတပည့်များသည် သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေသည့်မြင်ကွင်းသည် မြို့ထဲရှိ ပုံရိပ်ယောင် အစီအရင် အားလုံး၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာ၏။
"သွားကြစို့"
သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပြီးသည့်နောက်မှာတော့ ၎င်းသည် သူ၏ တပည့်များကို အမိန့်ပေးကာဖြင့် ကျောက်လှေကား အတွင်းဆီသို့ လျှောက်သွားတော့သည်။
ဒွီ
ထုံးစံအတိုင်းပင် လောကသစ်တစ်ခုထဲကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ ရှန်ကွမ်းရှင်းရောင်သည် ပုံရိပ်ယောင် အစီအရင် ဖန်တီးမှုအား ထပ်မံ၍ လေ့လာကြည့်ရှုတော့၏။
" ဒီ တတိယလောကကြီးက ဘယ်သိုင်းအင်ပါယာတစ်ယောက် ဖန်တီးခဲ့တဲ့ အရာလဲ။" ကုန်းမြေတိုက်ထဲတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအရာကို သိချင်စိတ်ဖြင့် မျှော်လင့်နေကြသည်။
ဒွီ ….။
မြင်ကွင်း တစ်ခုလုံး ပြောင်းလဲသွားပြီးသည့်နောက်မှာတော့ အားလုံး၏ အောက်တွင် တိုက်ပွဲ ကွင်းပြင်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။
များပြားလှသည့် လက်နက်နှင့် ချပ်ဝတ်များအားလုံးသည် နေရာအနှံ့တွင် ပျံ့ကျဲလျက်ရှိပြီး လေထဲတွင်တော့ သတ်ဖြတ်လိုခြင်း အရှိန်အဝါများဖြင့် ပြည့်နက်နေသည်။
ကျွင်းချောင်ရှောင်းနှင့် ၎င်း၏ တပည့်များအားလုံးသည် စစ်စည်၊ စစ်ဟွန်းသံများအားလုံးကို ကြားလိုက်ကြရ၏။ "ဒီလက်နက်နဲ့ ပစ္စည်းပစ္စယတွေရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်မယ်ဆိုရင် ဒါရှေးတုန်းကပဲ။ဒါ အင်ပါယာတွေရဲ့ စစ်ပွဲလား"
များပြားလှသော ကျင့်ကြံသူများသည် ဆွေးနွေးနေကြ၏။
ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့် အသံကြီးတစ်ခုကို ကြားလိုက်ကြရ၏။ "ကျုပ်က အင်ပါယာ လင်းကျူပဲ။ဒီနေရာကို သတ်ဖြတ်ခြင်း တည်နေရာတစ်ခုအဖြစ် ဖန်တီးခဲ့တယ်"
"တကယ်လို့ ဂျူနီယာတွေက ဖြတ်သန်းသွားလာနိုင်ပြီဆိုရင် မင်းတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို ပိုမို သန့်စင်နိုင်ဖို့ အခွင့် အရေး ရလာလိမ့်မယ်။
"ပြီးတော့ ရေစက်ပါတဲ့ လူတစ်ယောက်က စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရလိမ့်မယ်။"
"စိတ်ဝိညာဉ် ခန္ဓာကိုယ် ဟုတ်လား" မြို့တော်ဝန်ဟန်သည် တုန်လှုပ်သွားမိ၏။
ဤခန္ဓာကိုယ်သည် ရှေးခေတ်ကတည်းက အလွန်အားကောင်းလွန်းသည့် ခန္ဓာကိုယ်များထဲမှ တစ်ခု အဖြစ် နာမည်ကြီးလွန်းသည်။
လောကကြီးတွင် ရှိသော ဓာတ်သဘာဝစိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူရာတွင် အားကောင်းလွန်းလှပြီး ကျင့်ကြံခြင်း အဆင့်သည် တစ်ခြားသူများထက် ပို၍ အဆမြေန်စေနိုင်သော ခန္ဓာကိုယ်လည်း ဖြစ်၏။
"ဒါ ကောင်းတဲ့ အရာတစ်ခုပဲ"
ရီရှင်းချန်၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ အရှေ့လောကအတွင်းတွင် ရှိခဲ့သော ခန္ဓာကိုယ်များသည် သူ့အတွက် အသုံးမဝင်ချေ။ သို့ပေမဲ့ လက်ရှိ စိတ်ဝိညာဉ် ခန္ဓာကိုယ်မှာတော့ သူ့အား ဆွဲဆောင်လျက် ရှိနေတော့သည်။
ဤကဲ့သို့သော ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်ရပြီဆိုပါက သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကျိန်းသေပေါက် ပိုမိုကာ မြန်ဆန်သွားပေလိမ့်မည်။ ပို၍ အရေးကြီးသည်မှာ ဤခန္ဓာကိုယ်မှ စုပ်ယူလိုက်သော စိတ်ဝိညာဉ် စွမ်းအင်များသည် ဒန်ထျန်ထဲသို့ ရောက်ရှိပြီးနောက်မှာ အလွန်တရာ သန့်စင်သည့် စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။
ပထမရှိခဲ့သော လောကနှစ်ခုရှိ ခန္ဓာကိုယ်များသည် တစ်ခုသည် ခုခံကာကွယ်ခြင်းကို အားပေးပြီး တစ်ခုမှာတော့ မြန်ဆန်မှုကို အားပေးသည့် ခန္ဓာကိုယ် ဖြစ်သည်။ သို့ပေမဲ့ လက်ရှိ ရှိနေသော ခန္ဓာကိုယ်မှာတော့ ကျင့်ကြံခြင်း အဆင့်ကို ပိုမို တိုးမြှင့်စေရုံသာမက စိတ်ဝိညာဉ် စွမ်းအင်များကိုလည်း ပိုမိုကြံခိုင်ပြီး အားကောင်းစေသည်။
ရီရှင်းချန်သည် ၎င်း၏ ထိပ်ဆုံး အဆင့်သို့ ရောက်ရှိရန် အလွန်တရာ စိတ်အား တက်ကြွလျက်ရှိသည်။ ထိုမှသာလျှင် သူသည်ထိုအမျိုးသမီးအား လက်စားချေနိုင်မှာ ဖြစ်၏။ ထို့ကြောင့်ပင် ဤစိတ်ဝိညာဉ် ခန္ဓာကိုယ်ကို လိုချင်သည်ဆိုသည်မှာ သဘာဝကျ၏။
ကျွင်းချောင်ရှောင်းမှာတော့ ထိုခန္ဓာကိုယ်များကို စိတ်ဝင်စားချေ။ အဲအစား တွေးတော၍သာ ရှိနေသည်။ "ဒီနေရာကို ဖြတ်သန်းပြီးသွားတဲ့နောက်မှာ ငါ့ရဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ်တွေက ပိုမိုပြီး သန့်စင်လာနိုင်လိမ့်မယ်။ဒါဆိုရင် စမ်းသပ်မှု မျှော်စင်ရဲ့တတိယထပ်ကို သွားတာနဲ့ တူညီနေတာပဲ မဟုတ်လား"
စနစ်က ပြောလိုက်သည်။ "ကြည့်ရတာ ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ရဲ့ လောကကြီးတစ်ခုချင်းစီတိုင်းက စမ်းသပ်မှု မျှော်စင်ထဲမှာ ရှိတဲ့ အဆင့်တစ်ခုချင်းစီနဲ့ တူညီနေလိမ့်မယ်နဲ့ တူတယ်"
သို့ပေမဲ့ ကျွင်းချောင်ရှောင်း ဇဝေဇဝါဖြစ်မိနေသည်။ "စမ်းသပ်မှု မျှော်စင်က အဆင့်ကိုးခု ရှိတာ။ဒီမှာ က ဆယ်ဆင့်တောင်လေ"
ဖျောက် ဖျောက် ဖျောက် …။
ရုတ်တရက်ဆိုသလိုပဲ တိုက်ပွဲ တည်နေရာကြီးတစ်ခုထဲမှာတော့ လက်နက် ပစ္စည်းနှင့် ချပ်ဝတ်များအားလုံးသည် သူ့နေရာနှင့် သူ ရှိနေရာမှ လေထဲသို့ မြင့်တက်လာသည်။ ပြီးနောက်မှာတော့ လူ၏ ခန္ဓာကိုယ် ပါမလာဘဲ ချပ်ဝတ်များသည် စစ်သားများကဲ့သို့ လေထဲတွင် ဖြစ်တည်လာ၏
"ဒါက ကျုပ်ဖန်တီးခဲ့တဲ့ စစ်သည်ပေါင်း သုံးထောင်ပဲ။ ဒီစစ်သည်တွေနဲ့ အချိန်နှစ်နာရီကြာ ခုခံပြီး တိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင် မင်းတို့အနေနဲ့ စတုတ္ထ လောကဆီကို သွားဖို့ အခွင့် အရေး ရလိမ့်မယ်။"
သိုင်းအင်ပါယာ လင်းကျူ၏ အသံသည် ပေါ်ထွက်လာခဲ့တော့သည်။
ဒွီ ဒွီ
သူ ပြောပြောပြီးချင်းမှာပဲ အနီရောင် အလင်းနှစ်ခုသည် ချပ်ဝတ်သုံးထောင်ကျော်ဆီသို့ ဆင်းသက်လာပြီးသည့်နောက်မှာတော့ ထိုချပ်ဝတ်များအားလုံးသည် အလွန်ကြမ်းရမ်းလွန်းလှသော သားရဲများကဲ့သို့ လှုပ်ရှားသက်ဝင်လာခဲ့၏။
ဓားကျိုးများ ၊ ဓားမော့ကျိုးများ၊ တစ်ခြားသော လက်နှက်များ အားလုံးသည် တိုက်ပွဲတည်နေရာ၏ လေထုထဲတွင် လွင့်မျောလာသည်။ စစ်သည်ပေါင်းသုံးထောင်ကျော်တို့သည် လက်နက် အပြည့်ဖြင့် ရှေ့သို့ တက်လှမ်းလာခဲ့ကြသည်။
စစ်စည်၊ စစ်မောင်းများ၏ အသံများသည် ၎င်းတို့၏ နားထဲသို့ ပိုမို ကျယ်လောင်စွာ ဖြစ်တည်လာခဲ့၏။
"သတ်ကြ" ကျွင်းချောင်ရှောင်းသည် အေးစက်စွာ ပြောလိုက်တော့သည်။
ဆွစ် ဆွစ် ဆွစ်
လီချင်းယန်နှင့် တစ်ခြားသူများ အားလုံးတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို ထုတ်ဖော်လိုက်ပြီးသည့်နောက် လက်နက်များကို ကိုင်ဆောင်ကာ သို့မဟုတ် လက်ဗလာဖြင့် ရှေ့သို့ လှမ်းတက် တိုက်ခိုက်ကြတော့၏။
လောက၏ အတားအစီးများ မရှိသောကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ် စွမ်းအင်များသည် ပိုမိုစွာဖြင့် ထုတ်ဖော် အသုံးပြု တိုက်ခိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
"ဘုန်း ဘုန်း"
ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လိုက်တော့သည်။
၎င်း၏ ကြီးမားလှသော လက်သီးကြီးများသည် ကြီးမားလှသည့် တူကြီးများ ကဲ့သို့ပင် ချပ်ဝတ်နှစ်စုံကို နောက်ဘက်သို့ လွင့်စင်သွားအောင် တိုက်ခိုက်လိုက်သည်။ ပြီးနောက် ပြောလိုက်တော့သည်။
"ဂိုဏ်းချုပ် ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းကို မြန်မြန်ကြီး ကုန်ဆုံး နေတာပဲ။"
"ကျွန်တော်လည်း တူတူပဲ"
စုရှောင်မိုသည်လည်း သူ၏ စိတ်ဝိညာဉ် စွမ်းအင်များသည် ပိုမိုစွာ ကုန်ခမ်းနေသည်ကို သတိပြုမိလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ချပ်ဝတ်တစ်ခုနားဆီသို့ လှမ်းလာပြီးသည့်နောက် မှာတော့ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းကာ လက်သီးဖြင့် ထိုးလိုက်တော့သည်။ ပြီးသည့်နောက် အားလုံးကြားအောင် အသံပို့လွှတ်လိုက်တော့သည်။ "ဒါက စမ်းသပ်မှု မျှော်စင်ရဲ့ တတိယထပ်မှာ ရှိတဲ့ သက်ရောက်နိုင်စွမ်းနဲ့ အတူတူပဲလေ။မင်းတို့တွေရဲ့ စိတ်ဝိညာဉ် စွမ်းအငိတွေကို ချွေချွေတာတာနဲ့ တိုက်ခိုက်ကြပါ။မဟုတ်ရင် ကုန်ခမ်းသွားလိမ့်မယ်။"
"ကောင်းပါပြီ"
အမိန့်ကို လက်ခံရရှိပြီးသည့်နောက်မှာတော့ တပည့်များသည် ချက်ချင်းပဲ သတိအပြည့်နှင့် ဖြစ်သွားကြသည်။ ၎င်းတို့သည် ချက်ချင်းပဲ ရှေ့ကို မတိုးလာကြတော့ပေ။
လက်ရှိ အခြေအနေမှာတော့ လခြမ်းဓားကွက်သည် ထုတ်ဖော်ရန် အသင့်တော်ဆုံးပင် ဖြစ်တော့သည်။
ဤဓားကွက်၏ နည်းစနစ်သည် အသုံးပြုသည့် ကျင့်ကြံခြင်းအဆင့် ပိုမို မြင့်မားလာသည်နှင့် အမျှ စွမ်းအင်သည်လည်း ပိုမို ကောင်းမွန်လာခဲ့သည်။ ထို့အတူ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းနိုင်မှုကလည်း နည်းပါးသေး၏။
ထို့ကြောင့် ဤကဲ့သို့သော လောကကြီးတွင် ထုတ်ဖော်အသုံးပြုရန်မှာ အသင့်တော်ဆုံး အရာပင် ဖြစ်တော့သည်။
ဘုန်း
ရီရှင်းချန်သည် ချပ်ဝတ်အနီးသို့ ကပ်သွားပြီးနောက် နောက်ဘက်ဆီသို့ ရောက်သွားအောင် တိုက်ချုပ်လိုက်သည်။
သူ၏ အမူအရာများသည် ချက်ချင်းပဲ ပြောင်းလဲသွားသည်။ သူသည် မည်သည့် သိုင်းနည်းစနစ်ကိုမှ အသုံးမပြုဘဲ ခန္ဓာကိုယ်အားအင် သီးသန့်ကြီး အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိသော စိတ်ဝိညာဉ် စွမ်းအင်များ၏ ၁ရာခိုင်နှုန်းသည် ကုန်ခမ်းသွားခဲ့၏။ ပြောရမည်ဆိုလျှင် ရိုးရှင်းသည့် လှုပ်ရှားမှုလေးတစ်ခုကို ပြုလုပ်မည် ဆိုလျှင်တောင်မှ စိတ်ဝိညာဉ် စွမ်းအင်များ ကုန်ခမ်းမှုများ ဖြစ်တည်နေခြင်းပင်။
"သေစမ်း"
ရီရှင်းချန်၏ မျက်လုံးများသည် ဒေါသတရားများဖြင့် ပြည့်နက်သွားသည်။
သူ့အား ဤလောကကြီးများသည် အထူးဧည့်သည်တစ်ယောက်လို ကြိုဆိုနေသည်ကို စဉ်းစားကြည့်မိသည့် အချိန်မှာတော့ ခံစားချက်ကို မထိန်းသိမ်းနေနိုင်တော့ဘဲ သူ့ဆီသို့ ဝင်ရောက်လာသည့် ချပ်ဝတ်အား ဒေါသတကြီးဖြင့် လက်နှင့် တွန်းချလိုက်တော့၏။
ခန္ဓာကိုယ်ထဲတွင် ရှိသော စိတ်ဝိညာဉ် စွမ်းအင်များသည် မြန်မြန်ဆန်ဆန် ကုန်ခမ်းသွားပြီးသည့်နောက် ဆယ်ရာခိုင်နှုန်း မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"လခြမ်းဓားကွက် လခြမ်းဓားကွက်"
ဤသတ်ဖြတ်ခြင်း လောကထဲမှာတော့ လီချင်းယန်၊ ရှောင်ကျီတို့သည် အလင်းတန်းများနှင့် ပစ်လွှတ် တိုက်ခိုက်ခဲ့ကြ၏။
ဤကဲ့သို့ တိုက်ခိုက်နေရင်းမှ ၎င်းတို့သည် စိတ်ဝိညာဉ် စွမ်းအင်များကို ကုန်ခမ်းမှု နည်းပါးအောင် ကြိုးစားကြတော့သည်။
ရှန်ကွမ်းရှင်းရောင်သည် စီနီယာအစ်ကိုများ၏ ကာကွယ်မှုကို ခံထားရသော ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အစီအရင်ကို နားလည်အောင် စဉ်းစားလျက်ရှိနေ၏။
ဘုန်း ဘုန်း
ပေါက်ကွဲမှုများ အဆက်မပြတ် ထွက်ပေါ်လာပြီး ပိုမိုကာ အားကောင်းလာခဲ့သည်။
၎င်းတို့သည် စိတ်ဝိညာဉ် စွမ်းအင်များ မကုန်ခမ်းအောင် ချွေတာ တိုက်ခိုက်နေကြရသည် ဆိုသော်လည်း လီချင်းယန်နှင့် တစ်ခြားသူများ အားလုံးသည် ချပ်ဝတ်များကို အနောက်သို့ လွင့်စင်သွားအောင် တိုက်ခိုက်နိုင်ခဲ့၏။ ကြီးကြီးမားမား ဒဏ်ရာရရှိပြီး ပြန်ထမလာအောင်တော့ ပြုလုပ်နိုင်စွမ်း မရှိခဲ့ပေ။
"ဓားအဟုန် ကျက်သရေဓား"
ထိုအချိန်မှာတော့ ကျိုးဟုန်သည် ၎င်း၏ ဓားကို ထုတ်ဖော်လိုက်တော့သည်။ အလွန်အားကောင်းလှသော ဓားအဟုန်များသည် တည်နေရာတစ်ခုလုံးကို ဖြတ်သန်းသွားပြီးသည့်နောက် ချပ်ဝတ်များအား ခုတ်ပိုင်းလိုက်၏။
"အရမ်းကောင်းတယ်။"
လီချင်းယန် ၊ ရှောင်ကျီတို့ ထအော်လိုက်မိ၏။
ကျိုးဟုန်သည် ၎င်း၏ ဓားလှုပ်ရှားမှုကို ဆက်လက်ကာ ထုတ်ဖော်လိုက်သည်။
ရေတွက်၍ မရအောင် များပြားလှသော ဓားအော်ရာများသည် ချပ်ဝတ်များအား ခုတ်ပိုင်းပြီး တစ်ခုပြီးတစ်ခု အောက်သို့ ပြုတ်ကျသွားစေ၏။
ဓားသမားများသည် စိတ်ဝိညာဉ် စွမ်းအင်များကို အသုံးပြုသည်မှာ ရှားပါးလှသည်။ အရာအားလုံးသည် ဓားအပေါ်တွင် ၎င်းတို့၏ နားလည်မှုနှင့်အတဆူ တိုက်ခိုက်ခြင်း ဖြစ်သည်။
ဆက်လက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူသည် လီချင်းယန်တို့ထက် ပိုမို၍ စိတ်ဝိညာဉ် စွမ်းအင်များ ကုန်ခမ်းမှု နည်းပါးနေ၏။
ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှုမှာ ပိုမို၍ ရိုးရှင်းလာသည်။ သူသည် ချပ်ဝတ်ကြီးဆီသို ရောက်ရှိသွားပြီး အသာ တွန်းလွှတ်နေသည်။
ဘန်း ဘန်း ဘန်း
ချက်ချင်းဆိုသလိုပဲ ချပ်ဝတ်တော်တော်များများသည် ပေါက်ကွဲ ထွက်သွားတော့သည်။ သူသည် စိတ်ဝိညာဉ် အမြုတေ နှစ်ခုကို ပိုင်ဆိုင်လှသူ ဖြစ်သောကြောင့် တစ်ခြားသူများထက် ပိုမိုကာ စိတ်ဝိညာဉ် စွမ်းအင်များ အားကောင်းလွန်း၏။ ထို့ကြောင့် တစ်ခြားသူများထက် နည်းနည်း ပို၍ ကုန်ခမ်းသွားမည် ဆိုလျှင်လည်း ကိစ္စမရှိပေ။
ဤတတိယ လောကကြီး၏ နိယာမသည် နှစ်နာရီကျော်ကြာအောင် နေထိုင်နိုင်ရန်သာ ဖြစ်သည်။ သို့ပေမဲ့ တစ်နာရီ ကျော်သာ ကြာမြင့်သေးသည်။ ချပ်ဝတ်သုံးထောင်တို့သည် တစ်စစီ ဖြစ်၍ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ပြီးသည့်နောက်မှာတော့ စတုတ္ထလောကဆီသို့ သွားရောက်ကာ လှေကားတစ်ခု ပေါ်လာခဲ့၏။
ဘုတ်
ရီရှင်းချန်သည် မြေပေါ်သို့ လဲကျသွားခဲ့၏။
တစ်နာရီလုံးလုံး သူသည် များများစားစား မတိုက်ခိုက်ခဲ့ရပေ။ သို့ပေမဲ့ အထူးဧည့်ခံခြင်းကို ခံထားရသည်မို့ အခြားသော သူများထက် အဆပေါင်းများစွာ ပိုမို၍ ပင်ပန်းနေသည်။ ၎င်း၏ စိတ်ဝိညာဉ် စွမ်းအင်များသည် အလုံးစုံ ကုန်ခမ်းလုနည်းပါးပင် ဖြစ်နေသည်။
ဟူး …. ဟူး
လီချင်းယန်နှင့် ရှောင်ကျီတို့ အားလုံးသည် ခြေချိတ်ထိုင်လိုက်ပြီးနောက် ၎င်းတို့၏ စိတ်ဝိညာဉ် စွမ်းအင်များကို ပြန်လည် ရရှိရန် စုပ်ယူနေတော့၏
ကျွင်းချောင်ရှောင်းသည်လည်း ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်၍ ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်နေသည်။
"ဂိုဏ်းချုပ်"
ရှန်ကွမ်းရှင်းရောင်သည် ပျော်ရွင်စွာဖြင့် ပြောလိုက်၏။ "ကျွန်မ အစီအရင်ရဲ့ မျဉ်းတွေကို တွေ့ပြီ"
အကြီးအကဲကျန်းက ပြောလိုက်သည်။ "ကျုပ်ရဲ့တွက်ချက်မှု အရဆိုရင် ရှင်းရောင် ရှာတွေ့ထားတဲ့ အရာကို ပြင်ခိုင်းရမယ်ဆိုရင် ဒီ မျှော်စင်ကြီးထဲမှာ ရှိတဲ့ အစီအရင် တစ်ခုလုံးကို ထိန်းချုပ်လို့ ရမယ်နဲ့ တူတယ်"
"ဒါဆိုရင် အရမ်း ကောင်းတာပေါ့"
ကျွင်းချောင်ရှောင်းသည် ပျော်ရွင်စွာ ပြောလိုက်၏။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်း ကတည်းက တည်ရှိခဲ့သော တားမြစ် တည်နေရာကြီးသည် အစီအရင်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည် ဆိုပါက ၎င်းတို့အားလုံးသည် လွယ်လွယ်ကူကူ သက်သက်သာသာဖြင့် လုပ်ချင်ရာကို လုပ်နိုင်တော့မည် ဖြစ်သည်။
"ဒါပေမဲ့"
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "ကျုပ်ဆီမှာက အကြံဉာဏ်ပဲ ရှိတာလေ။ဒါကို လုပ်လို ရလား မရလားဆိုတာက ပြောဖို ခက်တယ်လေ"
သူတစ်ယောက်တည်းသာ ဆိုပါက သူသည် အကူအညီမဲ့စွာဖြင့် ဘာမှ မပြုလုပ်နိုင်ဘူးဟု ပြောဆိုပေလိမ့်မည်။ သို့ပေမဲ့ ရှန်ကွမ်းရှင်းရောင် ရှိနေသည့် နောက်မှာတော့ သူသည် အသေးစိတ် မစဉ်းစားမိသည့် အချက်အလက်များ အားလုံးကို တစ်ဖက်မိန်းကလေးဆီမှ ရယူနိုင်စွမ်း ရှိနေလေ၏။