အခန်း (၇၉၃)
Vol. 53 Ch. 793
“ပြိုင်စံရှားဂိုဏ်းက တတိယမြောက်လောကထဲကို ရောက်သွားပြီပဲ၊ သူတို့သာ စတုတ္ထမြောက်လောကထဲကို ဝင်သွားမယ်ဆိုရင် မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်တော့မှာပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ဦးဆောင်၍ ၎င်းတို့၏ အသက်ရှူနှုန်းများကို ချိန်ညှိနေစဉ်မှာပဲ ရှိရှိသမျှသော သိုင်းကျင့်ကြံသူ သိုင်းကျင့်ကြံသူများအားလုံးသည် ဆွေးနွေးလျက်ရှိနေတော့၏။ အင်ပါယာ များ၏ တိုက်ပွဲအဆုံးသတ်ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူ တစ်ယောက်အတွက် အမြင့်မားဆုံး မှတ်တမ်းသည် တတိယလောကထဲသို့ ရောက်ရှိခြင်းသာဖြစ်၏။
“ပထမဆုံးလောက သုံးခုကို တွက်ချက်ကြည့်ရမယ်ဆိုရင် သူတို့က တကယ့်ကို အခက်အခဲမရှိပဲနဲ့ ကျော်ဖြတ်ခဲ့ကြတာလေ၊ ပြိုင်စံရှားဂိုဏ်းအတွက်တော့ ဘာပြဿနာမှ ရှိခဲ့ပုံမပေါ်ဘူး၊ မှတ်တမ်းကို ချိုးဖောက်နိုင်ဖို့ ဆိုတာက တကယ့်ကို လွယ်ကူလိမ့်မယ်”
“ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ရဲ့ ခက်ခဲမှုက လောကတစ်ခုချင်းစီအလိုက် ပိုပိုပြီး တိုးသွားတာလေ၊ ပြီးတော့ ရီရှင်းချန်က သူတို့အားလုံးကို ဆွဲချသလို ဖြစ်နေတာ၊ ဒါကြောင့် အချိန်မရွေး ရှုံးနိမ့်သွားနိုင်တယ်”
“ဒီကောင်က တကယ့်ကို ပြဿနာကောင်ပဲလေ၊ တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီးလိုပဲလေ၊ ဒါပေမဲ့ အဲလိုကြီးတော့လည်း ရှုံးနိမ့်စရာ အကြောင်းမရှိဘူးမဟုတ်လား”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးသည့်နောက် ရီရှင်းချန်သည် အားလုံး၏ မျက်လုံးထဲတွင်တော့ အနှောက် အယှက် အတားအဆီးတစ်ခုလို ဖြစ်မိနေကြ၏။
ဤအရာမှာ တကယ့်ပင် အကူအညီမဲ့လွန်းလှ၏။ အချက် အလက်အားဖြင့် ရီရှင်းချန်သည် အလွန်တရာ ကြိုးစားခဲ့ရသူဖြစ်သည်။ ၎င်းအနေနှင့် ဒုတိယနှင့် တတိယ လောကထဲတွင် ကူညီခြင်းကို မပြုလုပ်နိုင်ဘူးဆိုသော်လည်း တခြားသူများကို ဒုက္ခရောက်အောင်တော့ မပြလုပ်ခဲ့ချေ။ သူတစ်ယောက်တည်းသာ ဇွဲကောင်းကောင်းနှင့် ကျော်ဖြတ်နိုင်အောင် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူသာ အထူးဧည့်ခံမှုကို မကြုံရသည်ဆိုပါက ဤဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်သည် ကြည့်ရှု နေကြသူအားလုံးအတွက် သူအကောင်းဆုံး ဖျော်ဖြေပေးနိုင်မည့်အရာပင် ဖြစ်ပေလိမ့်မည်။
ခရက် …။
စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။ သူ၏နှလုံးသားထဲတွင်တော့ ဒေါသမီးများ တောက်လောင်လျက်ရှိသည်။
သူ၏ ဂိုဏ်းတူရောင်းရင်းများအားလုံးသည် ဤအဆင့်များအား လွယ်လွယ်ကူကူနှင့် ချိုးဖြတ်ခဲ့ကြ၏။ သို့ပေမဲ့ ပုံပျက်ပန်းပျက်နှင့်ရှိနေသည်မှာ သူတစ်ယောက်တည်းသာဖြစ်သည်။ ထိုအရာကို သူလက်သင့် မခံနိုင်ချေ။
“ဂျူနီယာညီလေးရီ”
လီချင်းယန်က နှစ်သိမ့်လိုက်သည်။ “စိတ်ဓာတ်မကျနဲ့၊ တကယ်လို့ အန္တရာယ်တွေ ရှိလာမယ်ဆိုရင် ငါတို့ တူတူရင်ဆိုင်ကြတာပေါ့”
တခြားသူများအားလုံးထက် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲလျက်ရှိသော ရီရှင်းချန်သည် ပို၍ပင် ဒေါသထွက်လာမိသည်။ သို့ပေမဲ့ ရီရှင်းချန်သည် သက်ပြင်းချပြီးသာ ပြောလိုက်၏။ “ကျုပ်အရှုံးမပေးပါဘူး”
သူသည် ဂိုဏ်းနှင့် ဂိုဏ်းတူရောင်းရင်းများအပေါ် ထားသည့်စိတ်ခံစားချက်များသည် အခြေခံမှစ၍ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ မည်သည့်အချိန်ကစ၍ ပြောင်းလဲလာခဲ့သည်ဆိုသော် မီးပုံပွဲ၏ရှေ့တွင် တစ်ညလုံး ကခဲ့ပြီးသည့်နောက်ဟု ဆိုရမည်။
သို့ပေမဲ့ သူသည် မောက်မာတတ်သည် အမူအကျင့်ရှိသောကြောင့် သူ၏ စိတ်နှလုံး ပျော့ညံ့သွားသည့်ကိစ္စကို ရင်မဆိုင်ချင်ပေ။ အသိအမှတ်လည်း မပြုချင်ပေ။
………….
ရှန်ကွမ်းရှင်းရောင်မှာတော့ အစီအရင်တစ်ခုလုံးကို စစ်ဆေးကြည့်ရှုလျက်ရှိပြီး သူမ၏ စိတ်ထဲမှာတော့ ရှုပ်ထွေးလှသော ပုံရိပ်များကို ဖန်တီးလျက်ရှိသည်။ သူမ၏စိတ်ထဲတွင် မေးခွန်းများဖြစ်နေပြီး သူမသည် အဖြေရရှိရန်အတွက် အကြီးအကဲကျန်းအား မေးခွန်းများ မေးမြန်းလျက်ရှိသည်။ သူတို့ထဲတွင် တစ်ယောက်သည် အစီအရင်နှင့်ပတ်သက်လျှင် အလွန်တရာကျွမ်းကျင်လှသူတစ်ယောက်ဖြစ်ပြီး တစ်ယောက် မှာတော့ ပြဿနာကိုရှာဖွေ၍ စဉ်းစားသည့်နေရာတွင် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် အတူတူတွဲဖက်၍ အလုပ်လုပ်လိုက်ချိန်တွင် ဟာကွက်မရှိသော အသင်းအဖွဲ့တစ်ခုလိုပင် ဖြစ်တော့သည်။
သို့ပေမဲ့ သူတို့သည် ဤအရာကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် တည်နေရာကို ရှာဖွေတွေ့ရှိနိုင်သည် ဆိုသော်လည်း ထိုအရာကို ပြန်လည်ပြင်ဆင်ဖို့အတွက်တော့ အလွန်တရာ အားစိုက်ရပေဦးမည်။ ဤအရာသည် စကားလုံးအနည်းငယ်နှင့် ဖြေရှင်း၍ ရနိုင်သည့်အရာမျိုးလည်း မဟုတ်ပေ။ သို့မဟုတ်ပါက ဤအရာကို စီရင်ခဲ့သော အစီအရင်အင်ပါယာဆိုသည့်နာမည်သည် မည်သည့်နေရာတွင်သွား၍ ထားရမည်နည်း။
ကျွင်းချောင်ရှောင်းကတော့ အလျင်မလိုချေ။ သူ၏ တပည့်များကို အမိန့်ပေး၍ နားနားနေနေ နေခိုင်းလိုက် တော့သည်။
သူက အလျင်မလိုဘူးဆိုသော်လည်း ကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများမှာတော့ အလျင်လိုနေလျက်ရှိနေကြသည်။ သို့ပေမဲ့ သူတို့သည် ဤနေရာတွင် သုံးရက်တိတိ နားနေခဲ့ကြတော့၏။
ပုံရိပ်ယောင် အစီအရင်သည် ညဖက်အချိန်တွင် ပိတ်သွားခဲ့သည်ဆိုသော်လည်း တချို့ဆိုလျှင် သူတို့အိမ်ကိုပင် မပြန်ကြတော့ပေ။ သူတို့သည် ဤပုံရိပ်ယောင်အစီအရင်ကြီး ပြန်လည်လင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေကြတော့၏။ တစ်ဖက်လူများအနေဖြင့် စတုတ္ထမြောက်လောကထဲသို့ ဝင်ရောက်စေရန် သူတို့သည် မျှော်လင့်နေမိကြတော့သည်။
“သူတို့ဘာလို့ မသွားသေးတာလဲ၊ ပြိုင်စံရှားဂိုဏ်းက တတိယမြောက်လောကထဲမှာနေဖို့ စဉ်းစားနေတာလား”
“ဒီလိုမှန်းသိရင် ကျုပ်ဘာသာကျုပ် အလုပ်တွေ လုပ်ပါတယ်၊ ဒီလိုမျိုး အရူးတစ်ယောက်လိုမျိုး ပုံရိပ်ယောင် အစီအရင်ကြီးကို လာထိုင်မကြည့်နေပါဘူး”
ကျင့်ကြံသူများအားလုံးသည် တဖြည်းဖြည်းနှင့် စိတ်မရှည်ပင် ဖြစ်လာကြတော့၏။
“စိန်ခေါ်သူတွေက တည်နေရာတစ်ခုကို ဖြတ်သန်းပြီးတဲ့နောက်မှာ သုံးရက်အထိပဲ အားမွေးခွင့်ရှိတယ်၊ မဟုတ်ရင် ထုတ်ပယ်ခံရလိမ့်မယ်”
လေးနက်သည့်အသံတစ်ခုသည် မျှော်စင်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် အသံသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးဆီသို့ ပုံရိပ်ယောင်မြင်ကွင်းမှ တဆင့် ပျံ့နှံ့သွားတော့၏။
…………..
မူလအားဖြင့် ဆယ်ရက်၊ လဝက်လောက် အနားယူရန် ပြင်ဆင်ထားခဲ့သော ကျွင်းချောင်ရှောင်းသည် မတ်တပ် ထရပ်ရုံသာ တတ်နိုင်တော့သည်။ “သွားစို့၊ စတုတ္ထလောကထဲကို သွားကြရအောင်”
တွီ
၎င်းတို့၏ရှေ့တွင် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။ ရှန်ကွမ်းရှင်းရောင်သည် စတုတ္ထမြောက်ကမ္ဘာ၏ အစီအရင်ရှေ့တွင် မတ်မတ်ရပ်နေ၏။ ဤအရာသည် ကျောက်ပြားပေါ်တွင် ရေးထိုးထားသော အစီအရင် တစ်ခု ဖြစ်ပြီး အဆုံးမဲ့ များပြားလွန်းလှသော အစီအရင်၏ ပုံရိပ်များ ထိုအထဲတွင် တည်ရှိလို့နေ၏။
“ကျုပ်က ကောင်းကင်ချိုးဖြတ်ခြင်း ဓားအင်ပါယာပဲ၊ ဒီနေရာမှာ အရိုးသန့်စင်ခြင်းနယ်မြေတစ်ခုကို ဖန်တီး ထားခဲ့တယ်၊ တကယ်လို့ ဂျူနီယာတွေကသာ ဒီနေရာကို ဖြတ်သန်းသွားလာနိုင်မယ်ဆိုရင် အရိုးနဲ့ အရေတွေ ပိုပြီးတော့ အားကောင်းလာလိမ့်မယ်၊ ပြီးတော့ ကံကြမ္မာရေစက်ရှိတဲ့သူက ဓားအသွင်ပြောင်းခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်နိုင်လိမ့်မယ်”
“ဓားအင်ပါယာ”
အားလုံးသည် ထိတ်လန့်တကြားဖြင့် ထအော်လိုက်မိကြသည်။ ဤအင်ပါယာသည် ဓားနှင့် သူ၏တာအိုကို လက်ခံရယူ တက်လှမ်းနိုင်ခဲ့သူဖြစ်သည်။
စိတ်ဝိညာဉ်ချီများ အလွန်တရာ ပေါများလှသည့် ရှေးခေတ်တုန်းက ဆိုလျှင် တောင်မှ အလွန်တရာ ရှားပါးလွန်းသော ဓားကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေ၏။
အမြဲတမ်း တည်ငြိမ် လျက်ရှိသော ကျိုးဟုန်သည် ကောင်းကင်ချိုးဖြတ်ခြင်းဓားအင်ပါယာဆိုသည့်အသံကို ကြားလိုက်ရချိန်မှာတော့ မျက်လုံးများ တောက်ပလာခဲ့သည်။
“ဓားအင်ပါယာ”
ထိုအဆင့်သည် ဓားကျင့်ကြံသူများ မက်မောတောင့်တရသည့်အဆင့်ပင် ဖြစ်တော့သည်။ လက်ရှိ အခြေအနေ မှာတော့ မျှော်စင်ထဲတွင် ရှေးဓားအင်ပါယာ၏ အသံကို ကြားလိုက်ရသည်အချိန်မှာတော့ သူသည် ကျိန်းသေပေါက် အားအင်များပင် တက်ကြွလာမိ၏။
“အရိုးသန့်စင်ခြင်းနယ်မြေ”
ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။ “ဒါကတကယ့်ကို စမ်းသပ်မှု မျှော်စင်ရဲ့ အဆင့်လေးနဲ့ တူနေတာပဲ”
လက်ရှိအခြေအနေအထိ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်နှင့် စမ်းသပ်မှုမျှော်စင်တို့အကြား ဆက်စပ်မှုကို မသိရသေးပါက သူသည် ဦးနှောက်ကို မြည်းကန်ခံထားရ၍သာ ဖြစ်ပေလိမ့်မည်။
ဘုန်း ဘုန်း ဘုန်း
ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့် မိုးခြိမ်းသံကြီးများ ထွက်ပေါ်လာပြီးသည့်နောက် ကြီးမားလှသည့် ကျောက်ပြားချပ်ကြီးများသည် တည်နေရာတစ်ခုလုံးသို့ ကျဆင်းလာခဲ့တော့သည်။
“ရှောင်ကျီ တောင့်ခံထား”
“ကောင်းပါပြီ”
ရှောင်ကျီသည် အားအင်စုစည်းပြီးသည့်နောက်မှာတော့ ၎င်း၏ မြေဓာတ်သဘာဝများကို စုစည်းကာ လက်ကို မြှောက်၍ ကျဆင်းလာသော ကျောက်ပြားကြီးအား ထိုးနှက်လိုက်၏။
ခလွပ် ခလွပ်
သို့ပေမဲ့ ထိတွေ့လိုက်သည့်အချိန်မှာတော့ သူ၏ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသည့်အားအင်များ ဖြစ်တည်လာပြီး သည့်နောက် အရိုးကျိုးသည့်အသံများကို ဖြစ်ပေါ်လာခဲ့တော့သည်။ သူသည် အံကိုကြိတ်ကာဖြင့် အောင့်အီးသည်းခံနေလိုက်သည်။
ဘုန်း ဘုန်း
ကျောက်ပြားချပ်ကြီးသည် ဖြည်းညှင်းစွာဖြင့် ကျဆင်းလာ၏။
ဆွစ် ဆွစ်
လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသူအားလုံးတို့သည်လည်း လက်များကို မြှောက်ကာဖြင့် လျင်လျင်မြန်မြန် တားလိုက်ကြ၏။ သို့ပေမဲ့ ကျောက်ပြားချပ်ကြီးနှင့် ထိတွေ့သည့်အချိန်မှာတော့ အထူးအားအင်တစ်ခုသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ၎င်းတို့၏ အရိုးများကို ချိုးဖြတ်နေတော့သည်။ သို့ပေမဲ့ အားလုံးသည် သေသေချာချာအာရုံစိုက်ပြီး ကြည့်ရှုလိုက်သည့်နောက်မှာတော့ ကျဆင်းလာသော ကျောက်ပြားချပ်ကြီးသည် တဖြည်းဖြည်းနှင့် ပိုမို လေးလံစွာ ကျဆင်းလာခဲ့သည်။
“ရှင်းရောင်”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အစီအရင်ကို မြန်မြန်လေးကြည့်”
“ကောင်းပါပြီ”
ရှန်ကွမ်းရှင်းရောင်သည် အာရုံမပြန့်လွှင့်သွားပေ။ သူမ၏အာရုံအားလုံးကို အစီအရင် ဖန်တီးခြင်း၌ ပို့လွှတ် ထားခဲ့၏။
နောက်ဆုံးမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူအားလုံးတို့၏ ခန္ဓာကိုယ်ဆီမှ အရိုးကျိုးသံ တစ်ဖျောက်ဖျောက်နှင့် ထွက်ပေါ်လာသည်။ ၎င်းတို့သည် ကြီးမားလှသည့် ကျောက်ပြားချပ်ကြီးများ ပိကျ လာသည့်ဒဏ်ကို မခံစားနိုင်ဟန်ဖြင့် ရုန်းကန်လျက်ရှိနေကြ၏။ သို့ပေမဲ့ ရှန်ကွမ်းရှင်းရောင်မှာ လုံလုံခြုံခြုံဖြင့် မျက်စိကိုမှိတ်ကာ စဉ်းစားလျက်ရှိနေသည်။
ဟူး ဟူး
ကျောက်ပြားချပ်ကြီး၏ မြေဆွဲအားသည် ပိုမို၍ တိုးပွားလာပြီးသည့်နောက်မှာတော့ ၎င်းတို့ ခန္ဓာကိုယ်ထဲရှိ အရိုးများသည်လည်း ပိုမိုကြမ်းတမ်းစွာဖြင့် နာကျင်လာခဲ့သည်။ အားလုံးသည် ထိုကျောက်ပြားကြီးကို ဆုပ်ကိုင်ပြီးသည့်နောက်မှာတော့ မျက်နှာတစ်ခုလုံးသည်လည်း ပုံပျက်ပန်းပျက်ဖြင့် ရွှဲ့စောင်းလာကြ၏။
ဖောက် ဖောက်
ကျွင်းချောင်ရှောင်းနှင့် ကျန့်ရာတို့သည် ဘေးတစ်ဖက်မှ ရပ်၍ ကြည့်မနေနိုင်တို့ချေ။ ထို့ကြောင့် ၎င်းတို့၏ လက်များကို မြှောက်ကာဖြင့် ကျောက်ပြားကြီးကို ထောက်ပံ့ပေးလိုက်၏။ ထိုအချိန်မှာတော့ အရိုးချိုးဖြတ် သည့်အော်ရာများအားလုံး ၎င်းတို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ကျိန်းသေပေါက် နာကျင်မှုကို ပေးစွမ်းတော့သည်။
ရီရှင်းချန်သည် မလှုပ်ရှားချေ။ ဂိုဏ်းချုပ်နှင့် သူ၏ ဂိုဏ်းတူရောင်းရင်းများ ၏ နာကျင်နေသည့်မျက်နှာအမူအရာကို မြင်လိုက်မိချိန်မှာတော့ သူသည် ဇဝေဇဝါ ဖြစ်မိသွား၏။
ဘုန်း
ကျောက်ပြားချပ်ကြီးသည် အောက်သို့နိမ့်ဆင်းလာခဲ့၏။ တဖြည်းဖြည်းနှင့် ရှန်ကွမ်းရှင်းရောင်ခေါင်း အထက် လက်မဝက်လောက်သာ ကျန်ရှိတော့၏။ ဤမိန်းကလေးသည် အစီအရင်ကို လေ့လာနေသည်ကို ရီရှင်းချန်သည် ကောင်းကောင်းသိ၏။ ဤကျောက်ပြားချပ်ကြီးသာ သူမကို ထိမိသွားမည်ဆိုပါက သူမ၏ စိတ်တစ်ခုလုံးသည် အာရုံပြောင်းသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အစီအရင်နှင့်ပတ်သက်သည့် အာရုံစူးစိုက်မှု အားလုံးသည် ပျောက်ကွယ်သွားမှာ သေချာသည်။
“လာစမ်း၊ ငါရီရှင်းချန်က ဒီအရာတွေအားလုံးကို ခံစားပစ်လိုက်မယ်”
ခလွပ်
ဟူး ဟူး
စတုတ္ထမြောက်လောကထဲမှာတော့ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်နေသည်။ သိုင်းကျင့်ကြံသူ များအားလုံးသည် ပုံရိပ်ယောင်မြင်ကွင်းမှတဆင့် ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ၎င်းတို့ ဆံပင်မွေးများ ထောင်ထလုမတတ် တုန်လှုပ်သွားကြသည်။
ဂျွတ် ဂျွတ် ဂျွတ် ဂျွတ်
ရီရှင်းချန်သည် သူ၏ လက်နှစ်ဖက်နှင့် ကျောက်ပြားကြီးကို ဆွဲမလိုက်၏။ အရိုးကျိုးသည့်အသံများသည် တဖျောက်ဖျောက်နှင့်မို့ အားလုံးက အတိုင်းသား ကြားနေရ၏။
ဘေးတစ်ဖက်တွင် ရှိနေကြသော လီချင်းယန် နှင့် ရှောင်ကျီတို့အားလုံးသည် ထိုအသံကို ကြားပြီးတော့ ၎င်းတို့၏ ကျောရိုးမကြီးများပင်လျှင် စိမ့်တက် သွားမိသည်။ ရီရှင်းချန်သည် အလွန်တရာ နာကျင်လှသော ခံစားမှုကို ခံယူနေရသည်ဖြစ်သော်လည်း ကျောက်ပြားကြီးကို ထောက်ပံ့ပေးထားသည့်လက်မှာတော့ တစ်ချက်ကလေးမှ လျော့ကျမသွားချေ။ သူသည် ရှန်ကွမ်းရှင်းရောင်၏ အစီအရင်လေ့လာနေမှုအား မပျက်စီးစေချင်တာ သေချာသည်။
တစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ …..
“ဂိုဏ်းချုပ်၊ အကြီးအကဲကျန်း” ရှန်ကွမ်းရှင်းရောင်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ “ကျွန်မ ရှာတွေ့ပြီ၊ အစီအရင်ကို ထိန်းချုပ်လို့ရနိုင်မယ်ထင်တယ်၊ စမ်းကြည့်ချင်လား”
“စမ်းကြည့်လိုက်”
ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ ပြောလိုက်သည်။ “ရဲရဲရင့်ရင့် စမ်းကြည့်လိုက်တော့”
ဟူး ဟူး
ရှန်ကွမ်းရှင်းရောင်သည် အသက်ကို ပြင်းပြင်းရှူပြီးနောက် သူမ၏ စိတ်ဝိညာဉ် စွမ်းအင်များနှင့်အတူ အစီအရင်ထဲတွင်ရှိနေသော မျဉ်းကြောင်းများကို ပြန်ဖျက်လိုက်တော့၏။
ပြီးသည့်နောက်မှာတော့ တခြားသော အစီအရင်များနှင့် ပြန်လည်ဆက်သွယ်လိုက်သည်။ ပြန်လည်ပြင်ဆင်ပြီးသည့်နောက်မှာတော့ ပေါက်ကွဲမှုများ မဖြစ်ပေါ်ခဲ့ချေ။ သို့ပေမဲ့ ကျောက်တုံးကြီးပေါ်တွင် ဖြစ်တည်နေသော အော်ရာများက ပိုမို၍ ကြမ်းတမ်းလာခဲ့သည်။ ပိုမို မြန်ဆန်စွာနှင့် အောက်သို့ ကျဆင်းလာသည်။
ကျွီ ကျွီ
ဖြောက် ဖြောက် ဖြောက်
ကျွင်းချောင်ရှောင်း၊ လီချင်းယန်နှင့် တခြားသောသူများသည် ကျောက်တုံးကြီးနှင့် လက်ဝါးချင်း ထိတွေ့ နေကြသူများဖြစ်သည်။ ၎င်းတို့ခံစားနေရသော အရိုးကျိုးသည့်ခံစားမှုသည် ပိုမို၍ အားကောင်းလာခဲ့တော့ သည်။ ၎င်းတို့၏ မျက်နှာများသည် ပိုမို၍ ရှုံ့မဲ့သွားကြ၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး”
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “ကြည့်ရတာ မှားသွားပြီထင်တယ်”
“...........” ကျွင်းချောင်ရှောင်းသည် မေ့မျောလုမတတ်ပင်ဖြစ်သွား၏။ သူတို့သည် အစီအရင်အား ပြန်လည်ဖြေရှင်းပေး နိုင်သည့်နည်းလမ်းကို ရှာဖွေမတွေ့ခဲ့သည့်အပြင် ကျဆင်းနေသည့်ကျောက်ပြားကြီး၏ အလေးချိန်ကို ပိုမို များပြားအောင်ပင် ပြုလုပ်မိနေခဲ့၏။ အလွန်တရာ ဆိုးဝါးလှချေသည်။
“ထပ်ပြီးစမ်းကြည့်ချင်သေးလား”
“မြန်မြန်၊ မြန်မြန်” ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန် ပြောလိုက်တော့၏။ သူ့အနေနှင့် အချိန် အနည်းငယ်ကြာ ဆက်လက်၍ တောင့်ခံထားရမည်ဆိုလျှင် တဖြည်းဖြည်းနှင့် မြေကြီးအောက်ထဲသို့ ဝင်သွားမှာပင် စိုးရိမ်နေရ၏။
ရှန်ကွမ်းရှင်းရောင်သည် အစီအရင်ကြီး၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီးသည့် နောက်မှာတော့ သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ အစီအရင်၏ မျဉ်းကြောင်းများကို ပြန်လည်ကာ ပြင်ဆင်တော့၏။
ဘုန်း
အစီအရင်သည် ပေါက်ကွဲမသွားခဲ့ချေ။ သို့ပေမဲ့ ကျဆင်းလာသည့် လေးလံမှုမှာ ထပ်မံ၍ တိုးသွားခဲ့လေ၏။ ကျောက်ပြားချပ်ကြီး သည် အောက်သို့အနည်းငယ် ထပ်မံကျဆင်းလာခဲ့သည်။
ကျွင်းချောင်ရှောင်းနှင့် တခြားသူများအားလုံး တို့သည် မည်သို့မှ မထောက်ပံ့နိုင်ခဲ့တော့ချေ။ ထို့ကြောင့် ၎င်းတို့၏ခေါင်းကို စောင်းကာဖြင့် ပခုံးဖြင့် ထောက်ကာ တားဆီးထားကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင်ရှိနေသော အမူအရာများသည် အလုံးစုံ ပျက်ယွင်းနေကြ၏။
“ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မတောင်းပန်ပါတယ်”
ရှန်ကွမ်းရှင်းရောင်သည် ထိတ်လန့်စွာဖြင့် ပြောလိုက် မိ၏။ “ထပ်ပြီး အမှားလုပ်မိပြန်ပြီ၊ ထပ် ထပ်ပြီးတော့ ပြင်ရဦးမလား၊ ထပ်ပြီး ပြင်ရမယ်ဆိုရင် အစီအရင်က ပေါက်ကွဲသွားနိုင်သေးတယ်”
“လုပ် … ရဲရဲဝံ့ဝံ့သာ လုပ်လိုက်တော့၊ မြန်မြန်လုပ်”