ဖြောင့်မတ်သော နေမင်းဂိုဏ်းခေါင်းဆောင်
Vol. 008 Ch. 753
“နောက်တော့ ကျွန်တော်လူလွှတ်ပြီး စစ်ဆေးခိုင်းကြည့်တယ် အဲလူက တကယ်ပဲ ရှီမာယူယူလို့ခေါ် တယ်” ရှောင်ယိ ပြောလိုက်သည် “ဘာလို့လဲ သခင်လေးချုံ သူ့ကိုသိတာလား”
“သိတာပေါ့ဗျာ” ချုံရှောင်ထိန် ပြန်ဖြေလေသည် “တစ္ဆေမျိုးနွယ်ရှိနေတာကို မိတ်ဆွေတစ်ယောက်ပြော ပြတယ်ဆိုပြီး ကျွန်တော့ စီနီယာတွေကို ပြောပြီးသွားပြီ၊ ပြောပြတယ်ဆိုပေမယ့် ညွှန်ကြားချက်ပေါ့ဗျာ၊ အဲဒါကို ယူယူပြောပြခဲ့တာ”
“သူ မင်းကိုဒီ့ထက်အရင်ပြောထားတာလား” ဝမ်ရှီမေးလိုက်သည်။
“ဟုတ်ကဲ့ ဂိုဏ်းသခင်” ချုံရှောင်ထိန်သည် ရှီမာယူယူတို့နှင့် ရွာငယ်တွင်တွေ့ဆုံခဲ့သောအချိန်ကို ပြန် တွက်လိုက်သည်။
“ရှောင်ထန် မင်းသူ့ကိုဘယ်လိုသိတာလဲ” ယုထန်ယွမ်မေးလေသည်။
“ဆရာ ကျွန်တော်အရင်ကပြောဖူးတယ်လေ၊ ကောင်းကင်ကျားတောင်တန်းမှာတုန်းက သူ့အကူအညီနဲ့ ပဲ ကျွန်တော်လွှတ်ခဲ့တာ” ချုံရှောင်ထန် ပြောလိုက်သည်။
“မင်းအရင်ကပြောခဲ့တာ လူတစ်စုကမင်းကိုကယ်လိုက်တာဆို” ယုထန်ယွမ် ပြောလေသည်။
“မင်းက မူဂန်းကိုပြောထားတာကို သူကဘာလို့ဂိုဏ်းကိုသတင်းမပို့တာလဲ” ဝမ်ရှီသည် မျက်နှာထား တင်းထားကာ မေးလေသည်။
“စီနီယာတွေက အဲဒါကိုမှားတယ်လို့ထင်နေကြတာမို့လို့ပါ၊ တစ္ဆေလောကကလူတွေ ဒီကိုရောက်လာ တယ်ဆိုတာကို သူတို့ကမဖြစ်နိုင်ဘူးလို့ထင်နေကြတာ၊ အဲလိုနဲ့ သူက ကျွန်တော့်ကိုလျှောက်မပြောဖို့တားထား တာ၊ ဒီအကြောင်းကို ဆရာကိုသူတို့ပြောမယ်လို့ပြောတယ် ကျွန်တော့်ကိုမစိုးရိမ်နဲ့တဲ့၊ တကယ်ပဲ ဆရာ့ကို သတင်းပို့မယ်ထင်နေတာ” ချုံရှောင်ထန်သည် သူ့အတွေးများကိုပြောရင်း အောက်ကိုငိုက်စိုက်ကြည့်နေလေ သည်။
မင်းတို့က ငါ့ကိုအမြဲအထင်သေးခဲ့တာ… ဒီတစ်ခါကို အကုန်မပြောလိုက်ရင် ငါ့နာမည်က ချုံရှောင်ထန် မဟုတ်တော့ဘူး။
ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဂိုဏ်းကိုသတင်းမပို့ပဲ ထိန်ချန်ထားတာ။ ဂိုဏ်းက သူ့ကိုအပြစ်မပေးရင် ထူးဆန်းတာပဲ။ သူသေချင်တယ်ဆိုရင်လည်း တခြားသူတွေကိုပါ ဆွဲမခေါ်ပဲ တစ်ယောက်တည်းသေသွားလိုက်။
ချုံရှောင်ထန်အပေါ် မူဂန်းနှင့် တခြားသူများ မည်ကဲ့သို့ သဘောထားသည်ကို ဝမ်ရှီမသိသော်လည်း ယုထန်ယွမ်သိသည်။ သို့သော် သူ နှစ်ကြိမ်မျှပြောခဲ့သော်လည်း မူဂန်းသည် ပြောမည်ဟုဟန်ဆောင်ခဲ့ သော်လည်း လျှို့ဝှက်ထားခဲ့သည်။
“ဂိုဏ်းခေါင်းဆောင် ဒါကိုနောက်မှ စစ်ဆေးကြတာပေါ့၊ အခုတော့ အနီရောင်တောင်ထိပ်က အခြေအနေကို ဖြေရှင်းဖို့နည်းလမ်းရှာရမယ်” ယုထန်ယွမ် ပြောလိုက်သည်။
“ဟုတ်တယ်” ဝမ်ရှီ ခေါင်းညိမ့်လေသည်။ ထိုကိစ္စမှာ ဂိုဏ်းအတွင်းကိစ္စဖြစ်သဖြင့် အပြင်လူများ ဝင်စွက် ဖက်ခြင်းမပြုနိုင်ပေ။ “အဲမိတ်ဆွေလေးရော”
“အခြေအနေမှန်ကို ကျွန်တော့်ကိုပြောပြီးတာနဲ့ အနီရောင်တောင်ထိပ်ကို သွားလိုက်တယ်၊ အဲတုန်း ကတည်းကနဲ့ဆို ၂ရက်ရှိနေပြီ” ရှောင်ယိ ပြောလိုက်သည်။
“ဗျာ ယူယူက အနီရောင်တောင်ထိပ်ကိုသွားတယ်ဟုတ်လား” ချုံရှောင်ထန်သည် အော်လိုက်ရာ အားလုံး၏ အာရုံသည် သူ့ဆီရောက်လာပြီး ထိုနေရာသို့သွားသောလူ၏ သရုပ်မှန်ကို ခန့်မှန်းနေကြသည်။
“ဒီနေ့ သူ့ဘေးနားကလူတွေကို ကျွန်တော်မြင်လိုက်တယ် သူက ဘယ်သူ့ကိုမှခေါ်မသွားဘူးလား”
“ခေါ်မသွားဘူး သူ့ကိုယ်ရံတောင်နှစ်ယောက်ကိုတောင် ထားသွားတယ် သူတစ်ယောက်တည်းသွားတာ” ရှောင်ယိ ပြောလိုက်သည်။
“ဗျာ သူတကယ်ပဲ တစ်ယောက်တည်းသွားတာပေါ့၊ ဘယ်လိုဖြစ်ပြီး တစ်ယောက်တည်းသွားတာလဲ၊ မဟုတ်သေးဘူး ကျွန်တော်သူ့ကိုသွားရှာရမယ်” ချုံရှောင်ထန်သည် ပြောပြီးသည်နှင့် ထွက်သွားမည်ပြုသည်။
“ရပ်လိုက်” ယုထန်ယွမ် အော်လိုက်သည် “အဲနေရာသွားလို့ သေသွားတာအပြင် မင်းကဘာအသုံးဝင် မှာလဲ”
“ဒါပေမဲ့ သူကတစ်ယောက်တည်းသွားတာ….” ချုံရှောင်ထန် စိုးရိမ်စွာပြောလေသည်။
“ရှောင်ထန် စိတ်အေးအေးထား” ဝမ်ရှီ ပြောလိုက်သည် “သူ့ကိုယ်ရံတော်တွေက ဧကရာဇ်အဆင့်တွေ ဒါပေမဲ့ သူတို့ကိုတောင် ခေါ်မသွားဘူး၊ သူ့မှာယုံကြည်ချက်ရှိနေတာ သေချာနေတာပဲ”
“ဟုတ်တယ် မင်းကိုယ်မင်း ဧကရာဇ်အဆင့်ကျွမ်းကျင်သူတွေထက် အားကောင်းတယ်ထင်နေတာလား” ယုထန်ယွမ်သည် သူ့အား ဒေါသဖြင့် စိုက်ကြည့်လေသည်။
“အဲဒါကဒီလိုရှိပါတယ်” ရှောင်ယိ ပြောလိုက်သည် “အဲတုန်းက ကိုယ်ရံတော်တွေက အဲသခင်လေးနဲ့ အတူ လိုက်ချင်ကြတယ်၊ ဒါပေမဲ့ သူက သူတို့ကိုထားသွားတယ်၊ ဆိုလိုတာက သူက သာမန်လူလောက်ကို သူနဲ့ ခေါ်မသွားချင်တာပါ”
“မင်းသွားမယ်ဆိုရင် သူ့ကိုတောင် ဆွဲချသလိုဖြစ်နေမယ်” ယုထန်ယွမ်သည် ပွင့်ပွင့်လင်းလင်းပြောကာ ချုံရှောင်ထန်၏ ငြင်းဆိုမှုကို အဆုံးသတ်လိုက်သည်။
“ဆရာ…” ချုံရှောင်ထန်သည် သူ့ဆရာကို အကူအညီမဲ့စွာကြည့်လေသည်။
သို့သော် သူ၏ ဆုံးဖြတ်ချက်မှာပျောက်ပျက်သွားလေပြီ။ သူတို့ပြောသည်မှာ မှန်သည်။ သူမသည် ကိုယ်ရံတော်များကိုပင် ခေါ်မသွားရခြင်းမှာ သူမကိုယ်ပိုင်နည်းလမ်းရှိသောကြောင့် ဖြစ်မည်။ သူမကို သူရှာလိုပါ က တကယ်ပင် သူမကို ဆွဲချသလိုဖြစ်မည်။
“ဟုတ်သားပဲ သူ ဘယ်လိုနေလဲဆိုတာ ဖက်တီးနဲ့ တခြားသူတွေသိမှာပဲ ဆရာ၊ ဂိုဏ်းခေါင်းဆောင် ကျွန်တော် သူတို့ကို အရင်သွားမေးလိုက်ဦးမယ်”
“သွားလိုက်” ယုထန်ယွမ်သည် သူ့တပည့်အပေါ် ကြင်နာမှုရှိသည်။ သူ့အတွက် အန္တရာယ်ရှိသည့် အရာ မျိုးမဟုတ်လျှင် ဝမ်းပန်းတသာလုပ်ခွင့်ပေးသည်။
ချုံရှောင်ထန် ထွက်သွားချိန်တွင် ဝမ်ရှီသည် ရှောင်ယိကို မေးလိုက်သည် “မြို့ဝန်ရှောင်က ဒီအခြေအနေ နဲ့ ပတ်သတ်ပြီးဘာလုပ်မလဲဆိုတာကို ကျွန်တော်သိချင်ပါတယ်၊ တိုင်းပြည်တစ်ခုလုံးရဲ့ တာဝန်ကို ကလေး တစ်ယောက်ဆီလွှဲပေးလို့မရဘူးလေ ဟုတ်တယ်မလား”
“ဟုတ်တယ် ဂိုဏ်းခေါင်းဆောင်ဝမ်” ရှောင်ယိ ပြောလိုက်သည် “အဲဒါကြောင့် ကျွန်တော် အကုန်လုံးနဲ့ အရင်ဆွေးနွေးပြီး အဲနေရာကိုစစ်ဆေးဖို့ လူလွှတ်လို့ရမလားကြည့်မယ်”
ဝမ်ရှီ ခေါင်းညိမ့်သည် “ဒီတိုင်းပြည်က အင်အားကြီးထဲကတစ်ခုအနေနဲ့ ကျွန်တော်တို့လည်း တာဝန်ယူ ပေးရမှာပဲလေ၊ ခင်ဗျားတို့သွားမယ်ဆိုရင်လည်း ကျန်းယွမ်ဂိုဏ်းက အပြည့်အဝအထောက်အပံ့ပေးမှာပါ”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင်ဝမ်” ရှောင်ယိသည် အရိုအသေပေးလေသည်။
“လုပ်ရမယ့်တာဝန်ကိုလုပ်တာပဲလေ” ဝမ်ရှီ ပြောလိုက်သည် “ကျွန်တော်တို့ မိတ်ဆွေလေး ဘာလုပ်မလဲ သိချင်မိတယ်…”
လက်ရှိတွင် ရှီမာယူယူသည်နတ်ဆိုးတစ္ဆေများဖြင့် တိုက်ခိုက်လျက်ရှိသည်။ ထိုနတ်ဆိုးတစ္ဆေများသည် အရင်ကနှင့် မတူပေ။ အရင်ကတစ္ဆေများတွင် အသိစိတ်ရှိကြသော်လည်း အခုသူတို့သည် စိတ်လွတ်နေကြ သည်။ သူတို့သည် တခြားတစ်ယောက်၏ ထိန်းချုပ်မှုအောက်ကျရောက်နေသည်။ သူတို့သည် ရှေ့တိုးရမည် နောက်ဆုတ်ရမည်ကို မသိကြပေ။ သူတို့သည် အမိန့်ကိုနားထောင်ရုံသာ….
ထို့အပြင် သူတို့သည် သာမန်တစ္ဆေများထက် ပို၍အားကောင်းကြသည်။
ရှီမာယူယူသည် သူတို့ကိုရှင်းရန် ကြက်သွေးရောင်မီးတောက်မသုံးပေ။ ထိုအစား သူမသည် ကိုယ်ပိုင် မီးတောက်သုံးကာ မီးမိုးရွာချကာ ထိုနတ်ဆိုးတစ္ဆေများကို တိုက်ခိုက်သည်။
ထိုနတ်ဆိုးတစ္ဆေများသည် ရှီမာယူယူ၏ မီးတောက်ကိုကြောက်ရွံ့ကြသည်။ သူတို့တွင် သူတို့ဆရာ၏ သေဆုံးခြင်းရောင်ဝါသာမရှိပါက သူတို့ကိုယ်တိုင် သူမကိုတိုက်နိုင်မည်မဟုတ်ပေ။
ပထမတစ်သုတ် နတ်ဆိုးတစ္ဆေများမှာ အရှင်းခံလိုက်ရပြီ။
သို့သော် ရှီမာယူယူ အသက်ရှုမဝခင်မှာပင် နောက်တစ်သုတ်ရောက်လာသည်။ သူမ ဒုတိယတစ်သုတ် ကို မရှင်းရသေးခင်မှာပင် တတိယတစ်သုတ်ရောက်လာသည်။
နတ်ဆိုးတစ္ဆေ ရာထောင်ကျော်လောက်သည် သူမကိုဝန်းရံထားပြီး သူမကို စုတ်ဖြဲပစ်ချင်နေကြသည်။
“သေစမ်း ဘာလို့တစ္ဆေတွေဒီလောက်များရတာလဲ” ရှီမာယူယူသည် သူမပတ်ပတ်လည်တွင် မီးဝိုင်း လုပ်လိုက်ရာ အပူရှိန်ကြောင့် ထိုနတ်ဆိုးတစ္ဆေများသည် ရှေ့မတိုးသာပဲ နောက်ကို အနည်းငယ်စီဆုတ်ကြလေ သည်။
“မင်းတို့အားလုံးက စိတ်လှုပ်ရှားနေကြမှတော့ အကင်ပွဲလုပ်ပေးရမှာပေါ့”
သူမသည် လျှပ်စီးထုတ်ကာ ကောင်းကင်ပေါ်မှ မိုးကြိုးတိမ်တိုက်များကို လှုပ်ရှားစေလိုက်သည်။ ထို့နောက်တွင် သူမ ထိန်းချုပ်မှုအောက်တွင် လျှပ်စီးများ စတင်ကျလာကာ နတ်ဆိုးတစ္ဆေများ၏ ခန္ဓာကိုယ်ပေါ် သို့မိုးကြိုးပစ်လေသည်။
နတ်ဆိုးတစ္ဆေများ အမှောင်သတ္တဝါများဖြစ်သဖြင့် မိုးကြိုးသည် မြင့်မြတ်သော အပြစ်မပေးမှုပင်ဖြစ် သည်။ ထို့ကြောင့် မိုးကြိုးပစ်ခံရသောအခါ ထိုတစ္ဆေများသည် လေအဖြစ်ပြောင်းသွားကြလေသည်။
ရှီမာယူယူ၏ တိုက်ခိုက်မှုသည် တခြားသူများ၏ လျှပ်စီးအရည်အချင်းနှင့် ကွဲပြားသည်။ တခြားသူများ သည် လျှပ်စီးဖြင့် တိုက်ရိုက်တိုက်ခိုက်မှုကိုပြုလုပ်ကြပြီး သူမသည် မိုးကောင်းကင်နှင့်တွဲ၍ အလုပ်လုပ်သည်။ သူမသည် လေထဲရှိရာသီဥတုကို ပြောင်းလဲနိုင်ပြီး လျှပ်စီးကိုထင်ရှားအောင်လုပ်နိုင်သည်။ တိမ်တိုက်ဘေးသင့်မှု လောက် အားမကောင်းသော်လည်း ထိုနတ်ဆိုးတစ္ဆေများကို ရှင်းပစ်ရာတွင် အသုံးဝင်သည်။
သူတို့သည် မိုးပေါ်မှ ကြောက်စရာကောင်းသော ရောင်ဝါလာနေသည်ကို ခံစားမိသော်လည်း ထို နတ်ဆိုးတစ္ဆေများသည် ခေတ္တတွေဝေပြီးမှ ရှီမာယူယူဆီသို့ ဦးတည်ကြလေသည်။
“သူတို့က တကယ်ပဲငတုံးတွေပဲ” သူတို့သည် မီးပုံကိုတိုးသော ပိုးဖလံများကဲ့သို့ လာနေသည်ကို ရှီမာယူယူ ကြည့်ပြီး ပြောဆိုလေသည်။
“စုပ်ယူလိုက်” အေးစက်သောအသံတစ်သံသည် အဝေးရှိတောင်ထိပ်မှလာရာ ထိုနတ်ဆိုးတစ္ဆေများ သည် ထိုအသံအတိုင်းလိုက်ကာ နောက်ဆုတ်လေသည်။
ရှီမာယူယူကြည့်လိုက်ရာ လူတစ်ယောက်သည် ထိုနေရာတွင်ရပ်နေလေသည်။ သူ့လက်ထဲတွင် အဖြူ ရောင်အဝတ်စ ကိုင်ထားကာ ထိုနတ်ဆိုးတစ္ဆေများသည် သူမတိုက်ခိုက်လိုက်တိုင်း တစ်ကောင်ချင်းစီသည် အဖြူရောင်အဝတ်စဆီသို့ ပျံသွားကာ လုံးဝပျောက်ကွယ်သွားလေသည်။
ထိုလူသည် သူမအားကြည့်ရာ သူ့မျက်လုံးများသည် လူသတ်မည့်အရိပ်အယောင်အပြည့်ဖြစ်သည်။ သူ့ ကိုသာ တစ်ယောက်ယောက်က သတ်ရန်ကြိုးစားပါက သူကိုယ်တိုင်သတ်မည့်ပုံပင်။
ထိုလူသည် သူမဘက်ရှိရာသို့ ကြည့်ရုံသာကြည့်ပြီး သူမနှင့် တိုက်ခိုက်ရန်အာရုံမရှိပေ။ ထို့ကြောင့် သူ လှည့်ထွက်ပြီး တောင်မှဆင်းလာသည်။
***