← Chapters

အခန်း (၇၉၅)

Vol. 54 Ch. 795

အခန်း (၇၉၅)

Vol. 54 Ch. 795

အပြင်းအထန် ကြိုးစားပြီးနောက် ရှန်ကွမ်းရှင်းရောင်သည် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲတွင်ရှိသော အစီအရင်၏ အချက်အလက်များအားလုံးကို အနည်းငယ်ရှာဖွေတွေ့ရှိခဲ့ရ၏။ အကျိုးရလဒ်သည် သေးငယ် လှသည်ဆိုသော်လည်း အသက်နှင့် ဝိညာဉ်ကန့်သတ်ချက်များ အားလုံးကို ဖယ်ရှားနိုင်ခဲ့တော့သည်။ ဤအရာ သည် သူမအတွက် သေးငယ်လှသည့် ခြေလှမ်းတစ်ခုဖြစ်ပေမယ့် ပြိုင်စံရှားဂိုဏ်းအတွက်တော့ ကြီးမားလှသည့် ခြေလှမ်းကြီးတစ်ခုပင်ဖြစ်တော့သည်။

“သွားကြစို့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ အကြည့်အောက်မှာပဲ ၎င်းတို့အားလုံးသည် ပဉ္စမမြောက်လောကဆီသို့ လှမ်းတတ်လိုက်ကြသည်။ ပုံရိပ်ယောင်အစီအရင်သည် ထပ်မံ၍ ဖြစ်တည်လာပြီးသည့်နောက် ပုံရိပ်ယောင်မြင်ကွင်းအသစ် များ ဖြစ်တည်လာခဲ့တော့သည်။ မဲမှောင်နေသော တည်နေရာကြီးတစ်ခုလုံးသည် လင်းထိန်လာပြီးသည့်နောက် ကြောက်မက်ဖွယ်ရာငရဲခန်းကြီးတစ်ခုနှင့် ဆင်တူနေသည့် တည်နေရာကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ အားလုံးသည် ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ပုံရိပ်ယောင်မြင်ကွင်းဘက်ကို မတ်တပ် ရပ်ကာဖြင့် ပြောလိုက်တော့၏။

“အားလုံးပဲ ဒါကတော့ ပဉ္စမမြောက်လောကကြီးပါပဲ၊ ပြီးရင် ပြိုင်စံရှားဂိုဏ်းက ဒီလောကကြီးကို စိန်ခေါ်ပြီးတော့ မှတ်တမ်းသစ် ရေးထိုးပါလိမ့်မယ်”

သူသည် လောကကြီးတစ်ခုဆီသို့ တက်ရောက်တိုင်း တက်ရောက်တိုင်းတွင် ဟန်ထုတ်ကာဖြင့် ပုံရိပ်ယောင် စင်မြင့်ရှေ့တွင် ကြွားဝါသည့်အကျင့်ကို အမြဲတမ်းပြုလုပ်တတ်၏။ ကြည့်ရသည်မှာ အရိုက်နှက်ခံရန် တောင်းဆိုနေခြင်းနှင့်ပင်တူ၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ဘယ်ဘက်ခြမ်းကို အသာရှောင်တိမ်းပြီးနောက် နောက်တွင် မတ်တပ်ရပ်လျက် ရီရှင်းချန်ဘက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒီလောကကြီးကတော့ ပြိုင်စံရှား ဂိုဏ်းတပည့်တွေရဲ့ အစွမ်းအစကို ပြသရမယ့်အလှည့်ပါပဲ၊ ရီရှင်းချန်က ဒါကို ဘယ်လိုမျိုး လွယ်လွယ်ကူကူနဲ့ ပြုလုပ်မလဲဆိုတာ ကြည့်ကြပါအုံး”

“ရှင်းချန်… ပုံရိပ်ယောင်မြင်ကွင်းရှေ့ကို လာပြီးတော့ ပရိသတ်တွေကို နှုတ်ဆက်လိုက်ဦးလေ”

“………”

ရီရှင်းချန်သည် ပုံရိပ်ယောင်မြင်ကွင်းကို ကျောပေးလျက်ပင် ရှိနေသေး၏။ ပြီးနောက် သူတွေးလိုက်သည်။ ဂိုဏ်းချုပ် မရှက်ဘူးလား မသိဘူး။

ပုံရိပ်ယောင်မြင်ကွင်း၏ရှေ့တွင် လီဖေးသည် ပေါ်ပေါက်လာခဲ့၏။

“ဟဲလို… အားလုံးပဲ ကျုပ်နာမည်ကတော့ လီဖေးပါ၊ ကျုပ်က အသက်နှစ်ဆယ်ပဲရှိသေးတဲ့ ယောက်ျားလေး တစ်ယောက်ဖြစ်ပြီး လူပျိုလေးတစ်ယောက်လည်း ဖြစ်ပါတယ်၊ ပြီးတော့ ကျုပ်ရဲ့ပုံပန်းသွင်ပြင်က ရိုးရှင်းလှ တယ်ဆိုပေမဲ့ ကျုပ်ရဲ့အမူအကျင့်က အရမ်းကောင်းတယ်လေ၊ ဆိုးရွားလှတဲ့ အမူအကျင့်တွေလည်း တစ်ခုမှ မရှိဘူး၊ တကယ်လို့ တော်ဝင်မိသားစုရဲ့ သမီးပျိုတစ်ယောက်ယောက်ကသာ ကျုပ်ကိုနှစ်သက်မယ်ဆိုရင် ကျုပ်ဘက်က အဆင်သင့်ပါပဲ၊ ကျေးဇူးပြုပြီးတော့…”

သူပြော၍ မပြီးသေးခင်မှာပဲ ပုံရိပ်ယောင်မြင်ကွင်း၏ ဘေးတစ်ဖက်ဆီသို့ တွန်းပို့ခြင်းကို ခံလိုက်ရသည်။ ကျွင်းချောင်ရှောင်းသည် သူ၏အင်္ကျီကော်လံကို အသာမလိုက်ပြီးနောက် ပြောလိုက်သည်။

“ကောင်းပြီ၊ ဒီတော့ အချိန်ထပ်ပြီးမဖြုန်းတော့ဘူး၊ တိုက်ရိုက်ထုတ်လွှင့်မှုကနေတဆင့် ပြိုင်စံရှားဂိုဏ်းက ဘယ်လိုမျိုး ယှဉ်ပြိုင်မယ်ဆိုတာကို စောင့်မျှော်ကြည့်ရှုကြပါ”

…………

သိုင်းကျင့်ကြံသူများနှင့် နှုတ်ခမ်းများအားလုံးသည် တုန်ယင်သွားကြ၏။ နဂါးကျားပြိုင်ပွဲအစကတည်းက ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်သည် ဦးနှောက်ကျန်းမာရေး သိပ်ကောင်းပုံ မပေါ်ပေ။ လက်ရှိအခြေအနေမှာတော့ ဦးနှောက်ကျန်းမာရေး မကောင်းမွန်သည်သာမက ကု၍မရသည့်ရောဂါ ဖြစ်နေတာ သေချာသွားခဲ့၏။

“ရှင်းရောင်… ပုံရိပ်ယောင်အစီအရင်ကို နည်းနည်းလေး မြှင့်လိုက်

“ကောင်းပါပြီ”

တွီ

ပုံရိပ်ယောင်အစီအရင်သည် အနည်းငယ်မြင့်တက်လာပြီးသည့်နောက် ပဉ္စမမြောက်လောကကြီးကို အပေါ်မှငုံ့၍ ကြည့်ရသလို ဖြစ်သွားတော့သည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ပုံရိပ်ယောင် မြင်ကွင်းထဲတွင် ပေါ်လာတော့၏။

ဟုတ်ပေသည်။ ကြည့်ရှု၍ရသည့် ပုံရိပ်ယောင်မြင်ကွင်းအလယ် တည့်တည့်တွင် ရီရှင်းချန်သည် မတ်တပ်ရပ်လျက်ရှိသည်။ ကျွင်းချောင်ရှောင်း၏ တွက်ချက်မှုအရဆိုလျှင် ဤပဉ္စမြောက်လောကကြီးသည် ဝိညာဉ်စွမ်းအင်ကို စမ်းသပ်သည့် နေရာပင်ဖြစ်သည်။ လက်ရှိအချိန်တွင် မည်သည့်ကန့်သတ်မှုမှ မရှိသောကြောင့် ရီရှင်းချန်သည် လွယ်လွယ်ကူကူနှင့် ရင်ဆိုင်နိုင်တော့မည်ဖြစ်သည်။ စမ်းသပ်မှုမျှော်စင်၏ ပဉ္စမမြောက်အဆင့်သည် ရီရှင်းချန်၏ အိမ်ကွင်းပင်ဖြစ်သည်။ မှတ်တမ်းရေးထိုးနိုင်သူမှာ ဟယ်ဝူတီဖြစ်သော်လည်း ဤနေရာတွင် ကြာရှည်နေနိုင်သည့်မှတ်တမ်း၌ ရီရှင်းချန်သည် အပြိုင်အဆိုင်ဖြင့် ယှဉ်ပြိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။

………………….

“ဂျူနီယာတွေအနေနဲ့ ဒီနေရာကနေ ဖြတ်သန်းသွားလာနိုင်ပြီဆိုရင် ဝိညာဉ်စွမ်းအင်တွေကို ပိုပြီးအားကောင်း လာဖို့ အခွင့်အရေး ရလိမ့်မယ်၊ ကျုပ်နဲ့ ရေစက်ပါတဲ့လူတွေက ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ရရှိလိမ့်မယ်” လေးနက်သည့်အသံတစ်ခု ထွက်ပေါ်လာတော့သည်။

“ယွမ်စိတ်ဝိညာဉ်ဟုတ်လား” မူချန်းဟုန်၏ မျက်နှာသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားတော့သည်။

“အဖေ”

မူဟုန်လင်က မေးလိုက်သည်။ “ယွမ်စိတ်ဝိညာဉ်ဆိုတာ ဘာကို ပြောတာလဲ”

မူချန်းဟုန်က ရှင်းပြလိုက်သည်။ “ဒါက အရာအားလုံးကို အာရုံခံကြည့်ရှုလို့ရတဲ့ ဝိညာဉ်ပုံစံမျိုးပဲ”

“ဒါဆိုရင် စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုနဲ့ကော တူတူပဲ မဟုတ်ဘူးလား” မူဟုန်လင်က မေးလိုက်၏။

မူချန်းဟုန်က ပြန်ပြောလိုက်သည်။ “အကျိုးသက်ရောက်မှုက ဆင်တူတယ်ဆိုပေမယ့် စိတ်ဝိညာဉ်အာရုံ ဖြန့်ကျက်မှု အတိုင်းအတာက ကျင့်ကြံသူတစ်ယောက်ရဲ့အဆင့်နဲ့ကျင့်ကြံခြင်းအပေါ်မှာ မူတည်သေးတယ်လေ၊ ဒါပေမဲ့ ယွမ်စိတ်ဝိညာဉ်ကတော့ အကန့်အသတ် မရှိဘူး၊ ကြည့်ရှုနိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဝေးဝေးကိုရောက်အောင် ကြည့်ရှုနိုင်တယ်”

“ဪ” မူဟုန်လင်သည် နားလည်သွား၏။

မူချန်းဟုန်က ဆက်ပြောလိုက်၏။ “ရှေးမှတ်တမ်းတွေအရဆိုရင် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့သိုင်းကျင့်ကြံသူ တွေက အသက်တစ်ရှိုက်စာအတွင်း မိုင်သောင်းပေါင်းများစွာကို ကြည့်ရှုနိုင်တယ်တဲ့၊ တချို့ဆို အဲမိုင်သောင်း ပေါင်းများစွာမှာရှိတဲ့ သစ်ရွက်လေးတစ်ရွက်အပေါ်က အမှတ်အသားကိုတောင် တိတိကျကျ ရှာဖွေနိုင်စွမ်း ရှိတယ်”

“ဒီလောက်အားကောင်းတာလား” မူဟုန်လင်သည် အံ့အားသင့်မိသွား၏။

သူမ၏ လက်ရှိသိုင်းဘုရင်အဆင့်အရဆိုလျှင် သူမ၏စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်လျှင် မိုင်ဒါဇင် အနည်းငယ်ကိုသာ ဖြန့်ကျက်ကြည့်ရှုနိုင်၏။

ဟုတ်ပေသည်၊ ဤကဲ့သို့သော ယွမ်စိတ်ဝိညာဉ်၏ လုပ်ဆောင်နိုင်မှု သည် ပတ်ဝန်းကျင် တစ်ခုလုံးကို ကြည့်ရှုရန်တင်မကဘဲနှင့် အဆုံးစွန်အထိ နားလည်သွားမည်ဆိုပါက ဓာတ်သဘာဝများအားလုံးကို ပိုမိုနားလည်အောင် ကြည့်ရှုနိုင်စွမ်း ရှိပေလိမ့်မည်။

ရီရှင်းချန်သည် သိုင်းအင်ပါယာလင်းယင်၏ စကားကို ကြားလိုက်ရချိန်မှာတော့ အမူအရာ ကင်းမဲ့နေသည်။ သူသည် ဖြစ်နိုင်သမျှ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ရယူပြီး အဆင့်ချိုးဖြတ်ချင်နေမိ၏။ သူသည် တခြားသော ခန္ဓာကိုယ်များကို စိတ်မဝင်စားချေ။

ကျွင်းချောင်ရှောင်းမှာတော့ ရည်မှန်းချက်ပို၍ မြင့်မားလှသည်။ သူ့အနေနှင့် ရရှိနိုင်မည်ဆိုလျှင် တပည့်များအားလုံးကို ရနိုင်မည့်ခန္ဓာကိုယ်များအားလုံးကို ပိုင်ဆိုင်ချင်စေမိ၏။ ထို့အပြင် ပိုမို များပြားသည့်ခန္ဓာကိုယ်များကို ပိုင်ဆိုင်လျှင်လည်း အကျိုးသက်ရောက်မှု ပိုများမည် မဟုတ်ပါလား။

“ကောင်းကင်နဲ့မြေကြီးမှာ ယွမ်စိတ်ဝိညာဉ်စွမ်းအားတွေရှိတယ်၊ ဒီနေရာမှာ နှစ်နာရီတိတိ ခုခံနိုင်တဲ့လူတွေ အားလုံးက ဆဋ္ဌမမြောက်လောကဆီ သွားလို့ရမယ်”

ဝှစ် ဝှစ်

ပြောပြီးပြီးချင်းမှာပဲ အလွန်တရာ အားကောင်းလှသည့်အော်ရာများ ဖြတ်သန်းလာပြီးသည့်နောက် အားလုံး၏ သိစိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့၏ ဝိညာဉ်အားလုံးသည် မခံစားနိုင်လောက်အောင် နာကျင်မှုများ ဖြစ်တည်လာခဲ့၏။

အား

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ကိုင်ကာဖြင့် နာကျင်စွာ အော်ဟစ်လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့တွလျက်ရှိနေ၏။ ထင်မှတ်ထားသည့်အတိုင်း ပဉ္စမလောကကြီး၏ စမ်းသပ်မှုသည် စမ်းသပ်မှုမျှော်စင် အဆင့်ငါးနှင့် ဆင်တူနေတော့၏။ ၎င်းတို့အားလုံးသည် မည်သည့်အရာဖြစ်လာမည်မှန်း ကြိုတင်သိရှိပြီးသားဖြစ်သောကြောင့် ပြင်ဆင်ပြီးသားဖြစ်သည်။ သို့ပေမဲ့ ဤဝိညာဉ်စမ်းသပ်မှုမှာ အလွန်တရာ နာကျင်ပြီး အားကောင်းလွန်းနေ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည်လည်း ပဉ္စမမြောက်အထပ်ဆီသို့သွား၍ လေ့ကျင့်ခဲ့ဖူးသူများ ဖြစ်သည်။ သို့ပေမဲ့ ဤနေရာတွင်ရှိသော ဝိညာဉ်နှိပ်စက်မှုကို ခံရသည့်အချိန်မှာတော့ ချက်ချင်းပဲ ခေါင်းကို ဆုပ်ကိုင်၍ ဂိုဏ်းချုပ်ကဲ့သို့ပင် နာကျင်စွာ အော်ဟစ်လျက်ရှိသည်။

“ဝိညာဉ်စမ်းသပ်မှုတစ်ခုလား”

မြို့တော်ဝန်ဟန်၏ အမူအရာသည် လေးနက်တည်ကြည်သွား၏။ “ဒီလိုနာကျင်မှုမျိုးက သေဆုံးတာထက်ကို ပိုပြီး ကြမ်းတမ်းသေးတယ်”

“ထင်မှတ်ထားတဲ့အတိုင်းပဲလေ၊ အဆင့်မြင့်ကိုသွားလေ၊ ပိုပြီးခက်ခဲလာလေပဲ၊ ပြိုင်စံရှားဂိုဏ်းက ဒါကို ခုခံနိုင်ပါ့ မလားဆိုတာ ကျုပ်သိချင်မိတယ်”

ကျွင်းချောင်ရှောင်းနှင့် တခြားသူများသည် ခုခံနိုင်မည်လားဆိုသည်ကို မည်သူမှ မသိကြချေ။ သို့ပေမဲ့ သေချာတာ တစ်ခုမှာတော့ ရီရှင်းချန်သည် ထပ်မံ၍ အဟန့်အတား အတားအဆီးတစ်ခု ဖြစ်ပေတော့မည်။ ထို့ကြောင့် သိုင်းကျင့်ကြံသူများအားလုံးသည် ပုံရိပ်ယောင်မြင်ကွင်းဆီမှတဆင့် ရီရှင်းချန်ကို လှမ်း၍ ကြည့်ရှုလိုက်ကြသည်။

သို့ပေမဲ့ အဆုံးသတ်မှာတော့ လက်ပိုက်ကာ ခပ်မတ်မတ်ရပ်နေသော ရီရှင်းချန်အား ၎င်းတို့ မြင်လိုက်ကြရ၏။ ရီရှင်းချန်သည် မျက်မှောင်တစ်ချက်ကလေးမှ မကုတ်ဘဲ မည်သည့်ခံစားချက်ကိုမှ မရသည့်ပုံစံဖြင့် ခပ်တည်တည် ရပ်လျက်ရှိနေသည်။

“ဒါက …”

အားလုံးသော သူများသည် ဆွံ့အသွားကြသည်။ အရင်လောကကြီးလေးခုတွင် ရီရှင်းချန်သည် သေတော့မည်ကဲ့သို့ အလူးအလဲနှင့် ခုခံခဲ့ရသည်။ သို့ပေမဲ့ အဘယ်ကြောင့် ပဉ္စမလောကသို့ ရောက်ရှိချိန်တွင် တည်ငြိမ်နေရသနည်း။

“အမှိုက်” ထိုအချိန်မှာပဲ ရီရှင်းချန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ မောက်မာမှု နှင့် ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

“ထူးဆန်းတယ်၊ ဒါက အရမ်းကို ထူးဆန်းတယ်၊ ပဉ္စမလောကကြီးမှာ ပြဿနာတစ်ခုခုရှိနေတာ ဖြစ်လိမ့်မယ်”

“အားလုံးက ဒီအရာကို ခုခံနေရပြီးတော့ သူတစ်ယောက်တည်းက သက်တောင့်သက်သာဖြစ်နေပါလား”

အားလုံးသောသူများသည် ခန့်မှန်းလိုက်ကြ၏။ သို့ပေမဲ့ ရီရှင်းချန်သည် အမှန်ပဲ ဝိညာဉ်နှိပ်စက်မှုကို ခံယူနေရသည် ဖြစ်ကြောင်း သူတို့မသိကြချေ။ သို့ပေမဲ့ ဤနှစ်အတွင်း သူသည် ဝိညာဉ်အားကောင်းဖို့အတွက် အလုံးစုံ ခက်ခက်ခဲခဲ ကြိုးစားခဲ့သူဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော နာကျင်မှုမျိုးကို သူဂရုမစိုက်ချေ။

အသက်နှင့် ဝိညာဉ်ကန့်သတ်မှုများကို ဖယ်ရှားပြီးသည့်နောက် ညအင်ပါယာသည် အားလုံး၏အမြင်တွင် မင်းသားတစ်ယောက်ကဲ့သို့ ခပ်မတ်မတ် ရပ်နေနိုင်ခဲ့ပြီဖြစ်သည်။ အရင်လောကကြီးလေးခုထဲတွင် ခံစားခဲ့ရ သည့် နာကျင်မှုများအားလုံးနှင့် ဂုဏ်သိက္ခာတရားများအားလုံးကို ပြန်လည်ရယူပေရမည်လိမ့်မည်။ လက်ရှိ အချိန်မှာတော့ ရီရှင်းချန်သည် ပုံရိပ်‌ယောင်မြင်ကွင်းထဲတွင် ခပ်မတ်မတ်ရပ်လျက်ရှိသည်။ ၎င်း၏ ခန္ဓာကိုယ် တွင်တော့ ကြောက်မက်ဖွယ်ကောင်းသည့် ခြိမ်းခြောက်သောအော်ရာများ ထွက်ပေါ်လျက်ရှိနေတော့သည်။

မူလအားဖြင့် သူ့ကို စိတ်ပျက်လျက်ရှိနေသော မိန်းကလေး ပရိသတ်များအားလုံးသည် သူ့အား ပြန်လည်၍ သဘောကျ နှစ်ခြိုက်လာကြတော့သည်။

“ရှင်းချန်…. ရှင်းချန်……… ရှင်းချန်ကသာ အတော်ဆုံး”

“ရှင်းချန်…. ရှင်းချန်……… ရှင်းချန်ကသာ အတော်ဆုံး”

၎င်းတို့အားလုံးသည် သံပြိုင်ဆိုသလိုပဲ ရွတ်ဆိုကာ အားပေးနေကြ၏။

အား

ကျွင်းချောင်ရှောင်း၊ လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် ခေါင်းကိုဆုပ်ကိုင်ကာဖြင့် နာကျင်စွာ အော်ဟစ်လျက်ရှိနေကြ၏။ သူတို့သည် ရီရှင်းချန်၏ တည်ငြိမ်သည့်အမူအရာနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်တော့သည်။

အထူးသဖြင့် စုရှောင်မိုပင်ဖြစ်သည်။ သူသည် မျက်လုံးများ ချာချာလည်ရုံသာမက ပါးစပ်မှ အမြှုပ် များပင် ထွက်လျက်ရှိတော့၏။ အဆုံးသတ်မှာတော့ သူသည် မြေပေါ်သို့ အသာလဲကျပြီးနောက် တဆတ်ဆတ် တုန်နေ၏။ သူသည် အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်…. ကျွန်တော်ရဲ့ သရုပ်ဆောင်စွမ်းရည်က မဆိုးဘူးမဟုတ်လား”

“မင်းက နည်းနည်းလေး ပိုနေတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဂိုဏ်းချုပ်… ကျွန်တော်ကော” ရှောင်ကျီက အသံပို့လွှတ်ကာ မေးမြန်းလိုက်၏။

“မင်းကတော့ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာထဲမှာ ရှိတယ်”

ဝိညာဉ်တိုက်ခိုက်မှုကို ခံနေရသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် တပည့်များ အားလုံးကို သရုပ်ဆောင်ရန်စေခိုင်းခဲ့၏။ ထိုမှသာလျှင် ကြည့်ရှုနေကြသူများအားလုံးသည် ရီရှင်းချန်အပေါ်တွင် အကောင်းမြင်စိတ်များ ပြန်လည်ဖြစ်တည်လာကြမည် မဟုတ်လား။ ထို့အတွက် ၎င်းတို့အားလုံးသည် ဇာတ်ပို့များကဲ့သို့ပင် အားရပါးရ အရောက်ပို့လျက်ရှိနေကြတော့သည်။

All Chapters