အခန်း (၇၉၆)
Vol. 54 Ch. 796
ကျွင်းချောင်ရှောင်း၏ အရင်ဘဝမှာတုန်းဆိုလျှင် ဆယ်လီဆိုသည်မှာ ကြီးကျယ်ခမ်းနားသောသူပင် ဖြစ်တော့သည်။
တစ်ချို့သော လူငယ်များအားလုံးသည် ဆယ်လီဖြစ်ဖို့အတွက် အရာအားလုံးကို စတေးဖြစ်ရန် ဝန်မလေးကြချေ။ တစ်ချို့ဆိုလျှင် နဂါးတောင် ဝင်ပူးခံရသေး၏။
ဆယ်လီဖြစ်သွားသည်ဆိုသည်နှင့် ၎င်းတို့၏ အသွင်အပြင်နှင့် လှုပ်ရှားမှု အားလုံးသည် ပရိတ်သတ်များ အများအပြားကို ဆွဲဆောင်နိုင်နေပြီဖြစ်သည်။
ပြိုင်စံရှားဂိုဏ်းအား အချိန်အတော်ကြာ ဖွံ့ဖြိုးတိုးတက် ၊ ရေရှည်တည်တံ့စေချင်သည်ဆိုလျှင် ထိုကဲ့သို့သော ဆယ်လီမျိုးကို ဖန်တီးနိုင်မှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် လူပေါင်းများစွာတို့၏ အားပေးမှုကို ခံရပေလိမ့်မည်။
ထို့ကြောင့် အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကြယ်တစ်ပွင့်ကို ဖန်တီးချင်၏။ ဤကဲ့သို့ ကျော်ကြားလှသော လူငယ် ဆယ်လီတစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းကို ကိုယ်စားပြုသည့် ဆယ်လီတစ်ယောက် ဖြစ်ရပေလိမ့်မည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် လီချင်းယန်နှင့် ရှောင်ကျီတို့ကို အရင်ဆုံး စဉ်းစားမိ၏။ သို့ပေမဲ့ ၎င်းတို့သည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အသင့်တော်ဆုံး လူကို စဉ်းစားမိသည့် အချိန်မှာတော့ အပြုံးအရယ် ကင်းလှပြီး သူများနှင့် မတူအောင် မောက်မာသော ရီရှင်းချန်အား သူ၏ မျက်လုံးထဲတွင် သွား၍ မြင်ယောင်မိ၏။
ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်းသည် ညအင်ပါယာတစ်ယောက် ပုံရိပ်ယောင် မြင်ကွင်းထဲတွင် ထီးထီးကြီး ထင်ပေါ်နေစေရန် အစီအရင် ချမှတ်တော့သည်။
သို့ပေမဲ့ အကန့်အသတ် တစ်ချိုကို ဖြစ်တည်လာပြီးသည့်နောက် ရီရှင်းချန်သည် ပထမ လောကကြီး လေးခုလုံးတွင် ကြီးကြီးကျယ်ကျယ်ကို ထိခိုက်ခံစားခဲ့ရသည်။
များပြားလှသည့် ပရိသတ်များကို မဆွဲဆောင်နိုင်ခဲ့ရုံသာမက ရှိနေပြီးသား ပရိတ်သတ်များကို ဆုံးရှုံးရသေး၏။
ကံကောင်းစွာဖြင့် ရှန်ကွမ်းရှင်းရောင်သည် ပဉ္စမမြောက် လောကကြီးတွင်ရှိသော ကန့်သတ်ချက်များအားလုံးကို ဖယ်ရှား ပေးလိုက်နိုင်သည်။
ထို့ကြောင့်ပင် ရီရှင်းချန်သည် ပဉ္စမမြောက်လောကတွင် အထွန်းဝောာက်ဆုံးသော လူ ဖြစ်လာပေတော့မည်။ သို့ပေမဲ့ ဤအတိုင်းသာ လွှတ်ထားသည် ဆိုပါက ပိုမိုကောင်းမွန်ပြီး ရှားပါးလှသည့် ဆယ်လီတစ်ယောက်ကို မွေးထုတ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များအားလုံးသည် အစွမ်းကုန် သရုပ်ဆောင်ပြီး ၎င်းတို့၏ ရီရှင်းချန်အား အားလုံး၏ကြားတွင် ထင်ထင်ရှားရှားကြီး ဖြစ်အောင် ဖန်တီးကြတော့သည်။
လက်ရှိအချိန်တွင် ပုံရိပ်ယောင် အစီအရင်မှာတော့ ညအင်ပါယာသည် အလယ်ဗဟို တည့်တည့်တွင် ထီးထီးကြီး ရှိနေ၏။
၎င်း၏ ပရိတ်သတ်များဆိုလျှင် ရီရှင်းချန် ဟူသော နာမည်ကို အော်ခေါ်လျက်ရှိနေကြသည်။
ဟုတ်ပေသည်။
ရီရှင်းချန်သည် ကျော်ကြားလှသော ဆယ်လီတစ်ယောက် ဖြစ်လာရုံသာမက အလွန်တရာလည်း အားကောင်းလှသောသူ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ အားကောင်းလှသော ဝိညာဉ် နှိပ်စက်မှုကို ခံယူရသည်ဆိုသော်လည်း သူသည် မျက်နှာကို မော့ကာ တည်ငြိမ် အေးစက်စွာ ရှိနေတုန်းပင်။
……....
နှစ်နာရီလောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ပဉ္စမမြောက်လောကကြီးတွင် ရှိသော ဝိညာဉ်ဖိနှိပ်မှုသည် ပျောက်ကွယ်သွားခဲ့၏။
ကျွင်းချောင်ရှောင်းနှင့် ၎င်း၏ တပည့်များအားလုံးသည် မြေပေါ်တွင် လဲလျက်ရှိပြီး အသက်ကို ပြင်းပြင်းရှုနေရ၏။ ၎င်းတို့၏ အမူအရာများမှာ ရှုံ့တွလျက်ရှိနေသေးသည်။
၎င်းတို့၏ သရုပ်ဆောင်မှုသည် အလွန် ကောင်းမွန်လွန်းတာကြောင့် အားလုံးသော သူများသည် အစစ်အမှန် လားဟုပင် ထင်မှတ်နေကြသည်။
"ဂိုဏ်းချုပ်"
ရှန်ကွမ်းရှင်းရောင်က အသံပို့လွှတ်လိုက်သည်။ "ဆဠမ လောကနှင့် သတ္တမ လောကအထိ အခြေခံအစီအရင်တွေ အားလုံးကို ကျွန်မ ထိန်းချုပ်နိုင်ပြီးပါပြီ"
လက်ရှိ အခြေအနေမှာတော့ သူမသည် အစီအရင်တစ်ခုချင်းစီကို ထိန်းချုပ်နေနိုင်ပြီ ဖြစ်၏။ ကြီးကြီးကျယ်ကျယ် အလုံးစုံ မထိန်းချုပ်နိုင်သေးဘူးဆိုလျှင်တောင်မှ အနည်းငယ်တော့ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
"တစ်ရက်လောက် နားရအောင်" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဆဠမ လောကကြီးတွင် သရုပ်ဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်စေရန် အတွက် သူသည် ချက်ချင်းကြီး ဆဠမလောကထဲကို မတက်သွားချေ။
ပထမဆုံး သူ့အနေနှင့် အလွန်တရာ အားနည်းနေသည့် ပုံစံမျိုးကို ပြသရပေလိမ့်မည်။ ထိုမှသာလျှင် လူပေါင်းများစွာတို့သည် ပိုမို၍ စစ်မှန်သည်ဟု ခံစားရမှာဖြစ်သည်။
"ပျင်းစရာပဲ" လုချင်းချင်းက ပြောလိုက်သည်။
အားလုံးသည် သရုပ်ဆောင်နေကြခြင်း ဖြစ်ပြီး သူမသည် ရေလိုက်ငါးလိုက် လုပ်နေရသည်။ သို့ပေမဲ့ မည်မျှ ကြိုးစား ကြိုးစား သရုပ်ဆောင်စွမ်းရည်သည် တိုးတက်မလာသည်မို့ ကြောင်တောင်တောင်ဖြစ်နေသည်ဟု ခံစားနေရ၏။
……..
တစ်ရက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များသည် ပြန်လည်ကောင်းမွန်လှသည့် ပုံစံမျိုဖြင့် ထူထူထောင်ထောင် ဖြစ်နေကြပြီး ဖြစ်သည်။
၎င်းတို့သည် ဆဠမ လောကကြီးဆီသို ဦးတည်လိုက်ကြတော့သည်။ သံသယ ရှိရန် မလိုပေ။အားလုံး၏ ရှေ့တွင် ဦးဆောင်၍ လျှောက်သွားသူမှာ ရီရှင်းချန်ပင် ဖြစ်တော့၏။
မည်သည့်ဝိညာဉ် နှင့် အသက်ကန့်သတ်မှုမှ မရှိတော့သည့် အချိန်မှာတော့ ကျန်သည့် လောကကြီး အားလုံးတွင် ၎င်းသည် ဟန်ထုတ် ကြွားဝါရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
"ဂိုဏ်းချုပ်"
လမ်းတစ်လျှောက်မှာတော့ ရီရှင်းချန်က မေးလိုက်၏။ "ဆဠမ လောကက ဘာလဲ"
"ဒါက"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အထဲကို ဝင်သွားရင် သိမှာပေါ့"
ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်ဆိုသည်မှာ စမ်းသပ်မှု မျှော်စင်နှင့် တူညီသည့်အရာပင် ဖြစ်သည်။
ပြိုင်စံရှား ဂိုဏ်း တပည့်များသည်လည်း ထိုအရာကို ကောင်းကောင်းသိ၏။ သို့ပေမဲ့ ၎င်းတို့သည် ပထမထပ်မှ ပဉ္စမထပ်သို့သာ ရောက်ရှိခဲ့ကြသည်။ မည်သူမှ ဆဠမထပ်ဆီသို့ မရောက်ရှိခဲ့ဖူးချေ။
တကူးတက မသွားကြခြင်း မဟုတ်ပေ။ သွားစရာ မလိုသေးသောကြောင့်သာ ဖြစ်၏။ ရှောင်ကျီကဲ့သို့ အချိန်ရှိသရွေ့ စမ်းသပ်မှု မျှော်စင်ထဲတွင် လေ့ကျင့်လျက်ရှိသော သူပင်လျှင် ဆဠမမြောက် အထပ်ဆီသို့ သွားရောက်ခဲ့ခြင်း မရှိခဲ့ချေ။
။။....
ဒွီ
ဆဠမမြောက် လောကဆီ တက်လှမ်းပြီးသည့်နောက်မှာတော့ ပုံရိပ်ယောင် အစီအရင်သည် ထပ်မံပေါ်ပေါက်လာတော့သည်။
များပြားလှသော မြင်ကွင်းများသည် ပုံရိပ်ယောင် မြင်ကွင်းထဲတွင် ပေါ်လာတော့၏။
ရောင်စုံ ကမ္ဘာကြီးတစ်ခု ဖြစ်ပြီး ရောင်စုံ အလင်းတန်းများသည် လေထဲတွင် လွင့်စင်လျက်ရှိသည်။ ညအခါ ပိုးစုန်းကျူးများကဲ့သိုပင် တစ်လက်လက် တောက်ပနေသည်။
"ကျုပ်က ဓာတ်ငါးပါး အင်ပါယာပဲ"
"ဒီဓာတ်ငါးပါး လောကကြီးကို ကျုပ် ဖန်တီးခဲ့တာပဲ။တကယ်လို့ လူငယ် မျိုးဆက်တွေက ဖြတ်သန်းနိုင်ခဲ့မယ် ဆိုရင် ဓာတ်ငါးပါးကို ပိုမို အားကောင်းစေဖို့ အခွင့်အရေး ရလိမ့်မယ်။ကံကြမ္မာ ရေစက်ရှိတယ်ဆိုရင် ဓာတ်ငါးပါး ခန္ဓာကိုယ်ကို အမွေဆက်ခံနိုင်လိမ့်မယ်။"
"ဓာတ်ငါးပါး ခန္ဓာကိုယ် ဟုတ်လား"
မြို့တော်ဝန်ဟန်နှင့် မူချန်းဟုန်တို့သည် မျက်လုံး ပြူးသွားမိ၏။
ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးသည် ရှေးယခင်ကတည်းက အားအကောင်းဆုံး ခန္ဓာကိုယ် ဖြစ်သည်။ ဓာတ်ငါးပါးကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ပြီး ဓာတ်ငါးပါး ကျင့်ကြံသူ တစ်ယောက် အနေနှင့် ပြည့်စုံသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
"ဓာတ်ငါးပါး ခန္ဓာကိုယ်လား"
ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ "ဒါက သာမန်ပဲ။ဒါပေမဲ့ တကယ့် ရှန်းရှ ဝတ္ထုတွေထဲမှာတော့ နာမည်ကြီးတဲ့ ခန္ဓာကိုယ်ပဲ။"
စနစ်က ပြောလိုက်သည်။ "လက်ခံသူမှာ ဓာတ်ငါးပါး ကောင်းကင် နည်းစနစ် ရှိတယ်လေ။တကယ်လို့ ဓာတ်ငါးပါး ခန္ဓာကိုယ်ကို ရမယ်ဆိုရင် ကျားကို အတောင်ပံတပ်လိုက်သလို ဖြစ်သွားလိမ့်မယ်။"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။
ထိုသူ အနေနှင့် ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ရရှိသည့် ခန္ဓာကိုယ်များကို တပည့်များအား အမွေဆက်ခံစေရန် စဉ်းစားထားခဲ့၏။ ဥပမာအားဖြင့် တောရိုင်း ခန္ဓာကိုယ်အား ရှောင်ကျီကို ပေးစွမ်းမည် ဖြစ်ပြီး လေပွေခန္ဓာကိုယ်ကိုတော့ စုရှောင်မိုနှင့် လီဖေးတို့အား ရွေးချယ်စေမည်။
သူ့အနေနှင့် အဘယ့်ကြောင့် ဤမျှ ရက်ရော နေရသနည်း ဆိုသော် နတ်မီးခန္ဓာကိုယ် ကို ပိုင်ဆိုင်နှင့်ပြီး ဖြစ်နေသောကြောင့်ပင်။ သို့ပေမဲ့ သူ့အနေနှင့် ဓာတ် ငါးပါး ခန္ဓာကိုယ်ကို ရရှိမည် ဆိုလျှင်ပင်လည်း ကိစ္စ မရှိပေ။
တပည့်များ ရရှိမည်ဆိုပါက ပို၍ ကောင်းမွန်သေးသည်။ တပည့်များ အားကောင်းလာလျှင် ဂိုဏ်းသည်လည်း အားကောင်းလာမှာ ဖြစ်သည်။
ထို့အတူ ဂိုဏ်းချုပ် အားကောင်းလာလျှင်လည်း ဂိုဏ်းသည် ပို၍ အားကောင်းလာမှာ ဖြစ်သည်။
"ရှင်းရောင်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အစီအရင်ကို ဆက်လက်ပြီး လေ့လာထား။ဆုလာဘ် အစီအရင်နဲ့ ပတ်သက်ပြီး ပြင်ဆင်နိုင်အောင် လုပ်နိုင်ရင် အကောင်းဆုံးပဲလေ"
"ကောင်းပါပြီ"
ရှန်ကွမ်းရှင်းရောင်က ခေါင်းညိတ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူမက ပြောလိုက်သည်။ "ဂိုဏ်းချုပ် တပည့်က ဆုလာဘ် အစီအရင်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ဖွယ်ရာတွေကို သုံးသပ် ပြီးသွားပြီ"
“တကယ်လို့ ပြန်စစ်ပြီးပြီ ဆိုရင်တောင်မှ အထဲမှာ ရှိတဲ့ ခန္ဓာကိုယ် အမျိုးအစားတွေကို ရချင်မှ ရလိမ့်မယ်။”
"အင်း ဒါမျိုးကိစ္စကလည်း ဖြစ်နိုင်တယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဘာပဲ ပြောပြော အစီအရင်တစ်ခုလုံးကို ထိန်းချုပ်နိုင်အောင် ကြိုးစားလေ"
"ဒါက"
ရှန်ကွမ်းရှင်းရောင် ပြောလိုက်သည်။ "အရမ်းခက်တယ်"
"ခက်ခဲမှ စိန်ခေါ်မှု ဖြစ်မှာပေါ့။မင်း လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်လေ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
မူလအားဖြင့် အနည်းငယ် ယုံကြည်မှု ကျဆင်းလျက်ရှိနေသော ရှန်ကွမ်းရှင်းရောင်သည် ချက်ချင်းပဲ လက်သီးကို ဆုပ်ကာ ဖြင့် ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောလိုက်တော့သည်။ "တပည့်က ကျိန်းသေပေါက် ကြိုးစားပါ့မယ်..."
"ဒီလောကကြီးက ဓာတ်ငါးပါး စွမ်းအားတွေနဲ့ ပြည့်နက်နေတာလေ။ဓာတ်ငါးပါး ဓာတ်သဘာဝတွေကို ထုတ်လွှတ်လိမ့်မယ်။"
ဓာတ်ငါးပါး သိုင်းအင်ပါယာ၏ အသံသည် လေးနက်စွာ ပေါ်ပေါက် လာတော့သည်။ "ဒီထဲကို ဝင်သွားတဲ့ လူတွေ အနေနဲ့ ဓာတ်ငါးပါးကို ခုခံရမယ်။ အောင်မြင်စွာ ခုခံနိုင်တဲ့ လူတွေကတော့ သတ္တမလောကထဲကို ဝင်ရောက်ဖို့ အရည်အချင်းရှိတယ်လို့ သတ်မှတ်လို့ ရလိမ့်တယ်"
"ဓာတ်ငါးပါးကို ခုခံပြီးတော့ ကိုယ့်ကိုကိုယ် ပြန်သန့်စင်ပစ်ရမှာလား"
ဟူး ဟူး
ရုတ်တရက်ဆိုသလိုပဲ များပြားပြီးတော့ သန့်စင် အားကောင်းလွန်းလှသော ဓာတ်သဘာဝများ အားလုံးသည် တည်နေရာထဲတွင် ဖြစ်တည် လာခဲ့သည်။
ဤဓာတ်သဘာဝများမှာတော့ သတ္ထု ၊ သစ်သား၊ ရေ ၊ မီး ၊ မြေဆိုသည့် ဓာတ်သဘာဝများပင် ဖြစ်တော့သည် ။ ထို့အပြင် အဆင့်အရလည်း အားကောင်းလွန်းလှ၏။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "ကောင်းကင်နဲ့ မြေကြီးရဲ့ ဓာတ်သဘာဝတွေက စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ထက်တောင် ပိုပြီးတော့ အားကောင်းနေတာပဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါဆိုရင် ဘာစောင့်နေတာလဲ။မြန်မြန် စုပ်ယူတော့လေ"
ဝှစ် … ဝှစ်
တပည့်များအားလုံးသည် ခြေချိတ်ထိုင်လိုက်ကြတော့သည်။
ဓာတ်ငါးပါး အခြေခံမရှိဘဲ ဤနေရာတွင် ရှိသော ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများကို စုပ်ရန် ဆိုသည်မှာ ကျိန်းသေပေါက် မဖြစ်နိုင်ပေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းရှိ တပည့်များ အားလုံးသည် ဓာတ်ငါးပါး ကောင်းကင် နည်းစနစ်ကို ကျင့်ကြံကြသူများ ဖြစ်သည်မို အနည်းဆုံး ဓာတ်သဘာဝ တစ်မျိုးကို ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် စုပ်ယူရန် အတွက် အခက်အခဲ မရှိကြပေ။
ဟူး ဟူး ဟူး …။
မြေဓာတ်သဘာဝများအားလုံးသည် ရှောင်ကျီဆီသို့ ရောက်ရှိလာသည်။
ရှောင်ကျီသည် ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်တည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လောကထဲတွင် ရှိသော မြေဓာတ်သဘာဝများကို စုပ်ယူလျက်ရှိနေတော့၏။
စုရှောင်မို ၊ လီဖေးနှင့် တစ်ခြားသော သူများ အားလုံးတို့သည်လည်း မိမိပိုင်ဆိုင်သည့် ဓာတ်သဘာဝများကို စုပ်ယူနေကြ၏။
"ကောင်းကင်ဘုံ ပြိုင်စံရှားဂိုဏ်းက တပည့်တွေကဓာတ်ငါးပါးထဲက တစ်ခုခုကို ကျင့်ကြံကြတဲ့ လူတွေကြီးပါပဲလား။တကယ့်ကို အံ့အား သင့်စရာပဲ"
များပြားလှသော ကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ခန္ဓာကိုယ်ထဲသို့ ဓာတ်ငါးပါး စွမ်းအင်များကို စီးဝင်လျက်ရှိနေသည်ကို မြင်ရသည့် အချိန်မှာတော့ ထိတ်လန့်တုန်လှုပ်မှု များဖြင့် ရေရွတ်လိုက်မိကြ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဓာတ်သဘာဝတွင် ဤကဲ့သို့သော ဓာတ်သဘာဝများကို ပိုင်ဆိုင်သူ ဆိုသည်မှာ ရှားပါးလွန်းလှ၏။ ကျင့်ကြံခြင်း နည်းစနစ်များကို အသုံးပြု၍ စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူနိုင်သည်ဆိုသော်လည်း ဓာတ်ငါးပါး ဓာတ်သဘာဝများကို စုပ်ယူနိုင်ဖို့ ဆိုသည်မှာတော့ ခက်ခဲလွန်းလှသည်။
ထို့ကြောင့် ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ဓာတ်သဘာဝ စုပ်ယူနေသည့် အသွင် သဏ္ဍာန်ကို ကြည့်ရှုနေပြီးနောက် အလွန် အံ့အားသင့်မိနေကြခြင်းပင် ဖြစ်တော့၏။
"ရီရှင်းချန်ကို ကြည့်အုံး" တစ်စုံတစ်ယောက်က ပြောလိုက်သည်။
အားလုံးသည် သုံးရောင် မြင်ကွင်း၏ အလယ်တွင် မတ်မတ်ရပ်လျက်ရှိသော ရီရှင်းချန်အား လှမ်း၍ ကြည့်လိုက်တော့သည်။
မီး၊ သတ္ထု နှင့် မြေဓာတ်များအားလုံးသည် ၎င်းအား လွှမ်းမိုးထား၏။
"ဒီကောင်လေးက ဓာတ်ငါးပါးမှာ သုံးခုကို လေ့ကျင့်ထားတာ ကြည့်အုံး သစ်သားဓာတ်ကလည်း ရောက်လာတယ်။သူက လေးခု ကျင့်ကြံတာပဲ"
အားလုံး တုန်လှုပ်သွားနေတုန်းမှာပဲ ရေဓာတ်သည် ရီရှင်းချန်၏ ခန္ဓာကိုယ်အား ရစ်သိုင်းလျက်ရှိသည်။ ကုန်းမြေတိုက်ကြီးတွင် ရှိသော ကျင့်ကြံသူများ အားလုံးသည် သံပြိုင်ဆိုသလိုပဲ ထအော်လိုက်ကြသည်။ "ဓာတ် ငါးပါး ကျင့်ကြံသူပဲ"
"စီနီယာ အစ်ကိုရီက တကယ့်ကို အားကောင်းလွန်းတယ်။"
ပြိုင်စံရှား ဂိုဏ်းထဲမှာ ရှိသော တပည့်များ အားလုံးသည် ဓာတ်ငါးပါးကို မြင်ရသည့် အချိန်မှာတော့ အားရပါးရ ချီးကျူးမိလိုက်ကြသည်။
တော်တော်များမျာသည် ဓာတ်ငါးပါး ကောင်းကင် နည်းစနစ်ကို ကျင့်ကြံကြသည် ဆိုသော်လည်း ဓာတ်သဘာဝ တစ်ခုတည်းကိုသာ စုစည်းနိုင်သည့် အခြေအနေတွင် ရှိနေကြ၏။
ထို့ကြောင့် ဓာတ်ငါးပါးကျင့်ကြံသူကို တွေ့၍ အားလုံး အံ့အားသင့်နေကြသည်မှာ သာမန်ပင် ဖြစ်တော့သည်။
ကျွတ် ကျွတ် ….
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "ဒီကောင်ကြေိတ်ပြီး ကျင့်ကြံနေမယ်လို့ ငါ မထင်မိဘူး"