← Chapters

အခန်း (၇၉၇)

Vol. 54 Ch. 797

အခန်း (၇၉၇)

Vol. 54 Ch. 797

ဓာတ်ငါးပါးလောကကြီး၏ ဓာတ်ငါးပါးဓာတ်သဘာဝများကို စုပ်ယူလျက်ရှိသော ရီရှင်းချန်သည် တည်နေရာတစ်ခု လုံးထဲတွင် အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်နေသည်မှာ သံသယရှိစရာ မလိုအပ်တော့ချေ။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် များပြားလှသည့် ဓာတ်သဘာဝများကို အစောကြီးကတည်းက ကျင့်ကြံသူများဖြစ်ကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်နှင့်အမိန့်ကို လက်ခံပြီးသည့်နောက် သူတို့သည် တစ်ကြိမ်တွင် ဓာတ်သဘာဝတစ်မျိုးကိုသာ စုပ်ယူရန် စီစဉ်ခဲ့ကြ၏။ ထို့ကြောင့် ရီရှင်းချန်သည် အားလုံးထက်ပို၍ ထင်ပေါ်နေခြင်း ပင်ဖြစ်သည်။

ပန်းများအားလုံးသည် လှပကြ၏။ သို့ပေမဲ့ ပန်းတစ်ခုတည်းဆိုလျှင် လှပလိမ့်မည် မဟုတ်ချေ။ ၎င်း၏ ဘေးတွင် ရှိသော အရွက်နှင့် အကိုင်းများ တည်ရှိနေသည်ဆိုမှသာ ထိုပန်းသည် ပိုမိုကာလှပပေလိမ့်မည်။

လက်ရှိ အခြေအနေ မှာတော့ ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများအားလုံးသည် အကောင်းဆုံးသောသရုပ်ဆောင်မှုကို ပြုလုပ်၍ ရီရှင်းချန်တောက်ပလာစေရန် ဇာတ်ပို့ပေးလျက် ရှိနေတော့၏။ ဤအရာသည် ဂိုဏ်းတူညီအစ်ကိုချင်းတွင် ရှိနေသည့် မေတ္တာတရား၏ လေးနက်မှုကို သိသာထင်ရှား စေတော့၏။

“ရှင်းချန်၊ ရှင်းချန်”

ပရိသတ်များအားလုံးတို့သည် ၎င်းတို့ရီရှင်းချန်တစ်ယောက် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် အလွန်တရာ တောက်ပ စွာရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ စိတ်လှုပ်ရှားစွာဖြင့် အားပေးလျက်ရှိကြသည်။ တချို့ဆိုလျှင် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ဟန်ဖြင့် မျက်ရည်များပင် ကျဆင်းလာကြသည်။

“လောကနှစ်ခုကို ဖြတ်သန်းပြီးတဲ့နောက်မှာ ရီရှင်းချန်က ကျိန်းသေပေါက် ပရိသတ်တွေ အများကြီး ရခဲ့တာပဲ”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲ၌ ရေရွတ်လိုက်မိ၏။ “တကယ်လို့ အနာဂတ်မှာ သူ့ကိုသာ အပြင်ခေါ်သွားမယ် ဆိုရင် ငါတို့ ပိုက်ဆံအများကြီး ဖန်တီးလို့ရနိုင်တယ်”

ဟုတ်ပေသည်။ သူ့အနေနှင့် ရီရှင်းချန်အား သီချင်းဆို၍ ကခုန်ခိုင်းလိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ အပြင်ကိုထွက်၍ ပုံတူများ ရောင်းချခြင်း၊ လက်မှတ်ရေးထိုးထားသည့်အရာများ ရောင်းချခြင်း ကိစ္စရပ်များနှင့် သူသည် ပိုက်ဆံများကို ရှာဖွေနိုင်သေး၏။ ရီရှင်းချန်တစ်ယောက် ဤကဲ့သို့ တောက်ပလာသည့်အခြေအနေကို မြင်ရပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားလျက်ရှိနေသည်။

စနစ်က ပြောလိုက်သည်။ “လက်ခံသူ… ဘယ်လိုတွေတောင် လျှောက်ပြီး စဉ်းစားနေတာလဲ”

“ဘာပဲပြောပြော ဒီဘက်ခေတ်ကြီးမှာ ဆယ်လီတစ်ယောက်ကို မွေးထုတ်နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ငါက ဒါကိုဖြစ်အောင်လုပ်နိုင်တာ ဘယ်လောက် ဝမ်းသာဖို့ကောင်းလဲ” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် ဆယ်လီဖြစ်အောင် ဘာလို့ မလုပ်တာလဲ”

စနစ် က မေးမြန်းလိုက်သည်။ “တကယ်တော့ လက်ခံသူက ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ကျော်ကြားတဲ့ ကြော်ငြာသရုပ်ဆောင်ဖြစ်နေပြီ မဟုတ်လား”

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါကသူ့ထက်ပိုပြီး အရေထူတယ်၊ ဒါပေမဲ့ တစ်ခါတစ်လေကြရင် အရေထူလွန်းရင် မကောင်းဘူး မဟုတ်လား”

စနစ်က ပြောလိုက်သည်။ “ဟုတ်တယ်၊ မင်းက အရည်ထူလွန်းတယ်၊ အထက်နယ်မြေက လက်ဝါးရိုက်ချက်ကြီးကို ဝင်ပြီးခုခံခဲ့တာတောင်မှ မသေခဲ့ဘူး မဟုတ်လား”

“ချီးတဲ့မှ…. အဲတာ အရေထူတာနဲ့ ဘာဆိုင်လို့လဲ” ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြန်ပြောလိုက်၏။

နဂါးကျားတိုက်ပွဲတွင် ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီမှ လက်ဝါးရိုက်ချက်ကြီးအား ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့၏။ ယခုအချိန် ပြန်တွေးလျှင်ပင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေသေးသည်။

………..

ဟူး

နှစ်နာရီလောက်ကြာပြီးသည့်နောက် ကောင်းကင်နှင့်မြေကြီးကြားရှိ ဓာတ်သဘာဝငါးခုတို့သည် ပျောက်ကွယ် သွားခဲ့တော့သည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် မျက်လုံးတွေ ပွင့်လာကြ၏။ ၎င်းတို့၏ မျက်နှာတွင်တော့ သဘောကျသည့် အရိပ်အယောင်များ တည်ရှိလျက်ရှိသည်။ ဆဋ္ဌမမြောက်လောကကြီးသည် မည်သည့်အန္တရာယ်မှ မရှိချေ။ သို့ပေမဲ့ အရင်လောကငါးခုထက် ပို၍ ခက်ခဲနေ၏။ ဓာတ်သဘာဝငါးမျိုးထဲမှ တစ်စုံတစ်ခုကို ကျင့်ကြံခြင်းမရှိပါက ဤနေရာကို ကျော်ဖြတ်သွားနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။

ရှေးယခင်က ကျွမ်းကျင်သူများဆိုသည်မှာ တိမ်လိုပင် ပေါများလွန်းလှ၏။ သို့ပေမဲ့ ဤလောကကြီးကို ဖြတ်သန်း သွားလာနိုင်တဲ့ လူမှာတော့ မရှိသေးချေ။ ပြိုင်စံရှားဂိုဏ်းတပည့်များသည် ကံကောင်းထောက်မစွာဖြင့် ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်ကို ကျင့်ကြံသူများ ဖြစ်နေကြ၏။ ထို့ကြောင့်ပင် ဤတည်နေရာကြီးကို ဖြတ်သန်းသွားနိုင် ကြခြင်းပင် ဖြစ်တော့သည်။

“ဒီလိုပဲ ပြီးသွားတာလား၊ ပျော်စရာတောင် မကောင်းဘူး” စုရှောင်မိုနှင့် လီဖေးတို့သည် တီးတိုးရေရွတ်လိုက်၏။

“ရှင်းရောင်”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “မင်း သုတေသနလုပ်နေတာ ဘယ်အခြေအနေ ရောက်နေပြီလဲ”

ရှန်ကွမ်းရှင်းရောင်သည် သူမ၏ နဖူးထက်တွင်ရှိနေသော ချွေးများကို သုတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “တိုးတက်မှု မရှိသေးပါဘူး”

“ဒါဆိုရင် ခဏလောက် နားလိုက်အုံးမယ်၊ မင်းလည်း အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံနဲ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူ့အနေနှင့် သတ္တမမြောက်လောကကြီးကို တိုက်ရိုက်ဆက်၍ စိန်ခေါ်ရန် စိတ်ကူး မရှိသေးပေ။ အားလုံးသည် တည်နေရာထဲတွင် ခဏမျှ အနားယူရပေလိမ့်မည်။ သုံးရက်တာ ပြည့်မြောက်ပြီဆိုမှ အပေါ်သို့ ထပ်၍ တက်ရန် သူစဉ်းစားထားသည်။

“လူခွဲမယ်၊ လူခွဲမယ်”

ထိုကဲ့သို့သော အခြေအနေကို မြင်ရသည့်အချိန်မှာ‌တော့ အားလုံးသောသူများသည် ပြိုင်စံရှားဂိုဏ်းအနေဖြင့် အထက်လောကဆီသို့ ထပ်မံမတက်တော့မှန်း သိရှိသွားခဲ့ကြတော့သည်။ ထို့ကြောင့် ၎င်းတို့သည် သူတို့ လုပ်စရာ ကိုင်စရာရှိသည်များကို လူခွဲကာ လုပ်ကြတော့သည်။

သို့ပေမဲ့ ပြန်ရာလမ်းတစ်လျှောက်မှာတော့ သူတို့သည် ကျိန်းသေပေါက် ဆွေးနွေးနေကြ၏။ အထူးသဖြင့် အရှေ့လောကများထဲတွင် ပုံပျက်ပန်းပျက်ဖြင့် ခုခံနေခဲ့ရသော ရီရှင်းချန်သည် နောက်ဆုံးလောကနှစ်ခုမှာမှ ခြားနားသည့်လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး အလွန်တရာ အားကောင်းသည့် ဟန်ပန်မျိုးကို ပြသလျက်ရှိနေတော့၏။ ဤအရာကို သူတို့ အလွန်ပင် အံ့အားသင့်မိနေ၏။

…………….

ရက်ပေါင်းများစွာ ဆက်တိုက် အလုပ်လုပ်လျက်ရှိနေသော ရှန်ကွမ်းရှင်းရောင်မှာတော့ အစီအရင်များအကြောင်းကို ထပ်ပြီး မစဉ်းစားတော့ချေ။ သူမသည် ခြေချိတ်ထိုင်လိုက်ပြီးနောက် သူမ၏ ရှုပ်ယှက်ခတ်လျက်ရှိသော စိတ်များကို တည်ငြိမ်သွားစေရန် ကြိုးစားတော့သည်။

အပြင်ဘက်တွင်ရှိနေသော ကျန်းတယ်ကျွင်းသည် လက်ရှိအချိန်မှာတော့ အသက်ရှူရန် အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။ သူသည် တောက်‌လျှောက်ဆိုသလိုပဲ မိန်းကလေး၏ အတွေးထဲတွင် ပေါ်လာသော သံသယများအားလုံးကို ဆက်တိုက်ဆိုသလို ဖြေကြားပေးနေခဲ့ရသည် မဟုတ်ပါလား။ သို့ပေမဲ့ ဤကဲ့သို့သော ဖြေကြားရခြင်းမျိုးကို သူသည် အလွန်ပင်နှစ်ခြိုက်နေပြီဖြစ်သည်။ ဤမိန်းကလေးသာ မရှိပါက သူသည် ဘဝတစ်သက်တာလုံး လေ့ကျင့်မည်ဆိုလျှင်တောင်မှ ဤကဲ့သို့သော အခြေအနေအထိ ရောက်ရှိလိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “တကယ်လို့ ရှင်းရောင်သာ ဖြေရှင်းနိုင်ပြီးတော့ ဒီမျှော်စင်ထဲမှာ ထိန်းသိမ်းထားတဲ့ အမွေအနှစ်တွေကို ရရှိအောင် ကူညီနိုင်မယ်ဆိုရင် သူမက ကုသိုလ်မှတ်တွေ အများကြီး ရသွားမှာပဲ၊ ဒါဆိုရင်သူမကို လင်းယွမ်ခန်းမဆောင်ထဲမှာ ထားဖို့အတွက် စဉ်းစားပေးရမယ်”

ပြိုင်စံရှားဂိုဏ်းထဲတွင် တပည့်များ အများကြီးရှိသည်။ သို့ပေမဲ့ လင်းယွမ်ခန်းမထဲသို့ ဝင်ခွင့်ရသည့်သူမှာ နှစ်ဆယ့်လေးနေရာသာ တည်ရှိနေ၏။ ထို့ကြောင့် ဤနေရာထဲသို့ အရည်အချင်းပြည့်ဝလှသော မတူညီသည့်တပည့် နှစ်ဆယ့်လေးယောက်ကို ထားရှိရန် သူစဉ်းစားထားသည်။

နောက်တစ်ရက်မှာတော့ ရှန်ကွမ်းရှင်းရောင်သည် အစီအရင်ကို ဆက်လက်ကာ လေ့လာနေ၏။ တစ်ညတာ အနားယူပြီးသည့်နောက် သူမ၏ စိတ်များသည် ပိုမိုကာ ရှင်းလင်းလာခဲ့၏။

သူမ စဉ်းစားပြီးသည့်နောက်မှာတော့ ပထမရက်က သတိမထားမိခဲ့သော အရာများကိုပင် တွေ့ရှိလျက်ရှိနေတော့သည်။ လက်ရှိအခြေအနေမှာ‌တော့ သေဆုံးခြင်းမျှော်စင်သည် အစီအရင် တော်တော်များများ ပျက်စီးနေခဲ့ပြီးဖြစ်သည်။ ပြန်လည်ပြင်ဆင်နိုင်မလား၊ မပြင်ဆင်နိုင်ဘူးလား ဆိုသည်မှာတော့ သူမ အပေါ်တွင် မူတည်လျက်ရှိနေတော့သည်။ ထို့ကြောင့် သူမ သည်လည်း အလွန်တရာ ဖိအားများနေသည်။

“စိတ်မပူနဲ့၊ မင်းလုပ်နိုင်ပါတယ်၊ မင်းက ဂိုဏ်းချုပ်ကို စိတ်ပျက်စေလို့ မဖြစ်ဘူး”

ရှန်ကွမ်းရှင်းရောင်သည် သူမကို သူမ အားပေးလိုက်၏။ ပြီးသည့်နောက်မှာတော့ ရှေးအစီအရင်ကြီးကို စတင်ကာ လေ့လာတော့သည်။ များပြား လှသော ပုံရိပ်များအားလုံးသည် သူမ၏ သိစိတ်ထဲတွင် ပြည့်နှက်လျက်ရှိနေပြီး အလွန်တရာ မြန်ဆန်လှသည့် ပုံစံ မျိုးဖြင့် ခေါင်းထဲတွင် လှုပ်ရှားသွားလာနေ၏။ မျဉ်းကြောင်းများနှင့် အစီအရင်များ အားလုံးသည် အသက်ဝင်လာသလို သူမ၏ဦးနှောက်ထဲတွင် သူ့အလိုလို လှုပ်ရှားလာခဲ့၏။

လက်ရှိအခြေအနေမှာတော့ ရှန်ကွမ်းရှင်းရောင်၏ ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ကျယ်ပြော လှသော စကြဝဠာကြီး အတွင်းသို့ ရောက်ရှိသွားသည်။ သူမ၏ သွယ်လျလှသော လက်တစ်ဖက်ကို လှုပ်ရှား လိုက်သည့် အချိန်မှာတော့ ဂြိုလ်နှင့် ကြယ်တာရာများအားလုံးသည် ပြန်လည်ကာ စီရင်ပြီးဖြစ်နေတော့သည်။

“မကောင်းတော့ဘူး၊ မှားတယ်၊ ထပ်မှားပြန်ပြီ” သူမသည် ဆက်တိုက်ဆိုသလိုပဲ ကြိုးစားအဖြေရှာလျက်ရှိနေ သည်။ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို စဉ်းစားနိုင်ဖို့ဆိုသည်မှာ တခြားသူများဆိုပါက ချက်ချင်းပင် ရူးသွပ်သွားပေ လိမ့်မည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က သတိပေးလိုက်၏။ “သတ္တမလောကထဲကို သွားဖို့ အချိန်ရောက်ပြီလေ”

“ခဏလောက်စောင့်အုံး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူသည် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို တန်ဖိုးထားနေ၏။ ထိုမှသာလျှင် ရှန်ကွမ်းရှင်းရောင်သည် အစီအရင်များကို အဖြေရှာနိုင်မှာ ဖြစ်၏။

ဝှစ်

ထိုအချိန်မှာတော့ ခြေချိတ်ထိုင်လျက်ရှိသော ရှန်ကွမ်းရှင်းရောင်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ အကြီးအကဲကျန်း... အကြီးမားဆုံး လွတ်နေတဲ့နေရာကြီးကို ရှာတွေ့ပြီ”

“ပြီးတော့”

မျက်မှောင်ကုတ်ကာဖြင့် သူမက ပြောလိုက်သည်။ “ဒါကို ပြောင်းလဲလိုက်မယ်ဆိုရင် အစီအရင်ကြီး တစ်ခုလုံးက ပေါက်ကွဲသွားနိုင်တာလည်း ဖြစ်နိုင်တယ်”

ယခင်ပြောင်းလဲမှုများကို တွက်ချက်ရာတွင် သူမသည် သေသေချာချာ တွက်ချက်ခဲ့သည်ဆိုသော်လည်း ကျရှုံးခဲ့ သေး၏။ သို့ပေမဲ့ ဤသို့ကျရှုံးရာတွင် ပေါက်ကွဲမှုမျိုးတော့ တစ်ခါမှ မဖြစ်ပေါ်ခဲ့ချေ။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ ခြားနားလွန်းသည်။ ဤပြစ်ချက်ကို ရှာဖွေတွေ့ရှိနိုင်သည်ဆိုသော်လည်း ဤအရာကို ပြန်လည်ပြင်ဆင်၍ မအောင်မြင်ပါက တစ်ခါတည်း ကျိန်းသေ ပေါက်ကွဲသွားပေလိမ့်မည်။

“ရှင်းရောင်”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ် မင်းကိုယ်မင်း ယုံကြည်မှ ဖြစ်မယ်လေ၊ မင်းရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မင်းကိုယ်မင်း ယုံကြည်မှု ရှိရမယ်”

“ဂိုဏ်းချုပ်”

ရှန်ကွမ်းရှင်းရောင်သည် ဂိုဏ်းချုပ်နှင့် စီနီယာအစ်ကိုများဆီမှ အားပေးနေသည့် အပြုံးများကို မြင်ရချိန်မှာတော့ အလွန်တရာ အံ့အားသင့်မိနေ၏။ သူမသည် မိမိကိုယ်ကို ယုံကြည်ချက်များပင် ပိုမို၍ တိုးပွားလာ ခဲ့တော့သည်။

လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ ဂျူနီယာညီမလေး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မည်သူ ကမှ စောဒဏ မတတ်ကြချေ။ အကောင်းမွန်ဆုံး ပံ့ပိုးသွားရန်သာ စဉ်းစားထားခဲ့ကြ၏။

ပြိုင်စံရှားဂိုဏ်းသည် မည်သည့်အရာမျိုးကို ပြောဆိုနေကြသည်ဆိုသည်ကို ရှန်ကွမ်းဟုန် မသိဘူးဆိုသော်လည်း သူ၏ မြင်ကွင်းထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များအားလုံးသည် သူ၏ မြေးမလေးအပေါ် အလွန် တရာ ယုံကြည်ချက်ရှိနေကြောင်းကို သိသာစွာမြင်နေရသည်။

“ကလေးလေး”

အဘိုးအိုသည် ပြုံးကာ ပြောလိုက်တော့သည်။ “မင်းအနေနဲ့ ဂိုဏ်းကို ရွေးချယ်တာ မမှားခဲ့ဘူး၊ မင်းရဲ့ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ဂိုဏ်းထဲကို ရောက်နေတာပဲ၊ မင်းကို အလုံးစုံ ယုံကြည်တဲ့ ဂိုဏ်းချုပ်နဲ့ စီနီယာ အစ်ကိုတွေ ရှိနေတာပဲ”

“နားလည်ပါပြီ”

ရှန်ကွမ်းရှင်းရောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် မျက်စိကို မှိတ်လိုက်တော့ သည်။ သူမ၏ စိတ်ဝိညာဉ်အာရုံများသည် ရှုပ်ထွေးလှသော အစီအရင်နှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ မျဉ်းကြောင်းအနည်းငယ်ကို စတင်ကာ ဖြတ်တော့၏။ တစ်ချိန်တည်းမှာပဲ သူမသည် အသစ်သော မျဉ်းကြောင်း များကို ဆက်လက်ကာ ရေးဆွဲသည်။

ကျန်းတယ်ကျွင်းသည် ဖြစ်စဉ်တစ်ခုလုံးကို တိုက်ရိုက်ကြည့်ရှုလျက်ရှိသည်။ ပြောင်းလဲမှုတစ်ခုခုကို မြင်ရသည့် အချိန်မှာတော့ သူ၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွား၏။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ “ဒါက တကယ့်ကို ရဲရင့်လွန်းတဲ့ အကြံအစည်ပဲ”

ဆွစ်

ရုတ်တရက်ဆိုသလိုပဲ များပြားလှသော မြို့နှင့် ပြည်နယ်များတွင်ရှိသော ပုံရိပ်ယောင် အစီအရင်သည် ပိတ်ကျ သွားခဲ့၏။

“ဘာတွေဖြစ်နေတာလဲ၊ သူတို့က သတ္တမလောကထဲကို ဝင်တော့မှာလေ၊ ဘယ်လိုဖြစ်ပြီး ရပ်သွားတာလဲ”

အားလုံးသည် ပြိုလဲလုမတတ် ဖြစ်သွား၏။

ဝှစ်

နာရီဝက်လောက်ကြာသည့်နောက်မှာတော့ မြင်ကွင်းသည် ပြန်လည်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းနှင့် တခြားသောလူများကို မြင်တော့ အားလုံး သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။

“မဟုတ်သေးဘူး၊ လက်ရှိမြင်နေရတဲ့ မြင်ကွင်းက အရမ်းကို ကြီးတယ်လေ၊ အရင်မြင်ကွင်းတွေထက်ကို ပိုပြီး ကြီးကျယ်တယ်”

“သူတို့ ဒီထက်မြင့်တဲ့ အထပ်တစ်ခုခုကို ရောက်သွားတာလား”

“ကောင်မလေး”

ကျန်းတယ်ကျွင်းသည် အသံပို့လွှတ်လိုက်သည်။ “အတွင်းပိုင်း အစီအရင်တွေအကုန်လုံးက ပုံရိပ်ယောင်အစီအရင်နဲ့ ချိတ်ဆက်ပြီးသွားပြီနော်”

ရှန်ကွမ်းရှင်းရောင်သည် တောက်ပစွာ ပြုံးလိုက်၏။ “ဂိုဏ်းချုပ်... ဒီနေရာရဲ့ ခက်ခဲမှုကို ကိုယ်ဘာကိုယ် ချိန်ညှိလို့ ရတယ်လေ၊ ဒီတော့ စိန်ခေါ်ချင်လား၊ ဒါမှမဟုတ် အဋ္ဌမလောကကို ထပ်ပြီး သွားကြမလား”

ကျွင်းချောင်ရှောင်း မပြောရသေးခင်မှာပဲ ရီရှင်းချန်သည် အရင်ဆုံးပြောလိုက်သည်။ “စိန်ခေါ်မယ်၊ အခက်ခဲဆုံး တစ်ခုနဲ့ စိန်ခေါ်မယ်”

“ကောင်းပြီ၊ သူ့ကို အခက်ခဲဆုံးတစ်ခုပေးလိုက်”

“ကောင်းပါပြီ” ရှန်ကွမ်းရှင်းရောင်သည် အစီအရင်ကို အသက်သွင်းပြီးသည့်နောက် သူမ၏ စီနီယာအစ်ကို စိတ်ကျေနပ်စေရန်အတွက် အခက်အခဲဆုံး အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်တော့သည်။

ချက်ချင်းပဲ အလွန်တရာ အားကောင်းလွန်းလှသည့် မကောင်းသည့်ခံစားချက်များသည် ရီရှင်းချန်၏ အတွေး ထဲတွင် ပေါ်ပေါက်လာတော့သည်။ သူ၏မျက်စိသူငယ်အိမ်များသည် ကြုံ့ဝင်သွား၏။

ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်၏။ သူသည် အလွန်တရာ စိတ်ပျက်စွာဖြင့် ငိုယို ပြောဆိုလျက်ရှိသည်။ “ကျုပ်က အမှိုက်ပဲ၊ ဒီလောကကြီးမှာ နေဖို့အတွက် မထိုက်တန်လှဘူး၊ တကယ့်ကို အမှိုက်အစစ်ပဲ”

All Chapters