← Chapters

အခန်း (၇၉၈-ခ)

Vol. 54 Ch. 798-B

အခန်း (၇၉၈-ခ)

Vol. 54 Ch. 798-B

“သေစမ်း” သက်လတ်ပိုင်းလူကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ ၎င်းကိုင်ဆောင်ထားသော လက်နက်ကြီးသည် ရုတ်တရက်ဆိုသလိုပဲ ပျံသန်းလာပြီးသည့်နောက်မှာတော့ ကမ္ဘာကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့တော့သည်။

ဝှစ် ဝှစ်

လေများအပြင်းအထန် တိုက်ခတ်လာပြီးသည့်နောက် တည်နေရာတစ်ခုလုံး ပြန့်ကျဲသွားသည်။ ကျွင်းချောင်ရှောင်း နှင့် သူ၏တပည့်များသည် ဘေးတစ်ဖက်ဆီမှ ဝိညာဉ်ခန္ဓာကိုယ်ဖြင့် ကြည့်ရှုနေကြသည်ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသော ပေါက်ကွဲမှု၏ အားအင်ကို သေချာ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ လက်ရှိအခြေအနေမှာတော့ တောရိုင်းအင်ပါယာသည် သက်လတ်ပိုင်း အင်ပါယာနှင့် တိုက်ခိုက်နေသည်ကို ကောင်းကောင်း သိရှိလိုက်ကြ၏။

“ချိုးဖြတ်စမ်း”

အောက်ဘက်ဆီမှ ဒေါသတကြီး အော်ဟစ်သံများ ပေါ်ထွက်လာခဲ့သည်။ များပြားလှသော ကျင့်ကြံသူများ အားလုံးသည် ဤတောရိုင်းအင်ပါယာထက် ဘယ်လိုမှ ကျင့်ကြံခြင်းအဆင့် အားမနည်းကြချေ။ ထို့ကြောင့် ၎င်းတို့သည် ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို ထုတ်ဖော်ကာ ပြန်လည် တိုက်ခိုက်ကြသည်။

ဘုန်း ဘုန်း ….

လက်သီးချက်များအားလုံးသည် ကျွင်းချောင်ရှောင်းနှင့် တခြားသူများအားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ဤအရာသည် သိုင်းအင်ပါယာများ၏ တိုက်ခိုက်ပွဲပင် ဖြစ်တော့သည်။ လက်ရှိအခြေအနေမှာတော့ သိုင်းအင်ပါယာ အနည်းငယ်သာ ရှိသည်ဆိုသော်လည်း ၎င်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် တည်နေရာကြီး တစ်ခုလုံးကို ပျက်စီး စေခဲ့၏။

ကြည့်ရသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက သိုင်းအင်ပါယာများ၏ တိုက်ပွဲကို သူတို့ ပြန်လည် မြင်နေရခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤအရာမှာ အမှန်ပင်ဖြစ်သည်။ သူတို့ရှေ့မှ မြင်ကွင်းသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက သိုင်းအင်ပါယာများ၏ တိုက်ပွဲပင်ဖြစ်တော့သည်။

ဘန်း ဘန်း ဘန်း …။

ဝှစ် ဝှစ် ဝှစ် ….။

အလွန်တရာ ပြင်းထန်သည့် တိုက်ခိုက်မှုများ၏ အောက်မှာတော့ တောရိုင်းအင်ပါယာသည် တဖြည်းဖြည်းနှင့် အားနည်းလာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် ကျွင်းချောင်ရှောင်းနှင့် တခြားသူများ၏ အကြည့် အောက်မှာပင် မြေပေါ်သို့ လဲကျသွား၏။

ဂျိန်း ..။

ပြီးသည့်နောက်မှာတော့ ကုန်းမြေတိုက်ကြီး၏ ထောင့်တစ်နေရာသည် ပဲ့ကြွေသွားပြီးသည့်နောက် လက်ရှိကုန်းမြေတိုက်ကြီးနှင့် ကွဲကွာကာ အရှေ့ဘက်ဆီသို့ လွင့်မျော သွားခဲ့တော့သည်။

“ချီးတဲ့မှ... ဒါ လောကကြီး တစ်ခုလုံးကို ပိုင်းဖြတ်ပစ်လိုက်တာပဲ”

ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များအားလုံးသည် မျက်လုံးပြူးသွားမိ၏။

ရီရှင်းချန်ပင်လျှင် ထိတ်လန့် တုန်လှုပ် နေမိသည်။ ရှေးတုန်းက သိုင်းအင်ပါယာများသည် အလွန်တရာ အားကောင်းလွန်းလှ၏။ သူ့အနေနှင့် ထိပ်ဆုံး အဆင့်သို့ ပြန်လည်ရောက်ရှိမည်ဆိုလျှင်ပင် ဤသူများနှင့် တိုက်ခိုက်ပါက ရှုံးနိမ့်မှာ သေချာသည်။

တောရိုင်း အင်ပါယာသည် အောက်ဆီသို့ ပြုတ်ကျသွားပြီးသည့်နောက် ခြေချိတ်ထိုင်လိုက်တော့သည်။ သူသည် ကျွင်းချောင်ရှောင်း၏ တခြားသောသူများကို ကျောပေးထားသည် ဆိုသော်လည်း သူ၏ ခန္ဓာကိုယ်နှင့် လက်များ အားလုံးသည် တဖြည်းဖြည်း မှေးမှိန်လာ၏။

ဘာတွေဖြစ်နေသနည်း။ အားလုံးသောသူများ၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်ကုန်၏။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ရုတ်တရက် အက်ကွဲသည့်အသံများ ဖြစ်တည်လာပြီးသည့်နောက် တောရိုင်းအင်ပါယာ၏ ခန္ဓာကိုယ်သည် အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့ပြီး အက်ကွဲကြောင်းများသည် တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့သည်။

“ဒါ … ဒါက ပေါက်ကွဲတော့မှာပဲ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများအားလုံး စုဖွဲ့ပြီးသည့်နောက်မှာတော့ တောရိုင်းအင်ပါယာသည် တစ်စစီ ဖြစ်သွားတော့မလိုပင်။ သူသည် အလုံးစုံဖောက်ခွဲမှုကို မပြုလုပ်သေးခင်မှာပဲ အသာခေါင်းလှည့်ပြီးတော့ လေးလေး နက်နက် ပြောခဲ့သေး၏။ “ငါ့ရဲ့ တောရိုင်းလောကကြီးကို မင်းကို အမွေပေးခဲ့မယ်”

ကျွင်းချောင်ရှောင်းသည် ကြောင်သွား၏။ ပြီးနောက် အမှတ်မထင်ကြည့်လိုက်သည့်နောက် ထိုအင်ပါယာ ကြည့်ရှုနေရာ နေရသည် ရှောင်ကျီ ရပ်နေရာ နေရာဖြစ်ကြောင်း သူမြင်လိုက်ရသည်။

“သူ …. သူငါတို့ရှိနေတာကို သိနေတာလား”

ရှောင်ကျီက ပြောလိုက်သည်။ “ကျေးဇူးပါ စီနီယာ”

၎င်းတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်တော့သည်။ ကြည့်ရသည်မှာ အချိန်နှင့် တည်နေရာကို ဖြတ်သန်း၍ ၎င်းတို့နှစ်ယောက်သည် ကျိန်းသေပေါက် ပြောဆိုဆက်ဆံနေခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤအရာသည် အချိန်ဆုံမှတ်၏ ထူးခြားသော ဝိသေသလည်း ဖြစ်ပေလိမ့်မည်။

ဖြောက် ဖြောက် ဖြောက်

အက်ကွဲသံများ ဖြစ်တည်လာပြီးသည့်နောက် တောရိုင်းအင်ပါယာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွား ပြီးသည့်နောက် အားလုံး၏ အကြည့်အောက်မှာပဲ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ ၎င်း၏အောက်တွင်ရှိနေသော သိုင်းအင်ပါယာ နှစ်ယောက်သည်လည်း အရိုးနှင့်အရေများ တခြားစီဖြစ်ကာ ပျောက်ကွယ်သွား၏။

...........................

ကျွင်းချောင်ရှောင်းနှင့် တခြားသူများ အားလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားကြသည်။ ရှေးခေတ်က သိုင်းအင်ပါယာများသည် ဤကဲ့သို့ပင် သေဆုံးခဲ့ကြသည်လား။ အလွန်တရာ ဝမ်းနည်းဖို့ ကောင်းလှ၏။

ဝှစ်

ထိုအချိန်မှာပဲ သူ၏ မျက်လုံးရှေ့တွင် ရှိနေသော မြင်ကွင်းသည် ထပ်မံပြောင်းလဲသွား၏။ အကန့်အသတ်မဲ့အောင် ကျယ်ပြောလှသော တည်နေရာကြီးထဲတွင် အလင်းတန်းများသည် ဖြတ်ပြေးသွား၏။ အချိန်အတော်ကြာပြီး သည့်နောက်မှာတော့ လူတစ်ယောက်သည် ရုတ်တရက် ရောက်ရှိလာသည်။ ပြီးနောက် ခေါင်းကို ခါယမ်းကာဖြင့် စုရှောင်မိုအား လှမ်းကြည့်လိုက်သည်။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“ကောင်လေး... ငါမင်းကို လေပွေခန္ဓာကိုယ်ပေးရင် ဘယ်လိုလဲ”

“ကျေးဇူးပါ စီနီယာ” စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

တွီ

တည်နေရာသည် လှုပ်ခတ်သွားပြီးနောက် ၎င်းတို့၏ ရှေ့ရှိ မြင်ကွင်းများသည် ပြောင်းလဲသွားသည်။ ပြီးသည့် နောက်မှာတော့ လူများ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲပြီးတော့ နှုတ်ဆက်စကား ဆိုနေကြတော့သည်။

လက်ရှိအချိန်မှာတော့ သူတို့၏ အရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲသွားပြန်သည်။ သူတို့၏ ရှေ့တွင် အင်ပါယာ တစ်ယောက်ချင်းစီ၏ တိုက်ပွဲများ ဖြစ်ပေါ်လာပြီး တစ်ယောက်ပြီး တစ်ယောက်တို့သည် ၎င်းတို့၏ အမွေအနှစ် ခန္ဓာကိုယ်များကို ပေးအပ်ခဲ့ကြသည်။

များပြားလှသည့် တိုက်ပွဲများကို ကြည့်ရှုပြီးသည့်နောက် ဤဆယ်ထပ်မြောက်လောက သည် သူတို့အား စမ်းသပ်မည့် လောကတစ်ခု မဟုတ်ဘဲ လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းရှိ အင်ပါယာတိုက်ပွဲကို ပြန်လည် ပြသခြင်း ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်သွား၏။

သို့ပေမဲ့ သူ နားမလည်သည်မှာ အဘယ့်ကြောင့် သူတို့အား ဤတိုက်ပွဲအား ပြသနေသနည်း ဆိုသည်ကိုပင်။

ထိုအချိန်မှာပဲ သူတို့၏ ရှေ့ရှိ မြင်ကွင်းသည် ထပ်မံ၍ ပြောင်းလဲသွားပြန်သည်။ ကြီးမားလှသော သစ်တောကြီးတစ်ခုထဲ သို့ သူတို့ ရောက်ရှိနေကြသည်။

“ဒါက …”

ကျွင်းချောင်ရှောင်း အံံအားသင့်သွားသည် “ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင် က ဘယ်နားမှာလဲ”

တည်နေရာပတ်ဝန်းကျင်သည် ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်ရှိရာ နေရာဖြစ်သော်လည်း မျှော်စင်ကို ရှာမတွေ့ချေ။

ရုတ်တရက် အလင်းတန်းများ ပျံသန်းရောက်ရှိလာသည်။ အစောတုန်းက သေဆုံးခဲ့ကြသော သိုင်းအင်ပါယာများသည် သူတို့၏ ရှေ့၌ တစ်ယောက်ချင်းစီ ပေါ်လာကြခြင်း ဖြစ်သည်။

အရင်လောကများထဲတွင် ပေါ်မလာဖူးသော အမဲရောင် ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် လည်း ပါလာသည်။ ၎င်းသည် ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင် တည်ရှိရာ နေရာလွတ်တွင် ရပ်တန့်လိုက်သည်။ ပြီးနောက် ပြောလိုက်၏ “အားလုံးပဲ …. ဒီနေရာမှာ မျှော်စင်ကို တည်ဆောက်ပြီး ကျုပ်တို့ရဲ့ သန္ဓေခန္ဓာကိုယ်တွေကို စည်းခတ်ကြမယ်။ ဒါမှ နောင်လာနောက်သားတွေအတွက် အမွေအနှစ် ကျန်ခဲ့မှာ”

ကျွင်းချောင်ရှောင်း နားလည်သွားသည်။

ဤနေရာတွင် ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်မရှိပေ။ အဘယ့်ကြောင့် ဆိုသော် မတည်ဆောက်ရသေး သေးသောကြောင့်ပင်။

“ကောင်းပြီ”

“ပြဿနာမရှိဘူး”

အင်ပါယာများသည် သဘောတူလိုက်ကြသည်။

အမဲရောင်ဝတ်စုံနှင့် အဘိုးအို က ပြောလိုက်၏ “စကြစို့”

ရှေးသိုင်းအင်ပါယာ ကိုးယောက်တို့သည် ၎င်းတို့၏ အထူးစွမ်းရည်များကို အသုံးပြု၍ ဆယ်ထပ် မျှော်စင်ကြီးတစ်ခုအား အချိန်တိုအတွင်း ဖန်တီးတော့သည်။

မျှော်စင်တည်ဆောက်ပြီးသည့်နောက်မှာတော့ အတွင်းရှိ မြင်ကွင်းဆီသို့ ပြောင်းလဲသွားပြန်၏။

အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် အစီအရင်များကို စတင်ကာ ဖန်တီးတော့သည်။ ဖြစ်စဉ် တစ်ခုလုံးကို နှေးကွေးစွာ မြင်နေရသော်လည်း အစီအရင် ဖန်တီးခြင်းသည် အလွန်ရှုပ်ထွေးလွန်းသည်မို့ လီချင်းယန်၊ ရှောင်ကျီ နှင့် တခြားသူများအားလုံးတို့သည် မူးနောက်နောက်ပင် ဖြစ်မိနေကြသည်။

ရှန့်ကွမ်းရှင်းရောင်၏ မျက်နှာတစ်ခုလုံးမှာတော့ ပျော်ရွှင်မှုဖြင့် လင်းထိန်လျက်ရှိနေ၏။

အမဲရောင်ဝတ်စုံနှင့် အဘိုးအို စီရင်နေသည်ကို ကြည့်ရှုပြီးသည့်နောက် သူမသည် ပထမထပ်၏ အစီအရင်တစ်ခုလုံးကို နားလည်သွားခဲ့တော့သည်။

“မင်း မှတ်မိလား” ကျွင်းချောင်ရှောင်း မေးလိုက်၏။

ရှန့်ကွမ်းရှင်းရောင် က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ် .. မှတ်မိတယ်”

ဝှစ် ….။

ထိုအချိန်မှာပဲ မြင်ကွင်းသည် ထပ်မံ ပြောင်းလဲသွားပြန်၏။

အမဲရောင် ဝတ်စုံနှင့်လူသည် ဒုတိယထပ်၊ တတိယထပ် ၊ စတုတ္ထထပ် .. စသဖြင့် တက်သွားရင်း ဒဿမ ထပ်ဆီသို့ ရောက်ရှိသွားတော့သည်။

“ကျွန်မသိပြီ။ သိပြီ”

အစီအရင် ဖန်တီးမှုသည် အလွန်ရှုပ်ထွေးလွန်းသည် ဆိုသော်လည်း ရှန့်ကွမ်းရှင်းရောင်သည် အားလုံးကို မှတ်သားထားနိုင်သည်သာ မက အစီအရင်နှင့် ပတ်သက်၍ ပိုမိုကာ နားလည်မှုတွေ တိုးပွားလာခဲ့သည်။

“အားလုံးပဲ …”

အမဲရောင် ဝတ်စုံနှင့် အဘိုးအို က ပြောလိုက်သည် “ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာတွေနဲ့ အစီအရင်ကို တည်ဆောက်ပြီးပြီ။ မင်းတို့က သန္ဓေခန္ဓာကိုယ်တွေကို စည်းခတ်လို့ရပြီ”

“ဒါပေမဲ့ ..”

သူသည် ခဏရပ်တန့်ုကာ ပြောလိုက်သည် “လွယ်လွယ်ကူကူ နဲ့ ယူသွားစေလို့မဖြစ်ဘူး။ ဒီတော့ တစ်ယောက်ချင်းစီတိုင်းက စမ်းသပ်မှုတွေ ထားခဲ့ရမယ်။ ရေစက်ပါတဲ့သူပဲ ယူရမယ်။”

တောရိုင်းအင်ပါယာသည် ပထမဆုံး စတင်ကာ ပြောလိုက်သည် “ပထမ လောကကြီးကို ကျုပ် စပြီး စည်းခတ်မယ်”

“ကျုပ်က ဒုတိယ”

“ကျုပ်က တတိယ”

“…….”

အမဲရောင် ဝတ်စုံနှင့်လူက ပြောလိုက်၏ “ကျုပ်က ဒဿမထပ်ကို စောင့်ကြပ်မယ်။ ဒီအထပ်ထိ ရောက်လာနိုင်တဲ့သူက အစီအရင်ရဲ့ လျှို့ဝှက်ချက်ကိုပါ ရနိုင်လိမ့်မယ်။”

ဤသို့နှင့်ပဲ ဆယ်မျက်နှာ အခွင့်အရေး မျှော်စင်ဆိုသော အရာကြီး ပေါ်ပေါက်လာတော့သည်။ သို့ပေမဲ့ စမ်းသပ်မှုသည် အဆင့်မြင့်မားလွန်းသောကြောင့် ဆယ်မျက်နှာ သေဆုံးြုခင်း မျှော်စင်ဆိုသော နာမည်ပါ တွင်လာတော့၏။

“ပြီးတော့ ..”

အမဲရောင် ဝတ်စုံနှင့် အဘိုးအိုသည် သူ၏ ဦးခေါင်းကို မော့ကာဖြင့် ရှန့်ကွမ်းရှင်းရောင် အား ကြည့်လိုက်သည်။ ပြီးနောက် ကြင်နာစွာပြုံးလိုက်၏ “ဆုလာဘ်အစီအရင်ကို ဖန်တီးရမယ့် အချိန်ပဲ။ မိန်းကလေး .. သေချာကြည့်တော့ ..”

မကြာခင်မှာပဲ အဘိုးအိုသည် ရှုပ်ထွေးလွန်းလှသော အစီအရင်များကို ဖန်တီးတော့၏။

ကျွင်းချောင်ရှောင်းသည် ထိုအဘိုးကြီးဖန်တီးနေသည်များကို မြင်နိုင်စွမ်းရှိသည်။ နားလည်နိုင်စွမ်း ရှိသည်။ သို့ပေမဲ့ အလုံးစုံ မှတ်သားရန်တော့ သူ၏ ဦးနှောက်က လက်မခံနိုင်ပေ။

“ဂိုဏ်းချုပ် …”

မကြာခင်မှာပဲ ရှန့်ကွမ်းရှင်းရောင် က ပြောလိုက်သည် “အစီအရင်ကို ကျွန်မ နားလည်သွားပြီ။ ဒီမျှော်စင်ထဲမှာရှိတဲ့ ခန္ဓာကိုယ်တွေကိုယူလို့ရပြီ”

ကျွင်းချောင်ရှောင်း ပျော်ရွှင်သွားမိ၏။

ရှန့်ကွမ်းရှင်းရောင်သည် ချက်ချင်းပဲ စတင်ကာ ပြင်ဆင်မှုကို ပြုလုပ်တော့သည်။ ပြီးနောက် ပြောလိုက်၏ “ဂိုဏ်းချုပ် .. သန္ဓေ ခန္ဓာကိုယ်တွေကို ဆင့်ခေါ်လိုက်တော့မယ်။ ကြည့်ပေတော့ …”

All Chapters