← Chapters

အခန်း (၈၀၃)

Vol. 54 Ch. 803

အခန်း (၈၀၃)

Vol. 54 Ch. 803

ဟွင်ဆီမှ ကျင့်ကြံခြင်းနည်းစနစ်ကို လက်ခံရရှိသော တိုင်လုသည် မြောက်ပိုင်းသဲကန္တာရကို လာရာလမ်းတွင် စွမ်းအင်တော်တော်များများကို စုပ်ယူခဲ့၏။ ထို့ကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် သိသိသာသာ တိုးတက် သွားခဲ့သည်။ သူသည် အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်များနှင့် ပြည့်နှက်လာခဲ့တော့၏။

အထူးသဖြင့် ရီရှန်းချန်က သူ့အား အနိုင်ယူခဲ့သည် တိုက်ပွဲနှစ်ခုအကြောင်းကို စဉ်းစားမိချိန်မှာတော့ သူသည် အလွန်တရာ ဒေါသထွက်မိ၏။ ထို့ကြောင့် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ကာဖြင့် ပြိုင်စံရှားဂိုဏ်းနှင့် ရီရှင်းချန် ဆိုသည့်ကောင်အား ခြေထောက်အောက်တွင် နင်းချေပစ်ရန် သူသည် အလွန်တရာ ကြိုးစားနေသည်။

“စိတ်ရှည်သည်းခံပြီးတော့ ကျင့်ကြံရမယ်” ဟွင်သည် သူ့အားနှစ်သိမ့်လိုက်၏။ “မင်းအနေနှင့် ဝါးမြိုခြင်းသွေး မျိုးဆက်ကို ဆက်ခံရရှိပြီဆိုရင် ပိုပြီးကောင်းမွန်တဲ့ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ရမှာပဲ၊ ဒါဆိုရင် မင်းကို ဘယ်သူကမှ အနိုင်မကျင့်နိုင်တော့ဘူး”

“စိတ်ကိုတည်တည်ငြိမ်ငြိမ်ထား၊ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား”

တိုင်လုသည် သူ၏ဒေါသတရားများကို ဖိနှိပ်ကာဖြင့် နောက်ဆုံးတွင် အဝါရောင်သဲကန္တာရနယ်မြေကြီးဆီသို့ ရောက်ရှိလာခဲ့တော့သည်။ သို့ပေမဲ့ သူ မထင်မှတ်ထားမိလောက်အောင်ဘဲ ဤတည်နေရာသို့ ရောက်ရောက်ချင်းမှာပဲ အရိုးထဲထိ စိမ့်တက်လှအောင် မုန်းတီးလှလွန်းသူသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်နေကြောင်း မြင်လိုက်ရတော့၏။

“သူပဲ၊ ရီရှင်းချန်”

အဘယ်ကြောင့် သူတို့ ဤနေရာတွင် လာရောက်တွေ့ဆုံနေရသနည်း။ ရန်သူများသည် ကျဉ်းမြောင်းလှသော လမ်းတွင် တွေ့ဆုံတတ်သည်ဆိုသော ဆိုရိုးစကားရှိသည်မှာ အမှန်ပင်ဖြစ်ပေလိမ့်မည်။

ဟူး

ချက်ချင်းဆိုသလိုပဲ တိုင်လု၏ခန္ဓာကိုယ်ထဲတွင်ရှိသော ဒေါသတရားများသည် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ အထူးသဖြင့် သူသည် နှစ်ကြိမ်တိုင်တိုင် ဤလူ၏ ထိုးကြိတ်ရိုက်နှက်ခြင်းကို ခံစားရသည်ကို ပြန်လည်စဉ်းစားမိသည့်နောက်မှာတော့ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။

“ဒီလူ့ကို နည်းနည်း ရင်းနှီးနေသလိုပဲ” ရီရှင်းချန်သည် တီးတိုးရေရွတ်လိုက်၏။

တိုင်လုသည် ထိုစကားကို ကြားရ ချိန်မှာတော့ သွေးအန်ထွက်လုမတတ် ဒေါသထွက်သွား၏။ သူသည် ဤလူနှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။ သို့ပေမဲ့ တဖက်လူသည် သူ့အား မမှတ်မိခဲ့ချေ။ ဆိုလိုသည်မှာ သူ့အား လူသား တစ်ယောက်ကဲ့သို့ပင် အသိအမှတ်ပြုသည့်ပုံ မပေါ်ပေ။

အစစ်အမှန်မှာတော့ ညအင်ပါယာသည် တိုင်လုအား လူသားတစ်ယောက်ဟု မထင်မှတ်ခြင်း မဟုတ်ပေ။ သူသည် အမှိုက်ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ သူသည် အမှိုက်များကို ဘယ်သောအခါကမှ ဦးနှောက်ထဲ ထည့်ခဲ့သည် မဟုတ်ချေ။

“အင်း”

ကျွင်းချောင်ရှောင်းသည် အသာလှမ်းကြည့်ပြီးနောက် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “အင်း.. သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ”

ဖူး

တိုင်လုသည် မည်သို့မှ မနေနိုင်တော့ဘဲ သွေးတွေ အန်ထွက်လာတော့သည်။

အစမှာထဲက ခင်ဗျား ကျုပ်မျက်နှာကို တက်နင်းခဲ့သေးတယ်လေ၊ အခုတော့ မမှတ်မိတော့ဘူးပေါ့။

တိုင်လုသည် ရှေ့ကို လှမ်းတက်လာပြီးသည့်နောက်မှာတော့ ၎င်းတို့၏ရှေ့ ဆယ်ပေအကွာတွင် မတ်မတ် ရပ်လိုက်၏။ သူသည် အမဲရောင်ဝတ်စုံကို အသာချွတ်လိုက်၏။ ပြီးနောက် အစိမ်းရောင်မာဖလာတစ်ခုကို ကောက်ပတ်ကာ ပြောလိုက်၏။ “ကျုပ်ကို အခုသိပြီလား”

ကျွင်းချောင်ရှောင်းသည် မှတ်မိသွားတော့၏။ ထို့ကြောင့် သူသည် ခေါင်းကိုပုတ်ကာဖြင့် ပြောလိုက်၏။ “မင်းကိုး... ငါ့အကြီးဆုံးတပည့်ကို ပါးစပ်သရမ်းခဲ့တဲ့ကောင်ပဲ”

တိုင်လုသည် ထအော်လိုက်၏။ “ကျုပ်က ပါးစပ်သရမ်းခဲ့တာ မဟုတ်ဘူး”

သူသည် ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲကို လာသည့်လမ်းမှာတော့ လုချင်းချင်း၏ လှပမှုကိုမြင်၍ အံ့အားသင့်မိ ခဲ့သောကြောင့် စကားပြောဆိုခွင့်ရရန် ကြိုးပမ်းခဲ့ခြင်းသက်သက်သာဖြစ်သည်။ တခြားသော ရည်ရွယ်ချက်များ တစ်ခုမှ မရှိခဲ့ချေ။ သို့ပေမဲ့ နောက်ဆုံးမှာတော့ သူသည် ဆိုးဆိုးရွားရွား ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။

“ငါမှတ်တာမှန်မယ်ဆိုရင် မင်းက နတ်စမ်းချောင်းဂိုဏ်းထဲကို ဝင်ခဲ့ပြီ မဟုတ်လား၊ ဘယ်လိုဖြစ်ပြီး မြောက်ပိုင်း သဲကန္တာရနယ်မြေထဲကို ရောက်နေတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

တိုင်လုသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ဒီလို အမှိုက်ဂိုဏ်းမျိုးက ကျုပ်ကို လက်ခံထားနိုင်ဖို့ အရည်အချင်း မရှိဘူး”

အစ်ကိုကြီး အစိမ်းရောင်မာဖလာသည် ဝါးမြိုခြင်းစွမ်းရည်ကို ရရှိပြီးနောက်မှာတော့ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လှသည့်လူတစ်ယောက် မဟုတ်တော့ပေ။ သူသည် အလွန်တရာ ကြီးမားလှသည့် ရည်မှန်းချက်နှင့်အတူ ခန့်ညား ကြီးမြတ်သည့် သိုင်းဘုရင်အဆင့် လူတစ်ယောက်အဖြစ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

“ငါတို့က အသိအကျွမ်းဟောင်းတွေပဲဆိုမှတော့ ထပ်ပြီး မပြောတော့ဘူး၊ ဒီနေရာကနေ မြန်မြန်ထွက်သွားတော့၊ ဒီမှာ အလုပ်လုပ်နေတာကို လာပြီး မနှောက်ယှက်နဲ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူ့အနေနှင့် တိုင်လုအား သဘောမတွေ့လှသည်ဆိုသော်လည်း သူဝိညာဉ်ကူးပြောင်းကာစ အချိန်တုန်းကသာ ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ သူသည် ဓားနှင့်သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။ ထို့ကြောင့် သူ၏အမြင်နှင့် ဗဟုသုတများသည် ပို၍ ကျယ်ပြန့်လာခဲ့သည်။ ထို့ကြောင့် သာမန်ကျင့်ကြံ သူလေးတစ်ယောက်နှင့် အငြင်းပွားသည့်ကိစ္စမျိုးကို သူမလုပ်ချင်ပေ။

တစ်ဖက်လူ၏ စကားလုံးများသည် သူ့အား အထင်အမြင်သေးသည့် အရိပ်အယောင်များ ပါဝင်နေသည်ကို တိုင်လုသည် ကောင်းကောင်းနားလည်၏။ ထို့ကြောင့် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း... ကျုပ်က ခင်ဗျားခြေထောက်အောက်မှာ နင်းချေခဲ့တဲ့ ပုရွက်ဆိတ်လေးတစ်ကောင် မဟုတ်တော့ဘူး”

ကျွင်းချောင်ရှောင်းက ပြုံးကာ ပြောလိုက်သည်။ “အဲတော့ ဘာဖြစ်လို့လဲ”

ရွှီး

တိုင်လုသည် လက်ကိုဆန့်တန်းလိုက်၏။ ပြီးနောက် လက်ညှိုးထိုးကာဖြင် မောက်မာစွာပြောလိုက်သည်။ “ကျုပ် ခင်ဗျားနဲ့ တိုက်ခိုက်ချင်တယ်”

သူသည် ရီရှင်းချန်ကို မုန်းတီးသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းကိုလည်း အလွန်တရာ မုန်းတီးလှ၏။ နှစ်ယောက်စလုံးသည် သူအလွန်တရာ တွေ့ဆုံချင်သော လူများပင်ဖြစ်၏။ ယခု ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တွေ့နေရပြီဆိုမှတော့ သူသည် အကြွေးဟောင်းကို ပြန်လည်ဆပ်ရပေလိမ့်မည်။

အစ်ကိုကြီးအစိမ်းရောင်မာဖလာ သည် တကယ်ပဲ မောက်မာလွန်းလှ၏။ သူအနေနှင့် ကုန်းရှန့်ကိုပင် စတင်ကာ စိန်ခေါ်ရဲနေတော့သည်။

“ကောင်လေး”

ဟွင်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “မင်းရဲ့ လက်ရှိအားအင်အရဆိုရင် သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးလေ၊ ပေါက်တတ်ကရတွေ လျှောက်မလုပ်နဲ့”

“ကျုပ် ဂရုမစိုက်ဘူး၊ ကျုပ်နားမထောင်နိုင်ဘူး၊ ကျုပ် ဒီနေ့မှာ အတိတ်တုန်းက ရခဲ့တဲ့ အရှက်တရားတွေကို ပြန်လည်ဆေးကြောနိုင်ဖို့အတွက် ဒီကောင်နဲ့ တိုက်ခိုက်ရမယ်၊ နတ်စမ်းချောင်းဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရတဲ့ အတွက် လက်စားချေရမယ်”

သာမန်အခြေအနေအရဆိုလျှင် ဝတ္ထုထဲမှ ဗီလိန်များဖြစ်သည်ဆိုလျှင်တောင်မှ ဦးနှောက်တော့ အနည်းငယ် ရှိကြ သေး၏။ သို့ပေမဲ့ အစ်ကိုကြီး အစိမ်းရောင်မာဖလာသည် ဗီလိန်တစ်ယောက်ဖြစ်သည်ဆိုသော်လည်း မိမိ အခြေအနေကို မိမိ သိတတ်သည့်လူတစ်ယောက် မဟုတ်ခဲ့ပေ။

“ငါနဲ့တိုက်ခိုက်ချင်တာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ကြောင်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “မင်း တကယ်ပြောနေတာလား”

သူ၏ မျက်စိအကြည့်နှင့် လေသံများကို နားထောင်ပြီးသည့်နောက်မှာတော့ တိုင်လုသည် သူ့အား အမှန်တကယ်ပင် အထင်သေးလျက် ရှိနေကြောင်းကို သိရှိသွားခဲ့တော့၏။ ထို့ကြောင့် ဒေါသတကြီးဖြင့် ပြောလိုက်တော့သည်။ “ခင်ဗျား ကျုပ်နဲ့တိုက်ခိုက် …..”

ဖောင်း

ပြင်းထန်သော လက်သီးချက်တစ်ခုသည် သူ၏မျက်နှာပေါ်သို့ ကျဆင်းလာ၏။ သူသည် လေထဲသို့ လွှင့်စင်သွား ပြီးသည့်နောက်မှာတော့ ခြေလှမ်းအနည်းငယ်အကွာအဝေးရှိနေသော တည်နေရာဆီသို့ ပြုတ်ကျသွားသည်။

ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို စိန်ခေါ်ဖို့အတွက် မင်းလိုအမှိုက်မျိုးမှာ ဘာအရည် အချင်း ရှိလို့လဲ”

တိုင်လု၏ သူ၏ရောင်ကိုင်းသွားသော ညာဘက်မျက်နှာကို အုပ်ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “အသိမပေး၊ ဘာမပေးနဲ့ တိုက်ခိုက်တတ်တဲ့ လူမျိုးဆိုတာ ဘယ်လောက် ယုတ်ညံ့လိုက်လဲဆိုတာ မင်းသိလား”

သူသည် ထိုသို့ပြောလိုက်သည်ဆိုသော်လည်း အလွန်တရာတော့ ထိတ်လန့်မိ၏။ လက်ရှိအခြေအနေတွင်တော့ ရီရှင်းချန် သူ့အနားသို့ ရောက်ရှိလာပြီး တိုက်ခိုက်လိုက်သည်ကို သူ၏ စိတ်ဝိညာဉ်အာရုံများဖြင့် မဖမ်းကြည့်မိခဲ့ချေ။ ဖြစ်နိုင်သည်မှာ ကျွင်းချောင်ရှောင်းဘက် အာရုံစိုက်လွန်းနေသောကြောင့် တစ်ဖက်လူအား လျစ်လျှူရှုထားမိခြင်း သာဖြစ်ပေလိမ့်မည်။

“ကောင်လေး”

ဟွင်သည် လေးနက်စွာဖြင့် ပြောလိုက်၏။ “ငါမင်းကို ပြောစရာတစ်ခုရှိတယ်၊ မင်းရဲ့ လက်ရှိ အားအင်အရဆိုရင် ကျွင်းချောင်ရှောင်းကို မပြောနဲ့ ဒီ ရီရှင်းချန်ဆိုတဲ့ကောင်ကိုတောင် မင်းနိုင်မှာ မဟုတ်ဘူး”

ယခုထုတ်ဖော်လိုက်သော လက်သီးချက်၏အခြေအနေကို ကြည့်မည်ဆိုလျှင် ဟွင်သည် ညအင်ပါယာ၏ အဆင့်ကို အကြမ်းဖျင်းသုံးသပ်နိုင်ခဲ့ပြီဖြစ်၏။ တိုင်လုသည် ဝါးမြိုခြင်းနှလုံးသားကျမ်းအား လေ့ကျင့်နိုင်ခဲ့သည်ဆိုသော်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း အနည်းငယ် တိုးတက်လာခြင်းသာရှိ၏။ ထို့ကြောင့် ရီရှင်းချန်နှင့် တကယ်တမ်း သာတိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် ရိုက်နှက် နှိပ်စက်ခြင်းကို ခံရပေလိမ့်မည်။

“မဖြစ်နိုင်ဘူး”

တိုင်လုသည် နှလုံးသားထဲမှ အော်ဟစ်လိုက်တော့သည်။ “ကျုပ် ဒီကောင်နဲ့ ထပ်တွေ့တာနဲ့ အနိုင် တိုက်ခိုက်နိုင်မယ်လို့ ခင်ဗျားပြောခဲ့တယ် မဟုတ်ဘူးလား”

“ငါပြောခဲ့တယ်လေ” ဟွင်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ ရီရှင်းချန်ရဲ့ တိုးတက်မှုကလည်း အရမ်း မြန်နေတယ်၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိနေတဲ့ သာမန်သိုင်းကျင့်ကြံသူတွေရဲ့ အမြန်နှုန်းနဲ့ လုံးဝကို မဆိုင်ဘူး”

“အမှိုက်”

ရီရှင်းချန်သည် အဝေးတစ်နေရာဆီသို့ လက်ညှိုးထိုးပြကာ စိတ်မရှည်သလို ပြောလိုက်၏။ “အခု ထွက်သွားစမ်း”

“သေစမ်း” တိုင်လု၏ မျက်လုံးများသည် ပိုမို၍ ဒေါသထွက်လာတော့၏။

ဟွင်သည် သူ့အားနှစ်သိမ့်လိုက်၏။ “အသက်ရှင်နေသ၍ မျှော်လင့်ချက်ဆိုတာ ရှိသေးတယ်၊ ဒီတော့ သွားကြရအောင်”

“ထွက်သွားမယ် ဟုတ်လား”

တိုင်လုသည် အရူးတစ်ယောက်လိုပဲ ရုတ်တရက် ထ၍ ရယ်လိုက်သည်။ ပြီးသည့် နောက်မှာတော့ သူ၏နှုတ်ခမ်းထောင့်တွင်ရှိသော သွေးများကို သုတ်လိုက်သည်။ ရီရှင်းချန်ကို စူးစိုက်ကြည့်ကာဖြင့် ပြောလိုက်သည်။ “နားထောင်ထား၊ ငါက အမှိုက်မဟုတ်ဘူး”

ဝှစ်

သူသည် ဒေါသတကြီးဖြင့် ညာဘက်လက်သီးတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်၏။

ဘန်း

သို့ပေမဲ့ သူမတိုက်ခိုက်ရသေးခင်မှာပဲ ရီရှင်းချန်သည် သူ၏အနားသို့ ရောက်ရှိလာခဲ့၏။ ပြီးနောက် သူ၏ရင်အုံကို လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။ ကြောက်မက်ဖွယ်ရာကောင်းလှသော အားအင်များသည် သူ့အသားအရေ နှင့်ထိတွေ့ပြီးသည့်နောက်မှာတော့ သူသည် ကြီးမားသည့်နာကျင်မှုကို ခံစားလိုက်ရတော့၏။

ဘုတ်

တိုင်လုသည် မီတာအနည်းငယ် အကွာဆီသို့ ကျဆင်းသွား၏။ သူ၏ ရင်ဘတ်တစ်ခုလုံးသည် တိုက်ခိုက်ခံရ မှုကြောင့် ချိုင့်ဝင်သွားခဲ့၏။ ရီရှင်းချန်သည် သူ့အနားသို့ လျှောက်လာ၏။ ပြီးနောက် နတ်ဘုရားတစ်ပါးကဲ့သို့ အုပ်မိုးကာ ကြည့်လိုက်သည်။ “မင်းက အမှိုက်ဆိုတာကို မဝန်ခံရဲဘူးလား၊ မင်းက တကယ့်ကို အမှိုက်စစ်စစ်ပဲ”

ဂျွတ်

တိုင်လုသည် နာကျင်မှုကို အောင့်အီးသည်းခံ၍ လက်သီးကို ဆုပ်လိုက်တော့သည်။

ဟူး ဟူး

ရုတ်တရက် သူ၏ မျက်လုံးများသည် စိမ်းပြာလာခဲ့၏။ သူ၏ လက်ဝါးများသည်လည်း စိမ်းလာသည်။ အစိမ်းရောင် ဓာတ်သဘာဝများအားလုံးသည် သူ၏ခန္ဓာကိုယ်ဆီမှ စိမ့်ထွက်လာခဲ့၏။ “ငါဒီကောင့်ကို အနိုင်မတိုက်နိုင်ဘူး၊ ဒါပေမဲ့ အနီးကပ်ရှိနေမယ်ဆိုရင် ငါသူ့ကို ဝါးမြိုပစ်လို့ရနိုင်တယ်”

ဝှစ်

ရုတ်တရက်ဆိုသလိုပဲ ရီရှင်းချန်သည် ကိုယ်ကိုကုန်းကာဖြင့် တိုင်လု၏ ခြေထောက်ကို ဖမ်းဆွဲလိုက်၏။ ပြီးနောက် မြေပြင်ဖြင့် ဘယ်ပြန် ညာပြန် ရိုက်နှက်တော့သည်။

ဘန်း ဘန်း ဘန်း

ဆက်တိုက် တိုက်ခိုက်မှု၏အောက်မှာတော့ တိုင်လု၏ စိတ်တစ်ခုလုံးသည် အလွန်တရာ နာကျင်နေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အားရပါးရ ထွက်ပေါ်လာခဲ့သော ဝါးမြိုခြင်းစွမ်းအင်များအားလုံးသည် ကြောင်ကို တွေ့လိုက်ရသည့် ကြွက်ကလေးကဲ့သို့ ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်သွားခဲ့၏။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းရဲ့ဂျူနီယာညီမလေးကို မနှောက်ယှက်နဲ့”

“နားလည်ပါပြီ” ရီရှင်းချန်သည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်၏။ ပြီးနောက် သတိလစ်မေ့မျောနေပြီဖြစ်သော တိုင်လုအား ခြေထောက်မှဆွဲ၍ တည်နေရာထဲမှာ ထွက်ခွာသွားခဲ့တော့သည်။ ပြီးနောက် ခပ်ဝေးဝေးဆီသို့ လှမ်း၍ ပစ်လိုက်သည်။

“အမှိုက်၊ မင်းအမှိုက်ပုံထဲကို သွားတော့”

ဘုတ်

လွှင့်ပစ်ခြင်းခံလိုက်ရသော တိုင်လုသည် အဝါရောင်သဲပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာခဲ့၏။ ယနေ့မှာတော့ သူသည် ရီရှင်းချန်နှင့် တတိယအကြိမ်မြောက် တွေ့ဆုံခဲ့၏။ သို့ပေမဲ့ ပိုမိုဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရ တော့သည်။

“အင်း”

ဟွင်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်တော့သည်။ “ငါဘယ်လိုလုပ် ဒီအရူးရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ခဲ့မိတာလဲ”

All Chapters