← Chapters

တစ္ဆေ တစ်ရာအောင်လံတော်

Vol. 008 Ch. 754

တစ္ဆေ တစ်ရာအောင်လံတော်

Vol. 008 Ch. 754

ရှီမာယူယူသည် လျှပ်စီးဝိဉာဉ်စွမ်းအင်ကိုလွှတ်လိုက်ရာ လေထဲမှ တိမ်တိုက်မည်းများသည် လျင်မြန်စွာ ပင် ပျောက်ကွယ်သွားလေသည်။ သူမသည် ထိုလူရှိခဲ့သောနေရာကိုကြည့်လိုက်သော်လည်း တောင်ထိပ်ကို ကြည့်လိုက်ချိန်တွင် ထိုလူသည် ပျောက်ကွယ်သွားခဲ့လေပြီ။

“အိမ်မက်လေး မင်းဘာမြင်လိုက်လဲ” ရှီမာယူယူသည် အိမ်မက်လေးကိုခေါ်ထုတ်ကာ မေးလိုက်သည်။

အိမ်မက်လေးသည် သူမဘေးတွင်ပေါ်လာသည်။ သူမ၏ မျက်နှာသေးသေးလေးသည် ရိုးသားခြင်း ကင်းမဲ့သော်လည်း ကြောက်စရာမကောင်းပဲ တခြားသူများကို လှည့်ဖျားသည့်ပုံမျိုးဖြစ်နေသည်။ သို့သော် သူမ သည် တည်ငြိမ်စွာဖြင့် ထိုနေရာကိုကြည့်ပြီးပြောလေသည် “ယူယူ အိမ်မက်လေးမမှားဘူးဆိုရင် အဲဒါက တစ္ဆေတစ်ရာ အောင်လံတော်ပဲ”

“တစ္ဆေတစ်ရာ အောင်လံတော်ဟုတ်လား၊ အဲဒါဘာလဲ ကြောက်စရာကောင်းလား” ရှီမာယူယူသည် အိမ်မက်လေး၏ မျက်နှာမှအကြည့်ကိုမြင်သောအခါ သာမန်ပစ္စည်းမဟုတ်ကြောင်းခန့်မှန်းမိသည်။

“ဝိဉာဉ်တွေပေါင်းစပ်တာကနေ လုပ်ထားတဲ့လက်နက်ပဲ” အိမ်မက်လေး ပြောလိုက်သည် “အိမ်မက်လေး တို့ရဲ့ မှတ်ဉာဏ်ထဲမှာ အဲဒါကို အထူးတလည်မှတ်ထားတာမရှိဘူး ဒါပေမဲ့ တစ္ဆေတစ်ရာအောင်လံတော်ကိုတွေ့ တာနဲ့ ရှောင်ရမယ်လို့ သိကြတယ်၊ အိမ်မက်လေးတို့ အဲဒါကို မတိုက်နိုင်ကြဘူး”

“မင်းတို့် မှတ်ဉာဏ်ထဲမှာ အဲလိုမျိုးရှိတာလား”

“နတ်ဆိုးနဲ့ တစ္ဆေလောကက သတ်မှတ်ချက်တွေက လူသားကမ္ဘာလောက် မခက်ခဲဘူး၊ သူတို့က အပြန် အလှန်လည်း သက်ရောက်မှုရှိတယ်” အိမ်မက်လေး ပြောလေသည် “အဲဒါကြောင့် နတ်ဆိုးလောကက တစ္ဆေ လောကအကြောင်းကို တစ်ခုနှစ်ခုပဲသိကြတယ် ဒါပေမဲ့ သူတို့ကလောကတစ်ခုထဲကလားဆိုတာတော့ မသေချာ ဘူး”

“မင်းမှတ်ဉာဏ်ထဲမှာအဲလိုဆိုတော့ အဲပစ္စည်းကအရမ်းအားကောင်းလို့ပဲ” ရှီမာယူယူသည်မေးစေ့ကို ကိုင်လိုက်သည် “အဲတော့ နတ်ဆိုးဝိဉာဉ်တွေအများကြီးက လက်ရှိမှာ စုပ်ယူခံထားရတယ်၊ အဲဒါက နတ်ဆိုး တစ္ဆေတွေကို ပေါင်းကူးပေးတာဖြစ်ရမယ်၊ အဲဒါသာ ငါ့လက်ထဲရောက်လာမယ်ဆိုရင် တစ္ဆေလောကက ငါ့ကို ပြန်ပြောရဲတော့မှာမဟုတ်ဘူး၊ ငါသဘောမကျတဲ့လူဆိုရင် နတ်ဆိုးတစ္ဆေတွေလွှတ်ပေးလိုက်ရုံပဲ ဟားဟားဟား”

“ယူယူ ပြောတာမှန်တယ် ဒါပေမဲ့ တစ္ဆေတစ်ရာအောင်လံတော်ကို သုံးတဲ့လူက အသုံးမကျတဲ့လူ မဖြစ် ရဘူး၊ အဲလူက ရှေးဟောင်းကမ္ဘာဦးနယ်မြေကိုလာရဲတယ်ဆိုတာက အဲပိုင်ရှင်က အရမ်းအားကောင်းတာဖြစ်ရ မယ်၊ အဲရတနာကို လုမယ်လို့မစဉ်းစားခင် သူ့ကိုအနိုင်ရအောင် တိုက်ရမယ်”

“အမှန်ပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။ သူမသည် ထိုအကြံကို ဘေးချိတ်ထားကာ “အိမ်မက်လေး အဲဝိဉာဉ်တွေကို စုပ်ယူရင် တကယ်ပဲ မိုရှားအတွက်အသုံးဝင်နိုင်မလား”

“ဝင်နိုင်တယ်” အိမ်မက်လေးသည် သေချာစွာပြောလေသည် “အဲဒါတွေက ဝိဉာဉ်တွေမဟုတ်ကြဘူး လား”

“ဟုတ်တယ်လေ သူတို့ကလုံးဝကိုဝိဉာဉ်တွေပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဆိုမှတော့ အဲဝိဉာဉ် တွေကိုလိုက်ရှာကြတာပေါ့၊ ငါတို့လာရတဲ့အကြောင်းအရင်းကို အရင်ပြီးအောင်လုပ်ပြီးမှ အဲလက်နက်အကြောင်း ကိုစဉ်းစားကြတာပေါ့”

“ဒါပေမဲ့ ဘယ်ဘက်ကိုသွားရမလဲဆိုတာ မသိတော့ဘူး” အိမ်မက်လေး ပြောလိုက်သည်။

“ကိစ္စမရှိဘူး ငါသိတယ်” ရှီမာယူယူသည် နီရဲပျားတချို့ထုတ်ကာ ညွှန်ကြားလိုက်သည် “မင်းတို့်တွေက အနံ့တွေကို အာရုံခံနိုင်စွမ်းရှိတယ်လား၊ ခုနကလူရဲ့အနံ့ခံပြီး ငါတို့ကို အဲဒီကိုခေါ်သွားပေး”

ပျားများသည် ထိုနေရာအားလှည့်ပတ်ပျံပြီးနောက် ထိုလူထွက်သွားသည့်နေရာဆီသို့ ပျံသွားလေသည်။

“ယူယူ ပျားတွေက အဲလူကိုခြေရာခံနိုင်ပါ့မလား” အိမ်မက်လေး မေးလေသည်။

“မသိဘူး ဒါပေမဲ့ စမ်းကြည့်တာပေါ့” ရှီမာယူယူသည် မသေချာစွာပြောလေသည်။

သူမသည် လူတစ်ယောက်ကိုခြေရာခံရာတွင် အမြဲတမ်း နီရဲပျားများကိုအသုံးပြုခဲ့သော်လည်း သူတို့ နောက်လိုက်ပြီး ခြေရာမခံဖူးပေ။ သူမသည် အသုံးဝင်သည့်နည်းလမ်းကိုသာသိသဖြင့် စမ်းကြည့်ခြင်းဖြစ်သည်။

စမ်းကြည့်ရင်းနှင့် ထိုနည်းလမ်းသည် မဖြစ်နိုင်သည်ကို တွေ့လိုက်ရသည်။ သူတို့သည် ပျားများနှင့် အတူခေတ္တမျှ ခြေရာခံပြီးနောက်တွင် လမ်းစပျောက်သွားလေသည်။ သူတို့သည် ဘယ်ရောက်နေကြသည်ကို မသိကြတော့ပေ။

နီရဲပျားများသည် သေဆုံးခြင်းရောင်ဝါများ ရှုရှိုက်မိသဖြင့် ဖြတ်လတ်ခြင်းများ ပျောက်ဆုံးကုန်သည်။

“မင်းတို့အတွက် ခက်ခဲမှာပဲ ပြန်ပြီးကုသလိုက်ကြဦး” ရှီမာယူယူသည်ပျားများကို သိမ်းလိုက်သည်။

“ယူယူ အခုဘာလုပ်ကြမလဲ” အိမ်မက်လေး မေးလေသည်။

“ငါလည်းမသိတော့ဘူး လှည့်ပတ်လျှောက်ကြည့်ကြတာပေါ့” ရှီမာယူယူ ပြန်ဖြေလေသည်။

သူတို့သည် အနီရောင်တောင်ထိပ်၏ အလယ်ဗဟိုသို့လာရာ လူသားအလောင်းများနှင့် တိရစ္ဆာအသေ ကောင်များကို လမ်းတစ်လျှောက်တွေ့ရလေသည်။ သူတို့သည် ရက်စက်စွာသေဆုံးကြကာ တချို့မှာ အရိုးများ သာကျန်လေသည်။

“တစ္ဆေလောကက လူတွေက တကယ်ပဲရက်စက်တာပဲ” အိမ်မက်လေး၏ မှတ်ဉာဏ်များသည် ချိပ်ပိတ် ခံထားရသဖြင့် သူမသည် အဖြူရောင်စက္ကူကဲ့သို့ပင် ဖြူစင်သည်။ သူမသည် ရှီမာယူယူနှင့် အတူသွားလာခဲ့ သော်လည်း ရက်စက်သောအရာများကို မတွေ့ဖူးပေ။ အခု သူမသည် ရက်စက်သောမြင်ကွင်းကိုမြင်ရသောအခါ သူမ၏ မျက်နှာလေးသည် ရှုံ့တွနေလေသည်။

“တခြားကမ္ဘာကလူတွေလည်း ရက်စက်ကြပါတယ်” ရှီမာယူယူ ပြောလိုက်သည် “နတ်ဆိုးနဲ့ တစ္ဆေ မျိုးနွယ်တွေက အစကတည်းကရက်စက်ကြတာကိုး ပြီးတော့ သူတို့က လူသားတွေထက်အားလည်းပိုကောင်း တယ်၊ အဲဒါကြောင့် လူသားတွေက သူတို့ကိုဆန့်ကျင်ကြတာ၊ ကောင်းကင်က အားနည်းသူတွေကိုကာကွယ်ပေး တယ်၊ အဲဒါကြောင့် နတ်ဆိုးနဲ့ တစ္ဆေလောကက လူသားလောကကိုလာမယ်ဆိုရင် သူတို့လောကမှာထက် ပိုပြီး နေရတာခက်တယ်”

“အဲဒါကြောင့်ပဲ တစ္ဆေလောကက ရှေးဟောင်းကမ္ဘာဦးနယ်မြေကိုလာတာက အထူးတဆန်းဖြစ်နေတာ ကိုး သူတို့ကို ဒီကိုတစ်ယောက်ယောက်ကများခေါ်ခဲ့တာလား” အိမ်မက်လေးမေးလေသည်။

“အချိန်ကျရင်တော့သိရမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “တစ္ဆေလောကကို ရှာတွေ့မယ်ဆိုရင် အဖြေ သိရမှာပဲ”

“ရွှီး…”

“အဝူး….”

“ဝေါင်း…”

သူတို့ တောတစ်ခုသို့ရောက်သောအခါ ကျယ်လောင်သောပလွေသံနှင့် ဝိဉာဉ်မိစ္ဆာများ၏ ဟိန်းသံများကို ကြားရလေသည်။ သတ္တဝါအားလုံးသည် ရူးသွပ်နေကြကာ မြေပေါ်၊ လေထဲများတွင် တိုက်ခိုက်နေကြသည်။

“ယူယူ အိမ်မက်လေးကိုအပ်ထားလိုက်တော့” အိမ်မက်လေးသည် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ဖြန့် ကာ လေထဲသို့ပျံသွားလေသည်။ အိမ်မက်လေးဆီမှထွက်လာသော လှိုင်းဂယက်များကို ရှီမာယူယူကြည့်လိုက် ရာ ထိုရူးခါနေသော ဝိဉာဉ်မိစ္ဆာများသည် လှိုင်းဂယက်ကြောင့် ထိုနေရာတွင် လဲကျသွားလေသည်။ မိုးပေါ်မှ ငှက် များသည် အတောင်ပံခတ်ရန် မေ့သွားသဖြင့် ကျသွားကြလေသည်။

အိမ်မက်လေးသည် ဝိဉာဉ်မိစ္ဆာများကို လွယ်ကူစွာ ရပ်တန့်နိုင်လိမ့်မည်ဟု တစ်ဖက်လူမှ မထင်ထား သဖြင့် ပုလွေကို အသံမြှင့်ရာ အရင်ကထက်ပင် ပိုပြီးမတည်မငြိမ်ဖြစ်လာကြသည်။

ဝိဉာဉ်မိစ္ဆာများ၏ မျက်လုံးများသည် ပြန်လည်လှုပ်ရှားလာကြကာ ရှီမာယူယူဆီသို့ သွားကြလေသည်။ သို့သော် သူတို့သည် အရင်ကလိုပင် အိမ်မက်လေး၏ တိုက်ခိုက်မှုကိုခံလိုက်ရလေသည်။

“ကျားတစ်ကောင်က မတိုက်နိုင်ဘူးဆိုရင် ကြောင်အိုကြီးဖြစ်နေမှာပေါ့” အိမ်မက်လေးသည် လက်များ ဖြင့် ချိပ်ပုံဖော်လေသည်။ သူမဆီမှ လှိုင်းဂယက်များဖြစ်ပေါ်လာပြီး ထိုဝိဉာဉ်မိစ္ဆာများသည် နှစ်ဖက်မှ ထိန်းချုပ်ခံ ရသဖြင့် အဆုံးမရှိ နာကျင်မှုကိုခံစားရလေသည်။

“အာ.. ဘုန်း…”

တချို့ဝိဉာဉ်မိစ္ဆာများသည် မခံနိုင်တော့ပဲ နာကျင်မှုမှလွတ်မြောက်ရန် ကိုယ့်ကိုယ်ကို စတေးကြလေ သည်။

ရှီမာယူယူသည် မျက်စိရှေ့မှ ပွဲကို မျက်လုံးပြူးကာကြည့်နေလေသည်။ သူတို့က တကယ်ပဲအဲလိုလုပ် ကြတာလား။

ထိုဝိဉာဉ်မိစ္ဆာများသည် အမှန်တကယ်နာကျင်ကြသည်။ မသေခင်ကို များစွာနာကျင်ခံစားရသည်။

“ဘုန်း”

“ဘုန်း”

နောက်ထပ် ဝိဉာဉ်မိစ္ဆာများသည် နာကျင်မှုကိုမခံနိုင်တော့သည့်အနေနှင့် ကိုယ့်ကိုယ်ကို စတေးကြ သည်။ မြင်ကွင်းမှာ အလွန်ပင်ရက်စက်လွန်းသည်။

ရှီမာယူယူသည် မကြည့်နိုင်တော့ပဲ စိတ်မျက်စိဖွင့်ကာ ထိန်းချုပ်သူကိုရှာလိုက်သည်။

သူမ သူ့ကိုတွေ့သွားသည်။

ရှီမာယူယူ မျက်လုံးဖွင့်ကာ တောင်ပေါ်ရှိတောထောင့်ကိုကြည့်လိုက်သည်။ ထို့နောက်တွင် သူမသည် လျှပ်စီးဝိဉာဉ်စွမ်းအင်ထုတ်ကာ မိုးကြိုးပစ်ပြီး တိုက်ခိုက်လိုက်သည်။

“ရွှမ်း”

ထိုလူသည် အတိုက်ခိုက်ခံလိုက်ရသောအခါ ပုလွေမမှုတ်နိုင်တော့သောကြောင့် ထိုဝိဉာဉ်မိစ္ဆာများ အားလုံးရပ်သွားကြလေသည်။

“အိမ်မက်လေး သူ့ကိုတိုက်” ရှီမာယူယူ အမိန့်ပေးလိုက်သည်။

အိမ်မက်လေး အမိန့်ရသည်နှင့် ဟာစွန်၏ကျောပေါ်ပျံသွားကာ ထိုနေရာသို့ဦးတည်ပြီး အဆက်မပြတ် တိုက်ခိုက်လေသည်။

“သေစမ်း နတ်ဆိုးမိစ္ဆာပဲ” တစ်ဖက်လူသည် အံ့သြစွာအော်ကာ တောမှပျံထွက်လာသည်။ သူသည် အိမ်မက်လေးကို အံ့သြမှုနှင့်အတူ ကြောက်ရွံ့စွာကြည့်လေသည်။

“မဆိုးဘူးပဲ” အိမက်လေးသည် နှာမှုတ်ကာ ရှီမာယူယူနှင့် ကွာခြားမှုမရှိသောအပြုံးပြုံးကာ “မင်းက တကယ်ပဲ လူမဆန်တဲ့အလုပ်ကိုလုပ်ရဲတယ်၊ မင်းကိုဒီနေ့ရှင်းပစ်ရမယ်”

“ဟားဟား အိမ်မက်နတ်ဆိုးမိစ္ဆာက အဲလိုပြောတာကိုက လူမဆန်နေတာ၊ စိတ်ဝင်စားစရာကောင်း သားပဲ” ထိုလူ သည် ရယ်မောလေသည်။

“အဲဒါဘာပြောတာလဲ” အိမ်မက်လေးသည် ထိုလူကိုကြည့်ပြီး မျက်မှောင်ကြုတ်လေသည်။

“ဘာပြောရမှာလဲ မင်းက အိမ်မက်နတ်ဆိုးမိစ္ဆာမဟုတ်ဘူးလား၊ မင်းက ကိုယ့်မျိုးနွယ်ဝင်တွေကို ဘာလုပ်လိုက်လဲဆိုတာ တကယ်မသိဘူးလား ဟားဟား”

ရှီမာယူယူ ထိုစကားကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး အော်လေသည် “အိမ်မက်လေး သူ့ကို သတ်”

***

All Chapters