← Chapters

အားလုံးကိုသိမ်းခြင်း

Vol. 008 Ch. 755

အားလုံးကိုသိမ်းခြင်း

Vol. 008 Ch. 755

အိမ်မက်လေး၏ မှတ်ဉာဏ်များသည် ချိပ်ပိတ်ခံထားရသည်။ သူမသည် ထိုမြင်ကွင်းကိုအရင်ကမြင်ဖူး လိမ့်မည်။ အိမ်မက်နတ်ဆိုးမျိုးနွယ်များသည် သွေးဘယ်လောက်ထွက်ခဲ့သည်ကို သူမ မသိပေ။ သို့သော် သူမနှင့် အိမ်မက်လေးတို့ ပထမဆုံးတွေ့ဆုံခဲ့သည့် အချိန်ကိုပြန်ကြည့်လျှင် အိမ်မက်နတ်ဆိုးမျိုးနွယ်သည် ရက်စက် သောအရာများလုပ်တတ်သည်ကို သူမ ပြောနိုင်သည်။

သို့သော် ထိုအရာများသည် အိမ်မက်လေးနှင့် မပတ်သတ်ပေ။ အိမ်မက်လေး ချိပ်မပိတ်ခံရခင်က အဖြစ်အပျက်များကို အိမ်မက်လေးကို ပေးမသိနိုင်ပေ။

အိမ်မက်လေးသည် ရှီမာယူယူ၏ ကြီးမားသောတုန့်ပြန်မှုကိုမြင်သောအခါ အများကြီးမတွေးတော့ပဲ ချက်ချင်းပင် တိုက်ခိုက်လေသည်။ ထိုလူသည် စကားပြောရန် အချိန်မရှိတော့ကာ အားအကုန်သုံးပြန်းပြန်တိုက် ရတော့သည်။

ရှီမာယူယူသည် အိမ်မက်လေးနှင့် ထိုလူတို့တိုက်နေသည်ကိုကြည့်ပြီး အိမ်မက်လေးသည် အားမနည်းပဲ ပြိုင်ဘက်မှာ သူမလောက်အားမကောင်းသည်ကို တွေ့လိုက်သည်။ သူသည် အိမ်မက်လေးထက် တိုက်ပွဲ စွမ်းရည်မြင့်သည်သာရှိသည်။ သူမသည် အချိန်တစ်ခုလောက် သူ့ကို နိုင်နိုင်မည်မဟုတ်ပေ။

“အိမ်မက်လေး နောက်ဆုပ်” ရှီမာယူယူသည် အော်ပြီးနောက် လျှပ်စီးဝိဉာဉ်စွမ်းအင်ကိုထုတ်လွှတ်လေ သည်။

အိမ်မက်လေးသည် ညွှန်ကြားချက်ရသည်နှင့် ချက်ချင်းပင်နောက်ထုတ်ရာ လျှပ်စီးသည် ထိုလူအား အလွှဲအမှားမရှိ ပစ်ခတ်လေသည်။

“အာ…”

ထိုလူသည် အစကတည်းကပင် အိမ်မက်လေးကြောင့် ဒဏ်ရာရထားကာ အခု ရှီမာယူယူကြောင့် လျှပ်စီးထိမှန်သွားခဲ့သည်။ အထူးသဖြင့် ရှီမာယူယူသည် ရန်သူများကိုအလွတ်မပေးတတ်ပေ။ အားကောင်း သော တိုက်ချက်နှင့်အတူ သူသည် မြေပေါ်သို့ ကျသွားလေသည်။

ရှီမာယူယူသည် သစ်ဝိဉာဉ်စွမ်းအင်ထုတ်ပြီး နွယ်စိမ်းများပြောင်းကာ သူ့ကိုရစ်ပတ်စေလိုက်သည်။

သူမ ပျံသွားပြီး သူ့ဘေးတွင် ဆင်းသက်ကာ မြေပေါ်တွင်လဲနေသော သူ့ကိုကြည့်ပြီး ပြောလေသည် “တစ္ဆေမျိုးနွယ်ဝင်၊ လူသားလောကနဲ့ကွာတာမရှိဘူးပဲ သိလား မင်း လောင်ထားတာ မည်းနက်နေတာပဲ”

“ယူယူ သူမေ့လဲနေတာ” အိမ်မက်လေးသည် သူမဘေးလာရင်းနှင့် ထောက်ပြလေသည်။

“အင်း သူမေ့လဲနေတာ ကောင်းတာပေါ့ ဒါလုပ်ဖို့ငါ့အတွက် ပိုလွယ်သွားတယ်” ရှီမာယူယူသည် ပြောရင်းနှင့် လက်ကိုဝေ့ရမ်းလိုက်သည် “အဲဝိဉာဉ်မိစ္ဆာတွေကို သွားဖြေရှင်းလိုက်”

“သူတို့ကိုပြန်ခိုင်းမှာလား” အိမ်မက်လေးသည် ကြောင်စီနေသော ဝိဉာဉ်မိစ္ဆာများကို လှည့်ကြည့်လိုက် သည်။

ရှီမာယူယူသည် ဝိဉာဉ်မိစ္ဆာများကိုကြည့်ပြီး သက်ပြင်းချလေသည် “အဲဒီဝိဉာဉ်မိစ္ဆာတွေက ဒီနေ့ကို အသိစိတ်ပျောက်နေကြပြီ၊ သူတို့ကိုလွှတ်ပေးလိုက်ရင် တခြားသူတွေကို ဒုက္ခပေးနိုင်တယ်၊ သူတို့ကိုသတ်လိုက် လေ၊ နာကျင်တာလည်း လျော့သွားတာပေါ့”

အိမ်မက်လေးသည် ထိုဝိဉာဉ်မိစ္ဆာများကိုကြည့်ပြီး “ယူယူ ဝိဉာဉ်မိစ္ဆာတွေများလွန်းတယ်၊ သူတို့အားလုံး ကိုသတ်လိုက်ရင် သနားစရာကြီး”

“ဒါပေမဲ့ ငါတို့သူတို့ကို လွှတ်လိုက်လို့ တခြားသူတွေကိုဒုက္ခပေးသလိုဖြစ်လို့မဖြစ်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “အားမကောင်းတဲ့လူတွေလည်း အများကြီးရှိတယ်၊ အခုအဲဝိဉာဉ်မိစ္ဆာတွေက အသိစိတ်ပျောက် နေကြတာ၊ ပိုပြီးရိုင်းစိုင်းနိုင်တယ်၊ ငါတို့က ဝိဉာဉ်မိစ္ဆာတွေအများကြီးသတ်လိုက်ပေမယ့် လူတွေကိုပိုပြီး ကာကွယ်နိုင်မယ်လေ”

“သူတို့ကိုထိန်းချုပ်ဖို့ အိမ်မက်လေးမှာ နည်းလမ်းရှိတယ်” အိမ်မက်လေး ပြောလိုက်သည် “အိမ်မက်လေး သူတို့ကိုထိန်းချုပ်နိုင်ရင် သူတို့ကို ဝိဉာဉ်စေတီထဲထည့်ထားလိုက်၊ အဲဒါဆိုရင် သူတို့ကို သတ် စရာမလိုတော့ဘူး၊ ပြီးတော့ တခြားသူတွေနဲ့တွေ့ရင် အိမ်မက်လေးတို့အတွက် သူတို့ကိုတိုက်ခိုင်းလို့ရတယ်”

ရှီမာယူယူသည် အိမ်မက်လေးကိုကြည့်ပြီး သူမခေါင်းပေါ်လက်တင်ကာ “မင်းက မီးစွမ်းအင်သုံးမလို့ မလား”

အိမ်မက်လေးသည် အရှက်မရှိပုံရကာ အားရပါးရပြုံးပြီး “ဒါပေမဲ့ အိမ်မက်လေး တကယ်ပဲ သူတို့ကို အသက်ရှင်စေချင်တယ်၊ သူတို့ကသနားစရာကောင်းတယ်၊ သူတို့ကိုသတ်လိုက်ရင် ပိုသနားစရာမကောင်းဘူး လား”

“သူတို့ကို ထိန်းချုပ်ဖို့အတွက် မင်းမှာတကယ်ပဲ နည်းလမ်းရှိတာလား” ရှီမာယူယူသည် မသေချာစွာ မေးလေသည်။

“စိတ်ချပါ အိမ်မက်လေးလုပ်နိုင်တယ်” အိမ်မက်လေးသည် ရင်ဘတ်ကိုပုတ်ပြရင်း ပြောလေသည်။

“ဘယ်လိုလုပ်ရမယ်ဆိုတာလည်း သိလား” ရှီမာယူယူသည် သူမအား အံ့သြစွာကြည့်လေသည်။

“ဒါပေါ့” အိမ်မက်လေး ပြောလိုက်သည် “အဲဒီဝိဉာဉ်မိစ္ဆာတွေ အသိစိတ်ပျောက်သွားတာက တစ္ဆေရောင်ဝါက သူတို့စိတ်တွေကိုယူသွားလို့လေ၊ သာမန်လူတွေကမလုပ်နိုင်ဘူး ဒါပေမဲ့ အိမ်မက်လေးလို အိမ်မက်နတ်ဆိုးမိစ္ဆာနဲ့တွေ့တာ သူတို့အတွက်အခွင့်အရေးပဲ၊ စိတ်ထိန်းချုပ်မှုလို့ပြောလိုက်ရင် အိမ်မက်လေးက ဒုတိယနေရာလို့ပြောရင်တောင် ပထမနေရာကို ဘယ်သူမှမယူရဲဘူး”

“မိုက်လှချည်လား” ရှီမာယူယူသည် သူမခေါင်းကိုပွတ်လိုက်သည် “မင်းမှာ အကြံရှိတယ်ဆိုမှတော့ သွားလုပ်လိုက်ပါ၊ ပြီးသွားရင် သူတို့ကိုဝိဉာဉ်စေတီထဲထည့်တာပေါ့၊ တခြားသူတွေနဲ့တိုက်ရင် ငါတို့လုပ်စရာမလို တာပေါ့”

အိမ်မက်လေးသည် အားရပါးရပြုံးကာ ထိုဝိဉာဉ်မိစ္ဆာများကို ထိန်းချုပ်လေသည်။

ရှီမာယူယူသည် ထိုလူဘေးတွင်ဒူးထောက်ကာ လက်တစ်ဖက်ကို ဒူးပေါ်တင်ပြီး နောက်တစ်ဖက်မှာ မေးစေ့ကိုကိုင်ထားပြီးမေးလေသည် “မင်းကိုဘယ်လိုရှင်းပေးရမလဲ၊ သတ်လိုက်ရမလား မဟုတ်ရင် မင်းနာကျင် အောင်လုပ်လိုက်တဲ့ သူတွေကို မင်းကိုနာကျင်အောင်လုပ်ရမလား”

မြေပေါ်တွင်လဲနေသော လူသည် လှုပ်ရှားခြင်းမရှိပေ။

“သေချင်ယောင်ဆောင်နေတုန်းပဲလား၊ သေချင်ယောင်ဆောင်နေတာနဲ့ ပုန်းနိုင်မယ်ထင်နေလား” ရှီမာယူယူ ပြောလိုက်သည် “မင်းသေချင်တယ်ဆိုရင်တော့ သေချင်ယောင်ဆက်ဆောင်နေလိုက်၊ တကယ် သေခွင့်ပေးမယ် ဘယ်လိုလဲ”

လောင်ကျွမ်းထားသဖြင့် ကြွပ်နေသော မြေပေါ်မှ ထိုလူသည်နောက်ဆုံး လှုပ်ကာ မျက်လုံးပွင့်လာ သည်။

“ဘာလို့ ထပ်ပြီးဟန်မဆောင်တော့တာလဲ” ရှီမာယူယူသည် ပြုံးပြီးမေးလိုက်သည်။

မြေပေါ်မှထိုလူသည် ရှီမာယူယူ၏ အပြုံးကိုမြင်သောအခါ အေးစိမ့်သွားသည်။ ထိုပုံစံသည် သူမသည် ငရဲမှလွှတ်လိုက်သော စေတမန်တစ်ယောက်ကဲ့သို့ပင်…

“မင်းဘာလုပ်ချင်လို့လဲ” ထိုအမျိုးသားမေးလိုက်သည်။

“အဲဒါကမင်းဘာလုပ်မလဲဆိုတာပေါ် မူတည်တယ်” ရှီမာယူယူ ပြောလိုက်သည်။

အိမ်မက်လေးသည် တောင်ပေါ်မှ ဝိဉာဉ်မိစ္ဆာများအားလုံးကိုထိန်းချုပ်ပြီးချိန်တွင် ရှီမာယူယူသည် ထိုလူအား နှိပ်စက်နေလေသည်။

“ယူယူ သူ့ကိုဘာလို့အရှင်ထားနေသေးတာလဲ”

“သူ့ပါးစပ်ပွင့်လာအောင် လုပ်ကြည့်နေတာ” ရှီမာယူယူ ပြောလိုက်သည်။ “မင်းပြီးတာ မြန်လှချည်လား”

“အင်း ဒီလိုပါပဲ သူတို့က အခုအိမ်မက်လေးထိန်းချုပ်မှုအောက်မှာ ဒါပေမဲ့ သူတို့ကို အိမ်မက်လေး စကား ကိုလုံးဝနာခံအောင်ဆိုရင်တော့ အချိန်နည်းနည်းလိုတယ်၊ အဲဒါကိုဝိဉာဉ်စေတီထဲရောက်တာနဲ့ ဖြေရှင်းလိုက်မယ်” အိမ်မက်လေး ပြောလိုက်သည်။

“ဒါဆို အထဲကိုသွားကြမယ်” ရှီမာယူယူသည် တစ်တောင်လုံးကဝိဉာဉ်မိစ္ဆာများနှင့်အတူ တစ္ဆေမျိုးနွယ် ဝင်ကိုလည်း ဦးဆောင်ခေါ်သွားလိုက်သည်။

ထိုလူသည် ပတ်ဝန်းကျင်အခြေအနေပြောင်းသွားသည်ကို မြင်သောအခါ အံ့သြသွားလေသည်။

“တစ္ဆေလေး မအံ့သြပါနဲ့ ဒါငါ့နေရာပဲ ဒီမှာဆိုရင် ငါ့စကားအကုန်နားထောင်ရတယ်” ရှီမာယူယူ ပြော လိုက်သည် “ဝိဉာဉ်လေး ဒီကောင်ကိုကြည့်ထား သူ့ကိုမသေစေနဲ့”

ဝိဉာဉ်လေးသည် သူမဘေးပေါ်လာကာ မြေပေါ်ရှိထိုလူကို မုန်းတီးစွာကြည့်လိုက်သည်။ သူ၏ အမူအရာ သည် မှောင်မိုက်နေကာ ပြောလေသည် “ရွံ့စရာကောင်းလိုက်တာ သူကဒီကိုဘာလာလုပ်တာလဲ”

“သူက ငါ့အတွက်အသုံးဝင်တယ်လေ” ရှီမာယူယူ ပြောလိုက်သည် “တစ္ဆေလောကအကြောင်းကို သူ့ဆီ က မေးဖို့ရှိသေးတယ်”

“ဘာကိုလဲ” ဝိဉာဉ်လေး မေးလိုက်သည်။

“ဟူး မင်းကတော့လေ လင်းလုံနဲ့ အတွဲလွန်ပြီး အပြင်မှာဘာဖြစ်နေလဲဆိုတာ ဂရုမစိုက်တော့ဘူး” အိမ်မက်လေးသည် ဝိဉာဉ်အသီးကိုကိုက်ရင်း စနောက်လေသည်။

“မဟုတ်ပါဘူး” ဝိဉာဉ်လေးသည် ငြင်းဆန်လေသည်။

“ဝိဉာဉ်လေးက အခုတလော အိပ်မောကျနေတာ” ရှီမာယူယူ ရှင်ပြလေသည် “နေလို့မကောင်းတဲ့နေရာ ရှိလား”

“ယူယူက လျှပ်စီးစွမ်းအင်တွေကို စုပ်ယူတာများသွားလို့ထင်တယ် ငါလည်းစုပ်ယူလိုက်ရလို့ ကြေညက် အောင်လုပ်နေရတယ်” ဝိဉာဉ်လေး ပြောလိုက်သည်။

“အခုရော ဘယ်လိုနေလဲ ကောင်းသွားပြီလား” ရှီမာယူယူသည် အနည်းငယ်စိုးရိမ်စွာပြောလေသည်။

“အင်း ပြဿနာမရှိဘူး အများစုကိုစုပ်ယူပြီးပြီ” ဝိဉာဉ်လေးခေါင်းညိမ့်လေသည်။

“ဒီနေရာကို ဂရုစိုက်ဖို့အတွက် စွမ်းအင်လိုသေးတာလား” အိမ်မက်လေးသည် သူ့အား သံသယဝင်လေ သည်။

ဝိဉာဉ်လေးသည် မေးမော့ကာ မေးလေသည် “ဒီလူကိုစောင့်ကြည့်ရုံပဲမလား”

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။

“မင်းအခုတလော ဘာတွေဖြစ်နေတာလဲ” ဝိဉာဉ်လေးမေးလိုက်သည်။

ရှီမာယူယူသည် တွေးလိုက်သည်နှင့် ဝိဉာဉ်လေးသည် အဖြစ်အပျက်များကို သိသွားလေသည်။

“ဝါး ဒီလူက ဝိဉာဉ်မိစ္တာတွေကို သုံးပြီး မင်းကိုသတ်ဖို့လုပ်ရဲတယ်ဟုတ်လား” ဝိဉာဉ်လေးသည် ဒေါသ ထွက်ကာ ထိုလူအားကန်လေသည် “သေချင်တယ်ဆိုတာ ဘယ်လိုခံစားချက်လဲဆိုတာကို သိအောင်လုပ်ပေး မယ်”

***

All Chapters