← Chapters

ဖြည်းဖြည်းချင်းပျော်မွေ့စေခြင်း

Vol. 008 Ch. 756

ဖြည်းဖြည်းချင်းပျော်မွေ့စေခြင်း

Vol. 008 Ch. 756

ရှီမာယူယူသည် တက်ကြွနေသော ဝိဉာဉ်လေးကိုမြင်သောအခါ မတားပေ။ သူမသည် လက်ပိုက်ကာ ပြောလိုက်သည် “သူ့ကို အရှင်ထားရဦးမယ်ဆိုတာ မမေ့နဲ့ဦး”

“စိတ်ချပါ သူမသေစေရဘူး ငါနဲ့ဆိုရင် သူသေချင်ရင်တောင် သေတယ်ဆိုတာ ဘာလဲမသိအောင်လုပ် ပေးလိုက်မယ်” ဝိဉာဉ်လေးသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

“ကောင်းတယ် ငါဒီနေ့ ပင်ပန်းနေတယ် သွားနားလိုက်ဦးမယ်၊ သူ့ကိုမင်းနဲ့ထားပေးခဲ့မယ်၊ သူ့ဆီက သတင်းရလာလည်း ကောင်းတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ ယူယူသွားလိုက်ပါ”

ရှီမာယူယူသည် အိမ်မက်လေးကိုကြည့်ပြီးမေးလေသည် “မင်းလည်း ငါနဲ့လိုက်ပြီး နားချင်လား”

အိမ်မက်လေးသည် ထိုလူအား ခေါ်သွားသော ဝိဉာဉ်လေးကို ကြည့်နေသည်။ ရှီမာယူယူ ပြောလိုက် သောစကားကိုကြားသောအခါ သူမသည် မကြည့်ပဲ “ယူယူ သွားလိုက်ပါ၊ အိမ်မက်လေး ဝိဉာဉ်လေးနဲ့ အတူ ပျော်စရာကြည့်ချင်တယ်”

ရှီမာယူယူသည် သူမ၏ မျက်လုံးများတောက်ပနေသည်ကိုကြည့်ပြီး ခေါင်းရမ်းကာ ထွက်သွားလေ သည်။

သည်လိုနှင့် ခဏအကြာတွင် နတ်ဆိုးမျိုးနွယ်ဝင်သည် နာကျင်မှုကို အဆုံးသတ်ရန် ကိုယ့်ကိုယ်စတေး ရန်ကြိုးစားသော်လည်း သူခန္ဓာကိုယ်မှ သေဆုံးခြင်းရောင်ဝါမှာ လှုပ်ရှား၍မရသည်ကိုသိလိုက်ရသည်။

“ကိုယ့်ကိုယ်ကို စတေးချင်တယ်ဟုတ်လား၊ စိတ်ကူးယဉ်မနေနဲ့” ဝိဉာဉ်လေးသည် သူ့ကိုကြည့်ပြီး နောက် ပြောလေသည် “ငါထွက်သွားတာကိုစောင့်ပြီး သတ်သေချင်နေတယ်ဟုတ်လား စိတ်ပျက်သွားပြီ ငါ ဘယ်ရောက်ရောက် ဒီနေရာတစ်ခုလုံးက ငါ့ထိန်းချုပ်မှုအောက်မှာပဲ”

“ငါစဉ်းစားတာကို မင်းဘယ်လိုသိတာလဲ” တစ္ဆေမျိုးနွယ်ဝင်သည် ဝိဉာဉ်လေးအား တအံ့တသြကြည့် လေသည်။

ဝိဉာဉ်လေးသည် ချေငံစွာပြုံးလိုက်ပြီး “ငါတို့ဘယ်ရောက်နေလဲဆိုတာ သိလား၊ ငါဘယ်သူလဲဆိုတာ မင်း မသိဘူးလား”

“ဒီနေရာက ဘယ်နေရာလဲ”

“မင်းက ဝိဉာဉ်စေတီထဲမှာပဲ ငါက ဝိဉာဉ်လက်နက်ပဲ၊ မင်းက အခုငါ့ခန္ဓာကိုယ်ထဲမှာ မင်းဘာစဉ်းစားနေ တာလဲဆိုတာ ငါသိတာပေါ့” ဝိဉာဉ်လေးသည် ပြောလိုက်သည် “ငါသွားချင်တဲ့နေရာကို ပြောလိုက်ရုံပဲ၊ အဲဒါ ကြောင့် မင်းခုခံနေလည်း အချည်းနှီးပဲ၊ ယူယူသိချင်တာကို လိမ်လိမ်မာမာနဲ့ ပြောလိုက်၊ မင်း အသက်ရှည်ရှည် နေရနိုင်တာပဲ”

“ဟင်း အဲလိုဆိုမှတော့ ငါသေလိုက်တော့မယ်” တစ္ဆေမျိုးနွယ်ဝင်သည် သေခြင်းကိုကြိုဆိုနေသည့် အတွေးတွေးနေသည်။

“ဒါဆို ဒီလိုလုပ်ရအောင် အချိန်ကျရင်လည်း မင်းအဲလိုပဲပြောဖို့ မျှော်လင့်တယ်” ဝိဉာဉ်လေးသည် ဟိန်းဟောက်ခြင်းမပြုတော့ပဲ သူ့ကိုအေးစက်စွာကြည့်လေသည်။

အိမ်မက်လေးသည် ဝိဉာဉ်အသီးစားခြင်းပြီးသွားသောအခါ ဝိဉာဉ်လေးကိုအော်လိုက်သည် “ငါစားလို့ ပြီးပြီ”

ဝိဉာဉ်လေး စဉ်းစားလိုက်သည်နှင့် ဝိဉာဉ်အသီးနောက်တစ်ပုံသည် အိမ်မက်လေးရှေ့တွင်ပေါ်လာ သည်။ သူမသည် အားရပါးရပြုံးကာ အားလုံးကိုကိုင်ပြီး ရွေးနေလေသည်။ သူမသည် ခုံတစ်ခုံရွေ့ကာ ထိုင်ပြီး ဝိဉာဉ်လေး ထိုလူကို ဖြေရှင်းနေသည်ကို စောင့်ကြည့်လေသည်။

ရာဟွောင်နှင့်တခြားသူများလည်း တစ္ဆေလောကသားကိုဖမ်းမိသည်ဟု သတင်းကြားသည်နှင့် ဇာတ်လမ်းကြည့်ရန် ရောက်လာကြလေသည်။ ထိုလူသည် ဝိဉာဉ်မိစ္ဆာများကိုသုံးကာ ရှီမာယူယူူကို သတ်ရန် ကြိုးစားခဲ့သည်ကို သူတို့ကြားသောအခါ ဒေါသထွက်ကြပြီး သူ့ကိုဆုံးမရန် ဝိဉာဉ်လေးအား ခွင့်တောင်းကြလေ သည်။

အားလုံးဆီမှ တောင်းဆိုမှုကို ရခြင်းမှာ ဝိဉာဉ်လေးအတွက်ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူ ခေါင်းညိမ့် ကာ “စိတ်ချပါ သူဒီကမ္ဘာကိုလာတာ နောင်တရအောင်လုပ်ပေးလိုက်မယ်…”

ရှီမာယူယူသည် ကျင့်ကြံခြင်းအခန်းသို့သွားလိုက်သည်။ သူမသည် ဝိဉာဉ်စုစည်းမှုတည်ဆောက်မှုကို ဆောက်လုပ်လိုက်သည်။ ဝိဉာဉ်စွမ်းအင်များ စုဝေးလာကာ သူမသည် လျင်မြန်စွာစုပ်ယူလိုက်သည်။

တစ်ရက်အကြာ သူမထွက်လာသောအခါ သူမ၏ ဖြတ်လတ်မှုသည် ပြန်ကောင်းသွားလေသည်။ သူမ မျက်စိမှိတ်ပြီး ပတ်ဝန်းကျင်ကို အာရုံခံကြည့်ရာ ဝိဉာဉ်လေးနှင့် တခြားသူများ ရှိသည့်နေရာကို အာရုံခံမိလေ သည်။

“ယူယူ လာပြီလား” ဟိန်းသံလေးသည် သူမရင်ခွင်ထဲ ခုန်တက်ကာ သူမအားကြည့်ပြီးမေးလေသည် “ယူယူ မင်းအပြင်ထွက်ရင် ငါ့ကိုခေါ်သွားသင့်တယ် ငါဒီလိုမျိုး ညစ်ပတ်တာတွေကို ရှင်းတဲ့နေရာမှာ တော်တယ်”

“ယူယူ ငါလည်းအပြင်ထွက်ချင်တယ်” လင်းလုံသည် ဝိဉာဉ်လေး၏ ခေါင်းထိပ်ကိုတက်ပြီး ပျင်းရိစွာ ပြောလေသည်။

“မင်းတို့ စိတ်ချ” ရှီမာယူယူသည် ဟိန်းသံလေး၏ နူးညံ့သော အမွေးကိုပွတ်သတ်ပြီး ပြောလေသည် “ငါ ဘယ်သွားသွား တိုက်နိုင်တယ်၊ မင်းတို့ ဒီမှာနေပြီးစောင့်ပဲကြည့်နေ မင်းတို့အပြင်ထွက်ရင် တခြားသူတွေ မင်းတို့ အကြောင်းသိသွားရင် ငါ့ကိုပစ်မှတ်ထားကြလိမ့်မယ်”

“ဒါပေမဲ့ ယူယူတစ်ယောက်တည်းလုပ်ဖို့ကျ အန္တရာယ်များတယ်” ဟိန်းသံလေး ငြင်းဆန်လေသည်။

“အိမ်မက်လေးရှိနေရင် အန္တရာယ်မများပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အန္တရာယ်များတယ်ဆိုရင် မင်းတို့ကို ငါခေါ်လိုက်မယ်၊ ငါက မပြင်ဆင်ပဲအဖမ်းမခံဘူးရယ်”

“အမှန်ပဲ” လင်းလုံခေါင်းညိမ့်လေသည် “ဒါပေမဲ့ အဲလိုကန်းနေတဲ့ ဝိဉာဉ်မိစ္ဆာတွေနဲ့တွေ့တယ်ဆိုရင် သူတို့ကို အပိုင်းပိုင်းဖြတ်ဖို့ လင်းလုံတို့ကိုသာခေါ်လိုက် လင်းလုံက ကောင်းကောင်းထိန်းချုပ်လိုက်ရင် ပိုပြီး သက်တောင့်သက်သာဖြစ်သွားမှာပါ”

“မင်းတို့ဘာသိလို့လဲ ဝိဉာဉ်မိစ္ဆာတွေအဲလောက်အများကြီးဆိုရင် နောက်ဆိုရင် ယူယူတိုက်တဲ့အခါမှာ အုပ်စုတောင့်တယ်” အိမ်မက်လေးသည် ပြောဆိုလေသည်။

“ရွှတ်”

အိမ်မက်လေး ပြောလိုက်သောစကားကိုကြားသောအခါ ရှီမာယူယူ ရယ်မောလေသည်။ သူမသည် အရင်က အသက်ကိုရင်းပြီးလုပ်ဆောင်တတ်သော အဖွဲ့အကြောင်းပြောပြဖူးသည်ကို အိမ်မက်လေးမှတ်မိနေ လိမ့်မည်ဟု မထင်မိပေ။

အိမ်မက်လေးပြောလိုက်သောစကားများကြောင့် ထိုအချိန်သို့ပြန်ရောက်သွားသလိုခံစားရသည်။

“ကောင်းပြီတော်ပြီ ဒါကိုနောက်မှ ပြောကြမယ်” သူမသည် သူတို့နှစ်ယောက်အားပြောပြီးနောက် ဝိဉာဉ်လေးကိုမေးလိုက်သည် “သတင်းသိရပြီလား”

“ငါ့ကိုသာမေးခိုင်းရင် ပြဿနာမရှိစေရဘူး” ဝိဉာဉ်လေးပြောလိုက်သည် “သူပြောတော့ ပြောတယ် ဒါပေမဲ့ အပြည့်အစုံမဟုတ်ဘူး တခြားမေးခွန်းမေးစရာရှိရင် သူ့ကိုအခုမေးလို့ရတယ်”

“ငါ့ကိုသတင်းရတာတွေပြောလိုက်” ရှီမာယူယူ ပြောလိုက်သည်။

ဝိဉာဉ်လေးသည် ခေါင်းညိမ့်လိုက်ပြီး တွေးလိုက်သည်နှင့် ရှီမာယူယူသည်သိချင်သော သတင်းများကို သိရလေသည်။

“အဲတော့ လူနည်းနည်းလေးနဲ့ သူတို့က အနီရောင်တောင်ထိပ်ကလူတွေအားလုံးကို တကယ်ပဲသတ် လိုက်တာပေါ့” သူမသည် သတင်းကြားရသောအခါ ပို၍အံ့သြရလေသည်။

“သူတို့က လူနည်းပေမယ့် အားမနည်းဘူးလေ၊ ဒါပေမဲ့ ပိုင်ရှင်ကဘယ်သူလဲဆိုတာ မသိရသေးဘူး သူက လူတွေကို ထိန်းချုပ်နိုင်စွမ်းရှိနေတယ်”

“အဲလူက လူသားလောကကဟုတ်လား မဟုတ်လားဆိုတာကို ပိုသိချင်နေတယ်” ရှီမာယူယူ ပြောလိုက် သည် “တစ္ဆေလောကကလူတွေ ဒီကိုလာရတာတောင် ခက်နေတာကို သူက အဲလူတွေကို ဒီကိုခေါ်လာတယ် ရောက်လာတဲ့လူတွေကိုလည်း သတ်ပစ်ဖို့အတွက် ကြောက်ရွံ့မှုမရှိဘူး”

“ဒီလူက အဆင့်မမြင့်တာတော့ နှမြောစရာကောင်းတယ်၊ သူက အခိုင်းအစေသာသာပဲဆိုတော့ အဓိက သတင်းကိုမသိရဘူး” အိမ်မက်လေး ပြောလိုက်သည်။

“ကိစ္စမရှိဘူး ငါအများကြီးသိပြီးနေပြီပဲ” ရှီမာယူယူ ပြောလိုက်သည် “အနည်းဆုံးတော့ ခေါင်းမပါတဲ့ ကြက်လိုမျိုး နေရာတစ်ခုလုံးကိုလှည့်ပတ်သွားစရာမလိုတော့ဘူး”

“ဒါပေမဲ့ အဲလူတွေဘယ်လောက်အားကောင်းလဲဆိုတာ ငါတို့မသိရဘူး၊ ဒီအတိုင်းသွားမယ်ဆိုရင် အန္တရာယ်မများဘူးလား” ဟိန်းသံထောင်ချီ ပြောလိုက်သည်။

“ဒါဆိုရင် အဓိကသတင်းသိတဲ့လူကိုဖမ်းပြီးသွားရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ နီးနီးကပ်ကပ် သွားလိုက်ရင် တစ်ယောက်တော့ဖမ်းမိမှာပဲ”

အဆင့်မြင့်သူသည် သိသည့်အချက်အလက်ပိုများမည်။ ထိုအချိန်တွင် သူ့ကိုဖမ်းပြီး မေးရမည်။

“အဲဝိဉာဉ်တွေကို မိုရှားစုပ်ယူလို့ရမရကို မသိတာ၊ စုပ်ယူရင်လည်း အကူအညီဖြစ်လား မဖြစ်လား မသိ ဘူး” ရှီမာယူယူ သက်ပြင်းချလေသည် “သွားကြမယ် ဒါကိုဖြေရှင်းတာ စောလေလေ ငါတို့ပန်းတိုင်ကို စောစော ရောက်လေပဲ”

“ကောင်းပြီ”

သူမထွက်သွားချိန်တွင် အိမ်မက်လေးကို သူမနှင့်အတူ ခေါ်မသွားတော့ပေ။ သူမကို ဝိဉာဉ်စေတီ အတွင်းထားခဲ့ကာ ဝိဉာဉ်မိစ္ဆာများကို ထိန်းချုပ်စေသည်။ နောက်တစ်ခါ တိုက်ခိုက်ခံရပါက သူတို့ကို တိုက်ပွဲမြေပြင်သို့ စေလွှတ်ရမည်။

သူမသည် ဝိဉာဉ်စေတီတွင် ၁ရက်နေရာ အပြင်တွင် ၂နာရီကုန်ဆုံးသွားလေသည်။ သူမသည် ဟာစွန် ကိုခေါ်ထုတ်ပြီး ထိုလူပြောသော ဦးတည်ဘက်သို့သွားလိုက်သည်။

ရက်အနည်းငယ်ကုန်ဆုံးသွားကာ ထိုရက်များတွင် သူမအားသတ်ရန်ကြိုးစားသည့် တိုက်ခိုက်မှုများကို ကြုံတွေ့ရလေသည်။ တိုက်ခိုက်ရန်အတွက် ထိန်းချုပ်ထားသော ဝိဉာဉ်မိစ္ဆာများကို ၂ကြိမ်အသုံးပြုခဲ့ရသည်။ ရှီမာယူယူ မလှုပ်ရှားလိုက်ရပဲ အိမ်မက်လေးသည် ထိုဝိဉာဉ်မိစ္ဆာများကို ထိန်းချုပ်ကာ တိုက်ခိုက်ပေးသည်။ သူမ အတွက်တော့ ထိန်းချုပ်ထားသောလူကို အာရုံစိုက်ကာ ထိုလူရှိရာဘက်သို့ မိုးကြိုးလျှပ်စီးပစ်သည်။ သူမသည် နောက်သုံ့ပန်းတစ်ယောက်ကို အောင်မြင်စွာဖမ်းမိလေသည်။

နှမြောစရာကောင်းသည်မှာ ထိုလူသည် အရင်ကလူကဲ့သို့ပင် အဆင့်နိမ့်တစ်ယောက်ဖြစ်နေခြင်းပင်။ သူ သည်လည်း တခြားသတင်းကိုမသိပေ။

***

All Chapters