← Chapters

အကူအညီတောင်းခံခြင်း

Vol. 008 Ch. 757

အကူအညီတောင်းခံခြင်း

Vol. 008 Ch. 757

ရှီမာယူယူသည် ရက်အနည်းငယ်ပျံသန်းပြီးနောက်တွင် အတော်အသင့်ကြီးမားသော မြို့တစ်မြို့ကို မြင် ရလေသည်။

“ဒီနေရာမှာ ဖြတ်လမ်းတည်ဆောက်မှုသုံးလို့ရမလားပဲ” သူမသည် မြို့ဆီသို့ပျံသွားလိုက်သည်။ တစ်မြို့ လုံးမှာ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေပြီး အသံတစ်သံမှ ထွက်ခြင်းမရှိပေ။ အသက်မဲ့နေ သော မြို့တစ်မြို့ပင်။

“ဟာစွန် ဆင်းရအောင်” ရှီမာယူယူသည် ဟာစွန်၏ ကျောကိုပုတ်ရာ သူသည် လမ်းဘေးတွင်ချပေး လိုက်သည်။

“ဒီမှာ သွေးအနံ့တွေစွဲနေသေးတယ်” ဟာစွန် ပြောလိုက်သည် “ဒါပေမဲ့ ကြာနေပြီထင်တယ် အရမ်း မပြင်းတော့ဘူး”

“ဘေးအန္တရာယ်ကျတာက ဖြစ်တာကြာသွားလောက်ပြီ” ရှီမာယူယူ ပြောလိုက်သည် “ဒီမှာ ဖြတ်လမ်း တည်ဆောက်မှုရှိမလားလို့ ကြည့်ရအောင်”

အနီရောင်တောင်ထိပ်မှ သတင်းပြန့်သွားပြီးကတည်းကပင် ထိုနေရာနှင့် ဆက်သွယ်ထားသော မြို့ အားလုံး၏ ဖြတ်လမ်းတည်ဆောက်မှုမှာ ပိတ်ထားကြပြီးဖြစ်သည်။ သည်လိုနှင့် သူမသည် ထိုနေရာသို့ရောက်မှ ပင် ဖြတ်လမ်းတည်ဆောက်မှုကိုရှာရတော့သည်။

“အိမ်မက်လေးတို့ ဖြတ်လမ်းတည်ဆောက်မှုကို ရှာတွေ့ရင်တောင် သုံးလို့ရမှာမဟုတ်ဘူး” အိမ်မက်လေး ပြောလိုက်သည်။

“ပျက်စီးနေလည်း ရတယ်၊ ငါ ဒီအတိုင်းနယ်နိမိတ်လောက်ပဲလိုတာ” ရှီမာယူယူ ပြောလိုက်သည်။

သူမတွင် နယ်နိမိတ်မျဉ်းရှိသည်နှင့် သူမကိုယ်ပိုင် ဖြတ်လမ်းတည်ဆောက်မှုကို လုပ်နိုင်သည်။

ထိုအကြောင်းအား တွေးမိသောအခါ အရင်က တည်ဆောက်မှုများအကြောင်းလေ့လာရန် ဆုံးဖြတ်ခဲ့ ခြင်းမှာ မှန်ကန်သည်ဟု ခံစားရသည်။ ထိုခေါင်းပါးသော ဒေသတွင် သူမသာ ဖြတ်လမ်းတည်ဆောက်မှုကို အသုံးမပြုပါက ခရီးသွားရင်းနှင့် အချိန်များကုန်ဆုံးပေမည်။

“မြို့တစ်ဖက်မှာတစ်ခုခုဖြစ်နေတယ်” ဟာစွန် ပြောလိုက်သည်။

“သွားကြည့်ရအောင်” သူတို့၃ယောက်သည် အလျင်စလိုပျံသွားလိုက်ကြသည်။ သူတို့ရောက်သည်နှင့် မြို့ဂိတ်တွင် လူတစ်စုသည် ဝိဉာဉ်မိစ္ဆာအုပ်စု၏ တိုက်ပွဲအတွင်းပိတ်မိနေသည်။

“မြို့ထဲကိုဝင်လိုက်” လူတစ်ယောက် အော်လိုက်သည်။

“မြို့ထဲကိုဝင်လည်း ဘာအသုံးဝင်မှာလဲ” မုတ်ဆိတ်နှင့်လူက ပြောလေသည် “မြို့ကြီးက ဗလာကျင်းကြီး ပြီးတော့ ကာကွယ်ရေးတည်ဆောက်မှုကလည်း မရှိတော့ဘူး၊ ငါတို့အဲဒီကိုသွားရင်လည်း အဲကောင်တွေက လိုက်ဝင်လာမှာပဲ”

“အဲတော့ ဘာလုပ်မှာလဲ သေလိုက်ရတော့မှာလား” မိန်းကလေးတစ်ယောက်သည် မျက်ရည်ဝဲကာ ပြောလေသည်။

“စီနီယာအစ်မ မကြောက်နဲ့ ကျွန်တာ်တို့ မြို့ထဲဝင်ပြီးခဏပုန်းပြီး အနားယူမယ်” အဖြူရောင်ဝတ်ထား သော နောက်ထပ်အမျိုးသားတစ်ယောက်က ပြောလေသည်။

“ဝေါင်း”

ဝိဉာဉ်မိစ္ဆာတစ်ကောင် ဟိန်းဟောက်လိုက်ရာ အရှေ့မှ ဝိဉာဉ်မိစ္ဆာများသည် တိုက်ခိုက်မှုအားကို တိုးမြင့် ပေးသလိုဖြစ်သွားသည်။ မိစ္ဆာ၂ကောင်သည် မြို့ဂိတ်သို့တိုးလာရာ သူတို့နောက်ဆုတ်မည့်လမ်းကို ပိတ်ထား လိုက်သည်။

“ဝိဉာဉ်မိစ္ဆာတွေက ငါတို့်လွတ်လမ်းကိုပိတ်ထားလိုက်ပြီ” ကလေးမျက်နှာနှင့်မိန်းကလေးသည် သူမရှေ့ မှ ဝိဉာဉ်မိစ္ဆာ၏ နှလုံးကိုထိုးစိုက်လိုက်ပြီးနောက် ဂိတ်တွင်စောင့်နေသော ဝိဉာဉ်မိစ္ဆာများကို ခေါင်းမော့ပြီးကြည့် ကာပြောလေသည်။ သူမသည် ဓားရှည်တစ်ချောင်းထုတ်ကာ နောက်တစ်ကောင်ကိုတိုက်ခိုက်လေသည်။ သူမ သည်လျင်မြန်သည်။ အရှေ့ရှိဝိဉာဉ်မိစ္ဆာများကို မျက်စိတစ်မှိတ်အတွင်း သူတို့၏ မျက်ခုံးကြားရှိနေရာကို ဓားနှင့် ထိုးကာ ရှင်းပြီးဖြစ်လေသည်။

ဝိဉာဉ်မိစ္ဆာများသည် အသိစိတ်ပျောက်နေသော်လည်း လှုပ်ရှားမှုများကို တုန့်ပြန်နိုင်စွမ်းရှိကာ ကလေး မျက်နှာသည် သူတို့ခေါင်းကိုထိုးလိုက်သည်နှင့် ဘေးသို့ရှောင်တိမ်းလိုက်ပြီး ရှည်လျားသောလက်သည်းများဖြင့် သူမကို အဆက်မပြတ်ခုတ်လေသည်။

သူမ၏ ဓားရှည်သည် မိစ္ဆာ၏ ခြေထောက်နှင့်ကွယ်သွားချိန်တွင် အသုံးမဝင်တော့ပေ။ သို့သော် သူမ သည်လျင်မြန်သော အမြန်နှုန်းဖြင့် နောက်ဆုတ်လိုက်ရာ သေစေလောက်သော လေမှုတ်ချုက်ကို ရှောင်လိုက် နိုင်သည်။

“ယူယူ သူတို့ကိုသွားကူညီမှာလား” အိမ်မက်လေးသည် အဝေးမှမေးလေသည်။

ရှီမာယူယူသည် မြစ်ဘေးမှအချိန်ကိုပြန်တွေးလိုက်သည်။ အနီရောင်တောင်ထိပ်သို့ လူတချို့လာကြ သည်ဟု ရှောင်ယိ သူမကိုပြောပြခဲ့သည်။ သူတို့သည် ထိုလူများထဲမှ တချို့ဖြစ်ရမည်။

“သူတို့က ဒီကပြဿနာကိုရှင်းဖို့လာတဲ့လူတွေပဲ သူတို့ကိုတွေ့မှတော့ ကူညီပေးရတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ်” အိမ်မက်လေးသည် ခေါင်းညိမ့်ကာ မြို့တံတိုင်းပေါ်ပျံတက်သွားသည်။ သူမသည် တိုက်ပွဲ အတွင်းပိတ်မိနေသည့်လူများကို အပြင်မှကြည့်ကာ ထိန်းချုပ်ရန်ကြိုးစားလေသည်။

“ဝေါင်း” အနောက်မှဝိဉာဉ်မိစ္တာများသည် အိမ်မက်လေး တိုက်ခိုက်မှုကိုခံစားရပြီး ကျယ်လောင်စွာ တုန့် ပြန်တိုက်ခိုက်လေသည်။

“မင်းကများ ငါနဲ့ စိတ်တိုက်ပွဲလုပ်ရဲသေးတယ်” အိမ်မက်လေး၏ အသံသည် ချေငံကာ လက်များဖြင့် လျင်မြန်စွာချိပ်ပုံဖော်လိုက်သည်။

ထိုဝိဉာဉ်မိစ္ဆာများသည် ထိုထိန်းချုပ်သည့်နည်းလမ်းကို မသိကြပေ။ အိမ်မက်လေး၏ တိုက်ခိုက်မှုသည် နေရခက်စေသော်လည်း လဲကျမသွားကြပေ။ တခြားသော ဝိဉာဉ်မိစ္ဆာများသည်လည်း ထိန်းချုပ်မှုကိုရပ်တန့်ရန် လူသတ်မည့်အကြည့်ဖြင့်ကြည့်လိုက်ကြသော်လည်း သူတို့၏ တိုက်ခိုက်မှုစွမ်းအားသည်လည်း လျော့နည်းနေ သည်။

“အခွင့်အရေးအသုံးချ” အခြေအနေပြောင်းလဲမှုကို မှင်တက်နေကြသော လူများကို ထိုမုတ်ဆိတ်နှင့် လူသည် သတိပေးလိုက်သည်။

“ရွှီး”

အစောကစကားပြောသော မိန်းကလေးသည် အာရုံလွင့်သွားရာ ခေါင်းပြတ်သွားတော့မလိုပင်။ ထိုမုတ်ဆိတ်နှင့်လူသည် သတိထားမိကာ သူမကို ဆွဲလိုက်ရာ သူ့ပခုံးမှာပင် ဒဏ်ရာရသွားသည်။ နီရဲသောသွေး များသည် ချက်ချင်းပင် သူ့အဝတ်များကို စိုရွဲသွားသည်။

“အာရုံစိုက်ထား” သူသည် မိန်းကလေးကို အော်ပြောပြီး နောက်ဝိဉာဉ်မိစ္ဆာကိုတိုက်ခိုက်လေသည်။

ရှီမာယူယူသည် အားနည်းသောလူကိုကြည့်ပြီး ခေါင်းရမ်းကာ “ဟာစွန် မင်းလည်းဆင်းလိုက်တော့”

ဟာစွန်သည် ပျံတင်းကာ လေပေါ်တွင်ရပ်လိုက်သည်။ သူ၏ မျက်အိမ်သည် မျက်အိမ်၂လုံးအဖြစ် ပြောင်းသွားပြီး အောက်မှ ဝိဉာဉ်မိစ္ဆာများကို တည့်တည့်ကြည့်လေသည်။

“ပေါက်ကွဲစမ်း” သူညင်သာစွာပြောလိုက်သည်နှင့် မုတ်ဆိတ်လူကြီးနှင့် တိုက်ပွဲဖြစ်နေသော ဝိဉာဉ် မိစ္ဆာများသည် ရုတ်တရက်ပေါက်ကွဲသွားလေသည်။ မုတ်ဆိတ်လူကြီး၏ တုန့်ပြန်မှုမှာမြန်သဖြင့် ချက်ချင်းပင် ရှောင်လိုက်နိုင်သည်။ သို့သော် သူ့အဝတ်များတွင် လတ်ဆတ်သော သွေးများစွန်းထင်းသွားလေသည်။

သို့သော် သူထိုအရာကို သတိမထားကာ လှည့်ပြီးတခြားသော ဝိဉာဉ်မိစ္ဆာများကို ကြည့်လေသည်။ သို့သော် သူ တိုက်ခိုက်မည်အပြုတွင် ဝိဉာဉ်မိစ္ဆာများအားလုံး ပေါက်ကွဲသွားလေသည်။

သူတို့ဘေးတွင်ရပ်နေသော အဖြူရောင်ဝတ်ထားသော လူငယ်တစ်ယောက်သည် မရှောင်လိုက်နိုင်ပေ။ သူပေါက်ကွဲမှုအသံကြားလိုက်ရချိန်တွင် ချက်ချင်းပင် ရွံ့ရှာသွားလေသည်။

ထိုလူငယ်သည် ဝိဉာဉ်မိစ္ဆာများပေါက်ကွဲချိန်တွင် မှင်တက်နေခဲ့သည်။ သူသည် လက်ဆန့်ထုတ်ကာ မျက်နှာတွင် ပေရေနေသော အရာများကိုကိုင်ကြည့်ကာ မနှစ်မြို့မိပေ။

သူသည် ဝိဉာဉ်မိစ္ဆာများနှင့်တိုက်ခိုက်ချိန်တိုင်းတွင် ထိုကဲ့သို့သွေးများနှင့် ထိတွေ့ခြင်းကို အကောင်းဆုံး ရှောင်ရှားခဲ့သည်။ အခု သူ့တစ်ကိုယ်လုံးသည် သွေးများဖြင့်ပေကျံနေရာ စဉ်းစားလိုက်သည်နှင့် ပျို့အန်ချင်မိ သည်။

သူသည် တခြားဝိဉာဉ်မိစ္ဆာပေါက်ကွဲသည်နှင့် ထွက်ခဲ့သည်။ ထိုအချိန်တွင် သွေးများသည် သူ့ခေါင်းပေါ် ထပ်ကျလာပြန်သည်။ သူ့တစ်ကိုယ်လုံးသည် သွေးများရွှဲနေသည်။

တောင့်ထား… ဆက်တောင့်ထား… နောက်ဆုံးတွင် သူဆက်ပြီးတောင့်မထားနိုင်တော့ပဲ အနီးအနားသို့ ပြေးကာ အန်တော့သည်။

ရှီမာယူယူသည် မြို့တံတိုင်းပေါ်တွင်ရပ်ကာ ဝိဉာဉ်မိစ္ဆာများပေါက်ကွဲနေသည်များကို ကြည့်နေသည်။ သူမသည် နှုတ်ခမ်းတွန့်ရုံအပြင်ဘာမှမလုပ်ပေ။

ဘေးမှာ ပျို့တက်နေတဲ့ကောင်လေးက ကိုအသန့်ကြိုက်ပဲဖြစ်ရမယ်။

လျင်မြန်စွာပင် အိမ်မက်လေးသည် ကျန်ရှိသောဝိဉာဉ်မိစ္ဆာများကို ရှင်းပြီးလေသည်။ ဟာစွန်၏ အကူအညီနျင့် တခြားသူများလည်း ကျန်ရှိသောဝိဉာဉ်မိစ္ဆာများကို ရှင်းပြီးလေသည်။

အိမ်မက်လေးသည် ရှီမာယူယူ၏ ဘေးသို့ပြန်လာပြီး တခြားလူများကို အထင်သေးစွာကြည့်ကာ ပြော လေသည် “ဝိဉာဉ်မိစ္ဆာတွေအကုန်လုံး ဒီလိုသေကုန်တာတော့ နှမြောစရာပဲ”

သူမပြောလိုက်သည့်စကားကို ဟာစွန်ဆင်းသက်သည်နှင့် ကြားသောအခါ ပြုံးပြီး ပြောလေသည် “မင်း အခုကို အများကြီးရှိနေပြီ၊ ဒီနည်းနည်းလောက်နဲ့ ထူးမသွားပါဘူး”

“ပိုများလေကောင်းလေပဲ သိလား” အိမ်မက်လေး ပြောလိုက်သည်။

“နောက်တစ်ခါ မင်းအတွက်ချန်ထားပေးမယ်”

သူထိုအတိုင်းပြောလိုက်မှပင် အိမ်မက်လေးသည် ပြုံးသွားသည်။

ထိုနေရာတွင် သေရတော့မည်ဟု ထင်ထားသောလူများသည် ရုတ်တရက် ကယ်တင်ရှင်ပေါ်လာသည်။

“ဒီလူက အပြာရောင်ဓားသွားပါ၊ ကျွန်တော်တို့်က သူရဲကောင်းဓားသွားဂိုဏ်းကပါ ကျွန်တော်တို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” အပြာရောင်ဝတ်အမျိုးသားတစ်ယောက်သည် ရှီမာယူယူအား ကျေးဇူးတင်စွာဖြင့် လက်အုပ်ချီလေသည်။

သူရဲကောင်းဓားသွားဂိုဏ်းဟုတ်လား။ အဲဂိုဏ်းက ခန္ဓာကိုယ်ကြံ့ခိုင်ရေးနဲ့ ဓားသိုင်းတွေမှာ ထိပ်တန်း အဆင့်မလား။

ရှီမာယူယူသည် သွေးများအိုင်နေသော နေရာများကိုရှောင်ချင်သဖြင့် ဆင်းမသွားလိုကာ ပြောလိုက် သည် “ကျွန်တော်က ဖြတ်သွားရင်းကူညီပေးတာပါ၊ ခင်ဗျားတို့အတွက်လည်း ခက်ခဲတဲ့တိုက်ပွဲပဲ၊ မြို့ထဲဝင် နားပြီး နလန်ထူတာဘယ်လိုလဲ”

ထိုလူများလည်း ဖြစ်သင့်သည်ဟုတွေးကာ သူမအား အရိုအသေပေးပြီးနောက် မြို့ထဲသို့ပျံသွားလိုက် သည်။

“ကျွန်တော်တို့ ကယ်တင်ရှင်လေးရဲ့ နာမည်လေးသိပါရစေ” လန်ဂျီသည် ရှီမာယူယူဘေးလာရင်းနှင့် ယဉ်ကျေးစွာမေးလေသည်။

“ရှီမာယူယူ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“သခင်လေးရှီမာ ရေဘယ်မှာရနိုင်မလဲသိလား” ကလေးမျက်နှာမိန်းကလေး မေးလိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ကျွန်တော်တို့လည်း အခုမှရောက်တာပဲ ကျွန်တော်တို့ လှည့်ပတ်ကြည့်နေတုန်းကို လှုပ်ရှားသံတွေကြားလိုက်လို့၊ ဘယ်သူ့အိမ်ကိုမှဝင်မကြည့်ရသေးဘူး၊ ဒီမှာ အိမ်တွေ ရှိနေမှတော့ ရေလည်းရှိမှာပဲ”

All Chapters